book

Index 16

ဝတ္ထုတို ၁၆

ကညင်နှစ်ပင်တောင် ယက္ခဘီလူးညီနောင်

===============

ကညင်နှစ်ပင်တောင်။


နာမည်ကိုကြားသည်နဲ့ထိုနယ်တွင်ရှိသောမည်သူမဆိုရှောင်ကွင်းသွားလာလေ့ရှိကြသောနေရာတစ်ခုဖြစ်ပါတယ်။

    ကညင်နှစ်ပင်တောင်တည်နေပုံမှာတောင်ကုန်းက

" ပ ” အက္ခရာအနေအထားရှိပြီးသစ်ပင်ကြီးများထူထပ်စွာ

ပေါက်နေသောနေရာတစ်ခုဖြစ်ပါတယ် ။


   ရွာနဲ့အလှမ်းဝေးခြင်းမရှိသော်လည်းထို ပ အက္ခရာတောင်တန်းမှ သစ် ဝါးပင်များမှာကြီးချင်တိုင်း

ကြီးပေါချင်တိုင်းပေါများနေပါတယ် ။


   ရခိုင်ရိုးမအစပ်နယ်မြေဖြစ်တာကြောင့် ရိုးမတွင်ပေါက်လေ့ရှိသော ပျဉ်းကတိုး၊ကညင်၊ကျောက်မီးသွေးပင်များနဲ့တစ်ခြားသောသစ်အမာမျိုးစုံ

အပင်ကြီးများကညင်နှစ်ပင်တောင်မှာရှိနေပါတယ် ။


    သူဘေးပတ်လည်တစ်ခြားတောင်ကုန်းများမှာ

တောင်ကတုံးဖြစ်နေပေမယ့်ကညင်နှစ်ပင်တောင်မှာတော့ယခုအထိအပင်တစ်ပင်မလျော့ရသေးတဲ့အ

ကြောင်းအရာများစွာရှိနေပါတယ် ။

   တောင်ကြောအလယ်တည့်တည့်တွင်လူကြီးနှစ်ယောက်ဖက်မျကြီးမားသောပင်စည်နဲ့အတူ အလွန်မြင့်သောအင်ကညင်ပင်ကြီးနှစ်ပင်ကယှဉ်တွဲပေါက်ရောက်နေပါတယ် ။


      နယ်သားများယုံကြည်ချက်အရထိုအပင်ပေါ်တွင်

ဘီလူးညီနောင်နေထိုင်ကြောင်းပြောဆိုတတ်ကြပါတယ်။


   သစ်ပင်ကြီးများကိုခုတ်ထစ်ရန်မဆိုထားနဲ့ အိမ်သုံးရန်ဝါးလေးတစ်လုံးခုတ်မိရင်တောင်ခေါင်းကို

ဗိုက်အောင့်တစ်ခုမဟုတ်တစ်ခုဖြစ်တတ်တာကြောင့်

နယ်သားတွေကတော့ကညင်နှစ်ပင်တောင်ကုန်းကိုထိတ်လန့်ကြပါတယ် ။


  တချို့နယ်သားတွေကမယုံကြည်ကြတာကြောင့်

သစ်ယူရန်အပင်ကြီးများကိုခုတ်လှဲကြတဲ့အခါ အပင်က

လှဲလိုသောဖက်သို့မသွားပဲ လူဖက်သို့ယိုင်လဲ၍အပင်

ပိခြင်း။    

    အကယ်သစ်လုံးအဖြစ်ရသွားပါကလည်း 

ခုတ်လှဲသွားသူမှာ အိပ်ကောင်းခြင်းမအိပ်ရ၊စားကောင်း

ခြင်းမစားရ အိပ်မက်လိုလိုတကယ်လိုလိုဖြင့်ဘီလူးကြီး

နှစ်ကောင်ရောက်လာပြီး ရင်ဘတ်ပေါ်တက်၍ခွထိုင်ထားခြင်း၊ရိုက်ပုတ်ကန်ကျောက်ခြင်းကိုနေ့စဉ်ရက်ဆက်ခံရတတ်

တာကြောင့် ကညင်နှစ်ပင်ရှိရာသွားပြီးအသား၊ငါးများဖြင့်ကျေနပ်လောက်အောက်တောင်းပန်မှ

ဘီလူးတွေအနှောင့်အယှက်ကလွတ်ကြတယ် ။


   ဒါကြောင့် ကညင်နှစ်ပင်တောင်ဆိုတာ နာမည်ဆိုးနဲ့

ကျော်ကြားတဲ့နေရာတစ်ခုဖြစ်နေပါတော့တယ်။


    အောင်သန်းဟာ  သဲချောင်း ရွာသားတစ်ယောက်

ဖြစ်တယ်။

      မိသားစုကိုဖားရှာ၊ငါးရှာလုပ်ငန်းနဲ့လုပ်ကိုင်ကျွေး

မွေးနေတဲ့သူတစ်ယောက်လည်းဖြစ်တယ်..။


     သူများလို လယ်ပိုင်ယာပိုင်မရှိတာကြောင့် 

ဇနီးနဲ့ခလေးသုံးယောက်အတွက်သူရှာသမျကလောက်ငှတယ်ဆိုတာမရှိပါဘူး..။  


အမြဲတမ်းချောင်းကတက်ရတယ်မရှိပဲ မိသားစုဝမ်းရေးအတွက်ရုန်းကန်နေရတယ် ။


     အောင်သန်းတစ်ယောက်ယနေ့အတွက်လည်း

နေပူကျဲတဲမှာငါးဖမ်းရာပြန်လာရင်းရွာပြင်ဇရပ်ရောက်ချိန်မှာနေရိပ်ခိုကာ ခနတဖြုတ်နားရင်း ဇရပ်တွင်ထားသော သောက်ရေအိုးစင်မှရေတခွက်ခပ်ကာဇရပ်တိုင်ကို

မှီရင်းခြေပစ်လက်ပစ်ထိုင်ချလိုက်မိတယ်... ။


...လူလေး ဘယ်ကပြန်လာတာလဲ...


..ဟင် အဘ  ငါးဖမ်းရာကပြန်လာတာပါ မောလို့

ခနနားနေတာပါ....


ဇရပ်အတွင်းသူ့အပြင်နောက်တစ်ယောက်ရှိနေတာအောင်သန်းသတိမထားမိပေ။ အသက်ငါးဆယ်ကျော်အရွယ်ရှမ်းလွယ်အိတ်တစ်လုံးလွယ်ပင်နီတိုက်ပုံနဲ့ချည်ကြမ်းပုဆိုးကိုတွဲဝတ်ထားတဲ့အဘိုးကြီးတစ်ယောက်ကိုခုမှသတိထားလိုက်မိတယ်။  


 အဘိုးကြီးက ဖြူဖွေးနေတဲ့ဆံပင်ကိုသျောင်တစောင်း

ထုံးထားပြီး၊မျက်ခုံးမွေး၊နူတ်ခမ်းမွေးတွေဆွတ်ဆွတ်ဖြူပြီး ဥပဓိရုပ်ကောင်းသူ

တစ်ယောက်ဖြစ်တယ်..။


..ငါးတွေရခဲ့လားကွယ့်...


...ဒီနေ့တော့ မဆိုးပါဘူး အဘ ဟင်းစားလိုရင်

ယူသွားပါ...


..လူလေးကစေတနာတော့့ ဘယ်ဆိုးလို့လဲ

မယူတော့ပါဘူး...


... ကျွန်တော်မှာလုပ်စရာမရှိဆင်းရဲလွန်းလို့အကုသိုလ်

လုပ်နေရပေမယ့် တတ်နိူင်သလောက်လူတိုင်းအပေါ်

စေတနာထားပါတယ် အဘ...


..အေးကွယ် အဲဒီစိတ်ကိုတသက်လုံးမွေးထား 

လူလေးကိုတနေ့ပြန်ကောင်းကျိုးပြုပါလိမ့်မယ်...


...ဟုတ်ကဲ့ အဘကိုဒီနယ်မှာမတွေ့ဖူးသလိုပဲ....


...မတွေ့ဖူးဆို အဘကဒီနယ်သားမဟုတ်လို့ပဲပေါ့

ဒါနဲ့ လူလေးနာမည်က..


..ကျွန်တော်နာမည်အောင်သန်းပါ အဘ...


...အဘနာမည်မှတ်ထား သီလ တဲ့ဒါနဲ့လူလေးကို

တစ်ခုမေးရမယ် လူလေးစီးပွားရေးအဆင်ပြေချင်လား

တခြားအလုပ်ပြောင်းမလုပ်ချင်ဘူးလား..


..မေးစရာတောင်မလိုပါဘူးအဘရေ ဒီအကုသိုလ်

တံငါအလုပ်ကို မဖြစ်သာလို့သာလုပ်နေရတာပါ...


..ကောင်းပြီ လူလေးစီးပွားရေးပြေလည်ချင်ရင်

အဘကူညီပေးမယ် နောက်တနေ့ညနေဒီကိုပြန်လာခဲ့..


  ..ဟင် အဘ...


သီလဆိုသောအဘိုးအိုမှာသူပြောလိုရာပြောပြီးဇရပ်မှထွက်ခွာသွားသောကြောင့် အောင်သန်းမှာထိုင်ရခက်

ထရခက်ဖြစ်ကျန်နေရစ်ခဲ့တော့တယ်..။


  သူအိမ်ပြန်လာရာလမ်းတစ်လျောက်အောင်သန်းတစ်ယောက်အဘသီလအကြောင်းခေါင်းထဲတွေးရင်းလာနေမိတယ်။အဘသီလစကားများကထူးဆန်းပြီး အဆက်အစပ်မရှိပေမယ့် အရူးမဟုတ်မှန်းအောင်သန်း

အလိုလိုသိနေတယ်။


   အဘသီလနဲ့ဆုံလာတဲ့အကြောင်းအောင်သန်းသူ့

မိန်းမကိုတောင်မပြောပြဖြစ်ပဲ တစ်ကိုယ်တည်းစိတ်

ကူးတွေနဲ့အမျိုးမျိုးတွေးနေတယ်..။


အဘသီလကိုဘယ်လောက်စိတ်စွဲလဲဆိုရင်အောင်သန်းအိပ်မက်ထဲတောင်အဘသီလကရောက်လာပြီး

ရွေတုံးတွေပေးလိုက်တယ်လို့အိပ်မက်နေမိတယ်...။


   မနက်မိုးလင်းကတည်းကအောင်သန်းအိမ်ဝမ်းရေး

အတွက်မဖြစ်သာလို့သာငါးဖမ်းထွက်နေရပေမယ့်

သူ့စိတ်ထဲအဘသီလပဲခေါင်းထဲရောက်နေတော့တယ်..။


  မနေ့ကအချိန်ငါးဖမ်းပြီးပြန်လာပေမယ့် အဘသီလကိုမတွေ့ရလို့အချိန်အတော်ကြာထိုင်စောင့်နေပေမယ့်အရိပ်အယောင်တောင်မတွေ့ရတာကြောင့်အိမ်ပြန်လာခဲ့တော့တယ်။

    ညနေစောင်းအချိန်အောင်သန်းတစ်ယောက်ဖင်တကြွကြွဖြစ်နေပါတယ်...။


   သူ့လိုဆင်းရဲသားတစ်ယောက်အတွက်အဘသီလစကားကရေနစ်သူအတွက်ကောက်ရိုးတမျှင်လိုဖြစ်နေတယ်။


လေးနာရီခွဲအချိန်လောက်အောင်သန်းဇရပ်ကိုရောက်တော့ အဘသီလကကြိုရောက်နေပါပြီ။


  အဝတ်အစားတွေကတော့ တမြန်နေ့ကတွေ့တဲ့

အဝတ်အစားတွေအတိုင်းမပြောင်းလဲဝတ်ဆင်ထား

ပါတယ်။


”..လူလေးရောက်မှရောက်လာပါ့မလားလို့...”


”..နေ့လည်ကတောင်တစ်ခေါက်လာကြည့်သေးတယ်

အဘကိုမတွေ့မိဘူး...”


”..ညနေစောင်းလို့ပြောထားသားပဲ ဒါနဲ့လူလေးကို

တစ်ခုမေးရမယ် သတ္တိရှိတယ်မလား...”


”...ဗျာ..အဘ....”


”..နားရူပ်သွားပြီထင်တယ် ခုလူလေးစီးပွားရေး

အဆင်ပြေအောင်လုပ်ရမယ့်အလုပ်က သတ္တိတော့

ရှိဖို့လိုတယ်..အဘစကားတသွေမတိမ်းနားထောင်ရမယ်.”


”...ကျွန်တော်ကိုယ်မှန်နေရင်ဘာကိုမှမကြောက်တတ်ပါဘူး အဘကကျွန်တော်အတွက်လုပ်ပေးတာပဲ

အဘစကားနားထောင်ရမှာပေါ့ ဘာလုပ်ရမှာလဲအဘ..။.”


”...အေးဆေးပေါ့ဟိုရောက်ရင်သိလိမ့်မယ်

သူ့အသက်ကိုမသတ် သူ့ဥစ္စာမခိုး ရပါဘူး

လာ...အဘနောက်လိုက်ခဲ့....”


    အောင်သန်းတစ်ယောက်မည်သည့်အလုပ်ကိုလုပ်ရမည်မှန်းမသိသော်လည်းမကောင်းမူမလုပ်ဆိုသော

အဘသီလစကားကိုယုံကြည်စွာနောက်မှလိုက်လာခဲ့

တော့တယ်..။

    မနေ့တစ်နေ့ကတွေ့ရတဲ့လူတစ်ယောက်ရဲ့အကျိုး

အကြောင်းခိုင်လုံမူမရှိသောစကားကိုယုံကြည်နေသော

အောင်သန်းအဖြစ်ကိုလူသိပါကလှောင်ရယ်ကြမည်မှာ

သေချာနေပါတယ်...။


    ဒါပေမယ့် အောင်သန်းစိတ်အတွင်းအဘသီလကို

စိတ်အတွင်းထူးထူးခြားခြားယုံကြည်နေမိတယ်...။


 အဘသီလတစ်ယောက်ရိုးပြတ်တောလယ်ကွင်းများကိုဖြတ်သန်းပြီးရှေ့မှသွားနေရာ နောက်မှလိုက်နေသော

အောင်သန်းမှာလူငယ်ပေမယ့် အဘသီလကိုမှီအောင်

ခြေလှမ်းကျဲကျဲလှမ်းပြီးလိုက်နေရတယ်...။


   ဒါတောင်မှအဘသီလနဲ့သူနဲ့ဝါးတပြန်အကွာ

ဖြစ်နေတယ်..။

 နောက်ဆုံးတော့အဘသီလတစ်ယောက်ကညင်နှစ်ပင်တောင်တောင်ခြေမှာရပ်လိုက်တယ်.. ။  


” ..အဘတို့အလုပ်က ဒီတောင်ပေါ်မှာလုပ်ရမှာပဲ

လူလေး....”


” ဗျာ...ဒီတောင်ပေါ်မှာ ဟုတ်လား...အဘ...”


အဘသီလစကားကြောင့်အောင်သန်းတစ်ယောက်အံ့သြသင့်မိရတော့တယ်..။

  ကညင်နှစ်ပင်တောင်တွင်ဘာအလုပ်များလုပ်စရာ

ရှိနေမှန်းအောင်သန်းမတွေးတတ်ပေ။


”..လူလေးပုံစံကြည့်ရတာ အံ့သြနေသလိုပဲ 

ရှေ့ဆက်သွားမလား မသွားဘူးလား.....”


”..ကျွန်တော်ကရုတ်တရက် အံ့သြသွားမိလို့ပါ...

အဘကောင်းသလိုလုပ်ပါ....”


 အဘသီလမှာ ကညင်နှစ်ပင်တောင်ပေါ်စတင်တက်

နေဖြစ်တာကြောင့် အောင်သန်းလည်း အဘသီလနဲ့

မျက်ချည်မပြတ်စေရန်နောက်မှလိုက်ခဲ့ရပါတော့တယ်။


    သစ်ပင်ကြီးများ၊ဝါးပင်များကခုထစ်မည့်သူမရှိသော

ကြောင့်တောင်ပေါ်တွင်ကြီးချင်တိုင်ကြီးလျက်အရိပ်အခက်ဝေဆာနေတာကြောင့်ညနေစောင်းအချိန်တောင်

ပေါ်တွင်နေရောင်မရောက်တာကြောင့်မှောင်ရိပ်သန်း

လျက်ရှိနေပါတယ်။


   အဘသီလမှာကညင်နှစ်ပင်တောင်ကိုအစကတည်းက

ရောက်ဖူးနေသူအလား ခြုံနွယ်ပိတ်ပေါင်းရှင်းသော

လမ်းများကိုရွေးချယ်၍တောင်ပေါ်တက်နေပါတယ်...။


အောင်သန်းမှာ ကညင်နှစ်ပင်တောင်နဲ့နီးကပ်စွာရှိသောရွာတွင်နေသော်လည်း ကညင်နှစ်ပင်တောင်ကိုယခုမှတက်ဖူး

ခြင်းဖြစ်ပါတယ်...။


 နှစ်ယောက်သားတောင်ကြောပေါ်ရောက်ချိန်တွင် 

အဘသီလမှာ ကညင်ပင်ကြီးနှစ်ပင်ရှိရာသို့သွား

နေတာကြောင့်အောင်သန်းလည်းနောက်မှခြေဖဝါး

ထပ်ချလိုက်လာခဲ့ပါတယ်..။  


    အင်ကညင်နှစ်ပင်ရှိရာပတ်ဝန်းကျင်တဝိုက်မှာတစ်ခြား

သစ်ပင်ကြီးများရှိမနေပဲခြုံနွယ်ပင်လေးများသာဟိုတစ်စု၊ဒီတစ်စုရှိနေပါတယ် ...။


  အဘသီလမှာအင်ကညင်ပင်ကြီးနဲ့မလှမ်းမကမ်းမြေကွက်

လပ်မှာရပ်လိုက်တာကြောင့်အောင်သန်းလည်းရပ်ရင်း

အဘသီလဘာဆက်လုပ်မလဲစောင့်ကြည့်နေပါတော့တယ်...။  


အဘသီလမှသူ့လွယ်အိတ်အတွင်းမှအပ်ချည်ကြိုးတခွေကိုထုတ်၍ အောင်သန်းလက်ထဲထည့်ပေးလာတယ်....။


”..လူလေး..အဘပြတဲ့နေရာတွေမှချည်ကြိုးကိုချီပေး...”.


အောင်သန်းမှာချည်ကြိုးခွေကိုကိုင်လျက်ယောင်နနရှိနေစဉ် အဘသီလမှ ဆယ်ပေပတ်လည်အကျယ်တွင်

တစ်ထွာခန့်အရှည်ငုတ်များရိုက်စေပြီးချည်ကြိုးများကိုလိုက်ချည်ခိုင်းတယ်...။


 အချိန်မှာလည်းနေလုံးကြီးကွယ်ပြီးညအမှောင်ထုကို

ချည်းနင်းဝင်ရောက်လာခဲ့ပြီဖြစ်တယ်...။


အဘသီလနဲ့ အောင်သန်းမှာချည်ကြိုးစည်းဝိုင်းအလယ်အတွင်းမှာ

ရှိနေကြပါတယ် ။


  အဘသီလမှာအားလုံးပြီးသောအခါ အောင်သန်းကို

သူ့အနီးခေါ်ပြီး...


”..လူလေး အဘအခုလုပ်မှာတွေက လူလေးအတွက်ပဲဆိုတာ စိတ်ထဲမှာမှတ်ထားပါ ။

အဘကိုယ်ကျိုးအတွက်နှမ်းတစိပါဘူး.. ဒီတော့

လူလေး အဘကိုကတိတစ်ခုပဲပေးပါ ဘယ်လို

ကြောက်လန့်စရာမျိုးပဲကြုံပါစေ..လူလေးဒီစည်း

အပြင်ကိုကျော်ပြီးထွက်မပြေးပါဘူးဆိုတဲ့

ကတိမျိုးပေးရမယ်...ဒီစည်းထဲရှိနေသမျလူလေး

အသက်ကိုအဘတာဝန်ယူတယ်တကယ်လို့

စည်းကျော်သွားရင်တော့လူလေးအသက်ကို

အဘတာဝန်မယူနိူင်တော့ဘူး....”


”..ဗျာ.. အဘ.. ကျွန်တော်တို့ ဘာတွေလုပ်ကြမှာလဲ....”


”..ဒီညဒီစည်းကိုမကျော်ရင်လူလေးဘဝပြောင်းလဲပြီ

လူလေးစီးပွားရေးအဆင်ပြေပြီ...”


အောင်သန်းမှာအဘသီလလုပ်နေသည်ကိုဘာဆိုဘာမျနားမလည်နိူင်ဖြစ်နေတယ်။


ဒါပေမယ့်ဒီတစ်ညကိုလွန်မြောက်ရင်သူ့ဘဝပြောင်းလဲ

နိူင်မယ်ဆိုတဲ့စကားကသူ့ကိုဘာမဆိုလုပ်ဖို့တိုက်တွန်း

နေပြန်တယ်...။


”..စိတ်ချအဘ.. ဘာကြီးပဲကြုံရပါစေ ကျွန်တော်ဒီနေရာက ခြေတဖဝါးမခွာဘူး...”


အဘသီလမှာအောင်သန်းစကားကြောင့်ကျေနပ်စွာ

ပြုံးလိုက်တယ်။

ပြီးတော့ကညင်ပင်ကြီးနှစ်ပင်ရှိရာမျက်နှာမူလိုက်ပြီး

ပါးစပ်မှအသံကျယ်ကျယ်ပြုလိုက်တယ်..။


”...ဒီတောင်ကုန်းကိုစောင့်ရှောက်နေတဲ့ အစောင့်အရှောက်တွေနဲ့ကျုပ်သီလအလောင်းအစားတစ်ခုလုပ်ချင်တယ်။


ကျုပ်ဒီမှာတစ်ညနေမယ်သင်တို့ကျုပ်ကိုလာသတ်ရမယ်။ ကျုပ်ရူံးရင်ကျုပ်အသက်ပေးမှာဖြစ်သလို

တကယ်လို့ကျုပ်နိူင်ရင်ကျုပ်ဒီတောင်ကိုကျုပ်အပိုင်

အဖြစ်စိတ်ကြိုက်စီမံမယ်...”

 အဘသီလစကားသံအဆုံးအမှောင်အတွင်းအင်ကညင်ပင်ကြီးနှစ်ပင်ကလေမတိုက်ပဲတဝုန်းဝုန်းယိမ်းထိုးသွားတော့တယ်...။


အဘသီလကဘာကိုမှဂရုစိုက်ဟန်မတူပဲလွယ်အိတ်အတွင်းမှ ဖယောင်းတိုင်ကြီးလေးငါးဆယ်တိုင်ထုတ်ပြီး

သုံးတိုင်ကိုမီးညှိလိုက်ပြီး အင်ကညင်ဖက်အရပ်မျက်နှာမူပြီးထွန်းလိုက်တယ်။

ပြီးတော့ကျန်ဖယောင်းတိုင်တွေနဲ့ ကြေးအင်းပြားသုံးပြားအောင်သန်းလက်ထဲထည့်ပေးတယ်။


” သူတို့ဒီစည်းကိုကျော်ပြီးဝင်မလာနိူင်ပေမယ့်

လူလေးကိုနည်းပေါင်းစုံသုံးပြီးစည်းပြင်ထွက်အောင်

လုပ်ကြလိမ့်မယ် လူလေးစိတ်ထဲလုံးဝတောင့်မခံနိူင်ရင်အင်းပြားနဲ့ပစ်လိုက်ပါ။

   အထူးသတိထားရမှာက အင်းပြားကသုံးပြားက

တစ်ခါပစ်တကြိမ်ပစ်ရမှာမို့ မလိုအပ်ပဲမသုံးမိပါစေနဲ့...

အဘတရားထိုင်တော့မယ် သတိထားပါလူလေး...”


  အဘသီလမှာဖယောင်းတိုင်သုံးတိုင်ရှေ့တွင်အခင်း

လေးတစ်ခုခင်း၍ ဘုရာရှိခိုးမေတ္တာပို့ပြီးသောအခါ

တရားစထိုင်ပါတော့တယ်။


 အောင်သန်းမှာမှောင်မဲတိတ်ဆိတ်နေတဲ့ပတ်ဝန်းကျင်

ကိုကြည့်ရင်းစိတ်အတွင်းအနည်းငယ်စိုးရွံ့လျက်ရှိနေပါ၏ ။

    လေတစ်ချက်အဝှေ့အတွင်အပုတ်နံ့များမခံရပ်နိူင်စွာဖြင့်အောင်သန်းရလိုက်

မိတယ်..။

    အပုတ်နံ့ကြောင့်လည်ချောင်းမှပျို့တက်ကာအော့အန်မိမတတ်ဖြစ်သွားသောကြောင့်အောင်သန်းနှာခေါင်းကို

လက်ဖြင့်ပိတ်လိုက်မိတယ်။ 

    အဘသီလကိုအောင်သန်းတချက်ကြည့်မိရာ

ငြိမ်သက်စွာထိုင်ရင်းတရားရူမှတ်နေတာတွေ့ရတယ်..။


..ရှပ်...ရှပ်....ရှပ်....ရှပ်....ရှပ်....


...အင်း....ဟင်း.....ဟင်း.....ဟင်း....ဟင်း....


....ဟင်...


အောင်သန်းရင်ထဲထိတ်ခနဲဖြစ်သွားရပြန်တယ်။ ခြေသံတရှပ်ရှပ်နဲ့အတူ။ ချည်ကြိုးစည်းဝိုင်းအပြင်ဖက်ပတ်လည်မှာကြောက်စရာ

ရုပ်သွင်ပုံစံမျိုးစုံနဲ့ရှိနေကြတယ်။တချို့က ကိုယ်ခန္ဓာကပုတ်လုံးလောက်ခေါင်းသေးသေးနဲ့

ပါးစပ်ပေါက်ကျပ်ပြားဝိုင်းလောက်သာရှိတဲ့သရဲ၊

တချို့ကိုယ်ဝန်ဆောင်သရဲမတွေအပြင်၊လက်ပြတ်၊ခြေပြတ်သရဲတွေပုံစံမျိုးစုံဟာ အပြင်ဖက်ပတ်လည်က

စည်းအတွင်းကိုဝင်မယ့်ဟန်တိုးလာနေကြတာကြောင့်

အောင်သန်းတစ်ယောက်အူအသည်းတွေပြောင်းပြန်

လန်ကုန်ပြီထင်ရလောက်အောင်ကြောက်လန့်နေမိတော့တယ်။

ဖြစ်နိူင်ရင်ဒီနေရာကထွက်ပြေးချင်စိတ်တွေတားဆီးမရ

ဖြစ်နေပေမယ့် အဘသီလစကားတွေပြန်ကြားယောင်

လာမိတယ်...။


.....ဝုန်း........


အင်းသုံးပြားထဲက အင်းတစ်ချပ်ကို အပြင်ဖက်မကောင်းဆိုးဝါးတွေဆီပစ်ထည့်လိုက်တော့

ပေါက်ကွဲသံလိုခပ်အုပ်အုပ်ကြားလိုက်ရတယ်။


အံ့သြစရာကောင်းတာကသူ့ဘေးပတ်လည်ကမကောင်းဆိုးဝါးတွေတစ်ကောင်မှရှိမနေတာတွေ့လိုက်ရ

တာပါပဲ။

အောင်သန်းလည်းသက်ပြင်းမောကြီးတချက်ချလိုက်ရင်းအဘသီလကိုကြည့်မိပြန်တယ်ဝင်လေထွက်လေကိုမျည်းရူရင်ရင်းဖြစ်ပျက်နေတာကိုဘာတစ်ခုမှသိပုံမရဘူး။

   အချိန်ကလည်းကခုမှဆယ့်တစ်နာရီခန့်မျသာ

ရှိသေးပြီးမိုးလင်းဖို့အဝေးကြီးလိုသေးတာကြောင့်

အောင်သန်းလည်းဘယ်လိုကြောက်လန့်စရာတွေ

ထပ်ကြုံရအုံးမလဲတွေးနေမိတယ်...။


....ကယ်ကြပါအုံးရှင်..ကယ်ကြပါအုံး....


...ဟင်...


အောင်သန်းတစ်ယောက်အတွေးများနဲ့ရှိနေစဉ်ကြောက်လန့်တကြားအကူအညီတောင်းသံတစ်ခုကြား

လိုက်ရပြီးလှပချောမောတဲ့ မိန်းခလေးတစ်ယောက်ဟာသူတို့ရှေ့ရောက်လာတယ်

တဆက်တည်းသူ့နောက်က ထွားကြိုင်းသန်မာတဲ့

လူထွားကြီးတစ်ယောက်ကပ်ပါလာပြီး မိန်းမပျိုလေး

ဆံပင်ကိုနောက်ကဆောင့်ဆွဲလိုက်ပါတယ်...။


....ဖျန်း...ဖုန်း...ခွပ်....


..အား...အီး..


...အောင်မလေး..


 အကိုကြီးဒီအတိုင်းကြည့်နေတော့မှာလားရှင်...


အောင်သန်းရှေ့မှာပင်မိန်းမပျိုလေးကိုထိုးကြိတ်ကန်ကျောက်နေတာကြောင့်အောင်သန်းဒေါသစိတ်ထောင်း

ခနဲဖြစ်သွားမိတယ် ။

  မိန်းခလေးက ကယ်ပါယူပါတစာစာနဲ့သနားစဖွယ်ငိုယိုနေတာကြောင့်

အောင်သန်းလည်းကူညီရန်ခြေလှမ်းပြင်လိုက်မိတယ်။


ဒီအချိန်မှာပဲ အဘသီလပြောစကားကိုသတိရလာတာ

ခြေလှမ်းရပ်လိုက်မိတယ် ။

    သူမြင်နေရတဲ့မြင်ကွင်းဟာ၊အမှန်လားလှည့်စားမူလားဝေခွဲမရနိူင်တာကြောင့်အင်းပြားနောက်တချပ်ကိုထိုနေရာပစ်ပေါက်လိုက်ပါတော့တယ်။

    ..ဝုန်း...


ခပ်အုပ်အုပ်ပေါက်ကွဲသံတစ်ခုကြားလိုက်ရပြီးသူ့ရှေ့က

မိန်းခလေးနဲ့ လူထွားကြီးပျောက်သွားတာကြောင့်သက်ပြင်းမောကြီး

နောက်တကြိမ်ချလိုက်မိပြန်တယ် ။


သူမြင်နေရကြုံနေရတာတွေကတကယ်လား၊လှည့်စားမူလားခွဲခြားရခက်ခဲတဲ့မြင်ကွင်းမျိုးမို့

အောင်သန်းတစ်ယောက်အထူးသတိထားရန်

စိတ်တွင်းတွေးနေမိတယ်...။


အဘသီလက ပတ်ဝန်းကျင်မှာဘာတွေဖြစ်နေတယ်ဆိုတာဘာမှမသိဟန်အနေအထးမပျက်တရားရူမှတ်နေတယ်...။


အောင်သန်းမှာထွန်းညှိထားသောဖယောင်းတိုင်များ

တိုနေပြီဖြစ်သောကြောင့်အသစ်လဲလှယ်ထွန်းညှိလိုက်

တယ်။


အချိန်ကလည်းညသန်းခေါင်ကျော်လာပြီဖြစ်လာသလို

အောင်သန်းလက်မှာလည်း အင်းတစ်ပြားသာရှိပါတော့တယ်....။


 နောက်ထပ်နာရီဝက်ခန့်အကြာအထိပတ်ဝန်းကျင်မှာ

မည်သည့်လူပ်ရှားမူမှမတွေ့သောကြောင့်အခြေအနေအေးအေးငြိမ်သက်သွားပြီလားဟုအောင်သန်းထင်နေမိတယ်။

..နောင်....ဝေ.....ဝေ......ဝေ.....


..နောင်...ဝေ....ဝေ....ဝေ......


တိုက်ခတ်လာသောလေနဲ့အတူကြေးစည်သံတနောင်နောင်ကိုအောင်သန်းကြားနေရပြီးအသံမှာတဖြည်းဖြည်းနီးလာပြီးမကြာခင်မှာပဲအညိုရောင်သစ်ခေါက်ဆိုးသင်္ကန်းဝတ်ဒေါက်ချာဆောင်းရသေ့ကြီးတစ်ပါးမှာကြေး

စည်လေးထုရင်းအောင်သန်းရှေ့ရောက်လာပါတော့တယ်...။


...ဒကာလေး အောင်သန်း.....


...ရသေ့ကြီးက ကျွန်တော်နာမည်ကိုသိတယ် ဟုတ်လား...


  ...ဒကာလေးနာမည်သိရုံဘယ်ကပါ့မလဲ ဒကာလေး

ဘေးကလူကိုပါသိတယ် ဒကာလေးသူ့ကိုယုံနေတာလား တကယ်ကသူဟာ

ဒကာလေးကိုဘေးတွေ့အောင်လုပ်မယ့်သူပဲ 

ခုတောင်ဘေးဒုက္ခဘယ်လောက်ရောက်ပြီးပြီလဲ...


..ဟင် အဘသီလကကျွန်တော်ကို ဒုက္ခရောက်အောင်လုပ်တယ် မဖြစ်နိူင်ပါဘူး...


..ဘာလို့မဖြစ်နိူင်ရမှာလဲ သူဘယ်ကလာလဲ ဘာလုပ်လဲဒကာလေးသိလား နောက်ပြီးဒီလိုအန္တရယ်

တောထဲကိုခေါ်လာပြန်တယ် ဒကာလေးအချိန်မှီသေးတယ်ဘရသေ့နောက်ကအမြန်လိုက်ခဲ့ပါ....


    ရသေ့ရဟန်း တစ်ပါးပြောဆိုနေသောစကားကြောင့် အောင်သန်းစိတ်ကိုခနမျတွေဝေသွားစေတယ် ။


အောင်သန်းမှာရှေ့သို့ခြေတစ်လှမ်းနှစ်လှမ်းတိုးလိုက်ရာရသေ့ရှေ့စည်းအစပ်သို့ရောက်သွားပါတော့တယ်...။

....ဝုန်း....


    အောင်သန်းမှာစည်းနားရောက်ချိန်တွင်သူ့လက်မှ

နောက်ဆုံးအင်းပြားဖြင့်ရသေ့ကြီးကိုပစ်ပေါက်လိုက်ရာ

ပေါက်ကွဲသံခပ်အုပ်အုပ်နဲ့အတူ ရသေ့ကြီးလည်းပျောက်ကွယ်သွားပါတော့တယ်....။


..ဟူး....


အောင်သန်းသက်ပြင်းမောကြီးကိုမူတ်ထုတ်လိုက်ပါတော့တယ်...။

နောက်ဆုံးအင်းကိုထုတ်သုံးလိုက်ပြီဖြစ်သောကြောင့်

အောင်သန်းတွင်ယခုအင်းတပြားမှမကျန်တော့ပေ။


  အကယ်၍နောက်ထပ်အခက်အခဲကြုံလာပါက

ကို့အားကိုယ်ကိုးရန်သာရှိတော့ကြောင့်အောင်းသန်း

တွေးနေမိတယ်...။


      အောင်သန်းမှာမီးငြိမ်းလုစပြုနေပြီဖြစ်သော

ဖယောင်းတိုင်များကိုနောက်ဆုံးလက်ကျန်ဖယောင်းတိုင်သုံးတိုင်နဲ့အသစ်လဲလှယ်ထွန်းညှိလိုက်တယ်...။

အဘသီလကယခုထိတရားရူမှတ်နေဆဲဖြစ်တယ် 

အချိန်ကခန့်မှန့်အားဖြင့်ညနှစ်နာရီခန့်ရှိပြီဖြစ်ကြောင်း

အောင်သန်းခန့်မှန်းတွေးနေမိတယ်.....။


...ဝေါ...ဝေါ...ဝေါ...ဝေါ.....ဝုန်း....ဝုန်း.....ဝုန်း...ဟားဟား.... ဟားဟား.... ဟားဟား....ဟားဟား....


..မလောက်လေးမလောက်စားတွေက 


ငါတို့ပိုင်နက်လာစိန်ခေါ်ရဲတယ် အသားကိုစားပြီး 


အရိုးကိုသွားကြားထိုးရတာပေါ့...


အောင်သန်းတစ်ယောက်ဒီတစ်ကြိမ်တော့ကိုယ်ကျိုးနည်းပြီဟုတွေးလိုက်မိပါတယ်..။


အင်ကညင်ပင်ကြီးနှစ်ပင်ဟာ လဲကျတော့မည်အလားရှေ့နောက်ယိမ်းထိုးလူပ်ရှားလျက် ကျယ်လောင်သြရှသောအသံကြီးနှစ်သံရဲ့

အံ့ကြိတ်ကြိမ်းဝါးသံတွေကြားလိုက်ရတာကြောင့်

အောင်သန်း သွေးပျက်တုန်လူပ်သွားမိတယ်...။


....ဒုန်း...ဒုန်း....ဒုန်း....ဒုန်း.....ဒုန်း....ဒုန်း....


မြေပြင်ကသိမ့်သိမ့်ခါတုန်လူပ်သွားပြီး တောအတွင်းကျီးပြိုသံများကြားလိုက်ရတယ်...။


မြေပြင်ကိုခြေဆောင့်နင်းလာတဲ့ခြေသံတဒုန်းဒုန်းက 

အင်ကညင်ပင်ကြီးမှတဆင့်အောင်သန်းတို့ရှိရာဦးတည်

လာနေပါတယ်....။


....ဝှီး...ဝှီး....ဝှီး....ဝှီး....ဝှီး....


  ဆယ်ပေခန့်အရပ်အမြင့်၊ကြီးမားသောကိုယ်လုံးကိုယ်ထည်၊ နဖူးမောက်မောက် မျက်လုံးပြူးပြူး အစွယ်ငေါငေါဖြင့် ဘီလူးကြီးနှစ်ကောင်မှာ ကြီးမားတဲ့တင်းပုတ်ကြီးနှစ်ခုကိုဝှေ့ယမ်းနေရာ လေတိုးသံ တဝှီးဝှီးထွက်ပေါ်နေပါတယ်...။


      ...ရာရာစစ ငါတို့ကိုစိန်လာခေါ်ဝံ့တာသေပေတော့....


...ဝှီး...


...ဝှီး....


...ဟာ....


ဘီလူးကြီးနှစ်ကောင်ကတင်းပုတ်ဖြင့်အောင်သန်းကိုထုချလိုက်ကြတာကြောင့်ရှောင်တိမ်းချိန်မရသောကြောင့်

အာင်သန်းတစ်ယောက်မျက်လုံးကိုမှိတ်ချလိုက်ပါတော့

တယ်။

    ဒီတကြိမ်တော့ဘီလူးတင်းပုတ်လက်ချက်ဖြင့်

သေပြီဟုစိတ်ထဲတွက်လိုက်မိတော့တယ်...


...ဝုန်း.....ဝုန်း...


...အား...အား....


....ဟင်...အဘသီလ...


..လူလေးနောက်မှာနေ...


အောင်သန်းမျက်စိမှိတ်ထားစဉ် အော်ငြီးသံနှစ်ခုကြား

လိုက်ရပြီးသူ့ခေါင်းပေါ်တင်းပုတ်ရောက်မလာသော

ကြောင့်မျက်လုံးဖွင့်ကြည့်လိုက်ရာ သူရှေ့ရပ်နေသော

အဘသီလကိုတွေ့ရပြီး ဘီလူးကြီးနှစ်ကောင်မှာ

နောက်သို့အတန်ငယ်ရောက်နေတာတွေ့လိုက်ရတယ်...။


ဘီလူးကြီးနှစ်ကောင်မှာနောက်တကြိမ်ရှေ့တိုးလာကြပြီးခြေတစ်ဖက်စီမြောက်၍ကြီးမားသောခြေဖေဝါးကြီးဖြင့် အဘသီလကိုနင်းချလိုက်ပြန်တယ်...။


အောင်သန်းမှာနေရာမှတစ်လက်မ မရွေ့သောအဘသီလကိုကြည့်ပြီးစိုးရိမ်သွားမိတယ်..။


...အား....အား....


အော်သံက ဘီလူးကြီးနှစ်ကောင်ထံမှထွက်လာခြင်းသာဖြစ်တယ်။


ဘီလူးကြီးနှစ်ကောင်မှာ အဘသီလထံခြေထောက်မရောက်မှီ မီးကျီမီးခဲကိုနင်း

မိသူအလားနောက်သို့ယိုင်သွားကြခြင်းကြတယ်..။


 ဘီလူးကြီးတွေဟာနောက်ထပ် အဘသီလကိုရန်ပြုရန်အမျိုးမျိုးကြိုးစားကြပေမယ့် သူတို့အထိနာနေကြတယ်..။


   အောင်သန်းမှာအဘသီလ ကိုကြည့်ပြီးအံ့သြနေမိတယ်။ အစက အဘသီလကိုယခုလိုအစွမ်းထက်မည်ဟုထင်မှတ်

မထားခဲ့တာကြောင့်အံ့သြသင့်နေမိခြင်းဖြစ်ပါတယ်..။


...ယက္ခကြီး.. ယက္ခလေး....ငါဒီကိုအထက်အမိန့်အရရောက်လာခဲ့တာသာပဲသနာပြုမယ့်ပဂ္ဂိုလ်ရဲ့စိတ်သမာဓိကိုစမ်းချင်လို့ငါအခုမှဝင်ပါရတာ ဒီလောက်ဆိုအထက်အမိန့်မို့

နာခံကြတော့..


အောင်သန်းနားမလည်သောစကားကိုအဘသီလကဘီလူးကြီးနှစ်ကောင်ကိုလှမ်းပြောရာ ဘီလူးကြီးနှစ်ကောင်မှာ အံ့သြဖွယ်ရာ အဘသီလရှေ့မှာ ဒူးထောက်ရင်းလူသားအသွင်ကူး

ပြောင်းသွားခြင်းကြောင့်အောင်သန်းပါးစပ်အဟောင်း

သားဖြစ်ရပါတော့တယ်...။

      အဘသီလမှာစည်းအပြင်ဖက်ထွက်၍ဘီလူးများ

အနားသွား၍တီးတိုးစကားများပြောနေပြန်တယ်။

ဘီလူးကြီးနှစ်ကောင်က ခေါင်းတငြိမ့်ငြိမ့်ရှိနေတာကို

အောင်သန်းမြင်နေရပေမယ့်အနည်းငယ်လှမ်းနေတာကြောင့်အသံကိုတော့မကြားရဘူး...။


  ဘီလူးကြီးနှစ်ကောင်ကသတ္တောလေးတစ်ယောက်တစ်လုံးစီကမ်းပေးလာကြတာကို အဘသီလ လက်ခံယူတာအောင်သန်းမြင်နေရပြန်တယ် ။


ဘီလူးကြီးနှစ်ကောင်က အဘသီလကို ရိုသေစွာရှိခိုးကန်တော့ပြီးချိန်အောင်သန်းရှိရာအဘသီလပြန်လာပါတယ်။


”...လူလေး ဘုရားဒကာကျောင်းဒကာဖြစ်ဖို့အခွင့်

အရေးကြုံရင် မဖြစချင်ဘူးလား...”


” ဘယ်လိုပြောလိုက်တာလဲအဘရယ် ဒီလိုအခွင့်ရေးမျိုးရရင်လိုချင်တာပေါ့...”


”...ရော့..လူလေး...ဒီမှာ...”


”..ဟင်...ရတနာတွေ သတ္တာနှစ်လုံးအပြည့်တောင်မှ

ပါလား အဘ..”


”..သုံးပုံ အညီအမျပုံပြီးတစ်ပုံကိုလူလေးကိုယ်ကျိုး

အတွက်သုံးနောက်နှစ်ပုံကို ဒီတောင်မှာဘုရားတည်ပေးပါ...”


”...ဗျာ......”


အောင်သန်းတစ်ယောက် အိပ်မက်ဆန်လှသောသူ့အခြေအနေကြောင့် ဗျာဟုသာ

အံ့သြသံပြုနိူင်ပါတော့တယ်...။


”...ဒီတောင်မှာဘုရားတည်ရင် ဒီတောကသစ်ဝါးတွေသုံးပြီး ဇရပ်၊ကျောင်းသင်္ခန်းတွေဆောက် ဒါပေမယ့် ဟိုကညင်ပင်ကြီးနှစ်ပင်ကိုမခုတ်လှဲပစ်ဖို့

အထူးမှာချင်တယ်..

နောက်တစ်ခုက အလှူရှင်နေရာမှာ ယက္ခကြီး၊ယက္ခလေးနာမည်ကိုပါထည့်သွင်းပြီး ၊အမျှအတမ်း

ပေးဝေရင်လည်းသူတို့နာမည်ကိုထည့်သွင်းပေး

ဖို့အထူးမှာချင်ပါတယ်..၊အဘမှာတာတွေတစ်ခုမှ

မလွဲပါစေနဲ့...…ကဲ...မိုးမလင်းခင်ရွာပြန်တော့...”


”အဘသီလကဘယ်ကိုသွားမှာလဲ အဘကိုတွေ့ချင်ရင်ရော ဘယ်မှာရှာရမလဲ...”


”...အဘ သွားမယ့်နေရာဘယ်နေရာဆိုတာအတည်တကျ

သတ်မှတ်ချက်မရှိဘူး ဒီလိုပဲမြန်မာပြည်အနှံ့လှည့်လည်သာသနာပြုနေသူမို့

တကယ်လို့ကံမကုန်ရင်ပြန်ဆုံကြတာပေါ့ လူလေးရေ...”


အဘသီလမှာအောင်သန်းကိုရွာအနီးသို့လိုက်ပို့ပေးပြီးချိန်နူတ်ဆက်ထွက်ခွာသွားပါတော့တယ်။


အဘသီလဘယ်ကလာလဲ၊ဘယ်ကိုသွားမှာလဲ။အဘသီလဟာဘယ်လိုပဂ္ဂိုလ်မျိုးလဲ ဒီမေးခွန်းအဖြေကိုအဘသီလပဲဖြေနိူင်ပါလိမ့်မယ်..။


အောင်သန်းမှာရွာသို့ပြန်လာရာလမ်းတစ်လျောက်တွင်

ယနေ့ညသူကြုံတွေ့ခဲ့ရသောအဖြစ်အပျက်များမှာအိပ်မက်လား၊တကယ်လားယုံကြည်ရခက်နေပါတယ်။

သူ့လက်အတွင်းကရတနာသတ္တာနှစ်လုံးသာမရှိပါက

သူကြုံရသမျ တခြားလူမပြောနဲ့သူကိုယ်သူပင်လက်ခံ

ယုံကြည်ဖို့ခက်နေမှာအသေအချာဖြစ်ပါတယ်။


======================


ထိုအဖြစ်အပျက်များအပြီးတစ်နှစ်အကြာ။


 အင်မတန်မြေကြမ်းသောနေရာအဖြစ်သတ်မှတ်ခံထားရသောကညင်နှစ်ပင်တောင်တွင်ရွေရောင်တဝင်းဝင်းဖြင့်

စေတီတော်လေးတဆူမှာကြည်ညိုဖွယ်သပ္ပယ်စွာဖြင့်

ရှိနေပါတယ် ။


     တစ်တောင်လုံးသစ်ပင်ခြုံနွယ်များပြောင်ရှင်းစွာ

ရှိနေပါသော်လည်း အင်ကညင်ပင်ကြီးနှစ်ပင်မှာစေတီတော်နဲ့မနီးမဝေးတွင်

ရှိနေပါတယ် ။


    စေတီတော်၏အလှူရှင်ကဗ္ဗည်းကျောက်စာတိုင်တွင်

 အဘသီလ ဦးအောင်သန်း.ဒေါ်မေယဉ်

ယက္ခကြီးယက္ခလေးညီနောင်ကောင်းမူဟုရေး

ထိုးထားကြောင်းတွေ့ရှိရပါတော့သတည်း။


======================


ပြီးပါပြီ


မြူခိုးအလင်္ကာ


rate now: