book

Index 9

အပိုင်း(၉)

  • Author : Thwe Mate
  • Genres : Comedy, Drama, Action

ဂိုဏ်းစတားမလေး၏အချစ်တော်


မိန့်  တစ်ယောက် လမင်းကြီးကိုကြည့်ရင် အိမ်ကိုလွမ်းနေသည်။


"အိမ် မပြန်တာ ၁လတောင်ကြာပြီး မာမီနဲ့မမကြီးတို့ ငါကိုလွမ်းနေလောက်ပြီး စာမူတွေလည်းပို့ရအုံးမယ် ငါဘဝကဒီလိုပဲ တစ်သက်လုံးနေသွားရမလား ဒီလိုကြီးတော့မနေနိုင်ပါဘူး ငါဘယ်လိုလုပ်ရမလဲ တွေးတောနေမိ၏။


"ဉီးမိန့္!!!"


"အောင်မလေး!!"


"ဟိဟိ ဉီးမိန့်ကလန့်တတ်သေးတဲ့ ဘာတွေတွေးနေတာလဲ"


"အရင် ရည်းစားအကြောင်း"


"ဘာ!!"


"တိုးတိုးပြော ညရောက်နေပြီး အသံကဆူနေရော့ ပုရစ်မလေးရဲ့"


"မပြောနိုင်ပါဘူး ဉီးမိန့်နော် ဟွန့် အရင်လိုလူပျိုလူလွတ်မဟုတ်တော့ဘူး မိန်းမကြီးတစ်ယောက်လုံးရှိတာတောင် ရည်းစားဟောင်းကိုတမ်းတနေတဲ့ပေါ့"


ရင့် ပါးစပ်ကလည်း ဒေါသထွက်၍ပြောသလို့ လက်ကလည်း မိန့်ရဲ့ ဗိုက်ခေါက်ကိုဆွဲလိမ်ပစ်သည်။


"အား.. နာတယ်လေး ရင့်"


"နာပါစေ ရည်းစားဟောင်းအကြောင်းတွေးနေတဲ့ ဉီးမိန့်ကို ဆုံးမရမယ်"


"လွှတ်ပါတော့ကွာ ဉီးမိန့် နှောက်တာပါ "


ရင့်လည်း တစ်အားဆွဲလိမ်ပြီးမှာလွှတ်ပေးသည်။မိန့် လည်း ဗိုက်ကိုပွတ်၍ မျက်နှာရှုံမဲ့နေသည်။ ရင့်ကတော့ ခါးကိုထောက်ပြီး စိတ်စိုးတဲ့မျက်နှာနဲ့ကြည့်ပြီး


"ပြော ဒါဆိုရင် ဘယ်သူအကြောင်းတွေးနေတာလဲ"


"အိမ်အကြောင်း "


"ဟမ်"


ရင် မျက်နှာလေးငယ်စွာဖြစ် ဉီးမိန့်ကိုကြည့်၏။ရင့် မျက်နှာငယ်လျှင် မိန့် မျက်မှောင်ကြုတ်၍ သာမရဲ့လက်ကလေးကိုင်၏။


"ဘာလိုမျက်နှာငယ်တာလဲ ဉီးမိန့်မကြိုက်ဘူး ရင့် ပြုံးပျော်တဲ့မျက်နှာကိုပဲ ဉီးမိန့် မြင်ချင်တာ"


်"ဉီးမိန့်လည်း မိဘတွေကိုတွေ့ချင်မှာပဲလို့တွေးမိလို့ပါ ရင့် တစ်ကိုယ်ကောင်းဆန်သလိုဖြစ်နေပြီး"


"ဟာကွာ ရင့် ကလည်း ဉီးမိန့်နဲ့ရင့်က ဇနီးမောင်နှံနော် ဉီးမိန့်က ကိုယ်ဇနီးကို တစ်ကိုယ်ကောင်းဆန်တဲ့လို ​​ေပြာစရာလား ကဲလာ လသာဆောင်မှာအေးနေပြီး အထဲဝင်မယ်"


"ဉီးမိန့် ချီ"


ကလေး တစ်ယောက်လို လက်ကမ်း၍ မိန့်ကိုချီခိုင်းပုံက ချစ်စဖွယ်ပါ။မိန့် လည်း ရင့်ကို ပွေ့ချီလိုက်ပါတယ်။မိန်တစ်ခု ထားမိတာက ရင့်ကိုယ်လေးနွေးနေတာပါ။


"ရင့် နေမကောင်းဘူးထင်တဲ့ ကိုယ်နွေးနေတဲ့"


"ဟုတ်တယ် ဉီးမိန့် ပါးဆီကကူးတာဖြစ်မယ် အဟွတ် အဟွတ်"


"ပြောစကားနားမထောင်ဘူး မားက ရင့်အကြောင်းသိလို့ ပါးနားအရမ်းမကပ်နဲ့ပြောတာကို့အခုတော့ဖျားပြီး"


"ဉီးမိန့်ကလည်း ဖျားနေတာကိုဆူနေတာပဲ မားကိုသွားမပြောနဲ့နော် မား ပါးကိုပြုစုရတာပင်ပန်းနေပြီး ရင့်ကိုပါ ပြုစုရရင် မား ဖျားတော့မယ်"


"မပြောပါဘူး ဉီးမိန့်ပဲပြုစုမယ် လာမုန့်တစ်ခုခုစားပြီးဆေးသောက်ရမယ်"


"ဆေးမသောက်ချင်ဘူး အရမ်းခါးတယ် မသောက်ဘူးနော်"


ရင့် ကလေးတစ်ယောက်လို ဂျီကျကာ မိန့် ရင်ဘက်ကြီးထုနေသည်။ မိန့်ကလည်း အလိုမလိုက်ဘူးဆိုတဲသဘောဖြစ် ရင့် ကိုမျက်မှောင်ကြုတ်၍ကြည့်၏။


ဉီးမိန့်နော် ရင့်ကိုမျက်မှောင်ကြုတ်ကြည့်မနေနဲ့ ဆေးမသောက်ချင်ဘူးလို့..အီးးဟီးး"


"မငိုနဲ့လေး ဆေးအရမ်းကြောက်တာသိရင် ဆင်ဆင်ခြင်ခြင်နေပေါ့"


"ပါး ကိုစိတ်ပူတာကို့ ဉီးမိန့်ရဲ့ အင့်ဟင့်"


"အဲဒါတော့ အလိုမလိုက်နိုင်ဘူး ဆို၍ ရင့် ကိုခုတင်ပေါ်တင်၏။ထိုနောက် ရင့် ထွက်ပြေးလို့မရအောင် သူအတင်းဖက်ထားကာ မုန့်စားခိုင်းသည်။ရင့် ကလည်း ကလေးတစ်ယောက်ပမာ ငိုလျက်မုန့်ကိုစားသည်။ မိန့် ဆေးတိုက်ဖို့ပြင်တော့ ပိုငိုပါလေရော့ ဒါပေမဲ့ ဆေးကို မျက်နှာရှုံမဲ့စွာသောက်သည်။


"ရော့ သောက်ပြီးပြီး ဉီးမိန့်ကိုခေါ်တော့ဘူး ရင့်ကိုအနိုင်ကျင့်တဲ့"


"အနိုင်ကျင့်တာမဟုတ်ပါဘူး အဖျားအရမ်းတက်မှာစို့လို့ပါ လိမ်မာတယ် လာဉီးမိန့်ရင်ခွင်မှာအိပ် ဘုရားရွတ်ပြီးသိပ်ပေးမယ်"


ရင့် ကျယ်ပြန့်သော ဉီးမိန့်ရင်ခွင်မှာအိပ်လိုက်၏။ မိန့်ရဲ့ လက်သွယ်သွယ်လေးက ရင့် ရဲ့ခေါင်းကို သိပ်ရင် ဘုရားစာရွတ်ကာသိပ်သည်။

သူတို့နှစ်ယောက်က အခုထိဖြူစင်တုန်းပါ။ရင့် ကအိမ်ထောင်သာကျတာ အပျိုစင်ပဲရှိပါသေးသည်။ မိန့်ကလည်း ရင့်ကို ကလေးတစ်ယောက်လိုသဘောထားတာပါ။ အချစ်မပါဘဲ သူတို့နှစ်ယောက်ရဲ့မဂ်လာဉီးညကိုမဆင်နွှဲနိုင်ပါ။ ရင့်ကကြည်ဖြူရင်တောင် မိန့်ကတော့ အချစ်မပါဘဲ မရယူချင်ပါ။ မိန့်က စာရေးဆရာပီပီ တည်ကြည်ခန်ညားကာ စိတ်ရိုင်းဆန်၍တနာကြီးတဲ့လူမျိုးမဟုတ်ပါ။ရင့်ကို သူသေချာချစ်မြတ်နိုးပြီးဆိုမှာ ရင့်ရဲ့ဘဝကိုမြတ်နိုးတန်ဖိုးထားစွာရယူမှာပါ။ အခုကတော့ သူစိတ်ကိုသူမဝေခွဲနိုင်သေးပါ။


"ဉီးခက်ထန် ဆေးသောက်ရမယ် ထတော့"


"မသောက်ချင်ဘူးကွာ ခါးတယ်"


"ဖြန်း "


ကြွေ ဉီးခက်ထန်ရဲ့ လက်မောင်းကြီးကိုရိုက်မိရသည်။ လူတွေကိုတောင်သတ်ရဲဖြတ်ရဲတဲ့သူက ဆေးကျ​ေတာ့ကြောက်တယ်တဲ့ သမီးကလည်းအဖေတူ ဆေးကြောက်တတ်တာသူတို့နှစ်ယောက်အပြင်မရှိဘူး။


"နာတယ် ကြွေရဲ့"


"အခုမှာ လာမနုနေစမ်းပါနဲ့တော်ကြာနူနေအုံးမယ် ရော့ ဆန်ပြုတ်စားပြီးဆေးသောက်တော့ ကျွန်မလည်း နားချင်ပြီး"


"ကြွေ ခုတင်ပေါ်မှာအိပ်လေး ကိုယ်က ဆိုဖာမှာအိပ်မယ်"


"ရှင်ဘာသာ ခုတင်ပေါ်မှာအိပ်စမ်းပါ ကျွန်မကအိပ်နေကြအခန်းမှာပြန်အိပ်မှာ"


"ဟာ ဒါတော့ခွင့်မပြုနိုင်ဘူး ကိုယ်ဆေးသောက်ပါမယ် ကြွေ ဒီမှာပဲ အိပ်ပါနော်..နော်လို့"


ယောကျာ်းရင့်မာကြီးဖြစ်ပြီး ကလေးဆန်နေတဲ့ ဉီးခက်ထန်ကိုကြည့်ပြီး ကြွေ မျက်စောင်းထိုးမိရသည်။ ဉီးခက်ထန်အခန်းကို အခုမှာသတိထားမိတဲ့ အဖြူရောင်ကိုသေလောက်အောင်မုန်းတဲ့သူက တစ်ခန်လုံးကိုအဖြူရောင်နဲ့ခြယ်သထားသည်။လိုက်ကာစကလည်းအဖြူရောင် အုတ်နံရံကိုအဖြူရောင်သုတ်ထားသည်။


ကြွေ အခန်းကို လိုက်ကြည့်နေတာ သူတွေ့တော့


"မင်းဒီအခန်းမှာအိပ်ရအောင် ငါအကုန်ပြန်ပြင်ဆင်ထားတာ"


"ရှင်အဖြူရောင်ကို အရမ်းမုန်းတယ်မဟုတ်လား"


"မင်းကအဖြူရောင်ကိုအရမ်းကြိုက်တယ်မဟုတ်လား"


ဉီးခက်ထန်အမေးကို ကြွေခေါင်းငြိမ့်ပြ၏။ထိုနောက် ဉီးခက်ထန်ကတစ်ဆင့်တက်၍ ကြွေရဲ့လက်သွယ်သွယ်လေးကို လှမ်းကိုင်သည်။ခါတိုင်းအချိန်ဆိုရင် ကြွေရုန်းဖယ်ပေမဲ့ ဒီတစ်ခါတော့မဖယ်ရက်ပါ။


"ကြွေ ကြိုက်တဲ့အဖြူရောင်ကို ကိုယ်ဘယ်လောက်မုန်းလဲသိတဲ့မဟုတ်လား ကြွေကိုချစ်တဲ့စိတ်ကြောင့် ဒီအရောင်တွေကိုလည်းမမုန်းတော့တာ ကြွေ ကိုယ်ကိုဘယ်တော့အမုန်းပြေမလဲဟင်"


ကြွေ ဝဲတက်လာတဲ့ မျက်ရည်ကို မျက်တောင်ပုတ်ခတ်၍ သိမ်း၏။ထိုနောက် သူလက်ထဲကကြွေလက်ကိုဆွဲယူပြီး ဆန်ပြုတ်ပန်းကန်ကိုင်၍ ဆန်ပြုတ်တိုက်ပေးသည်။ ဆန်ပြုတ်ကုန်တော့ ဆေးပါတစ်ခါတည်းတိုက်၍ ဉီးခက်ထန် ခုတင်ဘေးမှာ အိပ်ယာခင်း၍ အိပ်သည်။


ဉီးခက်ထန်ကလည်း ကြွေကို ဘာစကားမှမပြောဘဲ အိပ်နေတဲ့ကြွေကိုငေးကြည့်ကာ အတိတ်သို့ပြန်တွေးမိသည်။


"ဆရာ ဟိုကောင်မလေးလာပြီးဘေးနားမှာ ငနဲတစ်ကောင်နဲ့"


ဆရာဆိုသူက သောက်နေတဲ့ဆေးလိပ်ကို ​​​​မြေပြင်ပေါ်သို့ပစ်ချ၍ခြေထောက်နဲ့နင်းချေ၏။


"အောင် စာပြနော် ငါအဲဒီအပုဒ်မရလို့ပါ"


"မရရင်ရအောင်လုပ်ခဲ့ပေါ့"


"စိတ်ပုတ်ကြီး နင်ငါကိုစာပြမလားမပြဘူးလားပြော"


နှုတ်ခမ်းဆူ၍ သေးကျဉ်းတဲ့ခါးလေးပေါ် လက်သေးသေးသွယ်သွယ်လေးထောက်ပြီး ဒေါသတကြီးပြောပုံက ရုပ်မဆိုးသွားတဲ့အပြင် ချစ်စရာကောင်းတဲ့ခွေးစိတ်တိုလေးဒေါသထွက်နေတဲ့အတိုင်းပါ။


"ပြပါမယ် ကြွေရာ နင်ကလည်း ငါကိုစိတ်တိုမယ်ဆိုတာချည်းပဲ"


"စိတ်က ကျောင်းအလာထဲကတိုနေတာ နင်စက်ဘီးကဘာလိုပျက်ရတာလဲ အခုငါမှာလမ်းလျှောက်ပြီးလာရတဲ့"


"ဒေါ်ကြွေဆင်း ဘဝမေ့နေပြီးလား ငါကျောင်းမလာတဲ့နေ့လည်းနင်လမ်းလျှောက်လာတာပဲမဟုတ်ဘူးလား"


"အဲဒါကအဲဒါပေါ့ ဟွန့်မသိဘူးစိတ်တိုတဲ့"


ကြွေ စိတ်တိုတိုနဲ့လမ်းကိုအမြန်လျှောက်လျှင် အရှေ့ကလူတစ်ယောက်နဲ့ဝင်တိုက်မိသည်။


"အာ့ နာလိုက်တာ လူကိုမမြင်ဘူးလား!!"


ကြွေ ဝင်တိုက်တဲ့လူကိုမကြည့်ဘဲ အခုနဲ့ကစိတ်တိုနေတဲ့ဒေါသကို ထိုလူအပေါ်ပုံချလိုက်သည်။


"လူကိုတော့မမြင်ဘူး ကြွေဆင်းဆိုတဲ့နတ်သမီးကိုပဲမြင်တယ်"


"ဟမ်"


ကြွေ စကားသံကြောင့်ထိုလူရဲ့မျက်နှာကိုအလျှင်အမြန်မော့ကြည့်၏။ဉီးခက်ထန် မှန်းသိတော့ မျက်နှာကအလိုမကျချင်များစွာဖြစ် အောက်နှုတ်ခမ်းကိုကိုက်လိုက်၏။


"ဟော လူကိုမြင်တာနဲ့အရင်ဒေါသထွက်နေပါလား"


"ဒေါသနဂိုကတည်းကထွက်နေတာ ဖယ်အရှေ့ကနေလမ်းမပိတ်ထားနဲ့"


ကြွေ ပြောသံအဆုံးမှာဖြစ်ပျက်မှုတွေက လျှင်မြန်သွားသည်။ အောင်ကို လူသုံးယောက်ကဝိုင်းထိုး၍ ကြွေကို ပါးစပ်ပိတ်ပြီး ကားပေါ်အတင်းခေါ်သွားသည်။ကြွေ ရုန်းကန်လျက် အောင်ကိုကြည့်တော့လည်း အောင်ကအထိုးခံထားရလို့ သွေးတွေထွက်နေပါပြီး အောင် လှဲကျသွားသူ့လူသုံးယောက်က ကားပေါ်တက်လာပြီးမောင်းထွက်သွားသာ်။ဒီနေရာက လူရှင်းတာကြောင့် ကြွေတို့ကို ဘယ်သူမှမကယ်နိုင်ခဲ့ပါ။


"ဂွမ်း ဒုန်းးး..ဒုန်းးး"


"ခွဲလိုမပြီးနိုင်သေးဘူးလား ကြွေ"


"မပြီးနိုင်ဘူး လူယုတ်မာကြီးရဲ့ ကျွန်မကိုအခုချက်ချင်းအိမ်ပြန်လွှတ်ပေး!!!"


ကြွေ အသံကုန်အော်ဟစ်စွာပြောလှင် နာငြီးတဲ့သဘောဖြစ် ဉီးခက်ထန်နားပိတ်ထားသည်။


"မင်းအသံဆူညံနေတာပဲ"


"ဆူညံရင် အခုချက်ချင်းအိမ်ပြန်ပို့ပေး"


"လိုချင်လို ခေါ်လာတာကိုပြန်ပို့စရာလား ကြွေ"


"ကျွန်မက အရုပ်တစ်ရုပ်မဟုတ်ဘူး ရှင်ကိုတရားစွဲမယ်ထောင်ချပစ်မယ် ပြန်ပေးဆွဲမှုနဲ့"


"ဟားး..ဟားး ရယ်စရာအရမ်းပြောလွန်ပါလား ကြွေရဲ့ တရားဉပဒေက ကိုယ်လက်အောက်မှာပါအခုအချိန်ကစပြီးမင်းဟာ ခက်ထန်ဆိုတဲ့လူရဲ့ဇနီးပဲ"


"စိတ်ကူးသိပ်မယဉ်နဲ့ ရူးသွားမယ် ကျွန်မကိုပြန်လွှတ်ပေး ရှင့်အခန်းမဲမဲသဲသဲကြီးမှာမနေနိုင်ဘူး"


"မနေနိုင်လည်း မင်းတစ်သက်လုံးနေသွားရမှာပဲ မငိးကငါဇနီးဖြစ်နေလိုပဲ ဆို၍ ကြွေ အနားသို့တစ်လှမ်းချင်တိုးလာသည်။ကြွေက သူတိုးလာတော့ တဖြည်းဖြည်းနောက်ဆုတ်သည်။ဒါပေမဲ့လည်း သူလက်ကမလွှတ်ခဲ့ပါ။ဉီးခက်ထန် ကြွေရဲ့ကိုယ်ကိုသိမ်းပွေ့၍ ခုတင်ပေါ်ခေါ်သွားလျှင် ကြွေမှာရှိသမျှအားကိုသုံးပြီးရုန်းသော်လည်း သူလက်ကမလွှတ်ခဲ့ပါ။


"အင့်ဟင့်..အင့်ဟင့်."


"ငိုလိုမပြီးနိုင်သေးဘူး"


"မပြီးနိုင်ဘူး လူယုတ်မာကြီး ကျွန်မဘဝကိုပျက်စီးတယ် အီးဟီးး ရှင်မှာအစ်မတွေညီမတွေမရှိဘူးလား ရှင်ရဲ့ညီမတွေ အစ်မတွေ ကျွန်မလိုဖြစ်ရင် ရှင်ဘယ်လိုနေမလဲ"


"ပေးစားပစျမှာပေါ့ မင်းကိုပျက်စီးတာမဟုတ်ဘူး အပိုင်လိုချင်လို့ သိမ်းပိုက်လိုက်တာ ငိုမနေနဲ့ ခေါင်းကိုက်မယ် လာထမင်းသွားစားမယ် ဒီမျက်ရည်ဉတွေ ခပဲခနိုင်လွန်တယ်"


ကြွေ ခုတင်ခြေရင်းမှာ ဒူးပိုက်၍ ငိုနေတာကို အတင်းမျက်နှာဆွဲမော့၍ သူရဲ့လက်ကြမ်းကြီးသုတ်ပစ်၍ ပြောသည်။ ကြွေကတော့ သူ့လက်ကိုပုတ်ထုတ်၍ ဒေါသမျက်လုံးနဲ့ကြည့်ပစ်၏။


"မျက်လုံးကမီးပွင့်တော့မယ် လာ ထမင်းသွားစားမယ်"


"မစားဘူး မျက်လုံးမှာမီးပွင့်ရင်ကောင်းတာပေါ့ ရှင်ကို မီးရှို့ပစ်လိုရတယ်"


စာရေးသူ အလွမ်း&သွေးမိန့်


rate now: