book

Index 14

ဝတ္ထုတို ၁၄

အရက်နဲ့အမှား

................

 

" ကိုအောင်မြရှင် ဒါဘယ်ကို သွားမလို့လဲ

၀တ်ကောင်းစားလှတွေ ၀တ်ပြီး.."


"ငါ ရွာထဲ ခနသွားမလို့ဟာ သူငယ်ချင်းတွေနဲ့

ချိန်းထားတာလေးရှိလို့ "


"အော်..တော်ကောင်မဆီ သွားမယ်ဆို 

သွားမယ်ပြောစမ်းပါတော် ကျုပ်မသိတာ

မှတ်လို့ "


"ဟာကွာ ...ဒီမိန်းမ ဘာဖြစ်နေတာလဲ

ပါးစပ်က တဗျစ်တောက်တောက်

အာကြောင့်ငါ အိမ်မှာနေ၇တာ စိတ်ဆင်း

၇ဲတာ.."


"အော်..ရှင်က ခုတော့ ဒီစကားပြောပြီပေါ့

ရှင်ကို ဒီလိုအကျင့်ဆိုးတွေ ရှိမယ်မှန်းမသိ

လို့ ယူခဲ့မိတာ ကျွန်မှားတယ် မှားတာမှ

ပြင်လို့ မ၇အောင်ကို မှားတာ""


""အာ..ပြောလေ ဆိုးလေကွာ 

ဒီမိန်းမတော့ ငါလုပ်၇င်သေတော့မယ်..."


"အော် ..တော်က ကျုပ်ကို ရိုက်မလို့ပေါ့

ရိုက်၇ဲ ရိုက်ကြည့် အသက်ချင်းလဲပလိုက်မယ်

မိဘက လက်နဲ့တောင် ရွယ်ဖူးတာမဟုတ်ဘူး.

တော် ကောင်မလို ငြိမ်ခံနေမယ် မထင်နဲ့..."


"အာကွာ နားညည်းလိုက်တာ ဒါကြောင့်

အိမ်မှာမနေချင်တာ ..."


""သွား..သွား..ဘယ်တော့မှ ပြန်မလာနဲ့

မသာကြီး..."


ဤသည်မှာကား ကိုအောင်မြနှင့် မသန်းမေတို့

နှစ်ယောက်နေ့စဉ် ဖြစ်ပျက်နေသော အကြောင်းအ၇ာ ၇န်ပွဲတခုပင်ဖြစ်သည်။


ကိုအောင်မြနဲ့ မသန်းမေ အိမ်ထောင်သက်မှာ ၈နှစ်ခန့်မျ ရှိပြီဖြစ်၏..။


ပြသာနာစဖြစ်၇ခြင်းကား ကိုအောင်မြနောက်

မယားငယ် ထားခြင်းမှ စသည်ဟုပြော၇မည်ပင်။


အောင်မြမှာ ယခင်က အသောက်အစားကင်း၍ ရိုးသားသူဟုဆိုကာ

လယ်စာ၇င်းငှါး ၀င်လုပ်သော လယ်ပိုင်ရှင်

မသန်းမေ အဖေမှသဘောကျကာ ပေးစား

ခဲ့ခြင်းပင်ဖြစ်သည်။


ကိုအောင်မြလည်း ယောက်ခမကျေနပ်လောက်အောင် နေထွက်မှနေ၀င် အလုပ်ကြိုးစား

လုပ်ကိုင်သူဖြစ်သည်။


ထိုသို့နေလာကြ၇င်းမှ လွန်ခဲ့သော တနှစ်ခန့်က

မသန်းမေ ဖခင်ကြီးရုတ်တ၇က် လူကြီးေ၇ာ

ဂါဖြင့် ဆုံးပါးသွား၇ာ ကိုအောင်မြ တယောက်

မသန်းမေ ဖခင်ရှိစဉ်က မြုတ်ကွယ်နေသော

ဇာတိက ပြလာပါတော့သည်။


ညနေတိုင်း အလုပ်ပင်ပန်းလာသည်ကို အကြောင်းပြကာ အ၇က်သောက်လာတတ်၏..။


ထို့မှနောက်တဆင့် တဖက်ရွာမှ မိန်းမတယောက်နဲ့ အောင်မြ ဖြစ်နေကြသည်ဆိုသော

သတင်းစကားအား မသန်းမေကြားလာရတော့သည်။


ထိုကိစ္စကြောင့်ပင် နေ့စဉ်၇က်ဆက် ရန်ဖြစ်နေ၇ခြင်းပင်ဖြစ်၏..။


မသန်းမေကား ကွဲကွာ၇န်အထိ စဉ်းစားသော်လည်း ငါးနှစ်အရွယ် လူမမယ်သားလေးမျက်နှာအားထောက်ကာ သည်းခံနေ၇ခြင်းပင်ဖြစ်သည်။


အောင်မြတစ်ယောက် ညနေစောင်းတွင်တဖက်ရွာမှ သူနဲ့တိတ်တိတ်ကြိတ်ငြားနေသော မုဆိုးမလေး အိမ်သို့ ထွက်လာခဲ့တော့သည်။


ရွာထိပ်အ၇က်ဆိုင်တွင် အ၇က်တပိုင်း၀င်သောက်၇င်း အနည်းငယ်မှောင်လာ၇န်စောင့်

နေလိုက်သည်။


အ၇က်တပိုင်းလည်းကုန် အနည်းငယ်လည်း

အမှောင်သန်းလာတော့မှ အမှောင်ကို အကာ

အကွယ်ယူလျက် ရွာထဲမှ သူနဲ့ဖြစ်နေသော

မုဆိုးမလေး အိမ်သို့ သွားလိုက်တော့သည်။


သူကောင်မလေးနဲ့ ပျော်ပါးပြီးအိမ်ပြန်

 ရန်ထွက်လာရာညဆယ်နာ၇ီခန့်မျပင်ရှိနေပြီဖြစ်သည်။


ရွာလယ်လမ်းတနေရာရောက်ချိန် လူများစုစုရုံးရုံးဖြစ်နေခြင်းကြောင့်

မယောင်မလည် သွားေ၇ာက်စပ်စုကြည့်မိရာ

နွားနှစ်ကောင်ဝှေ့ကြ၇င်း တစ်ကောင်မှာ

အရှိန်လွန်၍ ေ၇တွင်းထဲ ပြုတ်ကျသေရာ

 မပုတ်သိုးမှီညတွင်းချင်း ခုတ်ထစ်ပိုင်းဖြတ်နေကြ

ခြင်းဖြစ်၏ ..။


အောင်မြမှာ ထိုမြင်ကွင်းအားကြည့်၍

အတော်ပျော်သွား၏ ။


သူကား အမဲသားအတော်ကြိုက်သူပင်ဖြစ်ရာ

ရွာမှာက အသားက ကြုံကြိုက်မှ တခါတလေ

စား၇ခြင်းဖြစ်သည်။


အားလုံးက လယ်သမားများဖြစ်သောကြောင့်

နွားကို ကျေးဇူးရှင်အဖြစ် သဘောထားပြီး 

သတ်သူမရှိသလောင်ပင်။


ယခုလို မတော်တဆဖြင့် သေသွားမှသာ စားသောက်ကြသည်ကများ၏။


 ထို့ကြောင့် အောင်မြလည်း သူကြိုက်သော အမဲသား မစား၇သည်မှာ ကြာပြီဖြစ်သောကြောင့် အမဲသားနှစ်ပိသာခန့်မျ ၀ယ်ယူပြီးတဆက်တည်း အ၇က်တလုံး၀ယ်လျက်

မော့သောက်ရင်းဖြင့်အိမ်ရှိရာလျောက်လာနေပါတော့၏။


ညသည် တခြမ်းပဲ့ လကလေးအလင်းဖြင့်

ပတ်၀န်းကျင်ကား မူန်ဝါးဝါးဖြင့်ရှိနေပါ၏။


ကိုအောင်မြအတွက်ကား လမသာလျင်ပင်

ကိစ္စမရှိ သူကား ညအမှောင်အတွင်းမှာပင်

သည်လမ်းခရီးကို သွားလာနိူင်သူဖြစ်၏..။


ဘာကြောင့် လဲဆိုတော့ ဒီလမ်းခရီးများ

သူငယ်စဉ်ကတည်းကပင် သွားလာနေကျ

ဖြစ်သောကြောင့်ပင်။


လက်တစ်ဖက်မှ သွေးစက်လက်ဖြင့် အမဲသား

တွဲအား ကိုင်ကာ တခြားလက်တဖက်မှ 

အ၇က်ပုလင်းကိုင်၍ အ၇က်တမော့ မော့လိုက်ခရီးဆက်လိုက်ဖြင့် အောင်မြတယောက်

အာလေး လျာလေးဖြင့် သီချင်းတပုဒ်ကို

သီဆိုကာအိမ်သို့ပြန်လာနေသည်မှာ ခ၇ီးပင် အတော်ေ၇ာက်လာခဲ့ပြီဖြစ်သည်။


ရွာနှစ်ရွာကြားတွင် သင်ချိုင်းကုန်းတစ်ခုရှိ၇ာ

လမ်းသည်လည်း ထိုသင်းချိုင်းဘေးမှကပ်၍ဖောက်လုပ်ထား၏။


သင်ချိုင်းကုန်းကား မပီဝိုးတဝါး လေ၇ာင်လေးဖြင့် မှတ်တိုင်များ ထိုးထိုးထောင်ထောင်ဖြင့် ညဖက်တယောက်တည်း ယခုနေ၇ာ ေ၇ာက်

လာသူများအဖို့ ကြောက်လန့်ဖွယ်၇ာပင်ဖြစ်သည်။


အောင်မြမှာ သရဲ မကြောက်တတ်သူတယောက်ပင် ဖြစ်သည့်အပြင် ညဖက်လည်း

ယခုလမ်းမှ အမြဲတမ်းသွားလာဖူးသောကြောင့် သင်းချိုင်းကုန်းဘေးေ၇ာက်သော်လည်း

ထူး၍ ကြောက်လန့်စိတ်ကား မဖြစ်မိချေ ။


....ဟင်...ဘယ်ကလက်လဲကွ...

ကဲကြာ....


သူ့လက်တွင်ကိုင်ထားသော အမဲသားတွဲ တင်း

ခနဲဖြစ်သွားခြင်းနဲ့ အတူ လက်မည်းကြီးတဖက်က အသားတွဲအား လာေ၇ာက်ဆွဲထားသော

ကြောင့် အောင်မြလည်း စိတ်တိုတိုဖြင့် လက်မှပုလင်းဖြင့် ထိုလက်အား ရိုက်ချလိုက်တော့မှ ထိုလက်လည်း ပြန်ပျောက်သွားတော့သည်။


....အင်း...ဟင်း....ဟင်း....ဟင်း.....


....အ ..သား...ကျွေး....ငါ...

အရမ်း...ဆာ..တယ်...


...ဟင်...


လူမဲကြီးတယောက်က သချိုင်းအတွင်းမှ

ညည်းသံကြီးပြု ထွက်လာ၇င်း အောင်မြ

ထံမှ အမဲသားလာတောင်းနေခြင်းပင်ဖြစ်သည်။


အောင်မြတစ်ယောက် ထိုလူစကားသံနဲ့ ရုပ်အားမြင်လိုက်၇သောအခါ ကြက်သီးမွေးညှင်းများထ၍

 အနည်းငယ်ထိတ်လန့်သွားသော်လည်း

သရဲတစ္ဆေအား မကြောက်လန့်သူပီပီ စိတ်ပင်

တိုသွားမိသည်။


"ငါ စားဖို့၀ယ်လာ ဘာလို့ကျွေးရမလဲ

မကျွေးနိုင်ဘူးကွာ မကျွေးနိူင်ဘူး.."


"အော် မင်းက ဒီလိုလား သိကြေ၇ာပေါ့

@@@*###€€€€€€€.....


အောင်မြဒေါသကား အထွတ်အထိပ်သို့ ေ၇ာက်သွားပြီဖြစ်၏။


လက်အတွင်းမှ

အမဲသားတွဲအား ထိုအကောင်ကြီးမှ နောက်တကြိမ် လာလုသောကြောင့်ပင်ဖြစ်၏..။

ထို့ကြောင့် စိတ်တိုကာ အမဲသားတွဲအား

ဘေးချလိုက်၇င်းပါးစပ်မှ အယုတ်တအနတ္တ

ဆဲဆိုရေရွတ်ကာ


 ထိုကောင်ကြီးအားပြေး၀င်ထိုးလေတော့၏။


အောင်မြ အနည်းငယ်တော့ အံ့အြသင့်၇ပြန်၏သူ့လက်သီးများက ထိုကောင်ကြီးအား

ထိုးမိသောအခါ ဖွဲအိတ်ကြီးထိုးနေ၇သလို 

ခံစားလိုက်၇မိသောကြောင့်ဖြစ်၏။


...ခွပ်....


...အ....


...ဘုံး...


ထိုကောင်ကြီးတချက်ပြန်ထိုးလိုက်သောအခါမူအောင်မြနားထင်သို့

 လက်သီးချက်ထိလျက်အောင်မြတစ်ယောက်

တခေါင်းလုံးမူးဝေ၍ မြေပြင်ပေါ်သို့

မဟန်နိုင်စွာ လဲကျသွားတော့၏။


မူးဝေနေသော ကြားမှ ပြန်ထ၇န်

ကြိုးစားနေချိန်မှာပင် ထိုကောင်ကြီးမှ

အောင်မြအနီးေ၇ာက်လာ၍ အောင်မြ ကိုယ်တွင်း

အတားအဆီးမဲ့တိုး၀င်ကာ ပူးကပ်လိုက်လေတော့၏ ။


အောင်မြမှာ တကိုယ်လုံးဆတ်ခနဲ တချက်တုန်လျက် အသိစိတ်များကင်းလွတ်သွားတော့၏။ 


ထို့နောက် ....


အမဲသားတွဲ ချထား၇ာနေ၇ာသို့ တောင့်တောင့်ကြီးလျောက်သွားလျက် 

အမဲသားများ သွေးသံတ၇ဲ၇ဲဖြင့် အစိမ်းလိုက်

ကိုက်စားနေပါတော့သည်။


အမဲသားနှစ်ပိသာမှာ ခနအတွင်း ကုန်သွားတော့၏။ အောင်မြမှာ ကြောင်စီစီမျက်၀န်းများဖြင့် နူတ်ခမ်းတဝိုက် ပေကျံနေသော သွေးများကို တချက်သုတ်ကာ  သူ့အိမ်ဖက်သို့ တောင့်တောင့်ကြီးလျောက်လာတော့သည်။


....ကတော် . .ကတော်...ကတော်...


...ဟင်...ကြက်ခြံထဲသူခိုးကပ်နေတာလား...


မသန်းမေတစ်ယောက် နှစ်ခြိုက်စွာ အိပ်ပျော်နေ၇ာမှ သူ့အိမ်အောက် ကြက်ခြံမှ ကြက်များ

တခုခုကို ထိတ်လန့်ကာ အော်ဟစ်နေသံကြောင့် သူခိုးကပ်နေသည်လား တောကောင်တကောင်ကောင်ကပ်နေ၍လားဟုစိတ်ထင်မိ၏။


ထိုအတွက် ဘေးတွင် အိပ်နေသော သားငယ်ဖြစ်သူ နိုးသွားမည်စိုး၍ ဆီမီးခွက်အား

အသာထွန်းကာ အိပ်ခန်းထောင့်တွင် ထားသော ဓားရှည်အား ဆွဲလျက် အောက်သို့

ဆင်းလာခဲ့တော့သည်။


.ဟေ့..ဘယ်သူလဲ ကြက်ခြံနား...


ဟင်...ကို..အောင်မြ.. အမယ်လေး...ရှင်


ရှင်...


ကြက်ခြံဘေးတွင် လူ၇ိပ်တ၇ိပ်တွေ့သော်ကြောင့် လှမ်တွေ့လိုက်၇သောကြောင့် ဆီမီးေ၇ာင်ဖြင့်သေချာကြည့်လိုက်သော အခါမှ 

သူမယောက်ကျားကိုအောင်မြဖြစ်နေခြင်းနဲ့ 

အတူ။


 လက်တွင် ကြက်တကောင်အား

သွေးသံတ၇ဲ၇ဲဖြင့် ကိုက်စား၍ သူမအသံကြားသောအခါ ကြောင်စီစီ မျက်၀န်းများဖြင့်ကြည့်

လာ၍ မသန်းမေကား ထိတ်လန့်သွား၇ခြင်းကြောင့် ကြောက်ရွံ့စွာဖြင့်အိမ်ပေါ်တက်ပြေးဟန်

ပြင်စဉ်


..အောင်မလေး.....


...အား....


နောက်မှ မသန်းမေ ဆံပင်အား အောင်မြမှ ဆတ်ခနဲ ဆွဲလိုက်သောကြောင့် မသန်းမေမှာ

ကြောက်လန့်ကာ အော်ဟစ်လိုက်မိချိန်သူမလက်တွင်ကိုင်ထားသော ဓားအား အောင်မြဆတ်ခနဲ

ဆွဲလု၍ လည်ပင်းအား ဆွဲလှီးလိုက်ခြင်းပင်ဖြစ်သည်။


မသန်းမေနာကျင်စွာ အားခနဲတချက်သာ အော်ဟစ်လိုက်နိူင်လျက် လည်ပင်းမှ သွေးများငေါက်ခနဲငေါက်ခနဲ ပန်းကျကာ မြေပြင်တွင် ဆတ်ခနဲ ဆတ်ခနဲ တချက်နှစ်ချက်

အကြောဆွဲနေ၇င်း ခနအကြာ ငြိမ်ကျသွားတော့သည်။


ထို့နောက် ကိုအောင်မြကားအိမ်ပေါ်သို့ သွေးစက်လက်ကျနေသော ဓားအား ဆွဲကိုင်ကာ တက်သွားပြီးမကြာမှီ အား ခနဲ ခလေးငယ်တစ်ယောက်၏ နာကျင်စွာ အော်ဟစ်လိုက်သော အသံထွက် ပေါ်လာတော့သည်။


.....အား...ကျွတ်..ကျွတ်.....


အောင်မြတယောက် ခေါင်းတဆစ်ဆစ်ကိုက်၍ နိုးလာချိန်။


 သူအိမ်ဧည့်ခန်းအတွင်းေ၇ာက်နေသည်ကို တွေ့လိုက်၇၏.. ။


ညကဘာဖြစ်သည်ကို ရုတ်တ၇က် တွေးမ၇သေးခင်...။


...ဟင်....သွေး...တွေ...

ဟာ...သား...သား...လေး.....

သား...


ကိုအောင်မြမှာ သူတို့အိပ်ခန်းမှ ခြောက်သွေ့စပြုနေပြီဖြစ်သော သွေးကွက်ကြီးများ

အပြင်သို့လျံကျနေသောကြောင့် စိုး၇ိမ်တကြီး

ပြေး၀င်သွား၇ာ ဓားဒဏ်၇ာများဖြင့် သေဆုံးနေသော သားဖြစ်သူအားတွေ့လိုက်၇သောကြောင့် သားဖြစ်သူအလောင်းအားပွေ့ကာ

သွေးရူးသွေးတန်းဖြင့် အော်ဟစ်ငိုယိုနေမိတော့၏။


...သန်း..မေ...သန်းမေ..သားလေးဘယ်လို

ဖြစ်တာလဲ ငါ့သားကို ဘယ်သူသတ်သွားတာလဲ...


အောင်မြကားသားဇောဖြင့် ဒေါသတကြီးဖြင့် သူ့မိန်းမနာမည်အား အော်ခေါ်၍ တအိမ်လုံးပတ်ရှာသော်လည်း မတွေ့သော်ကြောင့် အိမ်အောက်သို့ ဆင်းလာ၏။


...ဟင်..သန်းမေ...ဒါ..ဒါ...ဘယ်လိုဖြစ်၇တာလဲ...နင်တို့ကို ဘယ်သူသတ်သွားတာလဲ.. .


အောင်မြတယောက် သွေးအိုင်ထဲတွင်

လဲကျအသက်ပျောက်နေသော သူ့မိန်းမအားကြည့်

၍ ထိတ်လန့်တကြား ေ၇ရွတ်နေမိတော့၏။


 ဘယ်သူကများ သူ့သားနဲ့ မိန်းမအား

အငြိုးတကြီးသတ်သွားသနည်း...။


အောင်မြတယောက်ကား မိန်းမသေ သားသေ

သော အဖြစ်ကြောင့် သူခြေထောက်က မဟန်နိုင်စွာဒူးညွတ်ကျသွားသည်။


ဒူးထောက်ငိုကြွေး၇င်းမှ ညကဓားတစ်ချောင်း

ကိုင်လျက်

မိန်းမနဲ့ သားဖြစ်သူအား ခုတ်နေသော သူပုံ၇ိပ်အားပြန်မြင်ယောင်လာမိတော့၏။


 အစပထမ..အိပ်​မက်​လိုလို ဘာလိုလို

ဇဝေဇဝါစိတ် မကွဲမပြားသော်လည်း

ယခုသေချာစွာသိလိုက်ရပြီဖြစ်၏။


 အရက်ကြောင့်မထီမဲ့မြင်စိတ်ဖြင့်ပရလောက

သားများကိုမထီမဲ့မြင်စိတ်ထားမိရာမှတဆင့်

အကြောင်းမဲ့ မိသားစုအားသတ်ခဲ့မိပြီဖြစ်၏။


....ဒါဆို...ငါ.သားနဲ့ ငါ့မိန်းမကို ငါသတ်လိုက်ပြီပဲ...ငါဘာလို့သတ်၇တာလဲ ငါမသတ်ဘူး

ငါမသတ်ဘူး...ငါသတ်တာ မဟုတ်ဘူး...


အောင်မြ အရူးတယောက်လို သွေးရူးသွေးတန်းဖြင့် လျောက်အော်ဟစ်နေလျက်ဆောက်တည်ရာ

မရဖြစ်နေတော့၏။


အောင်မြတို့ အိမ်မှာ ရွာနဲ့ အတန်ငယ်မျ လှမ်းသောကြောင့် ညက အော်ဟစ်သံများအား

ရွာသားများမကြားကြခြင်းပင်ဖြစ်၏ 


နေတနေ့ အောင်မြတို့ အိမ်ရှေ့မှ ဖြတ်သွားမိသော ရွာသားတစ်ယောက်မှာ

အမှတ်မထင် ခြံထဲသို့ လှမ်းကြည့်လိုက်မိရာ

မြင်လိုက်၇သော မြင်ကွင်းကြောင့် ငယ်သံပါအောင် အော်ဟစ်၍ ရွာသို့ ပြေးလာတော့၏.။


ရွာလူကြီးမှာ ထိုရွာသားပြောပြချက်ကြောင့် 

ရွာသားများစုရုံး၍ အောင်မြတို့ နေထိုင်၇ာ

အိမ်သို့ေ၇ာက်လာကြသောအခါ လျာကြီးက

 ၇င်ဘတ်အထိ ရှည်ကျနေ၏။


 မျက်လုံးကြီးနှစ်လုံးပြုတ်ထွက်မတတ် ပြူးကျယ်လျက် အိမ်ဘေးသစ်ပင်ကြီးတစ်ပင်တွင် ကြိုးဆွဲချ သေဆုံးနေသော အောင်မြအား

တွေ့လိုက်၇ခြင်းနဲ့အတူ။


 သွေးသံတ၇ဲ၇ဲ ဖြင့်

သေဆုံးနေသော မသန်းမေနဲ့ သူမတို့သားဖြစ်သူကိုပါတွေ့လိုက်၇တော့သည်။


ရွာသားများမှာ အံ့အြသင့်မိကြ၇၏ မည်သည့်

အကြောင်းကြောင့် ထိုမိသားစု သေဆုံး၇ခြင်းကို တွေးမ၇ကြချေ။


ကိုအောင်မြ အဘယ်ကြောင့် ကို့ကိုယ်ကို ကြိုးဆွဲချ သတ်သေသွားသနည်း...။


မသန်းမေနဲ့ ခလေးငယ်အား ၇က်၇က်စက်စက် သတ်သွားခြင်းမှမည်သူနည်း အဘယ်

အတွက်ကြောင့်နည်း..။


ထိုမေးခွန်းအဖြေများသည် နှစ်ကာလအတန်ကြာသည်အထိ အဖြေပေါ်မလာခဲ့ချေ ..။


ရွာသားများမှာလည်း အစကပထမ ထိုအကြောင်းအ၇ာအား လူတိုင်းပါးစပ်ဖျား နေ့စဉ်

ပြောဆိုနေကြသော်လည်း အချိန်တဖြည်းဖြည်းကြာသော် ရိုးအီစွာ မေ့လျော သွားကြတော့သည်။


သို့ရာတွင် ထိုအိမ်ဖက်သို့ ရွာသားများ နေ့လည်နေ့ခင်းပင် တယောက်တည်း မသွားလာရဲကြ

အဘယ်ကြောင့်ဆိုသော် ထိုအိမ်သည် နောက်ပိုင်း ကိုအောင်မြတို့ မိသားစုသုံးယောက်က

မကျွတ်မလွတ်ပဲ သရဲ ဘဝြဖင့် ခြောက်လှန့်နေကြသည်ဟု သရဲအခြောက်ခံ၇သူများက ပြော

ဆိုကြသောကြောင့်ပင်ဖြစ်ပါသည်။


ပြီးပါပြီ


rate now: