book

Index 10

ဝတ္ထုတို ၁၀

ဘဝခြားမှလာခေါ်သူ

=========


      ...တင်း....တောင်....တင်း...တောင်...


ခြံဝန်းကျယ်တစ်ခုထဲတွင်ကြီးမားသောနှစ်ထပ်တိုက်တစ်လုံးကခန့်ထည်စွာရှိနေပါတယ် ။


     ထိုခြံဝန်းတခါးရှေ့လမ်းပေါ်တွင်ကားတစ်စီးရပ်လျက်

ရှိနေပြီး။ အသက်ငါးဆယ်အရွယ်လူကြီးတစ်ယောက်မှာ

ခြံတခါးမှလူခေါ်(ဘဲလ်)ကိုနှိပ်လျက်ခြံဝန်းအတွင်း

လှမ်းကြည့်နေပါတယ် ။


      ခနအကြာလူငယ်တစ်ယောက်မှာသုတ်သီးသုတ်ပြာဖြင့်

ပြေးထွက်လာကိုတွေ့လိုက်ရပါတယ်... ။


    ”...ကောင်လေး ဒါဆရာကြီး ရာဇနီတို့အိမ်

ဟုတ်ပါသလား...”


”...ဟုတ်ပါတယ် ဆရာ...

ဆရာကြီးကိုတွေ့ဖို့လာတာလား အထဲကိုဝင်လာခဲ့ပါ...”


    ခြံကြီးရှေ့မှလူကြီးအမေးကိုလူငယ်ကပြန်ဖြေရင်း

ခြံဝင်းတခါးကိုဖွင့်ပေးလိုက်ရာ လူကြီးမှာ ကားပေါ်

တက်၍ခြံဝင်းထဲမောင်းဝင်လာပြီးကားပေါ်မှဆင်းလာပြီးလူငယ်ခေါ်ဆောင်မူနဲ့အိမ်ထဲလိုက်ဝင်ပြီးဧည့်ခန်း

ထိုင်ခုံပေါ်တွင်ဝင်ထိုင်လိုက်ပါတယ်...။


   ”...ဆရာကြီးအပေါ်ထပ်မှာ သွားခေါ်ပေးပါ့မယ်

ဘယ်သူလို့ ပြောပေးရမလဲ ခင်ဗျ....…”


”...သေရေးရှင်ရေး ကြုံနေရတဲ့အရေးကြီးကိစ္စရှိနေသူလို့ပြောလိုက်ပါ...”


  လူကြီးအဖြေကြောင့်လူငယ်မှာခေါင်းကုတ်ပြီးအပေါ်ထပ်တက်သွားပြီးပြန်ဆင်းလာပြီး ခနစောင့်ရန်ပြောကာ

မီးဖိုချောင်အတွင်းဝင်သွားပါတယ်... ။


    ခနအကြာမှာပဲအသက်လေးဆယ်ခန့်အရွယ်

လူတစ်ယောက်အပေါ်ထပ်မှဆင်းလာပါတယ်...။


ဆံပင်ကိုနောက်လှန်ဖီးထားတဲ့ခန့်ငြားတဲ့ရုပ်ရည်၊ရှည်လျားတဲ့အရပ်အမောင်းရှိသူတစ်ယောက်ဟာ

အဖြူရောင်ရှပ်အကျီလက်ရှည်ကိုလက်ခေါက်ဝတ်ကာ

စတိုင်ဘောင်းဘီရှည်အနက်တွဲဖက်ဝတ်ဆင်ထားမူက

ကြည့်ကောင်းနေပါတယ် ။


”...မင်္ဂလာပါ ကျွန်တော် ရာဇနီပါ...ဒီကအစ်ကို

ကြီးလာရင်းကိစ္စသိပါရစေ....”


”..ကျွန်တော်နာမည် မိုးသူပါ....”


အပေါ်ထပ်မှဆင်းလာသောရာဇနီလက်ကမ်းနူတ်ဆက်ရာဦးမိုးသူမှာလည်းထိုင်ရာမှထလာပြီးလက်ဆွဲနူတ်ဆက်လိုက်ရင်းခုံပေါ်အသီးသီးထိုင်လိုက်ကြပါတယ်..။

ဒေါ်အချိန်မှာ ခြံတခါးဖွင့်ပေးသောကောင်လေးက

ကော်ဖီဗန်းသယ်လာသောကြောင့် စကားစပြတိကာ

ခနငြိမ်နေလိုက်ကြပါတယ်...။


”..အစ်ကိုကြီးလာရင်းကိစ္စကိုပွင့်ပွင့်လင်းလင်းပြောပြ

နိူင်ပါတယ်...”


”...ကျွန်တော် သမီးအရေးကိစ္စပါဆရာကြီး 

ဒီလိုပါ ကျွန်တော်သမီးဟာ လွန်ခဲ့တဲ့တစ်လကစပြီး

ညညဆိုသူ့အခန်းထဲ သရဲတစ်ကောင်ဝင်နေတယ်

ဆိုပြီး ကြောက်ရွံ့နေတတ်ပါတယ် ။


     တစ်ခြားသူတွေစောင့်အိပ်ပြန်တော့လည်း

အိပ်လိုက်တာနဲ့အဲဒီသရဲကသူ့ကိုခြောက်လှန့်နေတာမို့

အိပ်ယာကလန့်အော်ပြီးနိူးလာတတ်ပါတယ်...။

    ကျွန်တော်ဟာ အစကသရဲတစ္ဆေကိုအယုံကြည်မရှိသူမို့ သမီးလေးကို

ဆရာဝန်ကြီးတွေဆီမှာပြကြည့်ပါတယ်.. ။

    သူတို့အားလုံးကသမီးလေးကိုစိတ်ကယောက်ကယက်

ဖြစ်တာ ရှင်းရှင်းပြောရရင်ရူးနေတာပေါ့ ဆရာကြီးရေ...။

သမီးလေးကတော့ သူမရူးကြောင်းကျွန်တော်ကိုငိုယို

ရှင်းပြပါတယ် ။

    ကျွန်တော်လည်းသမီးမရူးဘူးလို့စိတ်ကအလိုလို

သိနေတယ်။

  ခက်တာက သမီးကြုံနေရတဲ့ပြသာနာကိုအဖြေရှာမရ

တာပါပဲ..။


   ဒီလိုနဲ့မိတ်ဆွေတစ်ယောက်ကတစ်ဆင့်နိူင်ငံတကာ

လှည့်ပြီး နိူင်ငံခြားတိုင်းပြည်တွေမှာတောင် သရဲတစ္ဆေ

ပူးကပ်နေသူတွေကို ကုသပေးနိူင်တဲ့ဆရာကြီးအကြောင်းတွေပြောပြလာတာကြောင့်ဆရာကြီးဆီရောက်လာခဲ့ရတာပါပဲ...

ဖြစ်နိူင်ရင်သမီးလေးကိုခနလိုက်ကြည့်ပေးပါ....။


ဦးမိုးသူစကားကိုရာဇနီကငြိမ်သက်စွာနားထောင်ရင်းအိတ်ကပ်ထဲမှစီးကရက်ဗူးထုတ်ကာ တလိပ်ထုတ်ယူပြီးမီးညှိဖွာရိူက်လျက်ရှိနေပါတယ် ။


ဦးမိုးသူကတော့ သမီးအကြောင်းပြောနေချိန်သောက

အရိပ်အငွေ့က မျက်နှာပေါ်ထင်ဟပ်လျက်ရှိပြီး

ရာဇနီစကားကိုမျော်လင့်တကြီးစောင့်မျော်နေပါတယ်။


ရာဇနီမှာရုတ်တရက်မတ်တတ်ရပ်လိုက်ပြီး..


”..ကျုပ်လည်းခုတလောပျင်းနေတာနဲ့ အတော်ပဲ

စိတ်ရောဂါလား ပရောဂလား ကြည့်ရတာပေါ့....”


   ရာဇနီမှာအဝတ်အစားမလဲတော့ပဲသူ့လွယ်အိတ်ကို

ခြံတခါးဖွင့်ခိုင်းသောကောင်လေးကိုပင်ယူခိုင်းလျက်

ဦးမိုးသူနဲ့လိုက်ခဲ့ပါတယ်။


  ဦးမိုးသူက အသွားအပြန်သူလိုက်ပို့မည်ဟုဆိုကာ

ရာဇနီကိုတင်ဆောင်ပြီးသူ့အိမ်ရှိရာသို့မောင်းလာခဲ့ပါတော့တယ် ။


လမ်းတွင်ပြောပြလာသောဦးမိုးသူအကြောင်းများမှာ

ဦးမိုးသူမှာဇနီးဖြစ်သူဆုံးပါးသွားသည်မှာသုံးနှစ်နီးပါးရှိပြီဖြစ်ပါတယ်။

 အလုပ်အကိုင်မှာ နာမည်ကြီးအထက်တန်းပြကျုရှင်

ဆရာတစ်ယောက်ဖြစ်ပါတယ် ။


    မြို့သစ်စီမံကိန်းမှတိုက်ပုလေးတစ်လုံးရှေ့မှာ

ကားကိုရပ်ပြီး ဦးမိုးသူက ရာဇနီကိုအိမ်ထဲဝင်ရန်

ဖိတ်ခေါ်လိုက်ပါတယ်.... ။


       ”..အစ်မ သမီးလေး အခန်းထဲမှာလား

ခနသွားခေါ်ပေးပါလား... ”


   မိန်းမခပ်ဝဝတစ်ယောက်ကိုဦးမိုးသူမှသမီးဖြစ်သူကို

သွားခေါ်ခိုင်းနေပါတယ်။


    သူ့အစ်မအပျိုကြီးဖြစ်ပြီးသမီးဖြစ်သူကြုံနေရသော

အခြေအနေကြောင့်အတူနေရန်ခေါ်ထားခြင်းဖြစ်ကြောင်းဦးမိုးသူကရာဇနီကိုပြောပြလာပါတယ်...။


   ဦးမိုးသူအစ်မပြန်လာချိန်တွင်ပိန်ပိန်ပါးပါးဖြူလျော့လျော့သွေးဆုတ်နေသောမျက်နှာနဲ့မိန်းမပျိုတစ်ယောက်ကို

ဘေးမှဖေးကူပြီးထွက်လာပါတယ်....။    


     ”...ဒါကျွန်တော်သမီးလေး ဘရဏီသော်ပါဆရာကြီး.....”


      မိန်းမပျိုလေးမှာနူတ်ဆက်အပြုံးယဲ့ယဲ့ ရာဇနီကို

ပြုံးပြလာရှာပါတယ်...။


        ”..ကျွန်တော် သူနဲ့နှစ်ယောက်တည်းစကားပြောလို့ရမလား အစ်ကိုကြီး...”


”..ရပါတယ် ဆရာကြီး ပြောပါ... ”


ရာဇနီခွင့်တောင်းမူကို ဦးမိုးသူကလက်ခံပြီးအစ်မဖြစ်သူကိုခေါ်ကာတခြားနေရာရှောင်သွားပါတယ်.....။

    ယခုဧည့်ခန်းထဲတွင်ရာဇနီနဲ့မေဘရဏီသော်နှစ်ယောက်သာရှိနေပါတော့တယ် ။

   ရာဇနီက မိန်းခလေးကိုပြုံးပြလိုက်ရင်း


”...သမီးကြုံနေရာတာ ဦးကိုမချွင်းမချန်ပြောပြနိူင်ပါတယ်...”


”...ဦးကဆရာဝန်လား သမီးအကြောင်းဦးကိုပြောမယ်၊ ဒါဆိုရင်သမီးကိုစိတ်ရောဂါရှင်လို့ပြောမှာပါပဲ....”


”...နိူး..သမီးထင်သလိုမဟုတ်ဘူး ဦးကဆရာဝန်မဟုတ်ဘူး ပြောရရင် သရဲတစ္ဆေအကြောင်းအထူးပြုလေ့လာသူတစ်

ယောက်၊မြန်မာလိုအလွယ်ခေါ်ရင် ပယောဂကုဆရာပေါ့...ဒါကြောင့်သမီးကြုံရတာ

ဦးကိုပြောပြပါ ဒါမှဦးကူညီစရာရှိတာ ကူညီလို့ရမှာပေါ့.....”


    မေဘရဏီသော်မှာ ရာဇနီကိုဆရာဝန်ဟုထင်မှတ်ပြီးစိတ်ပျက်လက်ပျက်ပြောလာခြင်းကြောင့် ရာဇနီကပြန်ရှင်းပြရာ ရာဇနီ ဝတ်စားထားပုံနဲ့ ပယောဂဆရာအလုပ်နဲ့တွဲပြောပြီး

အံ့သြနေဟန်ရှိပါတယ်... ။


  ”...ဒီလိုပါဦး သမီးလွန်ခဲ့တဲ့တစ်လကစပြီး သရဲတစ်ကောင်ကို သမီးအခန်းမှာမြင်နေရပါတယ်...

    သရဲကအိပ်ယာမျက်နှာကျက်ပေါ်၊ကုတင်အောက်

နောက်မှန်ကြည့်တော့လည်းမှန်ထဲမှာပုံရိပ်ထင်နေပြန်တယ် ။ 

     သရဲတွေ့ပြီးလန့်အော်တော့ တခြားသူတွေရောက်လာချိန်သရဲကိုရှာမတွေ့တော့ဘူး...တစ်ခါတလေအိပ်နေရင်းစိတ်မသိုးမသန့်ဖြစ်လို့နိူးလာရင်သမီးကုတင်ဘေးမှာရပ်ကြည့်နေတတ်ပြန်တယ်

သမီးကြုံရတာတွေတခြားလူတွေမမြင်ရတော့ ပြောပြ

ရခက်နေတယ်လေ ၊ဆရာဝန်တွေကိုပြောပြတော့စိတ်ကယောက်ကယ်ဖြစ်တာဆိုပြီးစိတ်ငြိမ်ဆေးတွေအိပ်ဆေးတွေပေးသွားကြတယ်... 

ဒီအတိုင်းသာဆက်ဖြစ်နေရင်သမီးတကယ်ရူးသွားမှာသေချာပါတယ် ဦးရယ်.. ဒီဒုက္ခတွေကိုလည်းမခံစားနိူင်

တော့ပါဘူး....”


”...သမီးပြောပြတာ ဦးယုံပါတယ် ပြသာနာရှိရင်

ဖြေရှင်းဖို့နည်းလမ်းတစ်ခုမဟုတ်ရှိပါတယ်..။

   အဓိကအချက်က အဲဒီပြသာနာကိုဖြေရှင်းဖို့အဖြေ

ရှာတွေ့ဖို့ပါပဲ.....”


     နဂိုချောမောသောမျက်နှာလေးမှာအအိပ်အစားပျက်၍

မျက်တွင်းဟောက်ပက်ဖြစ်နေသော ကောင်မလေးမှာ

စိတ်ဓတ်လည်းကျနေပုံရသောကြောင့် ရာဇနီကအားပေးစကားပြောရင်းအခြေအနေကိုလေ့လာအကဲခတ်ကြည့်နေမိတယ်... ။


      တစ်ခြားသောစိတ်ပညာဆိုင်ရာမေးခွန်းများကို

မသိမသာမေးမြန်းကြည့်ရာ မေဘရဏီသော်မှာ စိတ်ရောဂါဝေဒနာရှင်မဟုတ်မှန်းကြိမ်းသေသွားပါတယ်...။

 သူမေးလိုရာမေးပြီးရာဇနီမှာတခြားလူများဝင်လာ၍

ရပြီဖြစ်ကြောင်းအသိပေးလိုက်ပါတယ် ။


  မေဘရဏီသော်နဲ့အဒေါ်ဖြစ်သူမှာဧည့်ခန်းမှထွက်ခွာ

သွားကြပြီဖြစ်ပါတယ် ။

  ဧည့်ခန်းထဲမှာတော့ ရာဇနီနဲ့ဦးမိုးသူသာရှိနေပါတယ် ။

”..    အခြေအနေ ဘယ်လိုရှိလဲ ဆရာကြီ...”


” စိတ်ရောဂါမဟုတ်တာတော့သေချာပါတယ်

တခြားဘာအကြောင်းအရာလဲဆိုတာသိရဖို့ ညအထိ

စောင့်ဖို့လိုအပ်တယ်.. ကျွန်တော် မကြာခင်မှာ

 ဒီကိစ္စရဲ့တချို့တဝက်ကိုတော့ ပြောပြနိူင်ပါတယ်..”


”...ဆရာကြီးကိုအားကိုးပါတယ် ကျွန်တော်လည်းခုလိုကိစ္စမျိုးနားမလည်တော့အတော်

ခက်နေပါတယ်..သမီးလေးဒုက္ခခံနေရတာမကြည့်ရက်

နိူင်တော့ပါဘူး ကျွန်တော်မှာဒီသမီးလေးတစ်ယောက်ပဲရှိတာမို့

ကူညီပေးပါဆရာကြီးရယ်.....”


”...ကျွန်တော်ပြသာနာအဖြေကိုအရင်ရှာပါရစေ

အစ်ကိုကြီး ပြသာနာကိုကျွန်တော် ရှင်းနိူင်မရှင်းနိူင်

ကတော့တပ်အပ်သေချာမပြောနိူင်သေးပါဘူး...

   ညကလည်းမှောင်တော့မှာဆိုတော့ အခန်းလွတ်

တစ်ခုစီစဉ်ပေးပါ ။အဲဒီအခန်းထဲမှာ

     စားပွဲခုံတစ်လုံးရယ်၊နောက်ထိုင်ခုံသုံးလေးခုံလောက်ထည့်ထားပေးပါ...။..”


” ကျွန်တော်အမြန်ဆုံးစီစဉ်လိုက်ပါ့မယ် ဆရာကြီး...”


ဦးမိုးသူမှာသူအိမ်မာလီကောင်လေးတစ်ယောက်ကိုခေါ်၍ အခန်းတစ်ခုအတွင်းပစ္စည်းများထုတ်ခိုင်းနေချိန်

ရာဇနီမှာစီးကရက်တစ်လိပ်ကိုမီးညှိဖွာရိူက်ရင်းအတွေး

နယ်ချဲ့နေဟန်ဖြင့်ရှိနေပါတယ်....။


"..ရေမိုးချိုး ညစာစားလိုက်ပါလား ဆရာကြီး....”


 ”..မချိုးတော့ဘူး ၊ညစာကတော့ ကျွန်တော်စားလေ့မရှိပါဘူး အစ်ကိုကြီးသမီးအဆင်ပြေရင် ခုတစ်ခါတည်း

အလုပ်စချင်ပါတယ်... ”


   ” အဆင်ပြေပါတယ် ကျွန်တော်သွားခေါ်လိုက်ပါ့မယ်...”


   အခန်းတစ်ခုလုံးရာဇနီပြောကြားထားသလိုရှင်းလင်းလျက်အခန်းအလယ်တွင် စားပွဲခုံတစ်လုံးနဲ့ ကူလားထိုင်

ငါးလုံးကိုဝိုင်းပတ်ချထားရာ ရာဇနီက ခေါင်းရင်းဖက်

ကုလားထိုင်တွင်ဝင်ထိုင်လိုက်ပါတယ်..။


   သူ့လွယ်အိတ်အတွင်းမှပစ္စည်းတချို့ကိုလည်းစားပွဲခုံပေါ်

ထုတ်တင်လိုက်ပါတယ်..။


     ရှေးခေတ်မီးအိမ်ပုံစံမျိုးဖန်တီးထားသောလျှပ်စစ်

မီးအိမ်တစ်လုံး၊ သင်းအုပ်ဆရာများဝတ်လေ့ရှိသော

ဝတ်စုံဝတ်ရုံရှည်ပုံစံ ကြက်သွေးရောင်ဝတ်ရုံတစ်ထည်

တို့ဖြစ်ပါတယ် ။


   ဝတ်ရုံရှည်ကိုရာဇနီကခေါင်းမှစွတ်ပြီးဝတ်ဆင်ထား

လိုက်ပါတယ် ။


    ထိုအခါမှ ကြက်သွေးရောင်ဝတ်ရုံရှည်ရင်ဘတ်မှာရွေရောင်နဲ့ချည်နဲ့ထိုးထားတဲ့ခြောက်ထောင့်ကြယ်ကြီး

တစ်လုံးကထင်ရှားစွာပေါ်လာပါတယ်..။


      ဦးမိုးသူတို့သားအဖနဲ့အစ်မဖြစ်သူဝင်လာချိန်မှာ

ရာဇနီကလွတ်နေတဲ့ထိုင်ခုံတွေမှာဝင်ထိုင်ခိုင်းလိုက်

ပါတယ်...။

ရာဇနီနဲ့မျက်နှာခြင်းဆိုင်ထိုင်ခုံတစ်ခုကလွတ်နေပါတယ်။


အပြင်ဖက်တွင်အလင်းရောင်ပျောက်ပြီးအမှောင်ထုက

အစားထိုးဝင်ရောက်နေပြီဖြစ်ပါတယ်...။


ရာဇနီမှာအခန်းတခါးကိုစေ့ထားပြီးအခန်းမီးကိုပိတ်လိုက်ပြီး စားပွဲပေါ်တင်တင်ထားတဲ့မီးအိမ်လေးကို

ခလုပ်ကိုဖွင့်လိုက်ရာ ပြာလဲ့လဲ့မီးရောင်လေးထွက်ပေါ်

လာပါတယ် ။


   ... အားလုံးလက်ကိုခုံပေါ်တင်ပြီး အသံမထွက်ကြပါနဲ့...


ရာဇနီဝတ်ဆင်ထားသောကြက်သွေးရောင်ဝတ်ရုံမှာပြာလဲ့လဲ့မီးရောင်ကြောင့်အရောင်တမျိုးထွက်နေပြီး ရွေရောင်ခြောက်ထောင့်ကြယ်ကြီးမှာအရောင်တဝင်းဝင်းလက်လျက်ရှိနေပါတယ် ။

  ရာဇနီမှာအားလုံးကိုအသံမထွက်ကြစေရန်မှာကြားပြီး

ခနမျငြိမ်သက်စွာအခန်းပတ်လည်ကိုကြည့်နေပါတယ်။


”...ခုဒီအိမ်ကမကောင်းဆိုးဝါးကို ကျုပ်ဆင့်ခေါ်တယ်

တကယ်လို့ဒီအိမ်မှာ မေဘရဏီသော်ကိုလာနှောင့်ယှက်နေတဲ့ မကောင်းဆိုးဝါးကို ကျုပ်ခေါ်တယ် 

  သင်ဘာကြောင့်နှောင့်ယှက်နေရတာလဲ

ဘယ်လိုအကြောင်းအရာကိစ္စမျိုးကြောင့်

ခုလိုရောက်နေရတာလဲ ကျွန်ပ်ကတစ်ဆင့်

ဆက်သွယ်ပြောကြားလို့ရအောင် လာခဲ့ပါ..”    


....ကျြီ....အီ....အီ.....


  ရာဇနီမှာ မတ်တတ်ရပ်ရင်းသရဲဆင့်ခေါ်ခြင်းပြုလုပ်နေပါတယ် ။


   ရာဇနီဆင့်ခေါ်အပြီးခနအကြာမှာ ပိတ်ထားတဲ့တခါးကိုလေတိုးလိုက်သလို တဖြည်းဖြည်း

မြည်သံရှည်ပြုပြီးပွင့်သွားပါတယ်...။


 အားလုံးအကြည့်တွေအခန်းတခါးဆီကြည့်ရူနေကြစဉ်မှာပဲလူမမြင်ရပဲခြေသံတရှပ်ရှပ်အခန်းအတွင်းဝင်လာသံကြားလိုက်ကြရပါတယ် ။


...ဟင်...အောင်မလေး....


..မကြောက်နဲ့ သမီး ဦးရှိတယ်...


လွတ်နေတဲ့ထိုင်ခုံကိုဆွဲပြီးဝင်ထိုင်လိုက်သံကြားရချိန်

ရာဇနီက သူရှေ့ကမီးအိမ်ကိုစားပွဲအလည်တွန်းပို့လိုက်

ပါတယ် ။

  မေဘရဏီသော်ထံမှကြောက်လန့်တကြားအသံထွက်ပေါ်လာခြင်းကြောင့် ရာဇနီကမကြောက်လန့်စေရန်အား

ပေးစကားဆိုလိုက်ပါတယ် ။


    မီးရောင်နဲ့ထိုင်ခုံလွတ်ပေါ်မှာကြောက်စရာရုပ်သွင်နဲ့

မကောင်းဆိုးဝါးသရဲတစ်ကောင်ထိုင်လျက်ရှိနေတာကို

မေဘရဏီသော်နဲ့ ရာဇနီသာမြင်ရပြီး တခြားသူများ

ကမမြင်ရတာကြောင့် ရာဇနီကမေဘရီသော်ကိုအား

ပေးစကားပြောနေချိန်နားမလည်နိူင်စွာလှမ်းကြည့်

နေကြပါတယ် ။


ရာဇနီမှာထိုင်ခုံပေါ်တွင်ထိုင်ပြီးမျက်လုံးများမှေးမှိတ်ပြီး

စိတ်ကိုဖြေလျော့လိုက်ပါတယ် ။ 

သရဲနဲ့စကားပြောဆိုရန်သူ့ဝိညဉ်ကိုစလွတ်နေပါတယ်။

မကြာခင်ရာဇနီမှာ အောက်ခြေတွင်မြူများဆိုင်းပြီး

အမှောင်ထုများသိပ်သည်းစွာရှိနေသောနေရာတစ်ခုသို

ရောက်ရှိသွားပါတယ်။


လက်ဆွဲမီးအိမ်လေးကလက်တွင်းရှိနေသောကြောင့်

မီးအိမ်လေးကိုမြောက်ကြည့်လိုက်ရာ လူတစ်ယောက်

သူနဲ့မလှမ်းမကမ်းမှာကျောပေးရပ်နေတာတွေ့လိုက်ရပါတယ် ။


   ကျောပေးရပ်နေသူက ရာဇနီဖက်လှည့်လိုက်ချိန်တွင်ကြောက်မက်ဖွယ်ရာရုပ်သွင်ကြောင့်

နောက်သို့ခြေတလှမ်းဆုတ်လိုက်မိပါတယ်။


”...မင်းဘယ်သူလဲ ဘာလို့ဟိုမိန်းခလေးကို

ဒုက္ခပေးနေရတာလဲ...”


...မုန်း...လို့....သူကို..မုန်းလို့......


...မင်းလုပ်ရပ်ကိုရပ်တန့်ကရပ်ပါ မရပ်ဘူးဆိုရင်

ငါနဲ့ထိပ်တိုက်တွေ့ရလိမ့်မယ်...


...မကြာခင်မှာပဲ သူ့ဝိညဉ်ကို အမှောင်လောကထဲ

ခေါ်သွင်းနိူင်တော့မယ် တားနိူင်ရင်လိုက်တားကြည့်ပေါ့

ဟားဟား.... ဟားဟား..... ဟား.. ဟား.....


     မကောင်းဆိုးဝါးသရဲမှာ ရာဇနီအမေးစကားကိုအက်ရှရှရယ်သံပြုလျက် ပြန်ဖြေရင်း ကျေနပ်အားရစွာရယ်မောနေရာ ရာဇနီတစ်ယောက်မခံမရပ်နိူင်စွာတိုးဝင်လာတာကြောင့်နားစည်များကွဲတော့မည်အလားခံစားနေရသည်မို့

ဒူးထောက်ထိုင်လိုက်ပြီးသူ့နားနှစ်ဖက်ကိုပိတ်

ထားလိုက်ပေမယ့် အသံကဆက်တိုက်နားအတွင်းတိုး

ဝင်လာတာကြောင့် သည်းမခံနိူင်စွာအော်ဟစ်လိုက်ပါ

တော့တယ်... ။


....အား......


...ဆရာကြီး....ဆရာကြီး....


.....ဟူး......


ပခုံးကိုလူပ်ယမ်းပြီးခေါ်သံတစ်ခုကြားလိုက်ရတာကြောင့်ရာဇနီမျက်လုံးများကိုဖွင့်လိုက်ရာ သူ့ကိုခေါ်နေသူမှာ ဦးမိုးသူဖြစ်ပြီး တခြားသူများက

စိုးရိမ်တကြီးဝိုင်းကြည့်နေကြတာကိုတွေ့လိုက်ရပါတော့တယ် ။


   ဦးမိုးသူက အခန်းမီးကိုသွားဖွင့်လိုက်ရာအခန်းတစ်ခုလုံးလင်းသွား

ပါတယ် ။


   ရာဇနီမှာဇောချွေးများပျံလျက် ပင်ပန်းနွမ်းနယ်စွာရှိနေရာမှ သူ့အဝတ်အစား လက်ဆွဲမီးအိမ်ကို အိတ်အတွင်းပြန်ထည့်နေပါတော့တယ် ။


     ပြီးနောက် အိမ်လိုက်စာကိုပေး၍ သူ့ကိုလာကြိုရန်ဖုန်းဆက်ရင်း အပြင်ထွက်လာရာ

ဦးမိုးသူမှာနောက်မှစိုးရိမ်တကြီးလိုက်လာပါတော့တယ်။

   ”..ဘယ်လိုဖြစ်တာလဲ ဆရာကြီး  ဘာဖြစ်လို့လဲ...”


   ”..ကျွန်တော်တောင်းပန်ပါတယ် အစ်ကိုကြီး

ဒီကိစ္စကိုအဆုံးထိကျွန်တော်မလုပ်နိူင်လို့

တခြားတစ်ယောက်ရှာကြည့်ပေးပါ...”


”...ဘယ်လိုကြောင့်များလဲ ကျွန်တော်နားလည်အောင် ရှင်းပြပေးပါအုံး...”


” ဒီဝိညဉ်ကအငြိုးကြီးတယ်.. သူမသေခင်နောက်ဆုံး

ဆန္ဒကခင်ဗျားသမီးကို ဒုက္ခပေးဖို့ရည်စူးထားပုံရတယ်

သေခါနီးအစွန်းရောက်စိတ်ဆန္ဒပြုထားတဲ့ဝိညဉ်တွေဟာစွမ်းအားကြီးတတ်တယ် ...ဒီလိုဝိညဉ်မျိုးရင်မဆိုင်နိူင်တာက ကျွန်တော်စိတ်သမာဓိက အကြောင်း

တစ်ခုကြောင့်ပျက်ယွင်းနေလို့ပါပဲ... ”


”..ဟင်...ဒီလိုဆို ကျွန်တော့်သမီးအန္တရယ်ရှိနေပြီပေါ့..

ကယ်ပါအုံးဆရာကြီးရယ် ပစ်မထားပါနဲ့ ကျွန်တော်ပိုက်ဆံဘယ်လောက်ကုန်ပါစေ

ကျွန်တော်သမီးလေးဘေးကင်းရင် ရပါပြီ...”


ခြံဝင်းထဲတွင်ရာဇနီကားစောင့်နေစဉ် ဦးမိုးသူကိုယခု

ကိစ္စဆက်မလုပ်ရန်ငြင်းဆန်နေခြင်းဖြစ်ပါတယ် ။


ဦးမိုးသူမှကူညီရန်အတန်တန်တောင်းဆိုသော်လည်း

ရာဇနီမှာသူအကြောင်းနဲ့သူမို့ ငြင်းဆန်စကားသာဆို

နေပါတော့တယ် ။

    ထိုအချိန်ခြံဝတွင်ကားရောက်လာသောကြောင့်


..တစ်ခြားတစ်ယောက်ကိုအမြန်ရှာပါအစ်ကိုကြီး

ကျွန်တော်မကူညီနိူင်တာ စိတ်မကောင်းပါဘူး

ကျွန်တော်ပြန်ပါတော့မယ်....


  ဦးမိုးသူခြံဝင်းအတွင်းငိုင်တွေကျန်နေရစ်ခဲ့စဉ် ရာဇနီမှာကားပေါ်တက်ပြီးအိမ်ပြန်လာခဲ့ပြီဖြစ်ပါတယ်။


  ဒေါက်တာမလေး  ပြည့်ဖူးဝေမှာ ရှေးဟောင်းဂူသင်ချိုင်းများ ၊ကျိန်စာများ ရှေးဟောင်းလောကီပညာရပ်များကို အထူးတလည်စိတ်ဝင်စားကာ ကျမ်းပြုလေ့လာနေသူ

ဖြစ်ပါတယ် ။


     ရာဇနီမှာလည်းထိုကိစ္စရပ်များအထူးတလည်လေ့လာလိုက်စားပြီး သရဲချွတ် ၊သရဲနှင်ကိစ္စများကိုနိူင်ငံခြား

တိုင်းပြည်များမှာပင်နာမည်တစ်ခုရသည်အထိဂုဏ်သတင်းကြီးနေချိန် ဝါသနာတူလူနှစ်ယောက် လူမျိုးတူနှစ်ယောက်နိူင်ငံခြားတစ်နေရာတွင်ဆုံမိရာမှ

ဒေါက်တာမလေးပြည့်ဖူးဝေမှသူ့ကိစ္စရပ်များအတွက်

ရာဇနီကိုအကူအညီတောင်းလာတာကြောင့်စာတမ်းပြု

စုရန်လိုအပ်ချက်များရာဇနီမှလိုက်ပါကူညီရာမှတဆင့် နှစ်ယောက်သားသံယောဇဉ်ငြိတွယ်ပြီးချစ်သူဘဝရောက်ခဲ့ကြပါတယ် ။


 အီဂျစ်သို့ရောက်နှစ်ယောက်အတူသွားရောက်ပြီးရှေး

ဟောင်းဂူသင်ချိုင်းများလေ့လာကြရာ ဒေါက်တာပြည့်ဖူးဝေကို သရဲတစ်ကောင်ဝင်ပူးကပ်

ပါတော့တယ်။ ရာဇနီမှာသရဲတစ္ဆေနှင်သူတစ်ယောက်ဖြစ်သောကြောင့်

သူ့စွမ်းအားများအကုန်အသုံးချပြီး ချစ်သူကိုယ်ကယ်တင်ရန်ကြိုးစားပေမယ့် ချစ်သူကို

ဆုံးရူံးလိုက်ရပါတယ် ။


     ထိုကိစ္စရပ်များကြောင့်မြန်မာပြည်ပြန်လာပြီး

နေထိုင်သည်မှာတစ်နှစ်ဝန်းကျင်သာရှိပါသေးတယ် ။


    ကားကခြံအတွင်းရောက်ချိန်မှ ရာဇနီမှာချစ်သူကိုဆုံးရူံးခဲ့ရသောအတိတ်ကိုတွေးနေရာမှလက်ရှိပစ္စုပ္ပန်သို့စိတ်ပြန်ရောက်လာခဲ့ပါတယ်...။


 ရေမိုးချိုးလိုက်ပြီး အိပ်ယာဝင်ခဲ့ပေမယ့် အတော်နဲ့အိပ်မရပဲ မျက်စိကြောင်နေကာ မိုးလင်းကာ

အချိန်ရောက်မှအိပ်ပျော်သွားပါတော့တယ် ။


     နေ့လည်တစ်နာရီခန့်အိပ်ယာမှနိူးလာသော

ရာဇနီမှာ ကိုယ်ကာယလေ့ကျင့်ခန်းအားကစားလုပ်

ရေမိုးချိုးလိုက်ပြီး တပည့်ကျော် သာခေါင်ပြင်ဆင်

ပေးထားသော နေ့လည်စာကိုစားကာ ရှေးဟောင်း

အီဂျစ်ကျိန်စာကျမ်းတစ်စောင်ကိုဖတ်ရူနေလိုက်ပါ

တော့တယ် ။


         ညနေငါးနာရီခွဲအချိန်တပည့်ကျော်သာခေါင်

အပေါ်ထပ်သို့အမောတကောပြေးတက်လာတာတွေ့

လိုက်ရတာကြောင့် ရာဇနီမှာ မျက်မှောက်ကြုတ်ကာ

သာခေါင်ကိုစိုက်ကြည့်ရင်း....


”..ဆရာ...ဟိုလူကြီးဦးမိုးသူ ခြံရှေ့ရောက်နေတယ်

ဆရာနဲ့မတွေ့ရမချင်းမပြန်ဘူးတဲ့...”


”..မင်းကိုငါပြောထားတယ်လေကွာ သူလာရင်

ငါမရှိဘူး ၊ဘယ်သွားလဲမသိဘူးပြောခိုင်းထားတာပဲ...”


    ”..ပြောပြီးပြီ မရဘူးဆရာ ခနလေးဖြစ်ဖြစ်

ဆရာနဲ့စကားပြောပါရစေတဲ့ သေရေးရှင်ရေးမို့ပါ..

ပြီးရင်ပြန်ပါ့မယ်တဲ့...”


   ရာဇနီမှာ အပေါ်ထပ်ခန်းစီးလိုက်ကာကြားမှအိမ်ရှေ့ခြံဝန်းတခါးဆီကြည့်လိုက်ရာ ကားပေါ်မှဆင်း၍ခြံရှေ့တွင်ခေါက်တုန့်ခေါက်ပြန်လျောက်လိုက် ဂနာမငြိမ်စွာဖြင့်ခြံထဲမျော်ကြည့်လိုက်

လုပ်နေသော ဦးမိုးသူကိုတွေ့လိုက်ရတာကြောင့်

သက်ပြင်းချလိုက်ပါတယ် ။


  ”..     ခြံတခါးဖွင့်ပေးပြီး အောက်ထပ်မှာ

စောင့်ခိုင်းလိုက် သာခေါင် ငါအခုဆင်းလာမယ်... ”


     ရာဇနီမှာအိမ်နေရင်းအဝတ်အစားများကိုလဲလှဲဝတ်ဆင်၍သူ့ပစ္စည်းများကို ဟန်းဘက် ဘေးလွယ်အိတ်အတွင်းအားလုံးစုံအောင်ထည့်နေပါတယ် ။


   ”  ကဲ..အစ်ကိုကြီး လမ်းကျရင်အသေးစိတ်ပြောပြ..သာခေါင်အိမ်တခါးတွေသေချာပိတ် ၊မီးတွေစစ် မင်းပါလိုက်ခဲ့ရမယ်....”


    ဦးမိုးသူမှာရာဇနီကိုတွေ့ချိန်ထိုင်ရာမှထ၍အရေးတကြီး

တခုခုပြောရန်ပြုစဉ် ရာဇနီမှလက်ကာ၍ စကားဖြတ်ပြောပြီး တပည့်ဖြစ်သူကိုသူနဲ့လိုက်ရန်

ခေါ်နေပါတယ် ။


   ဦးမိုးသူကားကိုသာခေါင်ကိုမောင်းစေပြီး

ရာဇနီနဲ့ဦးမိုးသူနောက်ခန်းတွင်စကားထိုင်ပြောရင်း

ရှိနေကြပါတယ်။


”..အခြေအနေကဘယ်လောက်တောင်ဆိုးနေပြီလဲ

အစ်ကိုကြီး...”


”...ဆရာကြီးက ကြိုသိနေတာပေါ့ ဟုတ်လား.

သိရင်သားနဲ့ဆရာကြီးရယ် ကျွန်တော်တို့ကို

ပစ်ထားခဲ့တယ်....”


”..ဘာကြောင့်ကျွန်တော် ခုကိစ္စမှာ ဝင်မပါလဲ

နောက်ရှင်းပြပါမယ် ခုကအစ်ကိုကြီးသမီး

အခြေအနေဘယ်လိုဖြစ်နေပြီလဲ...”


”ကျွန်တော်ဒီကိုထွက်မလာခင် သမီးသတိရတစ်ချက်မရတစ်ချက်ဖြစ်နေတယ်..

အစ်မကတော့ ဆရာဝန်ခေါ်နေတယ်.. ကျွန်တော်က

တော့ဆရာကြီးဆီတန်းပြီးပြေးလာခဲ့တာပါပဲ...”


”..ကျွန်တော်တစ်ခုမေးချင်တယ်

 အစ်ကိုကြီးသမီးမှာ သူကိုသေလောက်အောင်

မုန်းတဲ့ရန်သူတွေဘာတွေရှိလား...”


”..ဟာ..မရှိပါဘူးဆရာကြီးရယ် သမီးက 

လိမာရေးခြားရှိပြီးအေးဆေးနေတတ်သူပါ

ကျွန်တော်စကားကိုလည်းတသွေမတိမ်းနား

ထောင်တယ်.... ”


 ” လိုရမယ်ရ မေးတာပါ... ကျွန်တော်တွေးကြည့်သလောက် ခုကိစ္စဟာလူငယ်

သဘာဝအချစ်ရေးကြောင့်ဖြစ်ဖို့များတယ်.... ”


 ရာဇနီစကား ဦးမိုးသူ မျက်နှာပျက်ယွင်းလျက် စကား

မပြန်နိူင်ပဲငြိမ်သက်သွားပါတယ် ။


   တစ်စုံတစ်ခုသောလျို့ဝှက်ချက်ဦးမိုးသူထံတွင်

ရှိနေမှန်း ရာဇနီ သိလိုက်တယ် ။


”..ကျွန်တော်ဟာ အစ်ကိုကြီးသမီးကိစ္စကိုဘာကြောင့်

ရှောင်ထွက်ရသလဲဆိုရင်..တကယ်လို့ ဝိညဉ်လွတ်တဲ့

ကိစ္စရပ်မျိုးမှာ အချိန်ကြာသွားရင်၊အနှောင့်အယှက်ကြုံ

ရင်ကျွန်တော်ဟာ ခန္ဓာကိုယ်ထဲ ပြန်ဝင်လို့မရပဲ 

သေသွားနိူင်တာမို့လို့ပါပဲ အခုကူညီဖို့တွေးလိုက်တာကလည်း လူတစ်ယောက်

သေရေးရှင်ရေးကြုံနေတာတွေ့ရက်နဲ့ ရှောင်ဖယ်မသွား

ချင်တဲ့စိတ်ကြောင့် အသက်ကိုလောင်းကြေးထပ်လိုက်

လာခဲ့တာပါ...ဒီတော့ ခုပြသာနာကိုမချွင်းမချန်ပြောပြပါ အစ်ကိုကြီး....”


”အစကမပြောပြမိတာ ခွင့်လွတ်ပါဆရာကြီး..

ဒီကိစ္စမှာကျွန်တော်အပြစ်မကင်းတာမို့

ကျွန်တော်ပြောပြဖို့နူတ်ဆိတိနေမိတာပါ 

တကယ်ကသမီးလေးဆီကိုဒုက္ခလာပေးနေတာ

သူ့ရည်းစားဟောင်းကောင်လေးပါပဲ....”


”...ဟင်...ဘယ်လို...”


”ဟုတ်တယ် ဆရာကြီး သမီးတက္ကသိုလ်တက်ချိန်မှာ

ထွန်းမင်းလတ်ဆိုတဲ့ကောင်လေးတစ်ယောက်နဲ့

ချစ်သူဖြစ်ကြတယ် ။

   သူတို့ချစ်နေမှန်းနောက်ဆုံးနှစ်ရောက်မှကျွန်တော်

သိရတော့တယ်။

   ဒီတော့ကောင်လေးအကြောင်းတိတ်တဆိတ်စုံစမ်း

ကြည့်တော့ ကောင်လေးကအကျင့်စာရိတ္တကောင်းတယ်ရိုးသားတယ်။

ဒါပေမယ့် ပစ္စည်းဥစ္စာဆင်းရဲနွမ်းပါးကြတယ် ။


   ကျွန်တော်မိန်းမဆုံးကတည်းက နောက်အိမ်ထောင်

မပြုပဲပိုးမွေးသလိုမွေးလာတဲ့ ကျွန်တော့်သမီးလေးကို

ဒီလိုလူမျိုးနဲ့သဘောမတူနိူင်ဘူးဆရာကြီး ဒါအဖေတိုင်းရဲ့ အတ္တပဲလို့ထင်ပါတယ်။

    ဒါကြောင့်ချမ်းသာတဲ့မိတ်ဆွေတစ်ယောက်ရဲ့သားနဲ့

လက်ထပ်ဖို့ကျောင်းပြီးရင်လက်ထပ်ဖို့စီစဉ်လိုက်တယ်။

သမီးဟာလည်းလိမ္မာရှာပါတယ်၊သူ့ချစ်သူကိုတကယ်ချစ်မယ့် ရင်အကွဲခံပြီးမိဘစကား

နားထောင်ရှာပါတယ် ။


ထွန်းမင်းလတ်ကိုအဆက်ဖြတ်လိုက်တယ်။စိမ်းစိမ်းကားကားစိတ်နာစရာစကားတွေပြောပြီးအဆက်ဖြတ်တာလို့ သူ့သူငယ်ချင်းတွေဆီကတဆင့်

ကျွန်တော်ပြန်ကြားရတယ်။


သမီးအဆက်အသွယ်ဖြတ်ချိန်ကစပြီး

ထွန်းမင်းလတ်ကျောင်းဆက်မတက်ပဲပျောက်သွားတယ်လို့လဲ သတင်းထပ်ကြားရပြန်တယ် ။


       ဒီလိုနဲ့ကျောင်းပြီးလို့ ကုန်ခဲ့တဲ့လကလက်ထပ်ဖို့

စီစဉ်နေချိန်မှာပဲ သတင်းဆိုးတစ်ခုကြားလိုက်ရတယ်။

ထွန်းမင်းလတ်သူ့ကိုယ်သူကြိုးဆွဲချသတ်သေလိုက်တယ်ဆိုတဲ့သတင်းပါပဲ...။


  အဲဒီနေ့ကစကျွန်တော့်သမီးဆီမကောင်းဆိုးဝါးတစ်

ကောင်စရောက်လာတာပါပဲ..။

    ခုတော့လက်ထပ်ပွဲလည်းပျက်သွားပါပြီ

ကျွန်တော်လည်းနောင်တအကြီးအကျယ်ရနေပါပြီ

တကယ်လို့ သမီးလေးကိုသာကယ်နိူင်မယ်ဆိုရင်

ကျွန်တော်အသက်ကိုပေးဆိုလည်းပေးပါ့မယ်.....”


    ဦးမိုးသူမှာသူ့သမီးနဲ့ပတ်သက်၍ထိန်ချန်ထားသော

ဇတ်လမ်းရှည်ကြီးကို ရာဇနီကိုအမှန်အတိုင်းပြောပြ

လာပါတယ်။ သူ့မျက်နှာကကြေကွဲရိပ်များနဲ့နောင်တ 

ရောစွက်နေတာ ရာဇနီတွေ့လိုက်ရပါတယ် ။


          ” မိဘတိုင်းသားသမီးအပေါ်ထားတဲ့

မျော်လင့်ချက်၊ အချစ်စိတ်ကြောင့်မှားတတ်ကြတာပါပဲ

စိတ်မကောင်းမဖြစ်ပါနဲ့အစ်ကိုကြီး ကျွန်တော်တတ်နိူင်

သလောက်ကူညီပါ့မယ်... ”

 စကားပြောရင်းဆိုရင်းဖြင့်ဦးမိုးသူအိမ်သို့ရောက်သောအခါကားပေါ်မှဆင်း၍အိမ်ပေါ်တက်လာခဲ့ကြပါတယ်။


...အမလေး မောင်လေးရယ် တူမလေးအခြေအနေက

မရတော့ဘူးတဲ့ ဆရာဝန်ကြီးပြောသွားတယ်...


   မေဘရဏီသော်အခန်းရှေ့ရောက်သောအခါ

ဝမ်းနည်းစွာတရူတ်ရူတ်ငိုနေသော ဦးမိုးသူအစ်မက

ဆီးပြောလာခြင်းဖြစ်ပါတယ် ။

 မေဘရဏီသော်မှာကုတင်ပေါ်တွင်အသက်မျင်းမျင်းရူလျက်ရှိနေပါတယ် ။


”..အစ်ကိုကြီးအချိန်ကတအားအရေးကြီးနေပြီ 

မေဘရဏီသော်ဝိညဉ်ကိုထွန်းမင်းလတ်ခေါ်ထားတာ

ဖြစ်ဖို့များတယ် တကယ်လို့သူသာပြန်မလွတ်ရင်

 မေဘရဏီသော်သေဖို့များတယ် ဒီတော့ ကျွန်တော်

ဝိညဉ်လွတ်ပြီးလိုက်ကယ်ရလိမ့်မယ်..... …”


 ရာဇနီမှာကြုက်သွေးရောင်အဝတ်အစားကိုလဲဝတ်ပြီး

လက်ဆွဲမီးအိမ်ကလေးကိုထုတ်ကိုင်ပြီး အခန်းကိုအမှောင်ချခိုင်းပြီးမီးအိမ်ကိုမီးဖွင့်ကာ သူလက်ဖြင့်မေဘရဏီလက်ကိုဆုတ်ကိုင်ပြီး

မျက်လုံးကိုပိတ်ပြီး စိတ်ကိုဖြေလျော့နေပါတယ်....။


  ရာဇနီမျက်လုံးကိုတဖြည်းဖြည်းဖွင့်ကြည့်လိုက်တဲ့အခါ

အမှောင်ထုအတွင်းသို့ရောက်နေပါတယ် သူ့မီးအိမ်အလင်းကလွဲရင်ကြည့်လေရာပတ်ဝန်းကျင်ကမဲမှောင်နေပါတယ် ။

 ရာဇနီရှေ့ဆက်ကိုတဖြည်းဖြည်းဆက်သွားနေမိပါတယ်။

     လူပ်ရှားမူရိပ်ခနဲ၊ရိပ်ခနဲနဲ့အတူ သူ့ဘေးမှမကောင်းဆိုးဝါးပုံရိပ်များဖြတ်သွားနေကြတာကိုရာဇနီတွေ့နေရပါတယ် ။


    ...အဟင့်...ဟင့်...ဟင့်....


သူ့ရှေ့မှငိုသံတစ်ခုကြားရခြင်းကြောင့်လက်ဆွဲမီးအိမ်ကိုမြောက်၍ရှေ့သို့တဖြည်းဖြည်းတိုးလာခဲ့ပါတယ် ။


   မိန်းမတစ်ယောက်မှာရာဇနီကိုကျောပေးပြီးတသိမ့်သိမ့်

ရိူက်ငိုနေပါတယ် ။

   ရာဇနီမှာထိုမိန်းမနောက်ကျောကိုကြည့်ပြီးတစ်စုံတစ်ယောက်နဲ့တူကြောင်းသိရချိန် စိတ်ထဲထိတ်ခနဲဖြစ်သွား

ပါတယ် ။


....ပြည့်...ပြည့်...လား......


..ကို...ကိုလိုက်လာတယ်နော် ဝမ်းသာလိုက်တာကိုရယ်....


   ရာဇနီခေါ်သံကြောင့်ငိုရိူက်နေသူမိန်းမလှည့်ကြည့်လာပါတယ်။

  ထိုမိန်းမမှာရာဇနီချစ်ရသောပြည့်ဖူးဝေဖြစ်ပြီး

ဝမ်းသာအားရဖြင့်ရာဇနီကို စကားပြောလာပါတယ်။


..ပြည့်..ကိုအချိန်တိုင်းသတိရနေတာပါပြည့်ရယ်...


..ကို..ပြည့်ကြောက်တယ် အမှောင်ထုထဲမှာအမြဲ

တမ်းနေရတဲ့ ပြည့်ကိုမသနားဘူး..ကိုရယ်...


..ပြည့်ကို မကယ်လိုက်နိူင်တာကို့ကိုယ်ခွင့်လွတ်ပါ

ပြည့်..


...ပြည့်ဆီကခွင့်လွတ်မူကိုလိုချင်ရင် ကိုပြည့်နဲ့အတူ

နေပေးရမယ် ဒါဆို ကို့ကိုယ်ပြည့်ခွင့်လွတ်မယ်...


....ဟင်.....


 ချစ်သူတောင်းဆိုချက်စကားကြားရချိန် ရာဇနီလန့်သွားပါတယ် ။

    သူမစကားက ရာဇနီ 

    ကိုသတ်သေခိုင်း၍သူမနဲ့အတူနေခိုင်းသောစကား

မျိုးပြောလာခြင်းကြောင့်ဖြစ်ပါတယ် ။


    ရာဇနီမှာဝတ်ရုံရှည်အိတ်အတွင်းဓားမြောင်တချောင်း

ထည့်လာသောကြောင့်ထိုဓားကိုထုတ်ပြီး ချစ်သူအနီး

တိုးကပ်လိုက်ပါတယ်.. ။


...ပြည့်က ကို့ကိုယ်သတ်သေပြီး ပြည့်နဲ့အတူနေစေ

ချင်တာလား...


..ဟုတ်တယ်ကို ပြည့်တစ်ယောက်တည်းဒီအမှောင်ထုထဲနေခဲ့ရတာ

ကြာပြီ ကြောက်လည်းအရမ်းကြောက်တာပဲ...


...ကောင်းပြီ ပြည့်ကိုလုပ်ပေးပါမယ်....


...စွတ်.


...အား....


ရာဇနီတစ်ယောက် ဓားကိုကိုင်၍သူ့ကိုယ်သူသတ်သေမလိုလိုဟန်ဖြင့်သူ့ရှေ့မှချစ်သူပြည့်ဖူးဝေရင်ဘတ်ကိုရုတ်တရက်ထိုးလိုက်

ခြင်းဖြစ်ပါတယ် ။


    ...ငါ့စိတ်ခံစားချက်ကိုဖတ်ပြီး ကို့ဟာကိုသတ်သေအောင်လုပ်တဲ့ မင်းလှည့်စားချက်တွေက ပီပြင်ပါတယ် 

ငါတောင်မှစိတ်ယိုင်သွားမိတယ် ဒါပေမယ့်

ငါချစ်တဲ့ပြည့်က ငါကိုဒီလိုမျိုးပျော့ညံ့တဲ့အလုပ်မျိုး

ဘယ်တော့မှမလုပ်ခိုင်းဘူးဆိုတာကျိန်းသေနေတယ်...


   ဓားနဲ့ထိုးလိုက်ချိန်တွင် ရာဇနီချစ်သူအဖြစ်ရှိနေရာမှ

ကြောက်မက်ဖွယ်ရာမကောင်းဆိုးဝါးအသွင်သို့ပြောင်း

လဲသွားပြီး အော်ဟစ်နေချိန်ရာဇနီကရှေ့သို့ဆက်လက်

ထွက်လာပါတယ် ။


...သမီး...သမီး.....  


...ဟင်..ဦး...အမြန်လာ...


အမှောင်အတွင်းစမ်းတဝါးဝါးဟန်ဖြင့်လျောက်သွားနေသော မေဘရဏီသော်ကို တွေ့ရတာကြောင့် လက်ကိုဆွဲကာလာလမ်းအတိုင်းအလျင်အမြန်ပြန်

လှည့်လာခဲ့ပါတော့တယ် ။


....ဟင်...


..ဝုန်း...


  ရာဇနီမှာမေဘရဏီသော်လက်ကိုဆွဲ၍လာလမ်းအတိုင်းပြေးလာနေချိန်တွင် သူတို့ရှေ့ပြေးလမ်းတွင်ရုတ်တရက်မကောင်းဆိုး

တစ်ကောင်အားရုတ်တရက်တွေ့ရပြီး ထိုမကောင်းဆိုးဝါးမှာ ရာဇနီအားလည်ပင်းကိုလက်တစ်ဖက်မှကိုင်မြှောက်လိုက်ပြီးလွင့်ပစ်လိုက်ရာ ရာဇနီမှာခြေကားယားလက်ကားယားပြုတ်ကျသွားပါတော့တယ် ။


   ရာဇနီမှာ မေဘရဏီသော်လက်ကိုကိုင်၍မိနစ်အတော်ကြာငြိမ်သက်နေရာမှ ရုတ်တရက်တစ်ယောက်ယောက်တွင်းထုတ်လိုက်သည့်အလားနောက်သို့လွင့်ထွက်သွားတာကြောင့်စိုးရိမ်စိတ်ဖြင့်ဦးမိုးသူနဲ့ သာခေါင်မှာ ရာဇနီအနားသို့ပြေးသွားကြည့်ကြရာ  နူတ်ခမ်းထောင့်မှသွေးများစီးကျကာကြောင်တောင်တောင်ဖြစ်နေတဲ့ ရာဇနီကိုတွေ့လိုက်ရပါတယ်  ။


...ဆရာကြီး....ဆရာကြီး...


..ဆရာ...ဆရာ...


..အင်...အင်...


 ရာဇနီမှာခုမှသတိဝင်လာပါတော့တယ် ။


..အစ်ကိုကြီး ခုချိန်က အစ်ကိုကြီးသမီးကိုကယ်ဖို့

အစ်ကိုကြီးပဲတတ်နိူင်တော့တယ် သူအနားသွားပြီး

သူ့ကိုအမြန်ခေါ်ပါ...


ရာဇနီမှာဦးမိုးသူကိုအလောတကြီးသတိပေးလိုက်ပါတယ် ။

 ရာဇနီစကားကြောင့်ဦးမိုးသူမှာ ကုတင်ပေါ်တင်ပလွဲထိုင်ပြီးသမီးဖြစ်သူခေါင်းမှဆံပင်များကိုသူ့လက်ဖြင့်သပ်ရင်း မျက်ရည်များကျဆင်းနေပါတယ် ။


...သမီးရယ် ဖေဖေပြောတာကြားရလား 

ပထမဆုံးအနေနဲ့ပြောချင်တာက ဖေဖေ့ကိုခွင့်လွတ်ပါလို့ပြောချင်ပါတယ်။

 ဖေဖေဟာလူငယ်တွေရဲ့ခံစားချက်ကိုဂရုမစိုက်ပဲ

ငါမိဘ ငါ့သားသမီးကောင်းဖို့ငါလုပ်တယ်ဆိုတဲ့စိတ်ကို

ရှေ့တန်းတင်ခဲ့မိပါတယ် ။


   ဖေဖေကြောင့် တက်လမ်းတွေအများကြီးရှိတဲ့

လူငယ်တစ်ယောက်အရွယ်မတိုင်ခင်ပဲကြွေလွင့်ခဲ့ရတာ

သိရတော့ သမီးအသည်းနှလုံးကွဲကြေသလိုခံစားရသလို၊ဖေဖေလည်းဝမ်းနည်းစိတ်ဖြစ်ခဲ့ရပါတယ် ။


   ဖြစ်ခဲ့တဲ့အမှားတွေကိုတောင်းပန်ရုံကလွဲဘာမှ

မတတ်နိူင်ပေမယ့်၊ ရှေ့ဆက်လူငယ်တွေရဲ့ခံစားချက်တွေဖေဖေအလေး

အနက်ထားပေးပါ့မယ်လို့ဖေဖေကတိပေးပါတယ် ။


  ဖေဖေပြောတာကြားရင်ဖေ့ဖေ့ဆီပြန်လာခဲ့ပါကွယ်...”


ဦးမိုးသူငိုသံစွက်သောစကားများကအခန်းအတွင်းထွက်ပေါ်နေပါတယ် ။

  ဦးမိုးသူစကားအဆုံးတွင် မေဘရဏီသော်ကိုယ်လေး

ဆတ်ခနဲတစ်ချက်တွန့်သွားပါတယ် ။


မေဘရဏီမှာအမှောင်ကမ္ဘာအတွင်းထွန်းမင်းလတ်ရင်ခွင်အတွင်းရောက်နေပါတယ် ။

  ချစ်သူနှစ်ဦးတစ်ယောက်ကိုတစ်ယောက်တင်းကြပ်စွာ

ပွေ့ဖက်ထားကြပါတယ်။


  အဲဒီအချိန်မှာပဲ ဦးမိုးသူရဲ့ငိုသံစွက်နေတဲ့အသံက

အမှောင်ထုအတွင်းမှပျံ့လွင့်လာပါတယ် ။


    မေဘရဏီသော်မှာ ထွန်းမင်းလတ်ရင်ခွင်မှရုန်းထွက်ပြီးလူခြင်းခွာလိုက်ပါတယ် ။


  ...တစ်ယောက်နဲ့တစ်ယောက် ဘဝတွေခြားနေပါပြီ

ကိုလတ်ရယ် ချစ်တဲ့စိတ်အတ္တနဲ့ကို့ချစ်သူကို ကိုယ့်ဆီ

လာစေချင်တာဖြစ်သင့်တဲ့အခြေအနေလား မဖြစ်သင့်

တဲ့အခြေအနေလားကိုလတ်တွေးကြည့်ပေးပါ...ကိုလတ်ရယ်....


....ကိုလတ်လုပ်ရပ်တွေမှားသွားပြီလား ဘရဏီ

ကိုလတ်ကိုမုန်းသွားပြီလား...


...ကိုလတ်ကို ဘရဏီမမုန်းပါဘူးဘရဏီကိုလတ်ကို

ချစ်ပါတယ် နောက်လည်းချစ်နေအုံးမှာပါ 

 ကိုလတ်နဲ့အတူတူဒီဘဝမဆုံရပေမယ့်နောက်ဘဝ

ဆုံရပါစေဆုတောင်းနေပါမယ်.

ခုဘဝကိုလတ်နောက်မလိုက်နိူင်တာခွင့်လွတ်ပေးပါ

ကိုလတ်ရယ်..


...ဘရဏီပြောတာမှန်ပါတယ် ကိုလတ်ချစ်တဲ့စိတ်က

အတ္တစိတ်များပြီး ပိုင်ဆိုင်ရယူခြင်းဆိုတာ ရှေ့တန်းတင်ပြီး အဲဒီစိတ်နဲ့ဘဝကူးမကောင်းပဲ

ဘရဏီကိုဒုက္ခပေးမိပါတယ် 

 ဘရဏီဖေဖေစောင့်နေတယ် ဘရဏီပြန်တော့နော်...


...ကိုလတ်ရယ်..အဟင့်...ဟင့်...


  ထွန်းမင်းလတ်တစ်ယောက် မေဘရဏီသော်ပြောစကားများကြောင့်တွေဝေစွာရှိနေရာမှ အသိတရားရဟန်စကားများဆိုလာပါတယ်။

ထွန်းမင်းလတ်စကားများကြောင့်မေဘရဏီသော်မှာ

ဝမ်းပမ်းတနည်းရိူက်ငိုလိုက်ပါတော့တယ် ။


   ဦးမိုးသူတစ်ယောက်သမီးဖြစ်သူအားပွေ့ဖက်ရင်း

ဝမ်းနည်းစွာသူမှားကြောင်းစကားများအဆက်မပြတ်

ပြောနေစဉ် မေဘရဏီသော် ကိုယ်ခန္ဓာ လူးလွန့်လာပြီး မျက်လုံးများပွင့်လာပါတယ် ။


....ဖေဖေ...


..ဟင် သမီး..သမီးလေးသတိရလာပြီ

ဝမ်းသာလိုက်တာသမီးလေးရေ...


 မေဘရဏီသော် သတိပြန်ရလာခြင်းကြောင့်ရာဇနီမှာ

သက်ပြင်းရှည်ကြီးချလိုက်ရင်း သာခေါင်ကိုလက်တို့

ခေါ်၍အခန်းအပြင်သို့ထွက်လာခဲ့ကြပါတော့တယ်...။


   တခါတရံအချစ်စိတ်ကြောင့်လုပ်မိသောကိစ္စရပ်များမှာ

လမ်းလွဲမှားကာဝမ်းနည်းစရာများဖြစ်လာတတ်ကြောင်းရာဇနီတစ်ယောက်ယခုအဖြစ်အပျက်ကို

တွေး၍ဆင်ခြင်နေမိတော့သတည်း။

=====================


ပြီးပါပြီ


မြူခိုးအလင်္ကာ


rate now: