book

Index 17

ဝတ္ထုတို ၁၇

ဘုန်းကြီးသရဲ 

======


မီးခွက်ကြီးကျေးရွာ။

         အမ်းမြို့နယ်မှကျေးရွာလေးတစ်ရွာ

ဖြစ်ပါတယ်။


     အိမ်ခြေခြောက်ဆယ်ခန့်သာရှိပြီးဒေသခံရခိုင်

လူမျိုးများနဲ့ ချင်းလူမျိုးများစုပေါင်းနေထိုင်ကြသော

ရွာတစ်ရွာဖြစ်ပါတယ်။


   ရွာတောင်ကုန်းပေါ်တွင် စေတီတော်တဆူရှိပြီး

တစ်ရွာလုံးကိုးကွယ်ရာဘုန်းကြီးကျောင်းတည်ရှိပါတယ်...။


     မိုးယာသီတွင်လယ်ယာလုပ်ငန်းလုပ်ကိုင်ကြပြီး၊

ဆောင်းရာသီစပါးသိမ်းပြီးချိန်တွင် ရွာသားများမှာ

တစ်ခြားလုပ်စရာအလုပ် ပါးသွားပြီးအားလပ်နေကြ

ပါတယ်။


      လူငယ်လေးများမှာလည်းတစ်ခြားနယ်များသို့

အလည်အပတ်သွားသူ၊ တစ်ခြားရွာများသို့အပျိုလှည့်ရန် သွားသူများ၊ပွဲလမ်းသဘင်သွားသူများဖြင့် မိုးမကျမှီကာလ

လူငယ်သဘာဝပျော်ပါးနေကြပါတယ်...။


       ”...မိုးအောင်...မိုးအောင်...”


”..ဘာလဲကွ ဇော်လင်း...”


   ”..  ညကျရင်ငါကျရင်  လက်ပံကုန်းက

ငါ့ကောင်မလေးဆီသွားမလို့ လိုက်ခဲ့ပေးပါလား...”


”..ဟာ...အဝေးကြီးပဲကွာ..မင်းဟာကလည်းနည်းနည်းနောနောခရီးလား....”


”..လိုက်ခဲ့ပါကွာ ငါ့မှာအားကိုးစရာသူငယ်ချင်းဆိုလို့

မင်းပဲရှိတာပါ...”


” အဲလောက်လျောက်ရမယ့်ခရီး ဒီအတိုင်းတော့

မရဘူးဟေ့ကောင်...”


”..အေးပါကွငါစီစဉ်ပေးပါ့မယ်...မင်းသာညနေ

ရေမိုးချိုးအဆင်သင့်ပြင်ထား ငါလာခေါ်မယ်....”


ဇော်လင်းဆိုသောကာလသားလူငယ်က သူငယ်ချင်းဖြစ်သူမိုးအောင်အား သူ့ချစ်သူနဲ့ချိန်း

မည့်အရေးအတွက်အကူတောင်းနေခြင်းဖြစ်ပါတယ်။


 လက်ပံကုန်းဆိုတာက သူတို့ရွာမှဆိုလျင်ခြေလျင်သုံး

နာရီလျောက်ရမည့်အကြောင့်မိုးအောင်ကိုချော့ခေါ်

နေရခြင်းဖြစ်ပါတယ်...။


ညနေစောင်းငါးနာခန့်တွင်နှစ်ဦးသားဝတ်ကောင်းစား

လှများဝတ်၍ရွာတောလမ်းမှတစ်ဆင့်လက်ပံကုန်း

ရွာသို့ထွက်ခွာလာခဲ့ကြပါတယ်...။


တောင်များသောအရပ်မို့တစ်ရွာနဲ့တစ်ရွာဆက်သွယ်

ရေးလမ်းမှာတောလမ်းများမှအဆင်ပြေသလိုသွား

လာကြရင်းလမ်းကြောင်းတွင်နေခြင်းမျိုးဖြစ်ပါတယ်။


နွေရာသီကာလမို့သစ်ပင်ကြီးများမှာရွက်ဟောင်း

ကြွေ၍ရွက်သစ်များဝေလျက်တောမီးလောင်ထား

ခြင်းကြောင့်တောအုပ်အောက်ခြေများရှင်းလင်းလျက်

ရှိနေပါတယ်... ။


” အဲလောက်အဝေးကြီးက ကောင်မလေးနဲ့ဘယ်လို

ကြိုက်သွားတာလဲကွ..ငါ့ကိုတောင်မပြောဘူးလျို

ထားတယ်...”


”...ဆောင်းတုန်းက သူတို့ရွာကောက်ရိတ်အငှါး

သွားတုန်းက ကြိုက်ကြတာကွ...မပြောဖြစ်တာ

ကတော့ ငါရွာရောက်တာတစ်လမပြည့်သေးဘူးလေ

မင်းနဲ့လည်းသေချာမဆုံဖြစ်သေးလို့ပါ...”


”...အဲတာကအရေးမကြီးပါဘူး..ငါပြောထားတဲ့

ဒါလေးကော...”


” လက်ပံကုန်းရွာထိပ်မှာညဆယ်နာရီဖွင့်တဲ့ဆိုင်ရှိပါတယ်အပြန်ကျမှသောက်ကြတာပေါ့...”


လက်မကိုပါးစပ်နားကွေးပြသောမိုးအောင်ကြောင့်

ဇော်လင်းကရယ်မောကာရှင်းပြရင်းဖြင့်လသာသာဖြင့်

နှစ်ယောက်သားစနောက်၍လျောက်လာကြရာ ရှစ်နာ

ရီကျော်ကျော်ခန့်တွင် လက်ပံကုန်းရွာထိပ်သို့ရောက်လာပါတော့တယ်... ။


”..မိုးအောင် ဟိုမှာအရက်ဆိုင် မင်းသောက်ပြီးစောင့်နေ ငါသိပ်မကြာဘူးပြန်လာမယ်...”


မိုးအောင်လက်တွင်းပိုက်ဆံများထိုးပေး၍ဆီမီးရောင်ထိန်ထိန်လူစုစုရှိနေသောအရက်ဆိုင်ဖွင့်ထားရာ တဲကြီးတစ်လုံးကိုညွန်ပြ၍ ဇော်လင်းတစ်ယောက်

ရွာတွင်းဝင်သွားရာမိုးအောင်လည်း မြေစိုက်အရက်ဆိုင်

လေးအတွင်းဝင်၍အရက်တစ်ပိုင်းမှာသောက်၍

ဇော်လင်းကိုစောင့်ဆိုင်းနေပါတော့တယ်....။


မိုးအောင်အရက်တပိုင်းကုန်ချိန်ရောက်သော်လည်းဇော်လင်းတစ်ယောက်ပြန်မလာသေးသောကြောင့်မိးအောင်

တစ်ယောက်ဆိုင်တွင်ဒီအတိုင်းထိုင်နေ၍မကောင်းတာ

ကြောင့်နောက်တပိုင်းမှာပြီးအချိန်ဆွဲသောက်နေရပြန်တယ်...။


ဆိုင်မှာတစတစဖြင့်လူများပါးလာပြီးသောက်သုံးသူဟူ၍မိုးအောင်တစ်ယောက်သာရှိနေပါတော့တယ် ။


”...ကောင်လေး..မပြန်သေးဘူးလား....ဆိုင်ပိတ်တော့မယ်...”


”..ဟုတ်ကဲ့ဦးလေး ကျွန်တော်ကိုပါဆယ်နှစ်လုံးပေးပါ 

ကျွန်တော်ဟိုနားလေးမှာနေလို့ရမလား သူငယ်ချင်းတစ်ယောက်ကိုစောင့်နေလို့ပါ....”


”...အော်...အေး.. လူပျိုသွားလည်တာလား

ကြာတတ်ပါတယ်.. ရတယ် ထိုင်ခုံတစ်လုံးယူသွား

ပြန်မှဆိုင်ရှေ့ချခဲ့ပေါ့...”


” ကျေးဇူးပါ ဦးလေး...”


အရက်ဖိုးကျသင့်ငွေများပေးချေပြီး

ဆိုင်ရှင်ဦးလေးကြီးကနားလည်မူရှိစွာပေးလိုက်သော

ခုံကိုယူ၍ မိုးအောင်တစ်ယောက် ဆိုင်ရှေ့ခပ်လှမ်းလှမ်းလရောင်အောက်တွင်ထိုင်ရင်း

ဇော်လင်းကိုစိတ်အတွင်းကျိန်ဆဲလျက်ရှိနေပါတယ်..။


နောက်ထပ်နာရီဝက်ခန့်စောင့်ဆိုင်းပြီးသောအခါမှဇော်လင်းတစ်ယောက်ပြန်ရောက်လာရင်း

စပ်ဖြီးဖြီးဖြင့်...


”.ဟဲဟဲ..စောင့်နေရတာ ကြာသွားလား သူငယ်ချင်း...”


”..မအေ...ငါမဆဲလိုက်ချင်ဘူး အရက်ဆိုင်ပိတ်လို့

ဒီမှာ ထိုင်စောင့်နေတာနာရီဝက်လောက်ရှိပြီ...

ဘာတွေလုပ်နေလို့ဒီလောက်ကြာတာလဲ”


”..ဘာမှမလုပ်ပါဘူးကွာ သူတို့အိမ်ပေါ်မှာပဲ

ဒီအတိုင်းရိုးရိုးသားသားထိုင်စကားပြောနေရင်း

စကားစမပြတ်နိူင်ဖြစ်နေတာတောင်းပန်ပါတယ်ကွာ..”


”..ရပါတယ်ကွာ ထားလိုက်ပါတော့ ရော့.ကစ်လိုက်အုံး...”


”..မင်းရော..သောက်လေ...”


”...ဖားမနေနဲ့ဟေ့ကောင်..မင်းကိုစောင့်ရင်းသောက်တာ တစ်လုံးကုန်တယ် ငါမူးချင်နေပြီ...”


  ငယ်သူငယ်ချင်းများပီပီ မိုးအောင်မှာကြာရှည်စိတ်

မဆိုးနိူင်ပဲ ဇော်လင်းအားသူဝယ်ထားသောအရက်ထဲမှ

တစ်လုံးထိုးပေးလိုက်ရာ ဇော်လင်းလည်းအမြည်းမပါ

ရေမပါမော့သောက်ရင်းနှစ်ယောက်သားလရောင်အလင်းနဲ့ရွာပြန်လာခဲ့ကြတော့တယ်...။


        သွားလာနေကျလမ်းဖြစ်သည့်အပြင်

လရောင်ကနေ့ဖက်နဲ့မခြားလင်းထိန်နေတာကြောင့်

အရက်သောက်လိုက်သီချင်းများအော်ဆိုလိုက်ဖြင့်

နှစ်ယောက်သားရွာပြန်လာခဲ့ကြတော့တယ်...။


   လက်ပံကုန်းရွာမှထွက်ပြီးတစ်နာရီခန့်အကြာ

လမ်းတစ်နေရာတွင်ခနနားကြရင်းဝယ်လာသော

အရက်များအကုန်သောက်လိုက်ကြရာနှစ်ယောက်လုံး

မူးယစ်ကုန်ကြတော့တယ်။


မိုးအောင်မှာဆိုင်တွင်သောက်လာသေးသည်မို့လမ်းလျောက်ရင်းသိုင်းကွက်နင်းနေတော့တယ်...။

အာလေးလျာလေးသံဖြင့်....


”...ဇော်လင်း လမ်းမလျောက်ချင်တော့ဘူးကွာ

နီးစပ်ရာတနေရာအိပ်ကြရအောင်...”


”..အေး..ပြန်မယ့်ခရီးကလည်းဝေးသေးတယ်

တစ်နေရာဝင်အိပ်ပြီး မနက်မှထပြန်ကြတာပေါ့... ”


မိုးအောင်အဆိုကိုဇော်လင်းကထောက်ခံရင်းဘေးဘီဝဲယာလှမ်းကြည့်ရင်းသိုင်းကွက်နင်းလျောက်လာခဲ့ကြတယ်...။

    နှစ်ယောက်သားမူးယစ်နေကြတာကြောင့်သူတို့ရွာ

သွားတဲ့လမ်းမဟုတ်ပဲတစ်ခြားသောလမ်းခွဲတစ်ခုကိုလျောက်နေမိမှန်းနှစ်ယောက်သားမသိကြဘူး...။


”..ဟေ့ကောင်..မိုးအောင် ဟိုမှာအဆောက်အဦးတစ်ခုတွေ့လား....”


”..လူနေလားမသိဘူးကွ လာကွာ လူနေလည်း

တစ်ညခွင့်တောင်းပြီးအိပ်ကြမယ်...”


  လမ်းဘေးခပ်လှမ်းလှမ်းတွင်အုတ်တိုက်တခုကို

ဇော်လင်းကအရင်လှမ်းတွေ့တာကြောင့်မိုးအောင်ကိုပြရင်းနှစ်ယောက်သားအုပ်တိုက်ဆီလျောက်သွားလိုက်

ကြတော့တယ်...။

     အနီးရောက်တော့မှနွယ်ပင်တစ်ချို့အုပ်နံရံပေါ်တွယ်တက်နေတဲ့အုတ်တိုက်ပျက်တစ်ခုမှန်းတွေ့လိုက်ကြရ

တော့တယ်..။


”..လူမရှိဘူးထင်တယ် အထဲဝင်အိပ်မယ်ကွာ...”


”..ဒီလောက်ပျက်နေတာ ဘယ်ကလူရှိမလဲကွ...”


နှစ်ယောက်သားတခါးမရှိသောဝင်ပေါက်ရှေ့ရပ်၍အပြန်အလှန်ပြောဆိုနေကြချိန်မှာပင် ချောင်းဟန့်သံ

ခပ်အုပ်အုပ်ပြုပြီး

အုပ်တိုက်ပျက်အတွင်းမှလူရိပ်တစ်ခုလှမ်းထွက်လာ

တာတွေ့လိုက်ရတာကြောင့်နှစ်ယောက်သားကြောင်

သွားကြတယ်..။


” ဘုန်း..ဘုန်းကြီးတစ်ပါးပဲဇော်လင်း

ဒါဘုန်းကြီးကျောင်းထင်တယ်...”


”..ဘုန်းကြီးတွေ့မှတော့ဘုန်းကြီးကျောင်းပေါ့ကွ..”


တစ်စွန်းတစလရောင်ကျနေရာအုပ်တိုက်ပျက်ဝင်ဝတွင်

ဘုန်းကြီးတစ်ပါးထွက်လာရပ်ရင်းသူတို့ဖက်မျက်နှာမူ၍

ငြိမ်သက်စွာဖြင့်ရှိနေတယ်။


  မျက်နှာကိုသဲကွဲစွာမမြင်ရတာကြောင့်ရုပ်ရည်၊အသက်အရွယ်ကိုတော့ခန့်မှန်းလို့မရကြဘူး။

ယိမ်းထိုးနေရာမှဇော်လင်းကလက်အုပ်ချီလိုက်

ရင်း..

”..အရှင်ဘုရားတပည့်တော်တို့ ဒီမှာတစ်ညလောက်

ညအိပ်တည်းခိုချင်ပါတယ် ဘုရား...”


...အင်း...ဝင်ခဲ့....


ရပ်နေသောဘုန်းကြီးမှ

လည်ချောင်းကွဲသံကြီးဖြင့်ဘုန်းကြီးမှပြန်ဖြေရင်း

ပြောလာသံကြောင့်မူးနေသောနှစ်ယောက်မှာ

ဘာကြောင့်ဟုမဆိုနိူင်ကြက်သီးမွေးညှင်းများအလိုလို

ထကုန်တော့တယ်..။


နှစ်ယောက်သားဘုန်းကြီးနောက်မှအတွင်းသို့လိုက်ဝင်ကြရာ အုပ်တိုက်ပျက်အတွင်းမီးမထွန်းထားသော်လည်း

အပေါ်မှအမိုးအကာများပေါက်ပြဲနေသောကြောင့်

အတွင်းတွင်အလင်းရောင်ရိုးတိုးရိပ်တိတ်ရနေတယ်..။


ဒီလောက်ယိုယွင်းနေသောသောကျောင်းတိုက်မှာ

ဒီဘုန်းကြီးဘယ်လိုသီတင်းသုံးနေထိုင်တာလဲလို့

နှစ်ယောက်သားမူးနေသည့်ကြားမှ

အံ့သြစိတ်တော့ဝင်နေမိကြတယ်...။


ဘုန်းကြီးကလရောက်မရောက်တဲ့အခန်းထောင့်တစ်

နေရာမှာရပ်လိုက်ရင်း...


” မင်းတို့ ဒီမှာပဲဖြစ်သလိုအိပ်ကြတော့ ကျောင်းက

ဟောင်းနေတော့ ဘုန်းကြီးလည်းဖြစ်သလိုနေနေရ

တာပါပဲ...”


” တင်ပါ့ဘုရား..တည်းခိုခွင့်ရတာပဲဝမ်းသာလှပါပြီ..”


   ဘုန်းကြီးမှသူတို့နှစ်ယောက်အိပ်ရန်အခန်းထောင့်တစ်နေရာမှခုတင်တစ်လုံးကိုညွန်ပြရာဇော်လင်းကလက်

အုပ်ချီ၍ဝမ်းသာကြောင်းပြောလိုက်ပါတယ်...”


ဘုန်းကြီးမှာ ဇော်လင်းနဲ့မိုးအောင်ကိုမျက်လုံးစိမ်းများ

ဖြင့်တခနမျစိုက်ကြည့်နေရာ သတိထားမိသော

ဇော်လင်းမှာအလိုလိုကြောက်စိတ်များဝင်၍ယခု

နေရာတွင်နေလိုစိတ်ပင်မရှိတော့ပေ။


ဘုန်းကြီးမှာခနအကြာအတွင်းဖက်ကိုဝင်သွားတော့တယ်။


”...မိုးအောင်..မိုးအောင်...မင်းရသေးလား...”


..အင်..ဘာဖြစ်လို့လဲကွာ.. အိပ်မယ်လေ...


...အေး..အေး....လာ..လာ....


ဇော်လင်းတစ်ယောက်သူ့စိတ်အတွင်းမသိုးမသန့်ခံစား

နေရမူကို မိုးအောင်ကိုအဖော်ပြုတိုင်ပင်ရန်ကြိုးစား

သော်လည်းမိုးအောင်မှာအရက်ရှိန်တဖြည်းဖြည်းတက်ကာခေါင်းပင်စိုက်လုမတတ်ရှိနေတာကြောင့်လက်လျော့လိုက်တော့တယ်...။


ဟောင်းနွမ်းနေသောကုတင်တစ်လုံးကအခန်းထောင့်တွင်ရှိနေပြီးသစ်သားပြားများခင်းထား၍ ဝါးပိုးဝါးအပိုင်း

နှစ်ခုကိုအလယ်မှထက်ခြမ်းခွဲပြီးခေါင်းအုံးရန်ပြူလုပ်ထားတယ်.. ။


ဇော်လင်းမှာမိုးအောင်ကိုကုတင်နံရံဖက်အခြမ်းသို့တွဲကူပို့လိုက်ရာကုတင်ပေါ်ရောက်သည်နဲ့မိုးအောင်တစ်ယောက်ခနအတွင်းတခေါခေါတခူးခူးဟောက်၍အမူး

ရှိန်ဖြင့်အိပ်ပျော်သွားတော့တယ်.. ။


ဇော်လင်းမှာတော့မိုးအောင်ဘေးလှဲချရင်းအိပ်မပျော်နိူင်ပေ။

 ဇောချွေးပြန်၍အမူးပြေချင်သလိုဖြစ်နေသောကြောင့်

ပုံမှန်မဟုတ်သောအခြေအနေများကိုတရေးရေးပြန်

တွေးနေမိတော့တယ်..။


သူတို့ရွာနဲ့လက်ပံကုန်းရွာသွားသောလမ်းကြောင်းတွင်

ယခုလိုအုပ်တိုက်ပျက်ဘုန်းကြီးကျောင်းမရှိဟုဇော်လင်းတွေးနေမိတယ်။

 

ယခုရောက်နေသောနေသောအုပ်တိုက်တွင်ဘုန်းတော်ကြီးတစ်ပါးတည်းသာတွေ့ရပြီးတောရဆောက်တည်

နေသောဘုန်းကြီးများလားဟုတွေးမိသော်လည်းစိတ်

စနိူးစနောင့်ဖြစ်နေသောကြောင့်မအိပ်ပဲအခြေအနေစောင့်ကြည့်ရန်တွေးနေမိတော့တယ်....။


 ..ရှပ်...ရှပ်...ရှပ်...ရှပ်....


ဇော်လင်းတစ်ယောက်အိပ်ချင်စိတ်ကိုကြိုးစားထိန်းချုပ်၍ရှိနေချိန်တွင်နောက်ဖေးအဆောင်ဖက်ဆီမှ

ခြေသံများကြားလိုက်ရတာကြောင့်ဇော်လင်းတစ်ယောက်ကုတင်မှအသာထထိုင်ပြီးခြေသံကိုနားစွင့်

နေမိတော့တယ်...။


ခြေသံကပျောက်မသွားပဲဆက်လက်ထွက်ပေါ်နေတာ

ကြောင့်ကုတင်ပေါ်မှအသာယာဆင်းလိုက်၍လူပ်ရှားသံ

မကြားစေရန်ခြေကိုဖွနင်းပြီးဘုန်းကြီးဝင်သွားရာ

အတွင်းဖက်ဆီသို့အသာအယာဝင်သွားလိုက်တော့တယ်...။


အတွင်းဖက်အခန်းမှာလည်းအမိုးများပေါက်ပြဲပြီး

လရောင်တစွန်းတစလရောင်ဖျာကျနေတာကြောင့်

လရောင်အလင်းနဲ့မျက်လုံးဝေ့ပြီးဘုန်းကြီးကိုလိုက်

ရှာကြည့်ရာမတွေ့ရသောကြောင့်အနောက်ဖက်ဆောင်

မှတစ်ဆင့်အပြင်ဖက်ကိုထွက်လာခဲ့ပါတော့တယ်...။


အပြင်ဖက်တွင်လရောင်ကြောင့်ပတ်ဝန်းကျင်ကို

ရှင်းလင်းစွာ ဇော်လင်းမြင်တွေ့နေရပါတယ်။


    အဲဒီအချိန်မှာပဲကျောင်းနောက်ဖက်တောင်ကုန်းအောက်ကိုဆင်းနေတဲ့ ဘုန်းကြီးနောက်ကျောကိုတွေ့လိုက်ရတာကြောင့်ဇော်လင်းလည်း ပုန်းလျိုးကွယ်လျိုးလိုက်ပါသွားခဲ့တော့တယ်။


       ရှေ့မှသွားနေတဲ့ဘုန်းကြီးရဲ့နောက်ခပ်ခပ်လှမ်းလှမ်းမြင်သာရုံအကွာအဝေးကနေဇော်လင်းမျက်ချည်ပြတ်မခံပဲလိုက်လာခဲ့တာကျောင်းနဲ့အတော်ဝေးဝေးရောက်လာခဲ့ကြတော့တယ်..။


    တစ်နေရာရောက်တော့ရှေ့ကသွားနေတဲ့ဘုန်းကြီးရပ်လိုက်တာတွေ့ရပြီးဘေးဘီဝဲယာခေါင်းငဲ့ကြည့်နေတာကြောင့်သစ်ပင်ကြီးတစ်ပင်နောက်ဇော်လင်းကမန်းကတန်းကွယ်လိုက်မိတယ် ။


    ဘုန်းကြီးဟာနေရာမှာထိုင်ချပြီးရုတ်တရက်မြေပြင်ကို

လက်ဗလာနဲ့တူးဆွနေတာဇော်လင်းတွေ့လိုက်ရတယ်။


မြင်ကွင်းကဝေးနေတာကြောင့်ဇော်လင်းလည်းစိတ်ဝင်စားသွားမိတယ် ။


 ဘုန်းကြီးဘာကိုတူးဆွနေတာလည်းသိလိုစိတ်ပေါ်လာတာကြောင့် သစ်ပင်များအကာအကွယ်ပြုပြီးနီးနိူင်သမျ

နီးအောင်ချည်းကပ်ခဲ့ရင်း မြင်ကွင်းကိုရှင်းလင်းစွာမြင်

နိူင်တဲ့အကွာအဝေးရောက်ချိန်ကျမှ သစ်ပင်ကြီးတစ်ပင်ကို အကာအကွယ်ပြုပြီးမြေကြီး

ကိုတူးနေတဲ့ဘုန်းကြီးကိုကြည့်လိုက်မိတယ်...။


  မြေကြီးဟာ တူးဆွပြီးသားဖို့မြေဖြစ်ပုံရတယ်။ဘုန်းကြီးကဒူးထောက်ထိုင်ပြီးမြေသားကိုဘေးနှစ်ဖက်ကိုယက်ထုတ်နေတာအတော်နက်နေတာတွေ့လိုက်ရ

တယ်။


   ဇော်လင်းဟာ ဘုန်းကြီးဘေးပတ်လည်ကပတ်ဝန်းကျင်ကိုတချက်ဝေ့

ကြည့်မိချိန်မှာမျက်လုံးပြူးသွားမိတော့တယ် ။


  သူမြင်လိုက်ရတာကမြေစာပုံမို့မို့တွေနဲ့အတူ၊ မှတ်တိုင်ထိုးထိုးထောင်ထောင်တွေ့လိုက်ရတာကြောင့်

ဒီနေရာဟာ သချိုင်းကုန်းတစ်ခုဖြစ်နေမှန်းသိလိုက်ရ

တာကြောင့်ဖြစ်ပါတော့တယ်...။


   ဒီနေရာရဲ့အနီးဆုံးနေရာဟာ လက်ပံကုန်းရွာဖြစ်တာကြောင့် လက်ပံကုန်းရွာသင်ချိုင်းဖြစ်မယ်လို့လည်းတဆက်

တည်းပြန်တွေးလိုက်မိတယ် ။


  ဒီလိုသင်ချိုင်းမြေထဲညနက်သန်းခေါင်ဘုန်းကြီးက

ဘာတွေတူးနေရတာလဲဇော်လင်းပိုစိတ်ဝင်စားသွားမိတော့တယ် ။


     ဘုန်းကြီးမှာမြေကျင်းကိုအတော်တန်အနက်မျတူးဖော်ပြီးသောအခါ

အဝတ်ပတ်ထားသောအထုတ်တစ်ခုသူ့လက်အတွင်း

ပါလာကြောင်းဇော်လင်းတွေ့လိုက်ရတယ်...။


   ဘုန်းကြီးပုံစံကအဝတ်ပတ်ထားသောအထုတ်ကိုတွေ့ရသောအခါအငမ်းမရဟန်ဖြင့်အဝတ်ကိုလက်နှစ်ဖက်ဖြင့်

ဆွဲဖြဲလိုက်တဲ့အခါ လသားအရွယ်ခလေးတစ်ယောက်

ပေါ်ထွက်လာပါတော့တယ်....။


  ခလေးအလောင်းမှာလတ်လတ်ဆတ်ဆတ်နဲ့နေ့က

မြုတ်ထားခြင်းဖြစ်နိူင်ကြောင်းဇော်လင်းတွေးလိုက်သလိုခလေးအလောင်း ဘုန်းကြီးဘာလုပ်မလဲ ဇော်လင်း

စိတ်ဝင်တစားကြည့်နေစဉ်...


...ဟာ....


လန့်ပြီးပါးစပ်ကအသံထွက်မအော်မိဖို့ဇော်လင်းအတော်ထိန်းလိုက်ရတယ်...။


ဇော်လင်းမြင်လိုက်ရတဲ့မြင်ကွင်းကအတော့်ကိုကြောက်လန့်သွေးပျက်စရာကောင်းလွန်းတာကြောင့်ဖြစ်ပါတယ်..။


   ဘုန်းကြီးဟာ လသားခလေး အလောင်းကိုခြေနှစ်ချောင်းကို ကိုင်ပြီးဆွဲဖြဲလိုက်ပြီး

ပြုတ်ထွက်သွားတဲ့ခြေထောက်တစ်ချောင်းကိုလက်က

ကိုင်ပြီးအငမ်းမရစားသောက်နေပါတော့တယ်...။


    ခြေတချောင်းကုန်သွားတဲ့အခါကိုယ်ခန္ဓာနဲ့တွဲနေတဲ့

နောက်ထပ်ခြေတစ်ချောင်းကိုဆွဲဖဲ့ပြီး ပလုပ်ပလောင်း

အငမ်းမရစားနေပြန်တယ် ။


 ဒုတိယခြေတချောင်းကုန်တဲ့အခါမှာတော့ ခေါင်းနဲ့တွဲနေတဲ့ကိုယ်လုံးကိုင်ပြီးစတင်စားသောနေတဲ့

မြင်ကွင်းကြောင့် ဇော်လင်းတစ်ယောက် ကြောက်လန့်မူကြောင့်ဒူးတဆတ်ဆတ်တုန်လျက်

ရှိနေပါတော့တယ်... ။


သူတွေ့နေရသောဘုန်းကြီးမှာရိုးရိုးလူသားတစ်ယောက်

မဟုတ်ပဲ သရဲတစ္ဆေဘုန်းကြီးတစ်ပါးဖြစ်မှန်းသိလိုက်

ရပါတော့တယ်... ။


    ဇော်လင်းမှာနောက်သို့တရွေ့ရွေ့ဆုတ်လျက်

အုပ်တိုက်ပျက်ရှိရာသို့အလျင်အမြန်ပြေးပါတော့တယ်..။


    သူမြင်တွေ့ခဲ့ရသောဘုန်းကြီးသရဲကခလေးအသား

စားနေသောမြင်ကွင်းက ဖျောက်ဖျက်မရစွာကပ်ငြိပါလာတာကြောင့်နောက်ကျောမလုံစွာဖြင့်နောက်သို့မကြာခနလှည့်ကြည့်ရင်း

အုပ်တိုက်ပျက်အတွင်းသို့ရောက်လာပါတော့တယ်..။


    ဇော်လင်းတစ်ယောက်မိုးအောင်အိပ်နေသော

ကုတင်အနီးရောက်သောအခါတွင် မိုးအောင်တစ်ယောက် တခေါခေါတခူးခူးဟောက်၍

အိပ်ပျော်နေတုန်းပင်ရှိနေပါသေးတာကြောင့်

ဇော်လင်းမှာ ကြောက်ရွံ့ဇောဖြင့်မိုးအောင်ကို

အတင်းလူပ်နိူးလိုက်ပါတော့တယ်...။


...မိုးအောင်...မိုးအောင်...ထထ..ဟေ့ကောင်...မိုးအောင်...


မိုးအောင်တစ်ယောက်မနိူးတာကြောင့်ဇော်လင်းအခက်ကြုံနေရတော့တယ်...။


မကြာခင်ဘုန်းကြီးသရဲရောက်လာပါကသူတို့နှစ်ယောက်အတွက်အန္တရယ်ရှိနိူင်ကြောင်းတွေးရင်းကြောက်စိတ်ကြောင့်ဇောချွေးများပြန်နေပါတော့တယ်...။


ဒါကြောင့်မိုးအောင်ကိုခပ်ကြမ်းကြမ်းနောက်တခါထပ်

နိူးပြန်ပါတယ်..။


..မိုးအောင်..မိုးအောင်....မိုးအောင်....


...အင်...အင်....အင်...


....အသံသိပ်မထွက်နဲ့ မိုးအောင် ခုငါတို့နဲ့တွေ့နေရတာ ဘုန်းကြီးသရဲပဲ...


...ဟင်..ဘုန်းကြီးသရဲ....


..အသံသိပ်မကျယ်နဲ့ ငါနောက်မှအကြောင်းစုံရှင်းပြမယ် အခုငါတို့

ဒီကအမြန်ပြေးဖို့လိုနေပြီ...


 ဇော်လင်းဒုတိယတစ်ကြိမ်ကိုင်ဆောင့်နိူးချိန်တွင်မိုးအောင်င်တစ်ယောက်နိူးလာပေမယ့် အမူးရှိန်မပြေသေးတာမို့ 

အသိစိတ်မဝင်သေးတာကြောင့်ပါးနှစ်ဖက်ကိုခပ်ဆတ်

ဆတ်ရိုက်ပြီးပြောနေရာမိုးအောင်မှာသရဲဆိုသောအသံကြောင့်ငုတ်ခနဲထထိုင်လိုက်တယ်...။


...ဒကာလေးတွေ မအိပ်ကြသေးဘူးလား.... 


အဲဒီအချိန်မှာပဲနောက်ဖေးဆောင်ကထွက်လာတဲ့ဘုန်းကြီးအသံ အက်ကွဲကွဲကြီးကြားလိုက်ရတာကြောင့်

ခလေးအသားကိုစားနေတာကိုယ်တိုင်မြင်ခဲ့ရတဲ့ဇော်လင်းကိုယ်ဆတ်ခနဲတုန်တက်သွားတယ်...။


...ဒကာလေးတွေ အိပ်မကြသေးဘူးလား....


ဘုန်းကြီးသရဲကနောက်တစ်ကြိမ်မေးလာပြန်တယ်..။


ဇော်လင်းမှာမိုးအောင်အားလက်ကုတ်၍ဝင်ပေါက်ဆီသို့

ခြေဖော့နင်း၍လျောက်လာခဲ့ရာမိုးအောင်လည်းဘုမသိ၊ဘမသိဇော်လင်းနောက်မှကပ်လိုက်လာပါတယ်...။


မိုးအောင်မှာပြိုကျနေသောအုပ်ကျိုးတစ်ခုကိုနင်းမိရာမှ

အသံထွက်သွားပါတော့တယ်...။


..ဒကလေး..ဘာသံတွေလဲ...


..မိုးအောင်ပြေးတော့..ပြေး....


အတွင်းဖက်မှဘုန်းကြီးသရဲလှမ်းမေးသံကြောင့်ဇော်လင်းမှာမိုးအောင်ကိုလေသံတိုးတိုးဖြင့်ပြေးရန်သတိပေးပြီးသူကိုယ်တိုင်လည်းတခါးဝမှတစ်ဆင့်အပြင်သို့

ပြေးထွက်ခဲ့ပါတော့တယ်...။


...မင်းတို့ကိုယ်တိုင်ငါနေရာလာတည်းပြီး ငါခွင့်ပြုချက်

မရပဲထွက်သွားဖို့လုပ်နေကြတာလား..ငါအကြောင်းသိမယ်...


 နှစ်ယောက်သားပြေးထွက်လာကြချိန်တွင်သူတို့နောက်ဖက်အုပ်တိုက်ပျက်အတွင်းမှဘုန်းကြီးသရဲရဲ့အံကြိတ်ကြိမ်းဝါးသံကိုကြားလိုက်ကြရပါတော့တယ်...။


...လက်ပံကုန်းရွာဖက်ပြေးမယ်မိုးအောင်..


ဇော်လင်းနဲ့မိုးအောင်နှစ်ယောက်လက်ပံကုန်းရွာဖက်သို့

ဦးတည်ပြေးလွားရင်းနောက်သို့တချက်ပြန်လှည့်ကြည့်မိကြရာ....


..ဟာ..ဘာကောင်ကြီးလဲဇော်လင်း...


...ပြေး..မိုးအောင်..အဲတာ..ဘုန်းကြီးသရဲ...


   ဘုန်းကြီးသရဲမှာလေပေါ်မှပျံဝဲရင်းသူတို့နောက်လိုက်ပါ

လာရာနှစ်ယောက်သားအူယားဖားယားဖြင့်ပြေးနေကြ

ပါတော့တယ်...။


    ..မင်းတို့ အသားကိုစားမယ်သွေးကိုသောက်မယ် အသေသားတွေစားနေရတာကြာနေပြီ.ဒီနေ့တော့

အရှင်သားလေးစားရပြီပေါ့..


နှစ်ယောက်သားနောက်ဆီမှကြိမ်းဝါးသံကသွေးပျက်ဖွယ်ရာအတိမို့ ပုဆိုးမနိူင်ပဝါမနိူင်ဖြင့် ပြေးနေကြပြီး

နောက်ကိုတချက်ပြန်လှည့်အကြည့်မှာဘုန်းကြီးသရဲက

လေပေါ်ဝဲရင်းသူတို့နောက်ကိုလိုက်လာတာမကြာခင်

မှီတော့မည်မို့နှစ်ယောက်သားထိတ်လန့်တကြားဖြစ်

ကုန်ကြတယ် ။


     ထိုအချိန်မှာပဲသူတို့ရှေ့ခပ်လှမ်းလှမ်းဆီမှစကား

ပြောသံများကြားလိုက်ရတာကြောင့်နှစ်ယောက်သား

အားတက်သွားပြီးတိုင်ပင်စရာမလိုပဲခြေလှမ်းများက

ထိုနေရာဆီပြေးလွားသွားကြပါတော့တယ်...။


..ဟေ့...ဘယ်သူတွေလဲကွ...


..သ..သ...သရဲ...လိုက်...လိုက်...


....ကယ်....ကယ်...ကြ...ပါ.....


  တောင်ပေါ်မှသစ်လုံးများကိုကျွဲဖြင့်ဆွဲဖြင့်ဆွဲ၍သွား

နေကြသူနှစ်ယောက်မှာ ခြေသံတဖုတ်ဖုတ်ဖြင့်ပြေးလာ

သောခြေသံကြောင့်ကျွဲများလန့်ကုန်သဖြင့်ထိန်းနေကြ

ရင်းတစ်ယောက်မှလှမ်းမေးလိုက်ပါတယ်..။


    ဇော်လင်းနဲ့ မိုးအောင်မှာတစ်ကိုယ်လုံးချွေးများရွဲစိုလျက်ရင်ဘတ်ကြီးနိမ့်ချည်မြင့်ချည်ဖြင့်မောပန်းစွာဖြင့်ရှိနေရာမှ

 လူတွေ့ရခြင်းကြောင့်အပြေးရပ်လိုက်ပြီးနောက်သို့

ပြန်လှည့်ကြည့်ရာ ဘုန်းကြီးသူရဲကိုမတွေ့ရတော့ပါဘူး။


”..သရဲခြောက်ခံလာရတယ်ထင်တယ် လာ

ကျုပ်တို့နဲ့ရွာလိုက်ခဲ့.... ”


  ကျွဲသမားကတစ်စုံတရာကိုသိနေဟန်မိုးအောင်နဲ့

ဇော်လင်းကိုလက်ပံကုန်းခေါ်သွားပါတယ်.. ။


သစ်ဆွဲသမားများပြောပြချက်အရနောက်နေ့မနက်စော

စောသစ်တင်လှည်းများလာမည်မို့သူတို့သစ်ကွက်မှ

သစ်များမနက်အကုန်စုံစေရန်ညပိုင်းလရောင်နဲ့အလုပ်လုပ်နေကြခြင်းဖြစ်ပါတယ်...။


မိုးအောင်နဲ့ဇော်မင်းမှာကံကောင်းထောက်မစွာသစ်ဆွဲ

သမားနှစ်ယောက်နဲ့ဆုံတွေ့ကြခြင်းပါ..။


     လက်ပံကုန်းရွာအနီးသစ်စခန်းရောက်ချိန်တွင် 

ကျွဲများတံပိုးဖြုတ်၍ဆွဲလာသောသစ်များကိုသစ်ဆွဲသမားနှစ်ယောက်ကသစ်ပုံတွင်စီထပ်ခြင်း

ပြုလုပ်နေကြချိန် မိုးအောင်နဲ့ဇော်လင်း

မှာရေအိုးစင်တစ်ခုတွေ့သောကြောင့်ရေကိုအငမ်း

မရတစ်ခွက်ပြီးတစ်ခွက်သောက်နေကြပါတော့တယ်.. ။


   ပြီးတော့ကွပ်ပစ်ပေါ်မောမောနဲ့ခြေပစ်လက်ပစ်

လဲချလိုက်ကြပါတော့တယ်..။


”...ခင်များတို့ဘုန်းကြီးသူရဲအခြောက်ခံလာကြရပြီ

ထင်တယ်...”


...ဟာ ကျွန်တော်တို့ဘာဖြစ်လာလဲသိနေတယ်...


...ဟင် ခင်များကကျွန်တော်တို့ဖြစ်လာတာ

ဘယ်လိုသိတာလဲ...


သစ်ဆွဲသမားတစ်ယောက်သူတို့နှစ်ယောက်အနီး

လျောက်လာရင်းပြောလိုက်တဲ့စကားကြောင့်မိုးအောင်

နဲ့ဇော်မင်းအံ့သြသွားကြတယ်။


သစ်ဆွဲသမားကပြုံးလိုက်ရင်းကွပ်ပစ်မှာဝင်ထိုင်လိုက်တယ်..။


... ညနက်သန်းခေါင်အဲဒီလမ်းက ဘယ်သူမှမဖြတ်ရဲ

ကြဘူးဗျ ဘုန်းကြီးသူရဲတစ်ပါးလိုက်ခြောက်တာ

ကြုံရလွန်းလို့လေ...


မိုးအောင်မှ...


..အဲဒီဘုန်းကြီးသူရဲအကြောင်းသိရင်ပြောပြပါလားအကို....


....ဟုတ်တယ်အကို သိရင်ပြောပြပေးပါ ကြောက်လည်းကြောက်တယ်စိတ်လည်းဝင်စားတယ်...


ဇော်မင်းကလည်းသိလိုကြောင်းဝင်ပြောလိုက်ခြင်းဖြစ်ပါတယ်..။


သစ်ဆွဲသမားပြောလာသောအကြောင်းအရာမှာ


”..မင်းတို့ညအိပ်ခဲ့တဲ့အုပ်တိုက်ပျက်က ရှေးတုန်းက

ဘုန်းကြီးကျောင်းဆောင်တစ်ခုပဲ အရင်ကအဲဒီအနား

ပတ်လည်မှာရွာတစ်ရွာရှိခဲ့ဖူးတယ် နောက်တော့ကပ်

ရောဂါတစ်ခုကြောင့်ရွာပျက်သွားခဲ့တယ်..။

 ဘုန်းကြီးကျောင်းမှာလည်းကျောင်းထိုင်မရှိတော့ဘူးပေါ့ဒီလိုနဲ့လွန်ခဲ့တဲ့ဆယ်နှစ်က ဘုန်းကြီးတစ်ပါးအဲဒီကျောင်းဟောင်းကိုဘယ်နယ်က

မှန်းမသိတဲ့ဘုန်းကြီးတစ်ပါးရောက်လာတယ်..။


တစ်လတစ်ခါလောက်တော့ရွာကိုဆွန်းဆန်စိမ်းအလှူခံ

ကြွလာလေ့ရှိတယ်..။


 တစ်ချို့အပြောကအဲဒီဘုန်းကြီးဟာဝိနည်းတော်နဲ့မညီ

ဘူးပြောကြတယ် တောနေသတ္တဝါအကောင်ဗလောင်

တွေသတ်နေတာ တချို့တွေ့သူတွေ့တယ်ပြောတာပဲ...။


ဒီလိုနဲ့ကုန်ခဲ့တဲ့သုံးနှစ်က အဲဒီကျောင်းနားကဖြတ်သွား

သူတစ်ချို့အပုတ်နံ့ရလို့အထဲဝင်ကြည့်ကြတော့

အထဲမှာသေလို့အပုတ်နံ့တောင်ထွက်နေတဲ့ဘုန်းကြီး

ကိုတွေ့လိုက်ကြရတော့တယ်...။


   ဒါနဲ့ပဲရွာသားတွေကပဲကျောင်းနားမှာမီးသဂြိုလ်ပေး

လိုက်ကြတာပါပဲ...။


  ခက်တာကအဲဘုန်းကြီးပျံလွန်တော်မူပြီးသိပ်မကြာဘူး

ညဖက်ဖြတ်သွားဖြတ်လာတစ်ချို့ကိုလိုက်ခြောက်လို့

ညဖက်ဆိုအဲဒီလမ်းဘယ်သူမှမသွားရဲကြတော့ဘူး..

ခုမင်းတို့ကြုံလာရတာလည်းဘုန်းကြီးသရဲပါပဲ....”


   သစ်ဆွဲသမားစကားအဆုံးမိုးအောင်နဲ့ဇော်လင်း

ကြက်သီးမွေးညှင်းများထောင်ထ၍နောက်ကျော

မလုံစွာဘေးဘီဝဲယာကြည့်နေမိကြပါတော့တယ်..။


 မိုးအောင်မှာမူးပြီးအိပ်နေသောကြောင့် ကြောက်လန့်စရာကိစ္စသိပ်မကြုံလိုက်ရသော်လည်း

ဘုန်းကြီးသရဲခလေးအလောင်းဖော်စားနေသောမြင်ကွင်းကိုပင်မြင်ခဲ့ရသောဇော်လင်းမှာပို၍ထိတ်လန့်စိတ်

ဖြစ်နေပါတော့တယ်..။


   နှစ်ယောက်လုံးအတွက်ဘုန်းကြီးသရဲနဲ့

ဆုံတွေ့ခဲ့ရသောအကြောင်းကိုတသက်စာအမှတ်ရနေမည်မှာသေချာနေပါတော့သတည်း။


======================


ပြီးပါပြီ


  မြူခိုးအလင်္ကာ


rate now: