book

Index 3

ဝတ္ထုတို ၃

၀မ်းတွင်းစုန်းမွေးတဲ့သရဲ

===========


          မူးနွယ်ရွာကအိမ်ခြေငါးရာခန့်ရှိရွာကြီး

တစ်ရွာဖြစ်၏။

   ရွာသားအများစုမှာလယ်ယာ၊ကိုင်းကျွန်း၊ဥယျာဉ်ခြံ

အလုပ်များလုပ်ကိုင်ကြသူများဖြစ်သည်။


    ဥယျာဉ်ခြံများမှာ လူစောင့်အချိန်ပြည့်မနေနိူင်

သောခြံများမှာ သူခိုးသူဝှက်များခိုးယူမူခံကြရ၏။


  ငှက်ပျောသီးခိုင်များ၊နာနတ်၊သရက်၊လိမ္မ်ာများမှာ

မရင့်မှည့်မှီအချိန်ကပင်သူခိုးများခိုးသောကြောင့်လူစောင့်တစ်ယောက်နေရ၏ ။


   သို့ရာတွင် ရွာနဲ့နီးပြီးငှက်ပျော၊ သရက်၊ပိနွဲ၊လိမ္မ်ာမာလကာကျွဲကောကဲ့သို့အပင်များနဲ့အတူတစ်ခြားသောသီးနှံပင်များစိုက်ပျိုးထားသော ဧကတစ်ရာကျော်ခြံကြီးမှာရွာအပြင်အနောက်အရပ်တွင်ရှိနေ၏ ။


     ရွာသချို င်္င်းက

ထိုဥယျာဉ်ခြံကြီးနဲ့မနီးမဝေးတွင်ရှိကာ၊ မူးနွယ်ချောင်းမှာဥယျာဉ်ခြံနဲ့မလှမ်းမကမ်းတွင်ရှိနေပါသည်။


  သုံးရာသီပတ်လုံးရာသီပေါ်အသီးအနှံများဖူးပွင့်နေ

သောထိုခြံမှ အသီးအနှံများကိုမည်သည့်သူခိုးမျမခိုး

ဝံ့ကြပေ။


သရက်သီးကင်းလေးတစ်လုံးကိုမျအောက်တွင်ကြွေ

ကျ၍ကောက်ဝံ့သူမရှိ။ 


   လက်ဆော့၊ခြေဆော့ခလေးများလည်းခြံအနားမကပ်ဝံ့သောနေရာ

တစ်ခုဖြစ်၏ ။


   ထိုဥယျာဉ်ခြံမှအသီးအနှံများကိုဘာကြောင့်သူခိုးများ

မခိုးယူဝံ့ကြသလဲဆိုတဲ့ အကြောင်းအရင်းရှိနေပါ၏ ။


    ဒေါ်မြစိန် ..။


အသက် ခြောက်ဆယ်သို့ ချည်းနင်း

ဝင်ရောက်နေသောအရွယ်၊ဆံပင်များတစ်ခေါင်းလုံး

ဖြူဖွေးပြီး၊ခါးကုန်းနေ၏ ။


    မျက်ပေါက်မှေးမှေး ၊ ကျိုးပြီးဟိုတစ်ချောင်း၊ဒီတစ်ချောင်းသွားများက ကွမ်းချေးတက်နေသေး၏ ။


    ရုပ်ရည်မှာညအချိန်ရုတ်တရက်မြင်တွေ့ပါကကြောက်

လန့်ကြမည်မှာ မလွဲပေ။


  ရုပ်ဆိုးသည်သာမက ပါးစပ်ကကြမ်းသေး၏ ။


စကားပြောလျှင်အဆဲလေးပါမှပြောတတ်သလို ၊ 


သူစိတ်အလိုမကျပါက ကျိန်ဆဲတတ်သေးသည်။


    ဥယျာဉ်ခြံက ဒေါ်မြစိန် ပိုင်ဆိုင်သော ဥယျာဉ်ခြံ 


ဖြစ်ပြီး ခြံအလယ်တွင်


 သစ်သားနှစ်ထပ်အိမ်ကြီးတစ်လုံးရှိနေပါသည်။


   အိမ်တွင်ဒေါ်မြစိန်တစ်ယောက်သာနေထိုင်ပြီး 


အသီးအနှံလာဝယ်သော


 မြို့မှသစ်သီးကုန်သည်များနဲ့သာမလွဲမရှောင်သာမို့


စကားပြောဆက်ဆံသော်လည်း ရွာမှလူများနဲ့ 


အပြောအဆို အဆက်အဆံမရှိသူဖြစ်၏ ။


      သူခိုးများကအဘွားကြီးတစ်ယောက်တည်းနေသောခြံမို့ ဥယျာဉ်ခြံအတွင်းဝင်၍သစ်သီးဝလံများခိုးယူဖူး


ကြသူများရှိသည်။


    သူခိုးများမှာလူခြေတိတ်၊


သက်ကြီးခေါင်းချချိန်ခြံဝင်းအတွင်းဝင်၍ အသီးအနှံ


ခိုးယူရန်ဝင်ရောက်လာချိန်တွင် ကိုင်သူကိုမမြင်ရသော


တုတ်တစ်ချောင်းကလေပေါ်တွင်ဝဲလာပြီး သူခိုးများကို


အဆက်မပြတ်လိုက်ရိုက်ပါတော့သည်။


  

 သူခိုးများမှာ လူမမြင်ရပဲ 


တုတ်ဖြင့်အရိုက်ခံနေရသောကြောင့် 


ကြောက်လန့်နေသည့်အပြင် ။ 


တုတ်ဖြင့်အရိုက်ခံရသောကြောင့်နာကျင်လွန်းသော


ကြောင့်အော်ဟစ်၍ပြေးကြရာတုတ်ကနောက်မှလိုက်


ရိုက်နေသောကြောင့် ရွာအနီးရောက်ပြီး ရွာသားများ


ရောက်လာမှတုတ်က ဥယျာဉ်ခြံဖက်သို့ ပြန်သွားတော့၏ ။


     မူးနွယ်ရွာလူကြီးမှာ ညအချိန် အော်ဟစ်သံများ


ကြားရလျှင်ထိတ်တုံးကိုအဆင်သင့်ပြင်ထားတော့၏ ။


  ထိုအသံများကြားလျှင်


 ဒေါ်မြစိန်ခြံတွင်းဝင်ခိုးသောသူခိုးများအော်သံဖြစ်


ကြောင်းသိနေပြီဖြစ်သည်။


 ခိုးဝှက်တတ်သူများမှာနောက်ပိုင်းတွင်ဒေါ်မြစိန်ခြံအနား


သို့ပင်ခြေလှမ်းမသီဝံ့ကြတော့ပေ။


   သရက်သီးကင်းလေးများကျနေ၍ 


ဒေါ်မြစိန်ထံခွင့်ပြုချက်မတောင်းပဲကောက်ယူပြီးစား


သောက်မိသူများမှာ စားပြီးမကြာမှီအချိန်မှာပင်


 ဗိုက်အောင့်သည်ဆိုကာ လူးလှိမ့်နေတတ်ကြ၏ ။


 ထိုအချိန်မျိုးတွင်


 ဒေါ်မြစိန်မှာအိမ်ရှေ့သို့ကြိုသိနေသူအလားရောက်လာ


တတ်ပြီး သောက်ရေအိုးမှရေတစ်ခွက်ခပ်၍


မန်းမူတ်ပြီး သောက်ခိုင်းရာ ရေသောက်ပြီးသည်နဲ့


ဗိုက်အောင့်ဝေဒနာမှာ ယူပစ်သည်အလား 


ပျောက်ကွယ်သွားတတ်သည်....။


    ဒေါ်မြစိန်က ရွာသားများနဲ့ မရောနှောသော်လည်း


ရွာသားများ ဒုက္ခရောက်လျှင်တော့ကူညီတတ်သည် ။


   တစ်ခါက နွားကျောင်းသား ငမိုးတစ်ယောက်


ညနေစောင်းအချိန် နွားကျောင်းရာမှပြန်အလာတွင်


 မြေဂမူတစ်ခုကို ခလုတ်တိုက်ပြီး ခြေခေါက်လဲကာ


တငိုငိုတရီရီဖြင့် ပါးစပ်မှပြောချင်ရာပြောကာ အသိ


စိတ်ပျောက်နေသောကြောင့် မိဘများမှာ ဒေါ်မြစိန်ကို


သွားခေါ်ကြရာ ရောက်လာသည်နဲ့ အိမ်ပေါ်မတက်ခင်


မြေကြီးကိုဖနောင့်တစ်ချက်ပေါက်လိုက်သည်။


”...ဟိတ်..အကောင်...မြေဖုတ်ဘီလူး.. နင်ဒီလောက်တောင် ငတ်နေလား ခလေးကိုဒုက္ခ

ပေးပြီးဖမ်းစားတာ၊ ခု..ထွက်မလား ၊ မထွက်ဘူးလား

ခုမထွက်ဘူးဆိုရင် နင်ဆီငနက်ကျော်ကို ငါလွတ်လိုက်မယ်.... ”


   ဒေါ်မြစိန်မှာအိမ်ပေါ်သို့မတက်ပဲ အောက်မှကြိမ်းဝါး


လိုက်ရာ 


ခနအကြာတွင်အကောင်းပကတိအခြေအနေရောက်


သွားသည်ကအံ့သြစရာပင်ဖြစ်၏ ။


 ဒေါ်မြစိန်ခြံဘေးမှဖြတ်သွားဖြတ်လာတစ်ချို့မှာ


ဒေါ်မြစိန်ခြံဝိုင်းအတွင်းမရဲတရဲချောင်းကြည့်ကြရာ


အရပ်ဆယ့်နှစ်တောင်ခန့် မျှအမြင့်ရှိသော လူဝံပုံစံ


ကြောက်လန့်စရာသရဲကြီးတစ်ကောင်ကို ဒေါ်မြစိန်က


အသားများကျွေးမွေးနေတာ 


မြင်ခဲ့ရကြောင်းပြောကြသလို ။ တစ်ချို့လူများက 


ဒေါ်မြစိန်ခြံ ဥယျာဉ် ခြံ


ထောင့်လေးထောင့်တွင်စိုက်ပျိုးထားသော


စပါးလင်ပင်များအပေါ် ကြက်အရှင်ကိုလည်ပင်းလှီးပြီး


ထွက်လာသောသွေးများလောင်းချနေကြောင်း


ပြောလာကြသည်  ။


   မူးနွယ်ရွာမှ လူကြီးများပြောပြချက်အရ စပါးလင်ပင်


များက အညှီအဟောက်များကို ကြိုက်နှစ်သက်ကာ


 အညှီအဟောက် အနံ့အသက်ပြင်းသော 


အသားဟင်းများတွင်စပါးလင်ထည့်ချက်ပါက 


အညှီနံ့များကိုစပါးလင်ပင်မှစုတ်ယူသွား၍ဟင်းချက်ရာ


တွင်သုံးကြကြောင်း။  


ဖုတ်သရဲမွေးသော အောက်လမ်း ဆရာများမှာ 


ဖုတ်သရဲမွေးမြူရန်စပါးလင်ပင်ကိုကြားခံအဖြစ်အသုံးချ


၍ မွေးမြူတတ်ကြကြောင်းဆိုလာသည်။


    စပါးလင်ပင်အကြောင်းအရာနဲ့ဆက်စပ်၍


မူးနွယ်ရွာတွင်ထူးဆန်းသောအဖြစ်အပျက်တစ်ခုဖြစ်


ပျက်ဖူး၏ ။


    ထွန်းနိူင်မှာမူးနွယ်ရွာတွင်သားသတ်လိုင်စင်ယူထား


သူဖြစ်၏ ။


   နွား၊ဝက်များကို ဝယ်ပြီး ကိုယ်တိုင်သတ်ဖြတ်ကာ


 ဇနီးဖြစ်သူက 


မူးနွယ်ရွာစျေးတွင်ဆိုင်ခင်းရောင်းချသည်။


   ထွန်းနိူင်အလုပ်သောနေရာမှာ ရွာနဲ့ခပ်လှမ်းလှမ်း


အရပ်တွင် တဲထိုးပြီးသူ့အကုသိုလ်အလုပ်များကို 


မနက်စောစောသုံးနာရီလေးနာရီအချိန့်ခန့်ကပင်သတ်


ဖြတ်ခုတ်ထစ်ကာ မိုးလင်းစျေးဖွင့်ချိန်အမှီ လုပ်ထား၏ ။


      ထွန်းနိူင်တစ်ယောက်တစ်ယောက်နေမကောင်း၍


အလုပ်တပတ်ခန့်နားလိုက်ရသည်။


တခြားသောအလုပ်များဆိုပါက ပိုင်ရှင်မအားသောအခါ


လူငှါးခေါ်၍ရသော်လည်း ယခုလိုအလုပ်မျိုးကို 


လူငှါးရှာမရသောကြောင့်  ထွန်းနိူင်နေမကောင်းချိန်


တပတ်အတွင်းနားထားရသည် ။


     နေကောင်းလာချိန်တွင်ထွန်းနိူင်မှာအလုပ်မလုပ်ဖြစ်


တာကြာ၍ဝင်ငွေထိခိုက် 


 နေပြီမို့မြိုးမြိုးမျက်မျက်ရအောင်နွားတစ်ကောင်ဝယ်၍


မနက်သုံးနာရီခန့်သူ့လုပ်ငန်းစတင်နေပါတော့သည်။


     ရေနံဆီမီးအိမ်ကြီးကိုထုတ်တန်းပေါ်တွင်ချိတ်ထားရာ


မီးရောင်ကမြေစိုက်တဲအတွင်းဖျာကျနေ၏ ။


    မြိနေအောင်သွေးထားသော 


သားခုတ်ဓားတစ်ချောင်းကို ကိုင်၍ နွားတစ်ကောင်လုံး


ကိုယ်ခန္ဓာအစိတ်အပိုင်းများကို ထွန်းနိူင်တစ်ယောက်


ကျွမ်းကျင်၊ကျင်လည်စွာဖြတ်တောက်


လျှက်ရှိနေသည် ။


  အသားများခုတ်ဖြတ်နေသောနေရာမှ 


သွေးများကျနေရာသွေးကိုတဲအတွင်းအိုင်မထွန်းနေစေ


ရန် မြောင်းတစ်ခုဖောက်ထား၏ ။


 ထွန်းနိူင်နွားခုတ်ရာနေရာမှသွေးများမှာ 


ထိုမြောင်းအတိုင်း ရေစီးသလို 


စီးကျနေလျှက်ရှိနေသည် ။


”...မင်းငါ့ကိုမကျွေးမမွေးပစ်ထားတယ်...ဒီရက်တွေထဲ ငါအတော်ဆာနေတာကွ...”


.......ဟာ........


သြရှရှလည်ချောင်းသံကြားလိုက်ရပြီး တဆက်တည်း


တဲအတွင်းလှမ်းဝင်လာသူတစ်ယောက်ကြောင့် 


ထွန်းနိူင်မှာအလုပ်တွင်အာရုံရောက်နေရာမှဆတ်ခနဲ


မော့ကြည့် လိုက်မိသည်။


...ပျပ်...ပျပ်....ပလပ်....ပလပ်......


  တဲအတွင်းဝင်လာသူမှာ တခေါင်းလုံးပြောင်နေ၏ ။


  မျက်လုံးမှာ မျက်ခွံ၊မျက်ရစ်မပါသောကြောင့် ပြူး၍


အပြင်သို့ပြုတ်ထွက်ကျမလိုဖြစ်နေကာ၊ 


ပါးစပ်မှာနားရွက်နားရောက်သည်အထိအထိပြဲလန်ကာ  


နူတ်ခမ်းမပါသောကြောင့်အကျဲသားပေါ်


နေသောချွန်မြ၍ ငါးမန်းသွားလို


သွားချွန်များပါးစပ်အပြည့်ရှိနေ၏ ။  


  တစ်ကိုယ်လုံးသွေးများဖြင့်ရေချိုးထားသလို 


သွေးများချွဲနစ်ကာ 


 အဝတ်အစားမပါသောကိုယ်တွင်


ယောက်ကျား၊မိန်းမ လိင်အင်္ဂါမပါ 


သောသူတစ်ယောက်ကိုတွေ့လိုက်ရသောကြောင့် 


ထွန်းနိူင်တစ်ယောက် ကြောက်လန့်စိတ်ဖြင့် 


ကြောင်၍ကြည့်နေမိသည်။


ကြောက်လန့်စရာအသွင်အပြင်ရှိသောထိုအကောင်ကြီး


မှာတဲအတွင်းဝင်လာရင်း ဘာကိုမှဂရုစိုက်ဟန်မရှိပဲ


ထွန်းနိူင်အကြမ်းခုတ်၍ ပုံထားသော အသားပုံအနီး


ဆောင့်ကြောင့်ထိုင်ပြီး အသားတုံးများကိုအားရပါးရစား


ကိုက်ဖဲ့စားနေမိပါတော့သည်။


 

...အား....အောင်မလေး.....သရဲ....သရဲ......


ထွန်းနိူင်တစ်ယောက်တဲပြင်သို့မည်သို့မည်ပုံရောက်လာ


မှန်းမသိလိုက်ကြောက်လန့်ဇောက ငယ်ထိပ်ကို


ခုန်တက်ဖောက်ထွက်တော့မလားခံစားနေပြီမို့အ


သံကုန်ခြစ်အော်ပြီးရွာသို့ပြေးပါလေတော့သည် ။


     မနက်စောစောတစ်ကိုယ်လုံးသွေးသံတရဲရဲ၊


အမဲခုတ်ဓားကြီးလက်မှကိုင်။ 


ပါးစပ်မှဝူးဝူးဝါးဝါးအော်ပြီး ရွာထဲပြေးလာသူထွန်းနိူင်ကို


ရွာသားများမှာရုတ်တရက်တွေ့ရချိန်ဘာဖြစ်လို့ 


ပြေးလာမှန်းမသိတာမို့ ဝင်မဆွဲရဲမတားရဲကြပေ။


   ရွာလယ်လမ်းတွင်အမောဖောက်ပြီးပါးစပ်မှ


အမြုတ်တစီစီထွက်ကာ 


ထွန်းနိူင်သတိလစ်လဲကျသွား


ချိန်ကျမှအိမ်သို့ပို့လိုက်ကြ၏ ။


  ထွန်းနိူင်မှာ သတိရလာသောအခါပါးစပ်မှဝူးဝူးဝါးဝါး


အော်၍

ကုန်းရုန်းထပြေးမလိုလုပ်နေတာကြောင့်အားကောင်းမောင်းသန်ယောက်ကျားကြီးနှစ်ယောက်ဝိုင်းချုပ်ထားရ၏။


   နောက်တော့မှငြိမ်ကျသွားပြီး သူကြုံခဲ့ရသော


အမဲသားလာစားသောကြောက်လန့်စရာမကောင်းဆိုး


ဝါးအကြောင်းပြောပြလာသည်။


     ရွာသားများမှာ


 ထွန်းနိူင်ပြောစကားကြောင့်ထွန်းနိူင်သားသတ်တဲသို့


သွားကြည့်ကြရာ အမဲဖျက်သောနေရာတွင်သွေးများ


သာတွေ့ရပြီးနွားတစ်ကောင်လုံးပျောက်ဆုံးသွား


ကြောင်းတွေ့လိုက်ကြရတော့၏ ။


  အားလုံးမှာထွန်းနိူင်အဖြစ်အပျက်ကိုအံ့သြကုန်ကြတော့၏။


  အချိန်တိုအတွင်းနွားတစ်ကောင်လုံးအစရှာမရ


ပျောက်သွားခြင်းကအားလုံးအတွက်အံ့သြသင့်စရာပင်။


 ထွန်းနိူင်တစ်ယောက်သားသတ်ခြင်းလုပ်ငန်းကို


ရက်အကန့်အသတ်မရှိရပ်နားလိုက်တော့သည်။


    ကြောက်လန့်စရာမြင်ကွင်းမြင်ခဲ့ရသောကြောင့်


လန့်ဖျားပြီး ဆေးကုနေရသေး၏.. ။


  ထွန်းနိူင်ဇတ်လမ်းကထိုနေရာတွင်မရပ်သေးပေ။


 ထွန်းနိူင်အလုပ်မဆင်း၍သားသတ်လုပ်ငန်းမလုပ်ပဲ


လေးငါးရက်ခန့်အကြာတွင် ရွာထဲမှဝက်မွေးထားသော


ကိုသောင်းဟန်တစ်ယောက်ညအချိန်


 ဝက်များကြောက်လန့်တကြားအော်ဟစ်ဆူညံနေသံ


အောက်သို့ဆင်းကာ ဝက်ခြံရှိရာ လက်နှိပ်ဓာတ်မီးဖြင့်


ထွန်းကြည့်လိုက်ရာရုန်းကန်အော်ဟစ်နေသော 


ဝက်ကိုပခုံးပေါ်


ထမ်းထားသူတစ်ယောက်


တွေ့လိုက်ရသည် ။


...ဟေ့ကောင်..ဝက်သူခိုး..ဝက်ကိုအခုချလိုက်စမ်း..


အရေးပေါ်ပါကဘေးဆီးရန်ကာသဘောမျိုးအိမ်ဘေး


တွင်ထားသော


 ပျဉ်းသားအနှစ်လက်တကိုင်စာတုတ်ကိုကိုင်ပြီးကြိမ်းမောင်း

ရင်းတဆက်တည်း ဝက်သူခိုးအနီးပြေးသွားကာ


ရှေ့မှပိတ်ရပ်လိုက်၏ ။


..အတော်အတင့်ရဲတဲ့အကောင်ငါ့ဝက်အခုချလိုက်စမ်း...သူခိုး....


 ..ဟာ...အောင်မလေး...သ...သရဲ.....


ဒေါသစိတ်ဇောကပ်နေသည်မို့ဝက်သူခိုးကိုသတိထား


မကြည့်မိပဲပြောချင်ရာပြောနေသော 


ကိုသောင်းဟန်မှာ


ကိုယ်လုံးတီးဖြင့်သွေးများတကိုယ်လုံးရွဲနေသော  


ကြောက်လန့်စရာရုပ်သွင်ပိုင်ရှင်ကိုတွေ့လိုက်ရ


သောအခါ


ပြောလက်စ စကားများရပ်ကုန်ပြီး 


ကြောက်လန့်တကြားအော်ဟစ်လိုက်ပါတော့သည်။


 ကြောက်လန့်စရာသရဲကြီးမှာ ဝက်ကြီးကိုထမ်းပြီး


အမှောင်အတွင်းတိုးဝင်ပျောက်ကွယ်သွားတော့သည်။


သောင်းဟန်အဖြစ်အပျက်အပြီးသုံးလေးရက်အကြာ


မှာပင်ဆိတ်မွေးသော မြင့်နိူင်တစ်ယောက် သူ့ဆိတ်ကို


လာခိုးသော သရဲကြီးနဲ့ ကြုံရပြန်သည်။


 နောက်ထပ်ရက်ခြားဆိုသလို နွားပေါက်နေသော


ဦးမြအေးနွားပေါက်လေးကို 


သရဲကြီးဖမ်းယူသွားပြန်၏ ။


သရဲမှာတစ်ရွာလုံးမွှေနှောက်ကာ 


မွေးထားသောအကောင်များဖမ်းစားနေခြင်းကြောင့်


ရွာလူကြီးကိုပြသာနာကိုပြောပြ၍တိုင်တန်းကြရာ


ရွာလူကြီးမှာအရေးပေါ်အစည်းအဝေးလုပ်ရပါတော့သည်။


”..ကျုပ်တို့ရွာမှာခုလိုမျိုးတခါမှ သရဲကရွာက


အိမ်မွေးတိရိစ္ဆာန်တွေဖမ်းစားတာ မကြုံဖူးတော့


ဘာလုပ်လို့ ဘာကိုင်ရမယ်မသိတော့ဘူး.....”


”...ကျုပ်ကတော့ဗျာ ဒီကိစ္စဟိုမကောင်းဆိုးဝါးမကြီး


လက်ချက်ထင်တယ်.......”


”..ဘယ်သူများလဲဗျ...မကောင်းဆိုးဝါးမကြီးက...”


” ဒေါ်မြစိန်လေဗျာ သူပဲတစ်ယောက်ရှိတာ...”


”....ဖြစ်နိူင်ပါ့မလားဗျာ...သူက ရွာနဲ့အဆက်အဆံ

လုပ်တာလည်းမဟုတ်ဘူး....နောက်ပြီးရွာကလူတွေကိုလည်း ဒုက္ခမပေးဖူးဘူး....”


”...အဲတာတော့ဟုတ်တယ်...သူ့ခြံကပစ္စည်းတွေခိုးဝှက်သူတွေကိုသာဆုံးမတာ ဒါပေမယ့် ကျိုးပဲ့အောင်

လုပ်တာမျိုးတခါမှမရှိဘူး..နောက်မလုပ်ရဲအောင်ပဲ

ပုံစံပြဆုံးမတာ...”


”...သူမလုပ်ဖူးဆိုပေမယ့်.. သူသရဲမွေးထားတာရွာက


မြင်တဲ့လူတွေမြင်တယ်... 

ခုကသူမွေးထားတဲ့သရဲတွေကိုအစာမကျွေးနိူင်လို့


ရွာထဲကမွေးထားတဲ့ အကောင်


တွေဝင်စားတာဖြစ်ရမယ်..”


”..ဟုတ်တယ်သူကြီးအဲတာ ဖြစ်နိူင်တယ် 

သူကြီးဒီအတိုင်းကြည့်နေတော့မှာလား ကြာရင်

တိရိစ္ဆာန်တင်မကပဲလူပါအန္တရယ်ရှိလာနိူင်တယ်နော်....”


”....ငါကဘာလုပ်ရမှာတုန်းဟ...”


”..ဘာလုပ်ရမှာလဲ ဒေါ်မြစိန်ကိုသွားသတိပေးရမှာပေါ့....”


”...ဟေ....”


 သူကြီးနဲ့ ရပ်ရွာလူကြီးများရပ်ရွာပြသာနာကိုဆွေးနွေး


တိုင်ပင်ကြရင်းနောက်ဆုံးယခုပြသာနာမှာဒေါ်မြစိန်


ကြောင့်ဟုကောက်ချက်ချပြီးဒေါ်မြစိန်ကိုသတိပေးစကား

ပြောရန် သူကြီးကိုဝိုင်းပြောကြရာ သူကြီးတစ်ယောက်


လန့်ဖျတ်၍ အာမေဋိတ်သံထွက်သွားပါတော့၏ ။


  

သူကြီးနဲ့ရပ်ရွာလူကြီးများမှာခြံရှေ့တွင်တွန့်ဆုတ်၊


တွန့်ဆုတ်ဖြစ်နေကြ၏ ။


ဒီအတိုင်းဝင်သွားလျှင်ဒေါ်မြစိန်က 


သူကြီးသောဘာသောမရှောင်ဆဲဆိုလွတ်ပါက


ရပ်ရွာတွင်သိက္ခာကျမည့်အရေးမို့သူကြီးလည်းတွန့်


ဆုတ်နေခြင်းပင်။


”..ခြံရှေ့ မှာရစ်သီ၊ရစ်သီနဲ့ သူခိုးတွေလားဟဲ့...


မြစိန် အကြောင်းမသိဘူးထင်တယ်.....”


ခြံရှေ့မှသူကြီးတို့လူစုမှာအိမ်အတွင်းဒေါ်မြစိန်လှမ်း


အော်သံကြောင့် ကျောတွန့်သွားကြတော့၏ ။


”...မမြစိန်...ကျွန်တော်ကျော်အောင်ပါ...ခြံထဲ ဝင်လာလို့ရမလား....”


” ..အမလေးလေး....ငါ့အိမ်ကိုမလာစဖူး. အလာထူး

ရွာလူကြီးတောင်လာလို့ပါလား ခြံတခါးဖွင့်ထားတယ်

ဝင်လာလို့ရတယ် ခြံထဲခွေးလည်းမရှိကျားလည်းမရှိဘူး

သရဲတော့ရှိတယ်နော်....ဟင်း....ဟင်း ........ဟင်း...”


  ”..သူကြီး ကျုပ်တို့ဒီကစောင့်နေမယ် ဘာမှမကြောက်နဲ့သွား...”


”...ဟုတ်တယ် သူကြီးတစ်ခုခုဖြစ်ရင် ကျုပ်တို့ကြည့်

မနေပါဘူး....”


”.နင့်မေကြီးတော်တခုခုဖြစ်ရမလား ဖွဟဲ့..လွဲပါစေဖယ်ပါစေ....”


ဒေါ်မြစိန်ကသူ့အိမ်တွင်သူရဲရှိကြောင်းပြောပြီးသဘောကျစွာရယ်နေသံကြောင့် တခြားသူများက သူတို့မလိုက်ပဲသူကြီးကိုသာ ခြံထဲဝင်ခိုင်းနေခြင်းကြောင့် သူကြီးမှာဒေါကန်ကာ

ဆဲလိုက်ရင်းမဝံ့မရဲခြေလှမ်းများနဲ့ ခြံထဲဝင်ပြီး

အိမ်အနီးရပ်နေလိုက်သည်။


”....အဲမှာပဲ ရပ်နေတော့မှာလားကျော်အောင်

အိမ်ပေါ်မတက်တော့ဘူးလား...”


... ဟုတ်..ဟုတ်...


သူကြီးအိမ်အောက်ရပ်နေစဉ်အိမ်ပေါ်မှဒေါ်မြစိန်ခေါ်သံကြားလိုက်ရတာကြောင့် သူကြီးလည်းအိမ်ပေါ်တက်လာခဲ့တော့သည်။


  အိမ်ဧည့်ခန်းမှာပြတင်းတခါးများပိတ်ထားခြင်းကြောင့်


 အလင်းရောင်အားနည်းနေ၏ ။


သူကြီးက အခန်းအတွင်းဝေ့ကြည့်ရာ 


အိမ်ဗုဒ္ဓဟူးထောင့်တွင် ဘုရားစင်ကိုမတွေ့ရပဲ  


ဘုရားစင်အစား လင်းတ ရုပ်တုကြီးတစ်ခုနဲ့အတူ၊ 


ထမီရင်လျှား၀တ်ပြီးတောင်ဝှေးထောက်ရပ်နေသော


အဘွားကြီးအရုပ်ကိုစင်ပေါ်တွင်တင်ထားသည်ကို


တွေ့ရသည်။


   ဆံပင်ကိုခေါင်းတွင်ဖုလုံးလေးထုံးလျက် 


အရိုးခေါင်းတောင်ဝှေးကိုထောက်ကာ


စူးရှရှမျက်လုံးများဖြင့်ရှိနေသော ရုပ်ထုက မနှစ်


မြို့စရာကောင်းသော်လည်း အသက်ဝင်ပီပြင်စွာ


ရှိနေ၏ ။


 လင်းတရုပ်နဲ့ အဘွားအိုရုပ်ရှေ့တွင် 


ဖယောင်းတိုင်များအစီရီမီးထွန်းထားသလို၊ 


အမွေးတိုင်များမီးရှို့ထားရာမှမီးခိုးတလူလူက


အခန်းအတွင်းဝေ့ဝဲစွာပျံ့လွင့်နေသည်။


  ”...ဘာကိစ္စလဲပြော

 ကျော်အောင်.နင်တို့ရွာကသရဲကိစ္စလာတာဆိုရင်တော့


ငါလုပ်တာမဟုတ်ဘူး..ငါနဲ့မဆိုင်ဘူး....”


...ဗျာ......


   ခန်းရင်းခန်းတွင်အနက်ရောင်ဝတ်စုံကိုထက်အောက်


ဆင်တူဝတ်ထားသော ဒေါ်မြစိန်ကိုရုတ်တရက်မမြင်


ပဲ အခန်းအတွင်းမှထူးဆန်းသောရုပ်ထုနှစ်ခုကို


ိုငေးကြည့်နေမိသောသော ရွာလူကြီးကျော်အောင်မှာ


ဒေါ်မြစိန်ကစပင်မစရသေးသောစကားကိုအပိတ်ပြော


လိုက်သောစကားကြောင့်ဘာဆက်ပြော


ရမည်မသိအောင်ပါးစပ်အဟောင်းသားဖြစ်သွားရတော့သည် ။


သို့ရာတွင်လည်း ရွာရွာအရေးကိစ္စမို့ရွာလူကြီးဖြစ်သော


သူ့တွင်တာဝန်ရှိသောကြောင့် ပြောမည့်စကားလုံးများ.


ရွေးချယ်နေမိ၏ ။


”...ဟို..ဟို..ရွာမှာအခုတလောသရဲတကောင်


ကရွာထဲဝင်ပြီးသောင်းကျန်းနေတာ ဖြစ်နိူင်ရင်


ကူညီပေးပါလို့ အကူအညီ တောင်းချင်ပါတယ်....”


”...ဟင်း...ဟင်း...ဟင်း...


မြစိန်တို့များ တစ်ရွာလုံးက အဖက်မလုပ်ချင်ကြတ


အခုကျတော့


 အရေးတယူနဲ့ရွာလူကြီးကတောင်ခေါ်လို့....”


”...ဆရာတော်ပင့်ပြီးရွာမှာ ပရိတ်လည်းရွတ်ပြီးပါပြီ


ရွတ်တဲ့တစ်ညပဲမလာဘူး ၊နောက်ရက်တွေကျဆက်


လာနေလို့ ကြာရင်လူတွေအန္တရယ်ဖြစ်လာနိူင်တယ်


ဖြစ်နိူင်ရင်ကူညီပေးပါမမြစိန်.. ”


ဒေါ်မြစိန်လှောင်ရယ်သွေးကာပြောလာသောစကားကို


ရွာလူကြီးကျော်အောင်က သည်းခံနားထောင်

ပေးနေသည်။


”...နင်တို့ပရိတ်ရွတ်လို့မရတဲ့သရဲက 


ရိုးရိုးသရဲမဟုတ်ဘူး မွေးထားပြီးဖြစ်လာတဲ့သရဲပဲ


ဒါကြောင့်မို့ ပရိတ်ရွတ်ချိန်ခနပဲ မလာနိူင်တာ...”


”.. ဗျာ...မွေးထားတဲ့သရဲဟုတ်လား....”


”..အဲအကြောင်းတွေ နင့်ကိုရှင်းပြလို့ နင်သိမှာ 


မဟုတ်ပါဘူး ညဆယ်နာရီ နင်တို့ရွာသားသတ်


တဲအနားမှာ ငါအဲဒီသရဲကိုဆုံးမပြီး နှင်ပေးမယ်....


သရဲဘာလဲသိချင်ရင်ဘယ်သူမဆိုလာကြည့်နိူင်တယ်


သရဲမြင်လို့

 

လန့်ပြီးသေကြရင်ငါတာဝန်မဟုတ်ဘူးနော်...”


ရွာလူကြီးကျော်အောင်တစ်ယောက်ယခုမှသက်ပြင်း


မောကြီးချလျှက်ဒေါ်မြစိန်ကိုနူတ်ဆက်ပြီးပြန်လာ


ရာ စိုးရိမ်တကြီးခြံဝမှစောင့်ကြည့်နေသူများကိုပြုံးပြီး 


လက်မထောင်ပြလိုက်တော့မှအားလုံးလည်းအခြေနေ


ကောင်းမှန်းသိလိုက်ရတော့၏ ။


ရွာလူကြီးမှာဒေါ်မြစိန်သရဲနှင်မည့်အကြောင်းရွာသား


များညဖက်အပြင်မထွက်ရန်မှာကြားထားသည်။


   ဒေါ်မြစိန်တစ်ယောက် ညဆယ်နာရီထိုး ခါးနီးအချိန်ထွန်းနိူင်သားသတ်တဲအနီးရောက်ရှိနေ၏ ။


  သတ္တိကောင်းသောရွာသားတစ်ချို့မှာ ရွာဖက်အခြမ်း

ခြုံပုတ်များ၊သစ်ပင်များကြားတွင်ပုန်းအောင်းပြီး ဒေါ်မြစိန်သရဲနှင်မည့်သရဲနှင်ပွဲကိုစောင့်ကြည့်နေကြ၏။ 


  လပြည့်ညလရောင်အောက်တွင်ဒေါ်မြစိန်တစ်ယောက်

သားသတ်တဲမနီးမဝေးတွင်ရပ်နေသည်။


   ... ငါ့နယ်မှာလာပြီး သောင်းကျန်းနေတဲ့ သရဲ


အခုထွက်လာစမ်း...


တိတ်ဆိတ်သောညတွင်ဒေါ်မြစိန်၏အသံစူးစူးကငှက်ဆိုးထိုးသံအလား ထွက်ပေါ်လာသည်။


...တယ်..မြစိန်အကြောင်းမသိဘူးထင်တယ် 

အခုလာစမ်းဟဲ့....


ဒေါ်မြစိန်မှာခနမျှစောင့်ကြည့်ပြီးအခြေအနေမထူးသောကြောင့်မြေပြင်ကိုဖနောင့်သုံးချက်

ပေါက်၍နောက်တကြိမ်ဒေါသ

သံဖြင့်ခေါ်လိုက်ရာစောင့်ကြည့်နေသူများမှာဘာဆက်ဖြစ်မလဲဟုရင်တဖိုဖို စောင့်ကြည့်နေကြချိန်။


  သားသတ်ရုံအနီးခြုံပုတ်မှာလူပ်လူပ်ရွရွဖြစ်လာပြီး

အကောင်ကြီးတစ်ကောင်ထွက်လာသည်။


  တကိုယ်လုံးသွေးများဖြင့်ဖုံးလွမ်းနေသောသော

အကောင်ကြီးမှာ ဒေါ်မြစိန်ထံ တဟုန်ထိုးပြေးဝင်လာ

ရာစောင့်ကြည့်နေသူများမှာဒေါ်မြစိန်အတွက်စိတ်ပူသွားကြသော်လည်း ဒေါ်မြစိန်တစ်ယောက်နေရာမှ

တစ်လက်မပင်မရွေ့ပေ...။


  ..ဝုန်း..


ဒေါ်မြစိန်ထံပြေးလာသောအကောင်ကြီးမှာ ဒေါ်မြစိန်အနီးမရောက်မှီ လမ်းခုလတ်တွင်

ဘယ်ကရောက်လာမှန်းမသိသောလူဝံကဲ့သို့အ

ကောင်ကြီးတစ်ကောင်က ဝင်လုံးလိုက်ပါတော့သည်။


     ပုန်းအောင်းကြည့်နေသူများမှာ ပထသရဲကြီးနဲ့

နောက်ရောက်လာသော သရဲကြီးသတ်ပုတ်ရာမှ 

တဖုန်းဖုန်းတခွပ်ခွပ်ထိုးကြိတ်သံများကိုပင်

ကြားနေကြရသည် ။


   ပုန်းအောင်းကြည့်နေကြသူများမှာ သရဲကြီးနှစ်ကောင်သတ်နေသောနေရာနဲ့ အတန်ငယ်ဝေးနေသောကြောင့် သရဲကြီးရုပ်သွင်များ

ကိုသေချာတော့မမြင်နိူင်ကြပေ။


   မကြာမှီအချိန်အတွင်းနောက်လုံးထွေးနေကြသော

သရဲကြီးနှစ်ကောင်မှနောက်ရောက်လာသော လူဝံကဲ့သို့အကောင်ကြီးက အကောင်လည်းပိုကြီးအားလည်း

ပိုသာသည်မို့အပေါ်မှရောက်သွားပြီး တဖုန်းဖုန်းတခွပ်ခွပ်ထိုးကြိတ်လျှက်ရှိနေသည် ။


...သားကြီး..ငနက်ကျော်.. တော်ပြီ...    


  တချိန်လုံးရပ်ကြည့်နေသောဒေါ်မြစိန်ထံမှတားမြစ်သံထွက်ပေါ်လာသည် ။  


နောက်မှရောက်လာသောလူဝံပုံစံအမွေးစုတ်ဖွားသရဲကြီးမှာဒေါ်မြစိန်ဟန့်တားသံကြောင့်ထိုးကြိတ်ရာကိုရပ်လိုက်ပြီးအောက်မှသရဲကိုဂုတ်ကိုဆွဲကိုင်ကာထလိုက်သည်။


ဒေါ်မြစိန်မှာသရဲနှစ်ကောင်အနီးသို့လျှောက်သွားပြီး

သူ့တောင်ဝှေးဖြင့် သွေးများတစ်ကိုယ်လုံးဖုံးနေသော

သရဲခေါင်းကိုခတ်ဆတ်ဆတ်ခေါက်လိုက်ရင်း..


...နင့်ကိုနောက်တခါ ငါ့နယ်မှာတွေ့ရင် တခါတည်း

အသေသတ်လိုက်မယ် ခုပထမဆုံးအကြိမ်မို့ 

ခွင့်လွတ်လိုက်မယ် သွားတော့....


   ဒေါ်မြစိန်က အံ့ကြိတ်ကြိမ်းဝါးသံဖြင့်သတိပေးရင်း

ငနက်ကျော်ဆိုသောသရဲကြီးမှဂုတ်မှကိုင်ထားသောလက်ကိုလွတ်လိုက်ရာသရဲကြီးမှာထိုနေရာမှတရှိန်ထိုးပြေးလွားထွက်ခွာသွားသည်ကိုစောင့်ကြည့်နေသူများတွေ့လိုက်ကြရ၏ ။


....ရွာသားတွေနင်တို့ရွာလူကြီးကိုပြောလိုက် 


ဒီအနားက စပါးလင်ခြုံကိုအမြစ်ပါမကျန်ရှင်းပြီး


မီးရိူ့လိုက်ဖို့ မြစိန်က မှာခဲ့တယ်လို့..


ငါပြောတာမလုပ်လို့နောက်သရဲတစ်ကောင်ပေါ်လာ


ရင်ငါ့ကိုလာမခေါ်နဲ့လို့ပြောလိုက်ကြ...


ရွာသားများပုန်းအောင်းကြည့်နေရာဖက်သို့ လှည့်ကြည့်

ရင်းဒေါ်မြစိန်ကအသံကျယ်ကျယ်နဲ့ ပြောဆိုလိုက်ပြီး

တောင်ဝှေးတဒေါက်ဒေါက်ထောက်၍ထွက်ခွာသွားတော့၏ ။


  လူဝံပုစံသရဲကြီးမှာ ဒေါ်မြစိန်နောက်မှလိုက်ပါသွား

သည်ကိုရွာသားများတွေ့လိုက်ကြရပါတော့သည်။


ဒေါ်မြစိန်သရဲနှင်လ်ုက်သောသတင်းမှာ မိုးမလင်းခင်

ညတွင်းချင်းပင် မူးနွယ်ရွာအတွင်းပျံ့နှံ့သွားတော့၏ ။


ဒေါ်မြစိန်မွေးထားသောသရဲကြီးနဲ့ ရွာကိုဒုက္ခပေးနေသောသရဲကြီးသတ်ပုတ်ကြပုံများ၊ဒေါ်မြစိန်ကမကြောက်မရွံ့ရပ်ကြည့်ပြီးသူတို့နယ်မှ

သရဲကြီးကိုနှင်လိုက်ပုံများကို မအိပ်ပဲအခြေအနေ

စောင့်နားထောင်နေသူများကိုသွားကြည့်လာသူများကရင်သပ်ရူမောဖွယ်ရာတခမ်းတနားပြောပြနေကြပါတော့သည်။


ဒေါ်မြစိန်တစ်ယောက် အရင်ကရိုးရိုးနေမကောင်းလည်းဒေါ်မြစိန်ပြုစား၍

လေရောဂါဖြင့်ဗိုက်အောင့်လည်းဒေါ်မြစိန်ပြုစားထားသည်ဟုစွတ်စွဲပြောဆိုခဲ့ကြသမျ ယခုတကြိမ်တွင်ရွာကယ်တင်ရှင်သူရဲကောင်းကြီးအဖြစ်အမွမ်းတင်ပြောဆိုနေကြတော့၏ ။


  နောက်တနေ့ဒေါ်မြစိန်အမှာစကားအရ ရွာလူကြီးကျော်အောင်နဲ့ ရွာသားတချို့မှာ ထွန်းနိူင်သားသတ်

တဲအနီးတဝိုက်ချုံပင်များကြားတွင်ရှာကြည့်ကြရာ

 ဖျာတစ်ချပ်စာ တောထပေါက်နေသော စပါးလင်

ပင်များကိုတွေ့လိုက်ရပါတော့သည်။


    အသားများခုတ်ထစ်ရာမှသွေးများအိုင်မနေစေရန်

ဖောက်ထားသောမြောင်းမှာမြေအနိမ့်ပိုင်းနေရာတွင်အိုင်ထွန်းလျှက်ရှိနေကာ

ထိုနေရာတွင်စပါးလင်ပင်များပေါက်နေခြင်းဖြစ်၏ ။


  စပါးလင်ပင်များကို ဒေါ်မြစိန်စကားအတိုင်းခုတ်ထွင်

တူးဆွကြရာအံ့သြစရာအခြေအနေမျိုးကြုံတွေ့လိုက်ကြရတော့သည်။


    စပါးလင်ပင်များကိုဓားဖြင့်ခုတ်ဖြတ်ရာတွင်သွေးကဲ့သို့နီရဲသောအရောင်များထွက်လာခြင်း။


ပေါက်တူးဖြင့်အမြစ်များကိုတူးဖော်ကြည့်ရာတွင်ပုတ်အက်အက်အနံ့များမခံရပ်နိူင်စွာရပြီးဆက်တူးကြည့်ရာတွင်တိရိစ္ဆာန်အရိုး

များထွက်လာသည်ကိုတွေ့လိုက်ကြရ၏။


     ထွန်းနိူင်သရဲစတွေ့သောနေ့ကအစရှာမရပျောက်သွားသောနွားအရိုးနဲ့အတူ ရွာထဲမှဆိတ်၊ဝက်၊နွားပေါက်အရိုး

များဆက်တိုက်တွေ့လိုက်ရတော့၏ ။


” ဒီစပါးလင်ပင်တွေကထူးဆန်းတယ် အပင်တိုင်းငါလိုက်ခုတ်ကြည့်တာ သွေးလိုအရည်တွေပဲထွက်လာတယ်....”


     ”...ထွန်းနိူင်ပျောက်သွားတဲ့ နွားရဲ့အရိုးတွေရော

ရွာထဲကသရဲဖမ်းသွားတဲ့ တိရိစ္ဆာန်အရိုးတွေကော ဒီမှာလာစုနေပါလား...”


  ”..ဒေါ်မြစိန်ကြီးက ဒီအပင်တွေကိုရှင်းခိုင်းတာ

အကြောင်းတော့ရှိမယ်...”


 ” ..တကယ်လို့ ဒီစပါးလင်ပင်တွေကိုမရှင်းရင်

နောက်ထပ်သရဲလာနိူင်တယ်ပြောတာဘာသဘောလဲ..”


  ရွာသားများမှာစပါးလင်ပင်များကိုတူးဆွပြီးအမြစ်များ

ဖယ်ထုတ်ရင်းတစ်ယောက်တပေါက်ပြောဆိုနေကြ၏ ။


   ရွာထဲမှ အတော်အတန်ဗဟုသုတပြည့်စုံပုံရသော

အဖိုးကြီးတစ်ယောက်မှတွေးတွေးဈဟန်ဖြင့်.....


”...မြစိန်ကဒီနေရာမှာဘာလို့သရဲခိုနေလဲ သူသိတယ်ဘာလို့လဲဆိုတော့ သူကိုယ်တိုင်ကသရဲတစ္ဆေတွေနဲ့

ပတ်သက်နေသူဆိုတော့သရဲအကြောင်းသိတာမဆန်းပါဘူး။


   နှစ်ရှည်လများ သွေးတွေစီးကျနေတဲ့ ဒီနေရာမှာတိုက်တိုက်ဆိုင်ဆိုင်စပါးလင်ပင်တွေရှိနေတော့သွေးတိုက်ထားသလိုဖြစ်နေတယ် ။


 အောက်လမ်းသမားသရဲမွေးသူတွေကစပါးလင်ပင်ကိုသွေးတိုက်ပြီး သရဲတစ္ဆေမွေးတတ်ကြတယ် ။


  ခုဟာက မတော်တဆ ထွန်းနိူင်က သရဲမွေးမိသလိုဖြစ်နေတာ ။


ထွန်းနိူင်အလုပ်မဆင်းနိူင်တဲ့ရက်တွေသွေးမသောက်ရတော့ အလုပ်ပြန်လုပ်တော့ အကောင်အထည်ပြပြီးအသားလာစားတာဖြစ်မရယ် ။


  ဒီလိုနဲ့ထွန်းနိူင်ကကြောက်ပြီး အလုပ်ဆက်မလုပ်တော့စပါးလင်ပင်မှာကပ်နေတဲ့သရဲဟာ ရွာထဲဝင်မွေသောင်းကျန်းတော့တာပါပဲ ။


  မြစိန်ကဒါတွေအားလုံးကိုသိနေပုံပဲ၊ ဒါကြောင့်စပါး

လင်ပင်တွေကိုရှင်းခိုင်းလိုက်တာပဲ။..”


  အဖိုးကြီးရှင်းပြလိုက်တော့မှရွာသားများမှာအခြေအနေကိုနားလည်သဘောပေါက်သွားကြတော့၏ ။


  စပါးလင်ပင်များကိုတစ်ပင်မှမကျန်စေရန်အမြစ်မှသေချာတူးဆွ၍မီးရိူ့လိုက်ကြတော့သည်။


ထိုနေ့ထိုအချိန်မှစ၍ ရွာတွင်းဝင်ရောက်သောင်းကျန်းနေသောသရဲမှာလည်းတခါတည်းပျောက်သွားပါတော့သည်..။


 ဒေါ်မြစိန်အောက်လမ်းအတတ်ပညာများကိုတတ်မြောက်သူဖြစ်သော်လည်း ရွာသူရွာသားများကို ဒုက္ခမပေးပဲကူပင်ကူညီသူဖြစ်၏ ။


  တကယ်ကဒေါ်မြစိန်မှာအစပထမတွင်ဝမ်းတွင်းစုန်း

တစ်ယောက်အဖြစ်မွေးလာသူဖြစ်၏ ။


ငယ်စဉ်ကပင်သူကိုစိတ်ဆိုးအောင်၊

ထိခိုက်နာကျင်အောင်လုပ်သူများကိုဒေါသဖြစ်ပြီး

ကျိန်ဆဲလိုက်ရာသူကျိန်ဆဲသည့်အတိုင်းဖြစ်သောကြောင့်

မြစိန်ကိုစုန်းမအဖြစ်ကြောက်လန့်စွာရှောင်ကြသည်


   မြစိန်မှာအရွယ်ရောက်လာသောအခါ သူ့ကိုလူ

များကရှောင်သလို၊သူကိုယ်တိုင်ကလည်းလူကြားထဲ

မဝင်ပဲအေးဆေးစွာတစ်ယောက်တည်းဘုရားတရားလုပ်၍နေရှာသည်။


     ရုပ်ရည်မှာလည်းယခုလိုဆိုးရွားသောပုံစံမဟုတ်ပဲ

ချောမောလှပသူလေးတစ်ယောက်ဖြစ်၏ ။


 ချောမောပေမယ့်မြစိန်ကိုဘယ်သူမှမကြိုက်ဝံ့ကြပေ။


ူအောင်နိူင်ဆိုတာကလူရိုး၊လူအေး မှန်တယ်ထင်ပါကဘယ်သူ့ကိုမှဂရုမစိုက်တတ်သူတစ်ယောက်လည်းဖြစ်၏ ။


မြစိန်အတန်တန်ငြင်းနေသည့်ကြားမှအောင်နိူင်တစ်ယောက်မြစိန်ကိုချစ်ခွင့်ပန်ရင်း ။ 


အောင်နိူင်၏မလျှော့သောဇွဲကြောင့် နဂိုကပင်အောင်နိူင်ကိုသဘောကျနေသော မြစိန်တို့ချစ်သူဘဝမှတဆင့်အိမ်ထောင်ရှင်များအဖြစ်သို့ကူးပြောင်းလိုက်ကြသည်။


 အဖေ၊အမေမရှိအဒေါ်အိမ်ကပ်နေရသောမြစိန်နဲ့ မိဘမဲ့တစ်ကောင်ကြွက်အောင်နိူင်တို့လင်မယား

နှစ်ယောက်ရွာအပြင်တွင်ခြံစိုက်ရင်းနှစ်ကိုယ်တူချစ်

တိုင်းပြည်တည်ဆောက်နေကြပါတော့သည်။


  ထိုသို့ဖြင့်သူတို့ဘဝလေးထဲသို့ မိသားစုဝင်တစ်ဦးထပ်တိုးလာခဲ့သည်။


  သမီးလေးတစ်ယောက်မြစိန်မွေးဖွားကာ သူတို့မိသားစုဘဝလေးပို၍ပျော်စရာကောင်းလာတော့သည်။


  သို့ရာတွင် မြစိန်ချစ်သောအေါင်နိူင်တစ်ယောက်သမီးဖြစ်သူဆယ်နှစ်အရွယ်တွင်အပျင်းဖျားရာမှဆုံးပါးသွားတော့သည်။


  မြစိန်မှာအောင်နိူင်သေဆုံးရခြင်းအတွက်ဖြေမဆည်နိူင်ဝမ်းနည်းအားငယ်စိတ်ဖြစ်ရသော်လည်းသမီးဖြစ်သူရှိနေသေးသောကြောင့်အားငယ်စိတ်ကိုဖျောက်၍အောင်နိူင်ရှိစဉ်ကစိုက်ပျိုးခဲ့ရာယခုအသီးများစသီးနေပြီဖြစ်သောခြံထွက်သီးနှံများရောင်းချ၍သားအမိနှစ်ယောက်နေလာရင်း မြစိန်သမီးလေးမြနှစ်ပင်ဆယ့်ရှစ်နှစ်အရွယ်ရောက်လာတော့၏ ။


    ဇေယျာလင်းဆိုတာက ဒီနယ်တကြောကအသီးအနှံထွက်သမျခြံတွေကိုအကုန်လိုက်ဝယ်သူ။ 


ရုပ်ချောပြီး၊လေအေးလေးနဲ့စကားပြောတတ်ကာ လူကြီးသူမများကိုလည်းရိုသေလေးစားစွာပြောဆိုတတ်သူဖြစ်သည်။


ဒေါ်မြစိန်တို့ခြံသို့အသီးအနှံကိစ္စဝင်ထွက်သွားလာရင်းမြနှစ်နဲ့ချစ်သူဘဝသို့မကြာမှီရောက်ရှိသွားတော့သည်။


ဒေါ်မြစိန်မှာလည်း ဇေယျာလင်းလို စီးပွားရေးလုပ်တတ်ပြီး အသောက်အစားကင်းသူ၊လောင်းကစားကင်းသူမို့သမီးဖြစ်သူနဲ့သဘောတူ၍

လွတ်ပေးထားမိ၏ ။


ထိုကဲ့သို့အပေါ်ယံအမြင်နဲ့လူတစ်ယောက်ကိုယုံကြည်မိခြင်းက၀မ်းနည်းစရာအဖြစ်အပျက်များစတင်မြစ်ဖျားခံပေါ်ပေါက်လာစရာအကြောင်း

အစဖြစ်ပါတော့သည်။


    မြနှစ်နဲ့ဇေယျာလင်းလက်ထပ်ပြီးတလအကြာ

မြို့မှဇေယျာလင်းမယားကြီးရောက်လာပြီးပြသာနာ

တက်ကြတော့သည်။


ဇေယျာလင်းတစ်ယောက်မြနှစ်ကိုချန်ထား၍မယားကြီးခေါ်ရာ

နောက်ကောက်ကောက်ပါအောင်လိုက်သွားတော့၏ ။


  ဒေါ်မြစိန်နဲ့မြနှစ်မှာ လူအများတံတွေးခွက်ပက်လက်မျောရသောအခြေအနေတွင် မြနှစ်တစ်ယောက်ပတ်ဝန်းကျင်ဝေဖန်မူကို

ရင်မဆိုင်ဝံ့စွာမိမိကိုယ်ကိုအဆုံးစီရင်သွားတော့သည်။


  မြနှစ်သေဆုံး၍အသုဘချရာတွင်ဒေါ်မြစိန်လုံးဝမငိုပဲအံ့တင်းတင်းကြိတ်ထားခြင်းကြောင့်ရွာသားများအံ့သြသင့်ကြရသေးသည်။


သို့ရာတွင်ထိုအရာမှာပေါက်ကွဲခါနီးမီးတောင်တစ်လုံးမပေါက်ကွဲမှီခနငြိမ်သက်ခြင်းဟုမည်သူမျမတွေးမိကြပေ။


    ဒေါ်မြစိန်မြို့တက်၍ဇေယျာလင်းအိမ်လိပ်စာစုံစမ်းကာအရောက်သွားသည်။


ဇေယျာလင်းကိုသမီးဖြစ်သူသေကြောင်းပြောပြရာဇေယျာလင်းက အရေးမထားဟန်စကားပြောလာရာ

ဒေါ်မြစိန်တစ်ယောက်ဇေယျာလင်းကိုနာကျည်းမုန်း

တီးစွာကြည့်ရင်းကျိန်စာတိုက်စကားဆိုပြီးပြန်လာခဲ့သည်။


” ငါတို့သားအမိခံစားရသလိုနင်လည်းခံစားရပြီး အသေဆိုးနဲ့သေပါစေ...”..


တိုက်ဆိုင်မူလား ဒေါ်မြစိန်ကျိန်စာကြောင့်လားမဆိုနိူင်

ဇေယျာလင်းဇနီးနဲ့သမီးမှာ ကားတိုက်ခံရကာပွဲချင်း

ပြီးဆုံးသွားသည်။


 ဇေယျာလင်းတစ်ယောက်အရက်ကိုနေ့ညသောက်ရင်း

ပူဆွေးသောကနဲ့ လူမှန်းသူမှန်းမသိမူးနေချိန် ဝါယာရှော့ဖြစ်ပြီးအိမ်မီးလောင်ရာအရှင်လတ်လတ်မီးထဲပါသွားတော့သည်။


 ထိုကိစ္စဖြစ်ပြီးနောက်ပိုင်းဒေါ်မြစိန်တစ်ယောက်

ဘယ်သူ့ကိုမှမယုံတော့သလို ဘယ်သူနဲ့မှလည်း

အဆက်အဆံမလုပ်တော့ပေ။


အောက်လမ်းစုန်းပညာရပ်များထုတ်သုံးခြင်းအကျိုး

ရလဒ်အဖြစ် ဒေါ်မြစိန်ရုပ်ရည်မှာလည်းကြောက်စရာအသွင်သို့တဖြည်းဖြည်းပြောင်းလဲသွားပါတော့သည်။


အထက်ဖော်ပြပါအကြောင်းအရာများမှာဒေါ်မြစိန်ဘဝသမိုင်းကြောင်းပင်ဖြစ်ပါသည်။


နိဂုံး...။


ဒေါ်မြစိန်တစ်ယောက်ခြံအတွင်းလဲကျနေကြောင်း

ဖြတ်သွားဖြတ်လာတစ်ယောက်မြင်တွေ့၍ရွာလူကြီးကျော်အောင်ဆီသတင်းပို့လာရာ..။


ရွာလူကြီးနဲ့ ရွာသားများရောက်သွားချိန် ဂုတ်ကျိုး၍မချိမဆန့်ဝေဒနာခံစားရဟန်ဖြင့်သေ

ဆုံးနေသောဒေါ်မြစိန်ကိုတွေ့လိုက်ရပါတော့သည်။


 ဒေါ်မြစိန်သေဆုံးခြင်းကိုတစ်ယောက်တစ်မျိုးစိတ်ထင်

ရာပြောဆိုနေကြ၏ ။


မွေးထားသောသရဲများမှာ ခိုင်းသမျှလုပ်ရင်းနှစ်ကြာလာလေ

အကုသိုလ်ပိုကြီးလာလေဖြစ်ကာ ကျွေးမွေး၍ဝသည်ဟူ၍

မရှိပဲအမြဲတမ်းအစာကိုပိုတောင်းတတ်ကာ၊ ကျွေးမွေးရန်ပျက်

ကွက်ပါကမွေးထားသူကိုပြန်သတ်တတ်ကြောင်း လူကြီးသူမ

များက ဒေါ်မြစိန်အဖြစ်ကိုဥပမာထားပြီးလူငယ်များကိုဆုံးမစကား

ပြောတတ်ကြသည်။


ဒေါ်မြစိန်အလောင်းဘေးတွင်ကြီးမားသောခြေရာကြီးနှစ်ခုလည်းရှိနေရာ

ဒေါ်မြစိန်မွေးထားသောသရဲကြီးငနက်ကျော်မှဒေါ်မြစိန်ကိုသတ်သွား

ခြင်းမှာမကျွေးမွေးနိူင်၍မွေးထားသောသရဲက ပြန်သတ်သွားခြင်းဟု

ဟုကောက်ချက်ချပြောဆိုကြ၏။


 ဒေါ်မြစိန်သေသွားတာနှစ်အတန်ကြာခဲ့ပြီဖြစ်၏ ။

ဒါပေမယ့်ဒေါ်မြစိန်အကြောင်းကိုတော့ မူးနွယ်ရွာသားများယခုအချိန်အထိ မှတ်မှတ်ရရ ပြောဆိုနေကြရင်းရှိနေပါတော့သတည်း...။


======================


ပြီးပါပြီ


မြူခိုးအလင်္ကာ


rate now: