အဖြေရှာမရသောရတနာသိုက် ပုစ္ဆာ (စ /ဆုံး)
===.=================
အချိန်ကာလမှာမြန်မာပြည်မှ အင်္ဂလိပ်အဆုတ်။ ဂျပန်များမြန်မာပြည်သို့
တဖွဲဖွဲဝင်ရောက်လာသောခေတ်ပျက်ကာလာတွင်
ဖြစ်ပျက်ခဲ့သော
ထူးဆန်း၍နားလည်ရခက်သော ပဟေဋ္ဌိ ပုစ္ဆာတပုဒ်သဖွယ်၊ထိုခေတ်ကာလအချိန်က ကိုယ်တိုင်ကြုံဖူးသူများကပြောပြသောအကြောင်းအရာများကိုသားစဉ်မြေးဆက်လက်ဆင့်ကမ်းသယ်ဆောင်လာသောအကြောင်းအရာများထဲမှတစ်ခုကို ရေးသားဖော်ပြပေးခြင်းဖြစ်ပါသည်။
သို့ရာတွင်ယခုဇတ်လမ်းမှာ ယခုအချိန်ထိလူများ
စကားစမိလျင်တအံ့တသြပြောနေကြသေးသောအကြောင်းအရာများဖြစ်သလို ဇတ်လမ်းတွင်ပါဝင်သူများ၏
ဆွေစဉ်မျိုးဆက်များမှာထိုရွာတွင်ဆက်လက်နေထိုင်ကြဆဲဖြစ်သောကြောင့် အမည်နေရပ်လိပ်စာများကိုလွဲ
ပြောင်းရေးသားထားခြင်းမှအစ ဇတ်လမ်းမှာဖြစ်ရပ်မှန်
ဖြစ်ကြောင်းအသိပေးအပ်ပါသည်။
ထိုသို့အထူးတလည်ရှင်းပြရခြင်းမှာကျွန်တော်မှာဖြစ်ရပ်မှန်ကိုရေးသားလေ့သိပ်မရှိပဲ ၊စိတ်ကူးဖြင့်ဖန်တီးထားသောဇတ်လမ်းများသာအရေးများသောကြောင့်ဖတ်ရူသူများစိတ်တွင် ယခုဖြစ်ရပ်ကိုလည်းစိတ်ကူးယဉ်ဖန်
တီးထားသောဇတ်လမ်းမျိုးဟုအထင်ရောက်မည်စိုး၍
အကျယ်တဝင့်ရှင်းပြထားခြင်းမျိုးဖြစ်ပါသည်။
======================
ဓနိတော ကျေးရွာ။
ဧရာဝတီတိုင်းအတွင်းမှ အိမ်ခြေတစ်ရာကျော်ခန့်ဖြင့်တည်ထောင်ထားသော
ရွာငယ်လေးတစ်ရွာဖြစ်၏ ။
မြစ်ကမ်းနံဘေးတည်ရှိခြင်းနဲ့အတူ
ရွာဘေးပတ်လည်တွင်ဓနိပင်များတောထ၍ ပတ်ချာလည်ပေါက်ရောက်နေခြင်းကိုအစွဲပြုကာ
ဓနိတောဟုရွာအမည်ကိုမှည့်ခေါ်ခဲ့ဟန်တူ၏ ။
ရွာသားများမှာလယ်ယာကိုင်းကျွန်းလုပ်ကိုင်ခြင်း
ငါးပုဇွန်ဖမ်းလုပ်ငန်းများလုပ်ကိုင်ခြင်းဖြင့်အသက်မွေး
ဝမ်းကျောင်းမူပြုကာ အေးချမ်းငြိမ်သက်စွာရှိနေသော
ကျေးရွာလေးတစ်ရွာပင်ဖြစ်သည်။
အင်္ဂလိပ်များကိုမြန်မာပြည်ဖက်မှစစ်ကူတိုက်ထုတ်
ခဲ့သောဂျပန်များမှ
” သူခိုးလက်သူဝှက်လု” စကားပုံအတိုင်းမြန်မာပြည်မှပြန်မခွာတော့ပဲ တပ်အထိုင်ချ၍တခါတည်းသိမ်းပိုက်လိုက်ကြတော့သည်။
” ကျားကြောက်၍ရှင်ကြီးကိုးရှင်ကြီးက ကျားထက်ဆိုး..”
ထပ်မံ၍ထိုစကားပုံအတိုင်းကွက်တိဒက်ထိဖြစ်လာ၏ ။
နှစ်တစ်ရာကျော်ထိအုပ်ချုပ်ခဲ့သောအင်္ဂလိပ်များမှာ
မြန်မာပြည်မှအဖိုးတန်သယံဇာတများကိုသာအဓိကထား၍သူတို့နိူင်ငံသို့ပို့ဆောင်ကြရန်အဓိကထားကြ
ပြီးပြည်သူလူထုနဲ့ပြသာနာမကြီးထွားစေရန်၊အင်္ဂလိပ်စစ်တပ်အပေါ်အထင်အမြင်သေးစေသော
ပြသာနာများအဓိကထားရှောင်ကျဉ်ခဲ့သော်လည်း
ဂျပန်များမှာထိုကဲ့သို့မဟုတ်ပဲ သူတို့အားတော်လှန်
သောမြန်မာပြည်သားများအပေါ်ရက်စက်၍လူမဆန်
သောနည်းလမ်းဖြင့်နှိပ်စက်သတ်ဖြတ်၍အကြောက်
တရားဖြင့်အုပ်ချုပ်ရန်ကြံစည်ကာနိူင်ငံတစ်ခုလုံးသွေး
ချောင်းစီးစေခဲ့၏ ။
ပြည်သူပြည်သားများမှာ ဂျပန်များအားကြောက်လန့်ရသလို တဖက်မှလည်း
”တောမီးလောင် တောကြောင်လက်ခမောင်းခတ်”
စကားပုံအတိုင်း ဓားပြအဖွဲ့များအသီးသီးပေါ်ပေါက်
လာသောကြောင့် ရတက်မအေးရှိနေကြတော့သည်။
ဓနိတောရွာမှာမြို့ပြနဲ့ဆက်သွယ်ရေးအလှမ်းဝေး
သောကြောင့် ဂျပန်တပ်များ တစ်နှစ်နေ၍တစ်ခေါက်
ရောက်လာလေ့မရှိသလို၊ ခိုးဆိုးတိုက်ခိုက်နေသော
ဓားပြများလည်းလက်ရှောင်ထားသောရွာတစ်ရွာဖြစ်၏။
အကြောင်းမှာ ဓနိတောရွာလူကြီး ဦးအောင်မင်း
၏ဦးဆောင်မူနဲ့အတူရွာသားများညီညွတ်မူကြောင့်
ဖြစ်၏ ။
ဦးအောင်မင်းမှာရွာကိုသစ်လုံးခြံစည်းရိုးကာ၍
ညပိုင်းအလှည့်ကျကင်းစောင့်စေကာ သတ္တိဗျတ္တိရှိသူ
တချို့ကိုစုစည်း၍ လောက်လေး၊ဂျင်ကလိ၊လေးမြှား
အသင့်ပြင်ထားခိုင်းစေ၏။
ထို့ကြောင့်ဓနိတောရွာတွင်ဦးအောင်မင်းအုပ်ချုပ်ချိန်မှစ၍ဓားပြမူများရန်မှကင်းဝေးလျက်ရှိနေ၏။
တစ်ခြားသောရွာများသာဓားပြမကြာခနတိုက်ခံရသော်
လည်းဓနိတောရွာကိုမူဓားမြများရှောင်ကွင်းလေ့ရှိကြသည်။
အကဲစမ်းရန်ကြံစည်မိသောဓားပြများမှာလည်း
ရွာစည်းရိုးဘေးကပ်မိရုံရှိသေး လောက်စာလုံး
ဂျင်ကလိနဲ့ လေးမြှားများဝင်ရောက်လာခြင်းကြောင့်
အထိနာ၍ခွေးပြေးဝက်ပြေး ပြေးကြရတော့သည်။
ထို့ကြောင့်
ဓားပြများမှာဓနိတောရွာကိုရှောင်ကွင်း၍တစ်ခြားသော
ရွာများကိုသာရွေးတိုက်လေ့ရှိကြကုန်၏ ။
ညသည်ပိန်းပိတ်အောင်မှောင်မိုက်လျက်
ရှိနေ၏ ။
ဓနိတောရွာလေးမှာတိတ်ဆိတ်သောညဉ့်ယံတွင်
ငြိမ်သက်စွာအိပ်မောကျလျက်ရှိနေပါတော့သည်။
တစ်ရွာလုံးအိပ်မောကျနေလျက်ရှိနေသော်လည်း
ညနက်ချိန်ထိမအိပ်စက်နိူင်သေးပဲ အချိန်အခါတစ်ခုကို
စောင့်ဆိုင်းနေဟန်တူသောလူတစ်စုမှာ ဖြုတ်၊ ခြင်များ
အုံလိုက်ကျင်းလိုက်ကိုက်ခဲခြင်းကို အသံထွက်မရိုက်ရဲပဲ ပွတ်သပ်ချလျက်ရှိနေကြပါတော့သည်။
လုံခြုံရေးတင်းကြပ်သောဓနိတောရွာသို့ထိုလူများဝင်ရောက်လာနိူင်ခြင်းမှာအတွင်းလူမပါပဲမဖြစ်နိူင်ပေ။
အမှန်ပင်ဖြစ်၏။ ထိုလူစုရွာတွင်းဝင်ရောက်နိူင်ရန်
ညပိုင်းတာဝန်ကျသော ရွာကင်းသမားကိုကြိုတင်စည်း
ရုံးထားနိူင်သောကြောင့်သာလျင်ရွာအတွင်းဝင်ရောက်
နိူင်ခြင်းဖြစ်၏ ။
ထိုမျလောက်ခက်ခက်ခဲခဲလပေါင်းများစွာကြိုတင်အကွက်ချ၍ဓားပြတိုက်ရန်ကြံစည်ထားသောအိမ်မှာတော်ရုံအိမ်မဟုတ်ပေ။
ဦးသန့်ဇင်..၊
ဓနိတောရွာတွင်အချမ်းသာဆုံးလူတစ်ယောက်ဖြစ်၏။
လယ်ယာမြေပေါင်းများစွာကိုလယ်စာရင်းငှါး
များနဲ့လုပ်ကိုင်သောသူဌေးတစ်ယောက်ဖြစ်၏။
ဦးသန့်ဇင်မှာ ယခုရွာသားဟုဆိုသော်လည်း
ငယ်ရွယ်စဉ်ကတည်းကပင်မိဘများနဲ့အတူရန်ကုန်သို့
ပြောင်းရွေ့၍ ရန်ကုန်မှာပင်အိမ်ထောင်ကျလျက်သားနဲ့
သမီးပင်လျင်လူပျိုအပျိုများဖြစ်နေကြပြီဖြစ်၏။
ရန်ကုန်တွင်စီးပွားရေးအဆင်ပြေသော်လည်း
ယခုလိုခေတ်စနစ်တခေတ်ပြောင်းနေချိန် အင်္ဂလိပ်များနဲ့ဆက်စပ်၍စီးပွားရေးလုပ်ကိုင်သူများကိုအင်္ဂလိပ်သူလျိုအဖြစ် ဂျပန်များကမထင်ရင်၊မထင်သလိုဖမ်းဆီးနေရာ ဦးသန့်ဇင်မှာရန်ကုန်ကို
စွန့်ခွာ၍မွေးရပ်ဇာတိမြေသို့မိသားစုလိုက်ပြောင်းရွေ့လာ
သည်မှာ ဓနိတောရွာတွင် လယ်ယာမြေများဝယ်ယူ၍
လယ်ပိုင်ရှင်သူငှေးကြီးနာမည်ခံယူနေသည်မှာတစ်နှစ်
ခန့်ကြာမြင့်ခဲ့ပြီဖြစ်၏ ။
ဦးသန့်ဇင်ချမ်းသာမှန်းသိကြသော်လည်းမည်ရွေ့မည်မျချမ်းသာကြောင်းကိုမူမည်သူမျမသိကြပေ။
ဓားပြခေါင်းဆောင်မှအချက်ပေးလိုက်ချိန်တွင်
တခြားသောဓားပြအဖွဲ့ဝင်များမှာလူပ်လူပ်ရှားရှားဖြစ်သွားကြကာအိမ်အနီးသို့ခြေသံလုံနိူင်သမျလုံအောင်ထိန်း၍အိမ်အနီးသို့ချည်းကပ်လာကြတော့၏ ။
ဓားပြခေါင်းဆောင်မှာအိမ်နောက်ဖေးတခါးကို
လက်ဖြင့်အသာတွန်းကြည့်ရာတွင်တခါးမှာပွင့်သွားသောကြောင့်အားလုံးအိမ်တွင်းဝင်လိုက်ကြတော့၏ ။
”...ရောက်လာကြပြီလား..လာတောင်မလာတော့ဘူး
ထင်တာ...”
”...မိသားစုအိပ်ခန်းတွေအမြန်လိုက်ပြ အချိန်မရှိဘူး...”
အတွင်းဖက်မှစောင့်ဆိုင်းနေသောမိန်းမတစ်ယောက်၏စကားသံတိုးတိုးပြောသံကြားလိုက်ကြရတော့၏။
အိမ်တွင်ထမင်းချက်၊အဝတ်လျော်အဖြစ်လုပ်ကိုင်နေသူမှာဓားပြတစ်ယောက်၏ဇနီးမယားတစ်ယောက်ဖြစ်ပြီးအိမ်အခြေအနေစုံစမ်းရန်ကြိုတင်ထည့်သွင်းထားခြင်းဖြစ်၏။
ယခုလည်းတိုက်မည့်ညတွင်နောက်ဖေးတခါးကို
လာဖွင့်ပေးခြင်းဖြစ်၏ ။
ထိုမိန်းမပြသသောကြောင့် ဦးသန့်ဇင်တို့အိပ်ခန်း
သားသမီးများအိပ်ခန်းကိုအလွယ်တကူသိရခြင်းနဲ့အတူ
မကြာမှီအချိန်အတွင်းအိမ်ဧည့်ခန်းအတွင်း အားလုံးလက်ပြန်ကြိုးတုတ်လျက်အနေအထားဖြင့်
ရှိနေကြပါ၏ ။
”....ဘာသံမှထွက်ဖို့မကြိုးစားနဲ့နော်....
လက်ဝတ်လက်စားတွေအကုန်ချွတ်ချန်ထားမယ် မကြံနဲ့.....””
”...ဟေ့...ဟိုနှစ်ယောက်ငိုတာတိတ်စမ်း...
သေချင်လို့လား...တိတ်စမ်း..”
”....အသက်ကိုတော့ချမ်းသာပေးကြပါကွာ...
တအိမ်လုံးမင်းတို့လိုချင်တာအကုန်ယူသွားကြပါ....”
မျက်နှာဖုံးစွတ်ဓားပြတစ်ဖွဲ့၏ရုတ်တရက်မထင်မှတ်သောအချိန်ဝင်ရောက်လာမူကြောင့်အားလုံးကြောက်လန့်လျက်ဦးသန့်ဇင်၏ သမီးဖြစ်သူနဲ့ ဇနီးမယားမှာမိန်းမသားပီပီတရူံရူံငိုနေသောကြောင့်
ခြောက်လုံးပြူးကိုင်ထားသော ဓားပြခေါင်းဆောင်မှာ
လက်ဝတ်လက်စားများချွတ်ခိုင်းနေရင်းအသံတိုးတိုးကြိတ်၍ဟိန်းဟောက်နေရာ ဦးသန့်ဇင်မှာဇနီးနဲ့သမီးကို
စိုးရိမ်မူကြောင့် ဓားပြများကိုအသနားခံစကားဆိုလိုက်
ခြင်းဖြစ်၏။
သိမ်းထားသောပစ္စည်းများကိုမေးမြန်းရာတွင်လည်း
အသက်ကိုချမ်းသာပေးရန်သာတွင်တွင်ပြောရင်း သံသတ္တာအတွင်းသိမ်းဆည်းထားသောရွေ၊ငွေများကို
အလွယ်တကူထုတ်ပေးလိုက်၏ ။
သတ္တာငယ်လေးဖြင့်သိမ်းဆည်းထားသော လက်ဝတ်ရတနာများအပြင် များပြားသောငွေစက္ကူများကြောင့် ဓားပြများမှာဒီတခေါက်သူတို့စွန့်စားရတာတန်သည်ဟု
သတ်မှတ်လျက်လောဘတက်နေကြချိန် မထင်မှတ်သောအခြေအနေတစ်ခုရုတ်ချည်းပေါ်ပေါက်လာ၏ ။
....လူဆိုးတွေအိမ်ထဲရောက်နေလို့....သေနတ်နဲ့လူဆိုးတွေအိမ်ထဲရောက်နေလို့.....
.....ဟာ.....
.....ဒိုင်း.....
...အား.....
...အမလေး...သား...သားလေး....
...ဟာ ...သား.တောက်..ခွေးကောင်တွေ....
...ဝုန်း...
...သောက်.. အဖိုးကြီး... ကဲကွာ...ဒိုင်း...အား....
..ဒိုင်း....ဒိုင်း...ဒိုင်း....
...အား....အ.....
အခြေအနေမှာရုတ်တရက်သွေးချောင်းစီးသော
အခြေအနေသို့ရောက်ရှိသွားတော့၏ ။
အကြောင်းမှာဓားပြများမှာရွေငွေများရပါကအသက်ကိုရန်မရှာပဲ ပါးစပ်ပိတ်ကြိုးတုတ်ထားခဲ့ရန်သာစီစဉ်ထားခဲ့ကြသော်လည်း ကျပ်မပြည့်စိတ်မမှန်ရှာသော ဦးသန့်ဇင်သားငယ်မှာ ဓားပြများ ရတနာများငွေများကိုလောဘတက်နေချိန်ရုတ်တရက်ထပြေး၍ အသံကုန်အော်ဟစ်လိုက်ခြင်းကြောင့် ဓားပြများမှာရုတ်တရက်လုပ်မိလုပ်ရာ အဖွဲ့သားတစ်ယောက်မှ ဦးသန့်ဇင်သားငယ်ကိုသေနတ်ဖြင့်ပစ်လိုက်ရာ နောက်ကျောကိုထိမှန်၍နာကျင်စွာအော်ဟစ်ကာလဲကျ
သွားချိန် သားဇောဖြင့်မိခင်မှာ သားရှိရာပြေးသွားသလို
ဦးသန့်ဇင်မှာလည်းဒေါသဖြင့်အနီးမှဓားပြကို ကိုယ်လုံးဖြင့်ရုတ်တရက်ဝင်တိုက်လိုက်ရာ ဓားပြနဲ့ဦးသန့်ဇင်မှာ ကြမ်းပြင်ပေါ်လုံးထွေးကျကာ မျက်နှာတွင်အုပ်ထားသော ပုဝါကျွတ်သွားတော့၏ ။
ယခုမှအကြောင်းမထူးတော့ပြီမို့ ဓားပြများမှာ
ဦးသန့်ဇင်အား သေနတ်ဖြင့်ပစ်ခတ်လိုက်သလိုဇနီးနဲ့သမီးကိုပါသေနတ်ဖြင့်ပစ်ခတ်လိုက်ကြရာ တိတ်ဆိတ်သောညတွင်
သေနတ်သံများ၊နာကျင်စွာအော်ဟစ်သံများတစ်ရွာလုံး
ဖုံးလွမ်းကုန်၏ ။
”...ဓားပြ...ဓားပြ ရွာထဲကိုဓားပြတိုက်နေပြီ....”
...ဒေါင်....ဒေါင်.....ဒေါင်.....ဒူ...ဒူ....ဒူ...ဒူ....
ရွာသားများမှာသေနတ်သံအော်ဟစ်သံများကြောင့်နိူးလာကြပြီးတစ်အိမ်နဲ့တစ်အိမ်လှမ်းအော်သတိပေးကြကာသံချောင်းခေါက်ခြင်း၊မောင်းထုခြင်းများဖြင့်အချက်
ပြလိုက်ကြတော့၏ ။
ဦးအောင်မင်းမှာ နှစ်လုံးပြူးသေနတ်ကြီးအသင့်ပြင်၍ သူလူ့များစုရုန်းကာ သေနတ်သံကြားရာ ဦးသန့်ဇင်အိမ်သို့ဝိုင်းလိုက်ကြတော့၏ ။
ဓားပြများမှာအစပထမခုခံတိုက်ခိုက်ကြသေးသော်လည်းးကြာသော်ကျည်ကုန်လာသလို အထပ်ထပ်ပတ်ဝိုင်း၍
ဂျင်ကလိ၊လေးမြှား၊လောက်လေးတို့ဖြင့်ပတ်ချာလည်
ဝိုင်းပစ်နေကြသော ညီညွတ်သောရွာသားများကြောင့်
လက်နက်ချ အဖမ်းခံလိုက်ကြရတော့သည်။
ဦးအောင်မင်းဦးဆောသောဓနိတောရွာသားများ
ဓားပြဖမ်းပွဲနောက်ဆုံးရလဒ်မှာသူလျိုဒလန်ရွာသား အိမ်တွင်းသူလျိုထမင်းချက်အဝတ်လျော်မိန်းမအပါအဝင်ဓားပြများတစ်ယောက်မကျန်ဖမ်းမိသော်လည်းစိတ်မကောင်းစရာအချက်မှာ ဦးသန့်ဇင်တို့မိသားစုမှာ တစ်ယောက်မကျန်နေရာမှာပင်ပွဲချင်းပြီးသေဆုံးလျက်
ရှိနေသည်ကိုစိတ်မကောင်းစွာတွေ့လိုက်ရပါတော့သည်။
ဦးအောင်မင်းမှာဓားပြအဖွဲ့ကိုသက်ဆိုင်ရာ
အာဏာပိုင်များထံသွားရောက်အပ်နှံပြီးချိန် ဦးသန့်ဇင်မိသားစုကိစ္စများကိုတာဝန်ယူဖြေရှင်းရတော့၏။
ဦးသန့်ဇင်မိသားစုနာရေးကိုရွာသားများဝိုင်းဝန်း၍
အလောင်းမြေကျသည်အထိတာဝန်ယူစီမံပေးရသလို
ရည်လည်ဆွမ်း လပြည့်ဆွမ်းကျွေးခြင်းများကိုလည်း
ရွာသားများကိုစီစဉ်ပေးပြီးချိန်။
ဦးသန့်ဇင်ဆွေမျိုးများမှာရွာတွင်ရှိမနေသောကြောင့်တစ်ချိန်ဆက်သွယ်လာပါက လက်ဝတ်လက်စားနဲ့
ငွေများပြန်ပေးရန် ရပ်ရွာလူကြီးများရှေ့စာရင်းနဲ့အတိအကျသိမ်းဆည်း၍
ရွာကျောင်းဆရာတော်ထံခတ္တအပ်နှံထား၏ ။
အိမ်ကိုမူဒီအတိုင်းပင်ပိတ်ထားလိုက်၏။
သို့ရာတွင်လအတော်ကြာသည်အထိဦးသန့်ဇင်ဆွေမျိုးများရောက်မလာပဲ နွေရာသီကုန်ဆုံး၍မိုးရာသီအချိန်
ရောက်ရှိလာတော့၏ ။
မိုးရာသီရောက်ချိန်ထိဦးသန့်ဇင်ဆွေမျိုးများရောက်မလာသောအခါ ဦးသန့်ဇင် ပိုင်ဆိုင်သောလယ်မြေများကို ဦးအောင်မင်းမှာ လယ်ငှါးရမ်းခများဖြင့်လယ်ငှါးလုပ်လိုသူများကို
ငှါးရမ်း၍အကယ်၍စပါးပေါ်ချိန်အထိ ဦးသန့်ဇင်မိသားစုနဲ့ဆက်စပ်ပတ်သက်သော
ဆွေမျိုးများမလာပါက ငှါးခစပါးများရောင်း၍
ရွာကျောင်းဆရာတော်ကိုလှူဒါန်းရန်ရွာသားများကို
အသိပေးထား၏ ။
ဓနိတောရွာ၏ပထမဆုံးဓားပြမူတွင်ရက်ရက်စက်စက်
အသတ်ခံလိုက်ရသော ဦးသန့်ဇင်မိသားစုအကြောင်းများမှာကြားရသူများကို
စိတ်မကောင်းဖြစ်စေသောအဖြစ်ဆိုးကြီးအဖြစ်အချိန်
အတန်ကြာရှိနေပါတော့၏ ။
ထိုသို့ဖြင့်
မိုးရာသီကာလတွင်လယ်ယာလုပ်ငန်းလုပ်ကိုင်ကြသောလယ်သမားများမှာ စပါးစိုက်ပျိုးရန်နွားပေါ်ထွန်တုံးတင်၍စတင်ထွန်ယက်
ကြပါတော့သည်။
ဓနိတောရွာသားမိုးအောင်မှာဦးသန့်ဇင်ပိုင်လယ်များ
ထဲမှလယ်တစ်ကွင်းကိုငှါးရမ်းလုပ်ကိုင်သူတစ်ယောက်
ဖြစ်၏။
မိုးအောင်လုပ်သောလယ်မှာရွာနဲ့အတန်ငယ်
ဝေးသောကြောင့်နေ့စဉ်လယ်သို့အသွားအပြန်လုပ်ရန်
အဆင်မပြေသောကြောင့်မီးဖွားပြီးစဇနီးဖြစ်သူကိုယောက်က္ခမများနဲ့ထားရစ်ခဲ့၍ လယ်အနီးတောင်ကုန်း
ကုန်းလေးတစ်ခုပေါ်တွင်တဲထိုး၍ လိုအပ်သောအသုံး
အဆောင်ရိက္ခာများကိုယူဆောင်ပြီး လယ်ယာထွန်ယက်ခြင်းကိုလုပ်ဆောင်တော့၏ ။
ယခုနှစ် မိုးလေမှန်သလိုတစိုက်မတ်မတ်အလုပ်
ကြိုးစားသော မိုးအောင်ကြောင့်စပါးတင်းလေးရာခန့်ထွက်သောလယ်
မြေမှာမိုးနှောင်းပိုင်းကာလတွင်စပါးပင်များစိမ်းစိမ်းစိုစိုဖြင့်ရှိနေပါတော့သည်။
ရိတ်သိမ်းချိန်ရောက်သောအခါသီးနှံအောင်သော
ရွေဝါရောင်စပါးခင်းကြီးကိုကြည့်လျက်တမိုးတွင်းလုံး
ရွံနွံ့များကြားနွားနဲ့ရုန်း၍ပင်ပန်းခဲ့ရသမျမေ့ပျောက်၍
ကျေနပ်ပီတီများ မိုးအောင်ရင်ထဲပြည့်နှက်လျက်ရှိ
နေပါတော့၏ ။
တကယ်ကလယ်သမားအလုပ်မှာပင်ပန်းဆင်းရဲ
လွန်းလှ၏ ။
ထွန်ယက်စိုက်ပျိုးချိန်မှစ၍ရိတ်သိမ်း၊အသီးချွေသည်အထိပင်ပန်းဆင်းရဲစွာမနားတမ်း
လုပ်ကိုင်ကြရခြင်းဖြစ်သည်။
မိုးအောင်မှာဇနီးဖြစ်သူကလည်း ခလေးကငယ်သေးသောကြောင့်အလုပ်မကူနိူင်သောကြောင့်သူတစ်ယောက်တည်းပင်ပန်းစွာလုပ်ကိုင်နေရသည်။
အသီးချွေပြီးသောစပါးကိုအိမ်ပြောင်းသောနေ့တွင်ကူညီလုပ်ကိုင်ပေးသောသူငယ်ချင်းများကိုကျေးဇူးတုန့်ပြန်သောအားဖြင့်
မိုးအောင်တစ်ယောက်သူမွေးထားသောကြက်ဖကြီးနှစ်
ကောင်ကိုသတ်၍ ဓနိရည်ကိုချက်ထားသော ဓနိအရက်များဝယ်ယူပြီးသူ့လယ်တဲတွင်ချက်ပြုတ်စား
သောက်ကြရန့်သူငယ်ချင်းများကိုဖိတ်ခေါ်ထားတော့၏။
လမင်းကြီးမှာကောင်းကင်ပေါ်တွင်ပြည့်ဝိုင်းစွာ
သာနေလျက်ရှိနေ၏ ။
အေးမြသောလရောင်မှာလယ်ကွက်ရိုးပြတ်များပေါ်ဖြာကျလျက်ရှိနေပါသည်။
မိုးအောင်နဲ့သူငယ်ချင်းများမှာ တဲဆောက်ထားရာကုန်းမြင့်တောင်ကုန်းပေါ်မှကက္ကိုလ်ပင်ကြီးအောက်တွင်ထမင့်းနဲ့ကြက်သားဟင်းများချက်ပြုတ်၍ ကြက်သားဖြင့်အမြည်းလုပ်ကာသောက်စားနေလျက်ပျော်ရွင်စွာစနောက်လျက်ရှိနေကြ
လျက်ရှိနေပါတော့၏။
တမိုးတစ်ဆောင်းလုံးပင်ပန်းခဲ့ကြသမျစပါးများ
အိမ်ရောက်၍အားလုံးအလုပ်တာဝန်များပြီးဆုံး၍စိတ်လက်ပေါ့ပါးကာ ယခုညစိတ်လွတ်လက်လွတ်သောက်
စား၍မိုးအောင်တဲတွင်အိပ်စက်ကြရန်ကြိုတင်တိုင်ပင်
ထားပြီးကြသောကြောင့် ကက္ကိူလ်ပင်အောင်တွင်ဖျာကြမ်းခင်း၍ကြက်သား
အိုးကိုဝိုင်းအလယ်တွင်ချ၍
အရက်များတစ်လုံးပြီးတစ်လုံးကုန်လာသောအခါ
အာလေးလျာလေးဖြစ်ပြီးမူးယစ်စပြုနေပြီဖြစ်ကြ၏။
သောက်နေသူများမှတစ်ယောက်မှ
”...ဦးသန့်ဇင်တို့မိသားစုများကံဆိုးလိုက်တာကွာ
မိသားစုလိုက်ရက်ရက်စက်စက်အသတ်ခံရတာ
သနားဖို့ကောင်းတယ်...”
အာလေးလျာလေးဖြစ်နေသူတစ်ယောက်မှဦးသန့်ဇင်မိသားစုအကြောင်းစကားစရာ မူးယစ်နေသော
တခြားသူများမှာလည်းတစ်ယောက်တစ်ပေါက်ဖြင့်...
”..သူတို့သေတော့အမွေစားအမွေခံတွေကလည်းမရှိ
ဆိုတော့ သူပိုင်ဆိုင်သမျတွေ နှမြောစရာပေါ့....”
” ..ဟ..အလဟသတော့ဘယ်ဖြစ်မလဲကွ ...
ရွာလူကြီးကစီမံထားတာပဲ သူကျန်ခဲ့တဲ့ရွေငွေတွေ
ဆွေမျိုးတွေရောက်မလာရင် ရွာဦးကျောင်းအသစ်ဆောက်မယ် ဘုရားတည်မယ်
ပြောနေတာကြားတာပဲ...”
”...ဒီလိုဆိုတော့ သူတို့မိသားစုလည်းကုသိုလ်ရ
ရွာအတွက်လည်းအကျိုးရှိ ကောင်းတာပေါ့ကွာ
ဒါနဲ့ လယ်တွေကျတော့ရော...”
” လယ်တွေကိုလည်းဒီအတိုင်းပဲ လုပ်မဲ့လူတွေ
သူကြီးဆီမှာစာရင်းပေး ရလာတဲ့လယ်သီးစားခတွေ
ရောင်းပြီး ရွာကျောင်းဆရာတော်ကိုလှူတန်းဖို့စီစဉ်
ထားတယ်လို့ သူကြီးပြောနေတာကြားခဲ့တယ်...”
”...ဟာ...ဒီလိုဆိုရင်တော့ ဦးသန့်ဇင်တို့မိသားစု
နှစ်စဉ်ကုသိုလ်ရနေတော့မှာပေါ့ ကောင်းပါတယ်ကွာ...ရှေးအတိတ်ဘဝမကောင်းမူကံကြောင့်ခုဘဝအသေဆိုးနဲ့ သေကြရပေမယ့်
ခုလိုကောင်းမူကုသိုလ်ကြောင့်ဘဝကူးကောင်းကြမှာပါ...... ”
ညကတဖြည်းဖြည်းနက်လာသလိုမိုးအောင်အပါအဝင်အားလုံးမှာအရက်တစ်လုံးပြီးတစ်လုံးကုန်လာချိန်မူးယစ်လျက်ခေါင်းစိုက်ကာလျာလေးအာလေးဖြင့်ဦးသန့်ဇင်မိသားစုအကြောင်းပြောဆိုနေကြခြင်းဖြစ်၏ ။
ထိုအချိန်
လေတချက်အဝှေ့့တွင်ဆိုးရွားပုတ်အက်သောအပုတ်နံ့ကြီးတစ်ခုကိုအားလုံးရူရိူက်မိလိုက်ကြသည်။
”...ဟ....နံ့လိုက်တာ... ဖွီ.......”
”...ဘာအကောင်တွေပုတ်နေတာလဲ မိုးအောင်ရ
နံ့လိုက်တာကွာ....”
”....ဖွီ..ဝေါ့....သောက်ထားတဲ့အရက်တောင်
ပြန်အန်ထွက်မိတော့မယ်....”
”...တဲအနီးအနားဝန်းကျင်မှာ ဘာအကောင်ပုတ်မှ
တော့မတွေ့မိပါဘူးကွ လေသင့်လို့တခြားနေရာက
အနံ့လာတာနေမှာ...”
..ဟာ...ဟေ့...ဟေ့...ကောင်တွေ.....
အပုတ်နံအကြောင်းပြောဆိုနေကြစဉ်
ကက္ကိူလ်ပင်မှလက်ကြီးတစ်ဖက်ရှည်လျားစွာဖြင့် အမြည်းအဖြစ်အဖုံးဖွင့်၍မြည်းနေကြသောကြက်သား
ဟင်းအိုးကိုနိူက်လျက်ရှိနေတော့၏ ။
ကြီးမားသောလက်ကြီးမှာ မဲနက်ပြောင်လက်နေ၍ အမွေးအမျင်ကျိုးတိုးကျဲတဲ
ပေါက်ရောက်လျက်ရှိသောထိုယုလက်ကဟင်းအိုးအတွင်းမှ ကြက်သားကိုနိူက်လိုက်ရာ ဆန်တပြည်ဝင်အိုးကြီးတွင်ထိုလက်ကြီးက ပြည့်လု
ပြည့်ခင်ဖြစ်သွားပြီး ကြက်သားများကိုဆုတ်၍အပေါ်
သို့ပြန်တက်သွားတော့၏ ။
ထိုသို့ဖြစ်ပျက်သွားခြင်းကိုတခြားသောသူများမမြင်လိုက်ကြသော်လည်း အရက်တခွက်သောက်၍အမြည်းခပ်စားရန်လက်
မိုးအောင်တစ်ယောက်မြင်ကွင်းကြောင်းသူ့လက်က
လေပေါ်တိုးလိုးတန်းလန်းဖြစ်လျက်သောက်ထားသော
အရက်များ ဘယ်ဆီဘယ်ဝယ်ရောက်ကုန်ပြီမဆိုနိူင်
အမူးပင်ပြေချင်သလိုဖြစ်သွားကာ ကြက်သီးမွေးညှင်း
များထလျက်၊တစ်ကိုယ်လုံးတဆတ်ဆတ်တုန်ယင်လျက်ရှိနေတော့၏။
...ဟေ့ကောင် မိုးအောင်ဘာတွေအော်နေတာလဲကွ.....
..မင်းတို့မတွေ့လိုက်ဘူးလားကြဘူးလား
လက်...လက်...ကြီးတဖက်ကြက်သားအိုး
လာနိူက်သွားလို့....
...ဟာ..ဒီကောင်မူးမူးနဲ့အမြည်းတွေအကုန်စားပြီး
လျောက်ပြောနေတယ်...
..ဟုတ်ပကွာ တစ်အိုးလုံးတက်တက်ပြောင်နေပြီ
ထမင်းနဲ့စားဖို့တောင်မချန်ဘူး....
...မဟုတ်.....ငါစားတာမဟုတ်...ဟာ....
တစ်ခြားသူများမှာမိုးအောင်စကားကိုမယုံပဲ
ကြက်သားများမိုးအောင်စားသည်ဟုစွတ်စွဲကြရာမိုးအောင်မှာလည်းသူမဟုတ်ကြောင်းငြင်းဆို၍အပင်ပေါ်
လက်ညိုးညွန်ပြရင်းအပင်ပေါ်မှလက်တစ်ဖက်လာနိူက်သွားကြောင်းပြောရန် အပင်ပေါ်မော့ကြည့်လိုက်ချိန်
မိုးအောင်မှာပြောလက်စ စကားများတစ်ဆို့ပျောက်ကုန်
တော့၏ ။
တစ်ခြားသူများမှာအပင်ပေါ်လက်ညိုးထိုးရင်းငုတ်
တုတ်ကြီးမေ့နေသလိုငြိမ်နေသောမိုးအောင်ကြောင့်
ကက္ကိူလ်ပင်ပေါ်မော့ကြည့်မိလိုက်ကြရာ.....
....ဟာ.....ဘာ....ဘာ...ကောင်...ကြီး...လဲ.....
.....သ...သ...ရဲ....လား.........
...သ...သ...ဘက်...ကြီး...ထင်...ထင်..တယ်...
...ဟေ့...ဟေ့....ကောင်...တွေ....ပြေး....ပြေး....
လရောင်ကက္ကိူလ်ရွက်များကိုထိုးဖောက်၍ဟိုတစ်ကွက်ဒီတစ်ကွက်အရွက်ပါးသောအကိုင်းများကြားမှ
ထိုးဖောက်ဖျာကျနေသောအလင်းဖြင့်
ကက္ကိူလ်ပင်ခွကြားတွင်ဆောင့်ကြောင့်ထိုင်နေသော
တစ်ကိုယ်လုံးမည်းနက်ပြီးဆံပင်ကျိုးတိုးကျဲတဲ
ဂေါက်သီးအရွယ်အစားခန့်မျက်လုံး တို၍အပေါ်သို့လန်တက်နေသောနှာခေါင်းပေါက်ကျယ်ကျယ် ၊ နားရွက်တက်ချိတ်မတတ်ကျယ်သောပါးစပ်ပေါက်အတွင်းမှကြီးမားသောသွားကြီးများပြည့်နှက်နေသော
အကောင်ကြီးတစ်ကောင်ကသူတို့လူစုကိုအပေါ်မှစီး
မိုးကြည့်နေသောကြောင့်အားလုံးကြောက်လန့်တကြား
ဖြစ်ကုန်ကြတော့သည်။
ပြီးမှပြေးရန်သတိရ၍ပုဆိုးမနိူင်ပုဝါမနိူင်
ရွာဖက်ဆီသို့ ကမူးရူးထိုးပြေးကြတော့၏ ။
ဟိုနေရာလဲ၊ဒီနေရာလဲဖြင့် မိုးအောင်တို့အရက်သမားတစ်စုမှာလရောင်အောက်တွင်လယ်ကွင်းများကိုဖြတ်သန်း၍ရွာသို့ပြေးနေကြတော့၏ ။
မိုးအောင်တို့အဖွဲ့ကက္ကိူလ်ပင်အောက်မှထွက်ပြေး
သွားချိန်အပင်ပေါ်မှ ကြောက်စရာလန့်စရာအကောင်
ကြီးမှာမြေပြင်ပေါ်သို့ခုန်ဆင်းလာ၏ ။
အောက်ရောက်သောအခါ မိုးအောင်တို့အဖွဲ့ကျန်နေရစ်ခဲ့သော လူငါးယောက်စာထမင်းအိုးကြီးကိုဖွင့်၍ သူ့လက်ကြီးများဖြင့်နိူက်၍နိူက်၍စားနေပါတော့၏ ။
ထမင်းလူငါးယောက်စာမ
မိုးအောင်တို့အဖွဲ့ကြုံလာရသောအဖြစ်အပျက်များကို
တခြားရွာသားများကိုပြောပြသော်လည်းရွာသားများမှာ
အယုံအကြည်မရှိကြပေ။
မူးရူး၍စိတ်ထင်ရာမြင်ပြီးကြောက်လန့်ခြင်းဟုသာထင်မြင်ကြကုန်၏ ။
သို့ရာတွင်များမကြာမှီထိုကက္ကိ ပင်ကြီးမှာမိုးအောင်တို့
သရဲတွေ့ပြီးနောက်ပိုင်း တခြားသူများလည်းစတင်ကြုံတွေ့ကြရပါတော့သည်။
ဒီရေအတက်အကျအလိုက်ငါးရှာဖွေရသော
ရွာအတွင်းတံငါသမားဘရင်မှာ မိုးအောင်တို့အဖွဲ့ကက္ကိူလ်ပင်သရဲတွေ့ပြီး ဒုတိယမြောက်တွေ့သောသူဖြစ်လာတော့၏။
လဆုတ်ရက်မို့တခြမ်းပဲ့လကလေးမှာညနက်မှထွက်ပြူ၍ကောင်းကင်ယံတွင်မှိန်ပျပျအလင်းဖြင့်ရှိနေ၏ ။
ဓနိတောရွာသားဘရင်မှာတံငါလုပ်ငန်းနဲ့အသက်မွေးဝမ်းကြောင်းပြုသူဖြစ်၏ ။
ရေကျချိန်များတွင်ပိုက်ထောင် ငါးထိုးပြုရသည်မို့
အချိန်အခါရွေး၍မရပေ။
တခါတရံရေကျချိန်မှာညပိုင်းဖြစ်နေတတ်ရာ
မှောင်သည်လင်းသည်စိတ်ထဲမထား။တဝမ်းတခါးအရေးမို့ ငါးဖမ်းထွက်ခဲ့ရတော့၏ ။
ညရှစ်နာရီရေကျချိန်တွင်ငါးဖမ်းနေသော ဘရင်မှာ ဆယ်နာရီကျော်ခန့်တွင်ငါးအတော်ဖမ်းမိနေပြီမို့ လေကလေးတချွန်ချွန်ဖြင့်မီးအုပ်ဆောင်းကိုလက်တစ်ဖက်မှကိုင် ငါးဖမ်းပိုက်ကိုလက်တစ်ဖက်မှကိုင်ပြီး
ငါးများထည့်လာသောပလိုင်းကြိုးကိုစလွယ်သိုင်း
၍ရွာသို့ခပ်သုတ်သုတ်ပြန်လာခဲ့၏ ။
တဝမ်းတခါးအတွက်မို့သာညအချိန်ထွက်လာရသော်လည်းခေတ်ပျက်ကာလပျက်တွင် တစ်ယောက်တည်း
သွားလာနေရခြင်းကြောင့်ခြေလှမ်းခပ်သွက်သွက်လှမ်း
နေမိ၏ ။
ဘရင်ရွာပြန်ရာလမ်းမှာဦးသန့်ဇင်ပိုင်လယ်မြေကို
ဖြတ်ပြန်ရမည်ဖြစ်၏ ။
မိုးအောင်တို့အဖွဲ့ သရဲခြောက်ခံရသော ကက္ကိူလ်ပင်ကြီးမလှမ်းမကမ်းတွင် ရိုးပြတ်တောများကြားလူသွားလမ်းရှိနေ၏ ။
မိုးတွင်းပိုင်းကာလများတွင်စပါးစိုက်ခင်းများကြောင့်တခြားနေရာများမှကွေ့ဝိုက်သွားရသောကြောင့်
ခရီးမတွင်သော်လည်း ယခုလိုရိပ်သိမ်းပြီးစရိုးပြတ်တောလမ်းကရွာကိုကွေ့ပတ်စရာမလိုပဲဖြတ်လမ်းသဖွယ်ရှိနေသည်။
ဘရင်မှာ ကက္ကိူလ်ပင်အနီးရောက်သောအခါ
မိုးအောင်တို့ပြောစကားများကိုရွာတွင်နားထောင်စဉ်က
မယုံကြည်သူများတွင်သူလည်းတစ်ယောက်အပါအဝင်ဖြစ်သော်လည်းယခုလိုညအချိန်တစ်ယောက်တည်း
ရှိချိန်မျိုးတွင်စိတ်အတွင်းအနည်းငယ်စိုးရွံ့စိတ်ဝင်၍
ကက္ကိူလ်ပင်ကြီးရှိရာ မရဲတရဲခိုးကြည့်မိသေး၏ ။
စိတ်သည်ကားထူးဆန်းသောသဘောတရားကိုဆောင်တတ်၏။
ယခုနေရာမှ ခါတိုင်းဖြတ်သွားဖြတ်လာမည်သို့မျ
စိတ်ခံစားချက်မရှိသော်လည်း ကက္ကိူလ်ပင်ကြီးမှသရဲ
ခြောက်သည်ဟုကြားသိရချိန်ကျယုံကြည်မူမရှိဆိုသော်
လည်းကြောက်သလိုလို၊ရွံသလိုလိုစိတ်မျိုး ဘရင်တစ်
ယောက်ခံစားရနေရတော့၏ ။
ကက္ကိူလ်ပင်ကြီးမှာတခြမ်းပဲ့လရောင်လေးအလင်းအောက်တွင်မကောင်းဆိုးဝါးကြီးတစ်ကောင်ငုတ်တုတ်
ထိုနေသည်အလားစိတ်အတွင်းထင်မြင်မိသောကြောင့်
ဘရင်ခြေလှမ်းလှမ်းခပ်သွက်သွက်လှမ်း၍လျောက်နေစဉ် ပခုံးတွင်လွယ်ထားသော ငါးထည့်ရာပလိုင်းကြိုးမှာတင်းခနဲတစ်ချက်ဖြစ်သွား
သောကြောင့်ဆောင့်ဆွဲသလိုဖြစ်ကာလူကနောက်သို့
ယိုင်လဲမလိုပင်ဖြစ်သွားသည်။
ဘရင်မှာကပျာကသီကိုယ်ဟန်ထိန်း၍ နောက်သို့လည်ပြန်ကြည့်လိုက်မိတော့၏ ။
.....ဟင်.....သ...သ....သရဲ......
...လွတ်....လွတ်....ငါ့...ကို...လွတ်....
ဘရင်မှာမြင်လိုက်ရသောမြင်ကွင်းကြောင့် ကြောက်ဒူးများတဆတ်ဆတ်တုန်လျက် တစ်ကိုယ်လုံးကြက်သီးမွေးညှင်းများထကာ ကြောက်ရွံ့စိတ်ဖြင့်ထူပူ၍စကားမပီမသပြောရင်း
ရှေ့သို့အားကုန်ပြေးနေ၏ ။
အရပ်ခုနှစ်ပေမျအမြင့်ရှိ၍မည်းပြောင်နေသော
အသားအရေဖြင့်ကြောက်မက်ဖွယ်ရာ အသွင်ရှိသော
သရဲကြီးတစ်ကောင်မှာ ဘရင်ငါးဖမ်းပလိုင်းကိုဆွဲထား
သောကြောင့် ဘရင်တစ်ယောက်ရှေ့သို့မည်မျပင်ပြေး
နေစေကာမူ၊ ငါးဖမ်းပလိုင်းကြိုးကသူ့ပခုံးတွင်ရှိနေခြင်း
ကြောင့်နေရာမှတလက်မ မရွေ့ရှိနေပါ၏ ။
ဘရင်လည်းကြောက်လန့်ကာပို၍အားစိုက်ရုန်း
သောအခါ လျော်ကြိုးဖြင့်ပြုလုပ်ထားသောပလိုင်းကြိုးမှာပြတ်ထွက်သွားပြီးဘရင်လည်းအရှိဖြင့်ရှေ့သို့ဝမ်းယားမှောက်ထိုးကျသွားတော့၏ ။
အရှိန်ဖြင့်ပြုတ်ကျသွားခြင်းကြောင့်အလွန်နာကျင်သွားသော်လည်း နာကျင်မူကိုဂရုမပြုအားပဲကုန်းရုန်းထလိုက်ရင်း
နောက်သို့တချက်လှည့်ကြည့်လိုက်ရာ မြေကြီးတွင်
ဆောင့်ကြောင့်ထိုင်၍ဘရင်ငါးဖမ်းပုလိုင်းအတွင်းမှငါး
များကိုလက်ဝါးကျယ်ကြီးဖြင့်နိူက်ဆုတ်ယူရင်း ကျယ်ပြန့်သောပါးစပ်အတွင်းအပြည့်အသိပ်ထည့်ကာ
တဂျွတ်ဂျွတ်ဝါးစားလျက်ရှိနေသော သရဲကြီးကိုတွေ့လိုက်ရသောကြောင့် ဘရင်လည်း
ကြောက်လန့်တကြားရွာသို့တရှိန်ထိုးပြေလာခဲ့တော့၏ ။
ထိုအချိန်မှစ၍ဦးသန့်ဇင်လယ်ထဲမှကက္ကိူလ်ပင်မှသရဲကြီးမှာ ငါးရှာဖားရှာသူများကို ငါးလိုက်လု၊ဖားလိုက်လုဖြင့် တစတစနာမည်ကြီးလာကာ ထိုနေရာကိုလည်းသရဲခြောက်သောနေရာအဖြစ်သတ်မှတ်၍ညအချိန်မတော်တစ်ယောက်တည်းသွားလာခြင်းမျိုးရှောင်ကျဉ်ကြတော့၏ ။
သရဲခြောက်သည်ဟုနာမည်ကြီးပြီးနှစ်လခန့်အကြာ။
ညမှာပိန်းပိတ်မှောင်မဲလျက်ရှိနေ၏ ။
အချိန်ကလည်းညဆယ့်နှစ်နာရီကျော်ပြီမို့
တောသူတောင်သားများမှာဆီမီးခွက်မီးမူတ်၍
အိပ်စက်နေကြပြီဖြစ်သည်။
ဓနိတောရွာကင်းတဲသမားမှာသူမအိပ်ကြောင်း
ဆယ်နှစ်နာရီထိုးချိန်သံချောင်းခေါက်လျက်ရှိနေ၏ ။
ထိုအချိန်
လူနှစ်ယောက်မှာအမှောင်ထုအောက်တွင်လူနှစ်ယောက်မှာ ပေါက်တူး ၊တူရွင်းပြားများကိုင်ဆောင်၍
သရဲခြောက်ပါသည်ဟုလတ်တလောနာမည်ကြီးနေသော ဦးသန့်ဇင်ပိုင်လယ်ထဲမှ ကက္ကိူလ်ပင်ရှိရာ
ရောက်လာကြတောသည်။
သူတို့နှစ်ယောက်မှာ ထွန်းမောင်၊ ဘသောင်းဟုခေါ်သော သူငယ်ချင်းနှစ်ယောက်ဖြစ်ကြပြီး နှစ်ယောက်လုံးမှာ
ဒေသထွက်ကုန်များဝယ်ယူ၍တခြားမြို့ရွာများတွင်
ရောင်းချကြသလို ၊သူတို့နယ်တွင်ရှားပါးသောပစ္စည်းများကိုတခြားနယ်မှ
ယူလာပြီးရောင်းချကြသော ဓနိတောရွာသားကုန်သည်
ပွဲစားနှစ်ယောက်ဖြစ်၏ ။
ယခုလည်းသူတို့နှစ်ယောက်မှာအလုပ်ကိစ္စဖြင့်ရန်ကုန်တက်သွားရာတပတ်ခန့်ကြာပြီး ခုနေ့တွင်မှရွာကိုရောက်လာကြခြင်းဖြစ်၏ ။
နှစ်ယောက်သားပုံစံမှာအရေးကြီးလျို့ဝှက်ကိစ္စရှိနေဟန်စကားပြောလျင်နှစ်ယောက်သားကြားလောက်ရုံတိုးတိုး
သာသာပြောပြီးမျက်လုံးများကလည်းသူတို့ကိုစောင့်ကြည့်သူရှိမရှိစိတ်မလုံစွာဖြင့်ဟန်ပျက်နေကြသည်။
ခရီးရောက်မဆိုက်ခုညမှာပင်အရက်သောက်ရင်း
ရွာကင်းတာဝန်ကျသူအားအရေးတကြီးကိစ္စကြောင့်တခြားရွာသွားရမည်ဖြစ်၍သူတို့ပြန်လာချိန်ရွာတခါးဖွင့်ပေးရန်စည်းရုံးရေးအနေဖြင့်အရက်များတိုက်ပြီးသော်ရွာပြင်ထွက်အရက်သောက်၍ အချိန်တခုစောင့်ဆိုင်းလျက်ရှိကြ၏ ။
အားလုံးအိပ်စက်ချိန်ရောက်သောအခါမှ လက်ကျန်အရက်တစ်ပုလင်းကိုခါးထိုး၍ ပေါက်တူးတူရွင်းပြားများကိုင်၍ ကက္ကိူလ်ပင်အောက်
ရောက်လာခဲ့ကြတော့သည်။
”...အရှေ့ဖက်ကပ်လို့ဆိုတော့ ဒီနေရာပဲကွ
အမြန်တူးကြရအောင်...”
”..အေး..မြင်သာထင်သာရှိအောင် မီးစာလျော့ပြီး
မီးတော့ထွန်းထားရမယ်ကွ....”
နှစ်ယောက်သားကက္ကိူလ်ပင်ကြီး၏အရှေ့ဖက်အခြမ်း
မြေနေရာကို တူးဖော်ရန် မီးအိမ်ကိုမီးစာလျော့၍ ဘေးတွင်ချကာ နှစ်ယောက်သား မြေစတူးကြပါတော့၏ ။
တစ်ယောက်ကပေါက်တူးဖြင့်အပေါ်ပိုင်းမြေအမာများကိုပေါက်၍ မြေသားပျော့လာသောအခါ။ ပေါက်တူး
သမားမှာအမောအပန်းဖြေခနနား၍အရက်သောက်နေချိန်။နောက်တယောက်ကတူရွင်းပြားဖြင့်မြေသားကိုတူးဆွနေပြန်သည်။
အလျားအနံခြောက်ပေပတ်လည်မြေကျင်းကြီးတစ်ခုမှာ
မကြာမှီတဖြည်းဖြည်းဖြင့်လူတစ်ရပ်ကျော်မျနက်လာတော့သည်။
နှစ်ယောက်သားချွေးသံတလုံးလုံးဖြင့်ရှိနေသော်လည်း
တစ်စုံတစ်ခုသောမျော်လင့်ချက်ဇောဖြင့်တက်ကြွ
နေကြတော့၏ ။
”...ဘသောင်းရာ လူတစ်ရပ်ကျော်လာပြီဘာမှမထူး
ခြားပါလား....”
”....မင်းမောရင်ခနနားလေထွန်းမောင်
နေရာမှားတာတော့မဖြစ်လောက်ဘူးကွ
ငါတို့အတိအကျကြားလာတာပဲ...”
”..အေးကွာ..ငါတလှည့်နားမယ် ...
မင်းမောချိန်ကျငါတလှည့်တူးတာပေါ့....”
ထွန်းမောင်မှာကျင်းနူတ်ခမ်းပေါ်ခုန်တက်လာရင်း
ကျင်းနူတ်ခမ်းတွင်မီးအိမ်တင်၍ထွန်းမောင်တူးဆွ၍
ကမ်းပေးလာသောမြေစာခြင်းကိုသွန်ပစ်လျက် လက်ကျန်အရက်ကိုဆက်သောက်နေ၏ ။
အောက်တွင်တူးနေသော ဘသောင်းမှာ
သူ့တူရွင်းပြားသံက တခြားသံတစ်ခုကိုထိမိသောကြောင့်စိတ်တွင်းထိတ်ခနဲ
ခုန်သွား၏ ။
” ထွန်းမောင်အပေါ်ကမီးခနသေချာပြကွာ
အရေးကြီးလို့...”
”...ဟေ....တွေ့...တွေ့ပြီလား....”
ထွန်းမောင်မှာလည်းအလောတကြီးဖြင့်မီးအိမ်ကို
မီးစာအဆုံးထိမြှင့်လိုက်ပြီး မီးအိမ်ကိုကိုင်၍အောက်သို့
လက်ကိုနှိမ့်ကာသေချာမီးပြပေးနေ၏ ။
အပေါ်ပိုင်းကမြေသားများနဲ့ရောနေသော တူးရွင်းပြားထိုးမိရာနေရာပတ်လည်ကို ဘသောင်းမှာသေချာ တူးကြည့်ရာ မြေသားများနဲ့
ရောထွေးနေသောသံသတ္တာကြီးတစ်လုံးပေါ်ထွက်လာ
တော့၏ ။
နှစ်ယောက်သားရင်ခုန်သံမှာကား ကုလားဘုရားပွဲလှည့်သည်အလားဆူညံလျက်ကို့ရင်ခုန်သံကိုကြားနေကြရလျက်ရှိနေသည်။
...ဖွင့်...ဖွင့်ကြည့်.....လေ...ကွာ...
....သော့ရှိတယ်ကွ...ရိုက်ဖွင့်ကြည့်မယ်....
အပေါ်မှထွန်းမောင်မှာသတ္တာကိုကြည့်၍အားမလို
အားမရဖြစ်နေရာ ဘသောင်းမှာသတ္တာအားခတ်ထား
သောသော့ခလောက်ကိုတွေ့သောကြောင့် တူရွင်းပြားဖြင့်အားကုန်ဆောင့်ထိုးလျက်ရှိနေ၏။
မြေကြီးအောက်ရောက်နေသည့်သော့ခလောက်သံများမှာသံချေးများကိုက်လျက်ရှိနေသောကြောင့် ဘသောင်း
တူရွင်းပြားထောင့်စွန်းဖြင့်သုံးလေးချက်ဆောင့်ထိုးလိုက်ရာ သော့ခလောက်ကျွတ်သွားတော့၏ ။
သော့ခလောက်ကျွတ်သွားချိန်ဘသောင်းမှာ
သတ္တာအဖုံးကိုလှန်ဖွင့်လိုက်တော့၏ ။
....ဟာ......ရွေ....ရွေ...တွေ.....
..ငါတို့...ချမ်းသာပြီကွ...ဟား...
သတ္တာဖွင့်လိုက်ချိန်တွင်ဆီမီးရောင်အောက်တွင်ဝင်းပြောင်နေသော ရွေလက်ကောက်ပုတီးများသတ္တာအပြည့်
တွေ့လိုက်ရသောကြောင့် နှစ်ယောက်သားဝမ်းသာအား
ရဖြင့်လောဘစိတ်တက်လျက်ရှိနေကြတော့၏ ။
လောဘဇောတက်နေ၍သူတို့နှစ်ယောက်သတိမထားမိသောအချက်မှာကား ထိုအချိန်တွင် ကက္ကိူလ်ပင်ပေါ်မှ
မည်းမည်းကောင်ကြီးတစ်ကောင်မှာတွင်းတူးနေကြသောအရှေ့ဖက်အကိုင်းသို့ရောက်လာပြီးကျင်းပေါ်တည့်တည့်ခုန်ချလိုက်တော့၏ ။
...ဝုန်း....
....အား....
...ဟင်.....
...သ....သ....သရဲ.....
အောက်တွင်လောဘဇောတက်နေကြသောဘသောင်းနဲ့ထွန်းမောင်မှာရုတ်တရက်အသံတခုကြားလိုက်ရခြင်း
နဲ့အတူ ကျင်းအောက်ရောက်နေသော ဘသောင်းမှာ
သူအပေါ်လေးလံသောအရာကြီးပြုတ်ကျလာခြင်းနဲ့အတူဇက်ကိုလိမ်ချိုးခံလိုက်ရသောကြောင့်နာကျင်မူကြောင့်ဝမ်းခေါင်းသံကြီးဖြင့်အော်ဟစ်၍ဇက်ကျိုးကာ
အသက်ပျောက်သွားတော့၏ ။
အပေါ်မှမီးအိမ်ကိုင်ထားသောထွန်းမောင်မှာကြောင်မက်ဖွယ်ရာရုပ်သွင်ဖြင့်သရဲကြီးကသူ့သူငယ်ချင်းကို
ဇက်လိမ်ချိုးသတ်လိုက်ခြင်းကိုရုတ်တရက်မို့မယုံကြည်နိူင်စွာကြည့်နေရင်း တွင်းပေါ်ခေါင်းမော့ကြည့်လာသော ကြောက်မက်ဖွယ်
ရာသရဲကြီးရုပ်သွင်ကိုမြင်ရချိန်ကြောက်သေးများထွက်
ကုန်ကာနောက်ပြန်ဖင်ထိုင်လဲကျသွားတော့၏ ။
ပြီးမှကုန်းရုန်းထ၍အသံသေးအသံကြောင်အော်ဟစ်၍
ရွာဆီပြေးပါလေတော့၏ ။
”...ကယ်ကြပါအုံး... ဘသောင်းကိုသရဲကြီးဂုတ်ချိုး
သတ်နေလို့...ကယ်ကြပါအုံး.....”
ရွာခြံစည်းရိုးနားရောက်ချိန်တွင်ထွန်းမောင်မှာ
အရူးတစ်ယောက်ကဲ့သို့အော်ဟစ်နေခြင်းကြောင့် ကင်းသမားကသံချောင်းခေါက်လိုက်ရာသူကြီးဦးအောင်မင်းနဲ့ရွာသားများမှာမီးတုတ်ကိုယ်စီ၊လက်နက်ကိုယ်စီဖြင့်ရွာပြင်ထွက်လာရင်းထွန်းမောင်ကိုအကျိုးအကြောင်းမေးကြည့်သော်လည်း ကက္ကိူလ်ပြင်သရဲကထွန်းမောင်ကိုသတ်လိုက်ကြောင်း
သာတွင်တွင်ပြောနေသောကြောင့် ကက္ကိူလ်ပင်ရှိ
ရာအလျင်အမြန်လိုက်သွားကြရာ မြေတွင်းထဲတွင်
ဇက်ကျိုးသေနေသော ဘသောင်းကိုစိတ်မကောင်း
ဖွယ်ရာတွေ့လိုက်ရပါတော့၏ ။
သူကြီးမှာ ဘသောင်းအလောင်းကိုညတွင်းချင်း
မြုတ်နှံရန်စီမံပြီးသောအခါ ထွန်းမောင်ကိုဖမ်းချုပ်၍
စစ်ဆေးမေးမြန်းရတော့၏ ။
ထွန်းမောင်မှာတငိုငိုတရီရီရှိနေရာဦးအောင်မင်းဟိန်းဟောက်လိုက်မှငြိမ်ကုတ်သွားတော့၏ ။
”...ကဲ...ထွန်းမောင်...မင်းတို့အချင်းချင်းဘာပြသာနာရှိလို့ဘသောင်းကိုသတ်လိုက်တာလဲ...အမှန်အတိုင်းဖြေ....”
”...ဟာ...သူကြီး...ကျွန်တော်ဘသောင်းကိုမသတ်ပါဘူး ဘသောင်းကို ကက္ကိူလ်ပင်စောင့်သရဲသတ်လိုက်တာပါ....”
”အဓိပ္ပါယ်မရှိတာတွေမပြောနဲ့ထွန်းမောင်
မင်းတို့ကဘာကိစ္စညနက်သန်းခေါင်အဲနေရာတွင်းသွား
တူးနေကြတာလဲ....”
”...ကျွန်တော်တို့ရတနာတွေသွားတူးရင်း
ရတနာတွေရချိန်ဘသောင်းကိုသရဲသတ်လိုက်တာပါ..”
”....ဘာရတနာလဲ ရွေနဲ့တူတာဆိုလို့အပ်တိုတစ်ချောင်းတောင်မတွေ့ဘူး...မင်းပစိချောက်စပ်ပြောမနေနဲ့ ငါစိတ်တိုလာပြီနော်...”
”.....ဟာ....သတ္တာပြည့်ရွေတွေလေ....သူကြီးတို့တကယ်မတွေ့တာလား...”
”...ငါ...တယ်...ဒီဂန်းနာမသားကတော့လုပ်လိုက်ရမကောင်းဖြစ်နေမယ် အခုဒီမှာရှိနေသူတွေကငါနဲ့အတူ
ပါသူတွေပဲသူတို့ကိုမေးကြည့်...”
သူကြီးမှာ ထွန်းမောင်စကားကြောင့်ဒေါသများဖြစ်လျက်ရှိနေ၏။
သူတို့ရောက်သွားချိန်တွင်မြေကျင်းထဲတွင်ဘသောင်းအလောင်းမှလွဲ၍တခြားအရာများမတွေ့သောကြောင့်ထွန်းမောင်လိမ်လည်၍လျောက်ပြောနေသည်ဆိုကာဒေါသဖြစ်နေခြင်းဖြစ်၏ ။
တစ်ခြားသူများကလည်းဘသောင်းအလောင်းမှလွဲ၍ရတနာများမတွေ့ကြောင်းပြောလာသောအခါ ထွန်းမောင်စိတ်တွင်ဇဝေဇဝါပင်ဖြစ်သွားတော့၏ ။
”...ခုဖြစ်ပျက်သွားတာကိုကျွန်တော်နားမလည်တော့ဘူးသူကြီး ဖြစ်သမျအကြောင်းအစအဆုံးကျွန်တော်အကုန်ရှင်းပြပါ့မယ်...ကျွန်တော်ပြောတာမယုံရင်လည်း ဘာမှတော့မတတ်နိူင်ပေမယ့် ခုပြောမှာတွေကအမှန်ပါ..ဖြစ်ပုံကဒီလိုပါ....”
ဘသောင်းနဲ့ထွန်းမောင်မှာအလုပ်ကိစ္စတစ်ခုဖြင့်ရန်ကုန်သို့သွားကြရင်းရန်ကုန်မှသူတို့ရွာဇာတိချက်ဖွားဘုန်းကြီးတစ်ပါးကျောင်းထိုင်နေသော ပုဇွန်တောင်မှကျောင်းတစ်ကျောင်းတွင်တည်းခိုနေကြစဉ် ဥပဓိရုပ်သန့်သန့် အသက်ငါးဆယ်အရွယ်မိန်းမကြီးတစ်ယောက်ကျောင်းသို့ရောက်လာ၍စကားစပ်မိရာမှ ဦးသန့်ဇင်ညီမမှန်းသိရကာ သူမအကိုအကြောင်းမေးမြန်းရာဦးသန့်ဇင်တို့မိသားစုဓားပြများလက်ချက်ဖြင့်သေဆုံးသွားကြောင်းပြောပြရာယခုမှသိရခြင်းအတွက်ဝမ်းနည်းပက်လက်ငိုနေရှာတော့၏ ။
(ထိုခေတ်အခါက လမ်းပန်းဆက်သွယ်ရေးခက်ခဲသလို
ခေတ်ကာလအခြေအနေမကောင်းသောကြောင့်တစ်နေရာနဲ့တနေရာသွားလာရန်ခက်ခဲသောအချိန်ကာလမျိုးဖြစ်၏ ။)
ဦးသန့်ဇင်ညီမဖြစ်သူမှာဝမ်းနည်းပက်လက်ငိုကြွေးပြီးချိန်တွင် ထူးဆန်းအံ့သြဖွယ်အဖြစ်အပျက်တစ်ခုကို
ဖွင့်ပြောလာတော့၏ ။
သူတို့ရွာနဲ့ခပ်လှမ်းလှမ်းအရပ်တွင်ဦးသန့်ဇင်ပိုင်လယ်မြေပေါ်တွင် ကက္ကိူလ်ပင်ကြီးတစ်ပင်ရှိမရှိမေးမြန်းရာ
မိုးအောင်လုပ်သောလယ်မှန်းချက်ခြင်းသိ၍ ရှိကြောင်း
ပြောရာ...
ဦးသန့်ဇင်မသေမှီကသူ့ထံစာရေးခဲ့ကြောင်း။ နာတာရှည်ရောဂါရှိသောဦးသန့်ဇင်မှာ သူ့အချိန်မရွေးသေသွားနိူင်သောကြောင့် ရုတ်တရက်သူဆုံးပါးသွားပါက မိန်းမဖြစ်သူမှာမလည်မဝယ်မို့ သူပိုင်ပစ္စည်းများကို
ခနထိမ်းသိမ်း၍သားသမီးများအတွက်အလုပ်အကိုင်တစ်ခုစီမံပေးစေလိုကြောင်း တစ်ဦးတည်းသောညီမဖြစ်သူထံစာရေးအကြောင်းကြား
ထားခြင်းဖြစ်၏ ။
ရတနာများကိုသူခိုးဓားမြများလက်မှကာကွယ်ရန်
ကက္ကိူလ်ပင်ကြီး၏အရှေ့ဖက်အပင်ခြေရင်းတွင်မြုတ်နှံထားကြောင်းပြောကာရွာပြန်ချိန်သူမအားခေါ်ရန်၊ သူတို့နှစ်ယောက်ကိုလည်းလုပ်ငန်းကိုင်ငန်းလုပ်ကိုင်ရန်ထိုက်ထိုက်တန်တန်ပေးမည်ဆိုလာ၏ ။
အကိုဖြစ်သူ ရုတ်တရက်ဆုံးပါးသွားကြောင်းကြားလိုက်ရ၍
ဝမ်းနည်းစိတ်ထွေပြားနေချိန် ရတနာမြုတ်နှံရာ နေရာကိုပါပြောပြလိုက်မိခြင်းဖြစ်တန်ရာ၏ ။
”...အော်...အဲတာကြောင့်မင်းတို့နှစ်ယောက်က
ဦးသန့်ဇင်ညီမကိုရွာမခေါ်လာပဲ ရွာကိုအလောတကြီး
ပြန်လာ ရတနာတွေမတွေ့ခင်ပဲ စကားများရန်ဖြစ်ပြီး
ဘသောင်းကိုသတ်လိုက်တာပေါ့....”
”...ဟာ....သူကြီးထင်သလိုမဟုတ်ဘူး
ကျွန်တော်ဘသောင်းကိုလည်းမသတ်ဘူး
နောက်ပြီးဦးသန့်ဇင်ညီမကိုလည်းမခေါ်လာတာ
မဟုတ်ပါဘူး....စကားဆုံးအောင်နားထောင်ပါအုံး...”
ဦးအောင်မင်းဖြတ်ပြောသောစကားကို ထွန်းမောင်မှာအကြောက်အကန်ငြင်းဆန်၍သူ့ဇတ်လမ်းကိုပြန်ဆက်ပြန်၏ ။
သုံးလေးရက်အတွင်းရွာကိုပြန်ကြရန်စီစဉ်ကြပြီး
ညနေစောင်းတွင်ဦးသန့်ဇင်ညီမပြန်သွားတော့၏ ။
နောက်တစ်နေ့မနက်ရောက်သောအခါ
လူတစ်ချို့ကျောင်းသို့ရောက်လာခြင်းနဲ့အတူ ၊ စိတ်မကောင်းစရာသတင်းအဖြစ် ဦးသန့်ဇင်ညီမဖြစ်သူမှာညကနှလုံးဖောက်၍ဆုံးသွားကြောင်းကြားလိုက်ရတော့၏ ။
ဦးသန့်ဇင်ညီမဆုံးကြောင်းသိရချိန်တွင်ရတနာမြုတ်နှံရာနေရာ၊ရတနာအကြောင်းသိသူမှာလောကကြီးတွင်
သူတို့နှစ်ယောက်သာရှိကြောင်းတွေးမိကြ၍တူးယူကြရန်တိုင်ပင်ပြီးရွာသို့အလျင်အမြန်ပြန်လာကာရွာရောက်
သောညတွင်တူးကြရာ ရတနာများတွေ့ချိန်
သရဲကြီးက ဘသောင်းကိုဂုတ်ချိုးသတ်လိုက်ကြောင်း
ူဘသောင်းကိုသူမသတ်ကြောင်းပြောနေရှာ၏ ။
နောက်ဆုံးတွင်
ရတနာများကိုဘသောင်းအနီးမတွေ့ရခြင်း၊ သေသူဘသောင်းနဲ့နောက်ဆုံးအရက်သောက်သူမှာ ထွန်းမောင်ဖြစ်နေခြင်းတို့ကြောင့် ထွန်းမောင်အားမြို့မှသက်ဆိုင်ရာများသို့လူသတ်မူဖြင့်
အပ်လိုက်ရတော့၏။
ထွန်းမောင်မှာနောက်ဆုံးမြို့ဂတ်ကိုပို့ချိန်ထိ
ဘသောင်းကိုသူမသတ်ကြောင်းတွင်တွင်ငြင်းလျက်ရှိနေပါတော့၏ ။
တချို့ရွာသားများမှာ ဘသောင်းနဲ့ထွန်းမောင်တူးခဲ့သောမြေကျင်းနေရာအား
စစ်ဆေးကြည့်ကြရာ သတ္တာမြုတ်နှံထားပုံမြေသားနေရာကိုတွေ့ကြရ၏ ။
အားလုံးထင်မြင်ယူဆချက်မှာထွန်းမောင်မှာရတနာ
သတ္တာတွေ့ချိန်လောဘတက်၍ ဘသောင်းကိုသတ်လိုက်ပြီးရတနာသတ္တာကိုတခြားနေရာတွင်မြုတ်နှံ၍ဘသောင်းကိုသရဲသတ်သလိုလုပ်ကြံ
ဇတ်ဖန်တီးထားသည်ဟုယူဆသူများရှိသလို။
တချို့ကလည်း ဦးသန့်ဇင်မှာ မကျွတ်မလွတ်ပဲရဲတစ္ဆေဘဝဖြင့်သူ့ရတနာများကိုစောင့်ရှောက်နေပြီး သူ့ရတနာကိုလာတူးသော ဘသောင်းကို
သတ်လိုက်ကြောင်းထင်ကြေးပေးကြပြန်သည်။
ထိုပြသာနာ၏အဖြေအမှားအမှန်ကိုတစ်ဦးတည်းသိသော ထွန်းမောင်မှာလည်း ထောင်အတွင်းရန်ပွဲတခုတွင်ဓားထိုးခံရ၍သေဆုံးသွား
သည်ကြားသိရပြန်၏ ။
သူမသေခင်က သူ့နဲ့ခင်မင်သူများအားသူ့သူငယ်ချင်းကိုသူမသတ်ကြောင်း။
သူ့ထောင်ကျဖော်များကိုသူတို့ကြုံခဲ့ရသောဇတ်လမ်းကိုမကြာခနပြောပြတတ်သည်ဟု ဓနိတောဘေးရွာမှထောင်ထွက်တယောက်ပြန်ပြောပြ၍ကြားသိရ၏ ။
ထို့ကြောင့်
ဘသောင်းကိုသတ်သည်မှာသရဲတစ္ဆေသတ်ခြင်းလား။
ရတနာပစ္စည်းများလောဘတက်၍ ထွန်းမောင်သတ်ခြင်းလား။
ရတနာသတ္တာနဲ့ပတ်သက်၍လည်းပဟေဠိများရှိနေပြန်၏။
ရတနာသတ္တာမှာထွန်းမောင်ကတခြားနေရာပြောင်း
ဝှက်ထားခြင်းလား။
သို့မဟုတ်
ပစ္စည်းဥစ္စာကိုစွဲလမ်း၍သရဲဖြစ်နေသောဦးသန့်ဇင်ကရတနာများကိုတခြားနေရာပြောင်းထားလိုက်ခြင်းလားဟူသောမေးခွန်းများကယနေ့အချိန်အထိအဖြေရှာမရသောပုစ္ဆာတပုဒ်အဖြစ်ရှိနေပါတော့သတည်း။
=====================
ပြီးပါပြီ
မြူခိုးအလင်္ကာ