ဂိုဏ်းစတားမလေး၏အချစ်တော်
"မောင် သားဆီက ဘာသတင်းမှမကြားသေးဘူးလား"
"မကြားသေးဘူး မောင်ရဲ့အဒေါ်ဆီလည်းမရောက်ဘူးတဲ့"
"သားက သူ့အဘွားဆီမရောက်ရင် သေချာပါပြီး သားတစ်ခုခုဖြစ်နေပြီးဆိုတာ အဟင့်..အဟင့်"
"မိန်းမရဲ့မငိုပါနဲ့ကွာ သားကသူကိုယ်သူကာကွယ်နိုင်တဲ့ယောကျာ်းကောင်းတစ်ယောက်ပါ စိတ်မပူပါနဲ့ကွာ ပြီးတော့ တိုက်ကွမ်တို့မှာ ရွှေတံဆိပ်ဆုရကို့"
"ရွှေတံဆိပ်မကလို့စိန်တံဆိပ်ပဲရရ ကျွန်မမှာ သားဆိုလိုဒီသားတစ်ယောက်ပဲရှိတာကို့ အဟင့်..အဟင့် စိတ်ပူတဲ့ရှင့်"
"ဟုတ်တယ် ဒယ်ဒီ သမီးတို့မှာ ဒီမှာမောင်လေးတစ်ယောက်ပဲရှိတာ အင့်ဟင့်."
"မငိုကြပါနဲ့ ဒယ်ဒီ သားအကြောင်းကိုစုံစမ်းနေပါတဲ့"
.အမြန်ဆုံးစုံစမ်းပါ ဒယ်ဒီ သမီးတို့မောင်လေးကိုစိတ်ပူတဲ့"
ဉီးမြင့်အောင် သမီး၃ယောက်နဲ့ဇနီးဖြစ်သူကိုကြည့်ပြီး ခေါင်းကုတ်မိရ၏။ သား စေမင်းမိန့် စာရေးဖို့ သူအဘွားဆီသွားတာမရောက်လို စိတ်ပူနေကြသလို ဖုန်းလည်းဆက်မလာလို့ စိုရိမ်နေခြင်းဖြစ်၏။သားဖြစ်သူကို အဆက်အသွယ်မရတာကလည်း ၁လတောင်ကျော်ပြီးလေ။
"သခင်ကြီး ဘာတွေစိတ်ညစ်နေတာလဲ"
"မညစ်ပါဘူး ကြွေကိုတွေ့ချင်လို့"
"သွားတွေ့လိုက်ပါလား သခင်မကြီးက တွေ့ခွင့်ပေးမှာပါ"
"အေးကွာ တွေ့ချင်တာကတော့ တစ်ပိုင်းသေပဲ ဒါပေမဲ့ ကြွေကိုတွေ့ရင်လည်း သူစိတ်စိုးမှာဆိုတဲ့"
"ကျွန်တော်အကြံတစ်ခုပေးရမလား သခင်ကြီး"
"ဘာအကြံလည်းပြောပါ"
"ကျွန်တော်အကြံက သခင်ကြီးဖျားချင်ယောင်ဆောင်ခိုင်းတာ "
"ငါဖျားရင် ကြွေကလာပါမလားပြီးတော့ ဖျားအောင်ဘယ်လိုလုပ်ရမလဲ"
"သခင်ကြီးကလည်းလွယ်ပါတဲ့ ရေကိုအကြာကြီးစိမ်ချိုးလိုက် သခင်မကြီးက ဟိုတစ်ခါ သခင်ကြီးသေနတ်ဒဏ်ရာမှန်တုန်းက ချက်ချင်းပြေးလာပြီးပြုစုထားပဲကို့"
"အဲဒီတုန်းက သမီးကြောင့်ကွာ သမီးကအတင်းသွားခေါ်တော့ မကောင်းတတ်လို့ သူကလိုက်လာတာ"
"ဘာပဲဖြစ်ဖြစ်ပေါ့ အခုလည်းလာမှာပါ "
"အေးကွာ ကြွေမျက်နှာကိုမမြင်ရတာ ၁လတောင်ပြည့်တော့မယ် "
"သခင်ကြီးက မမလေးကိုရော့သတိမရဘူးလား"
"ရတယ်ကွာ သမီးကငါခေါ်ရင် ချက်ချင်းလာပေမဲ့ ကြွေကတော့မလာဘူးဒါကြောင့်ပါ ကဲ့ မင်းငါအရမ်းဖျားနေတဲ့အကြောင်းသွားပြောဖို့ပြင်လိုက်တော့"
"ဟုတ်ကဲ့ပါ သခင်ကြီး"
ဉီးခက်ထန်တစ်ယောက် တစ်ခါမှာမူယာမယာမများသူပါ။သူ့ဘဝမှာ ကလေးဆန်တဲ့အလုပ်ကိုလည်းတစ်ခါမှမလုပ်ဖူးပါ။ အခုတော့ ကြွေကြောင့် ဖျားအောင် ရေကို၅နာရီကြာအောင်စိမ်ချိုးရမှာပါ။သူက သန်မာသူဖြစ်တာကြောင့် တော်ရုံတန်ရုံမဖျားတတ်ပါ။ ဒါကြောင့်လည်း ရေကို ၅နာရီကြာအောင် စိမ်ချိုးရရင်ချင်ဖြစ်သည်။
ကြွေရေ မင်းနဲ့တွေ့မှာ ငါလည်း အသက်၄၀ပြည့်တာတောင် ေကျာင်းမတက်ချင်တဲ့ကလေးတစ်ယောက်လို ဖျားအောင်လုပ်ရတော့မယ် ဆို၍ ရေကူးကန်မှာအကြာကြီး ရေစိမ်ချိုးပါတော့တယ်။
"ခေနဲ့ဆေ မုန့်ကိုသေချာလုပ်နော် ပြီးရင် ဘုန်းကြီးကျောင်းသွားပို့ရမယ်"
"ဟုတ်ကဲ့ပါ သခင်မကြီး ဆေတို့မုန့်ကို လှအောင်လေး လုပ်ထားပါတဲ့"
"အမယ် ဆေက အပိုတွေပြောပြီး သခင်မကြီးလုပ်တဲ့ မုန့်လုံးရေပေါ်က ဝိုင်းဝိုင်းလေးတွေကို ငါတော့လုပ်တဲ့ မုန့်လုံးရေပေါ်က မဝိုင်းတဲ့အပြင်ညီကလည်းမညီညာ မုန့်လုံးရေပေါ်သာ အသက်ရှိရင် သူ့ကိုရုပ်ပျက်ဆင်းပျက်ဖြစ်အောင် လုပ်ရမလဲဆိုပြီး ပါးရိုက်ပစ်မှာသေချာတယ်"
"ဟိ.ဟိ ခေကလည်းပြောတတ်တဲ့ ဒါနဲ့ဘာလိုခေနဲ့ဆေ ချစ်သူမရှိကြသေးတာလဲဟမ်"
"မမလေးကလည်း ဆေတို့ကို ဘယ်ယောကျာ်းကများကြိုက်မလဲ ကြမ်းထောတွေကို ယောကျာ်းတွေမကြိုက်ရင်နေပါစေ လန့်မပြေးဖို့သာအဓိက"
"အမှန်ပဲ မမလေးရေ "
"အမွှာနှစ်ယောက်နဲ့ရင့် ဘာတွေပြောနေတာလဲ"
ဉီးမိန့် နိုးပြီးလား "
"နိုးပြီးဗျာ ညကစာရေးတာ ညနက်သွားတဲ့"
"အဲဒါကြောင့် ရင့် ပြောပါတဲ့နားနားနေနေရေးပါလို့"
"ဟုတ်ကဲ့ပါဗျာ နောက်ဆိုရင် ရင့်စကားနားထောင်ပါမယ်ဗျာ"
"ပြီးတာပဲ ဘုန်းကြီးကျောင်းသွားမလို့ လိုက်မှာလား"
မိန့် အခုမှာကြည့်မိတဲ့ ရင့်က ကချင်ဝင်းစက်ပန်းရောင်လေးနဲ့မဟာဆန်စွာလှနေလျက်ပါ။ ဒီအပြင်အဆင်ဟာ ဘုန်းကြီးကျောင်းသွားမှန်းသိသာလှသည်။ဒီနေ့ ရင့် သိပ်လှနေမှန်းသိ၏။ သူမ အလှကိုစာဖွဲ့ဖို့ စကားလုံးမရှိတာကိုအံ့ဪမိသည်။ မိန့်လို့ စာရေးဆရာတစ်ယောက်တောင်ထိုသို့ပြောလို့ အပိုမထင်ပါနဲ့ ပန်းချီဆရာဆိုရင်လည်း ရင့်အလှကို ပုံတူဆွဲဖို့ ဘာဆေးရောင်စပ်ဆွဲရမှန်းမသိလို စုတ်တံကိုင်၍ ငေးကြည့်နေမှာသေချာသည်။
ဖြူဝင်းဝင်းအသားရည်က ဆင်စွယ်ရောင်ပမာ နှုတ်ခမ်းသားအိအိလေးနှုတ်ခမ်းနီမဆိုးပဲ ပန်းနုရောင်သန်းလျက်ပါ။သူမက အရမ်းချစ်ဖို့ကောင်းတာတော့ သေချာ၏။
ဉီးမိန့် မေးနေတယ်လေး ဘုန်းကြီးကျောင်းသွားမလို့လာမှာလားလို့"
"ဪ လိုက်မယ်လေး "
"ပြီးရော့ ဒါလေးဖြေကိုအကြာကြီးစဉ်းစားနေရသေးတဲ့"
ရင့်ရဲ့အပြောကို မိန့် ပြုံး၍သာနေမိသည်။သူတွေးနေတာ သူမရဲ့အလှအကြောင်းဆိုသာသိရင် ပျော်နေမယ်လို့တော့ထင်မိပါ၏။ရင့်ရေ ဉီးမိန့်တော့ မင်းကိုခင်တွယ်နေမိပြီးထင်တယ်။
ကြွေတို့ ဘုန်းကြီးကျောင်းမှာပြန်လာချိန် ဉီးခက်ထန်ရဲ့တပည့်တစ်ဉီး ပြူးပြူးဗြဲဗြဲနဲ့ရောက်လာသည်။
"သခင်မကြီး..သခင်မကြီး "
"ဘာဖြစ်လာတာလဲ အနောက်ကကျားလိုက်လာလို့လား အလောတကြီး"
ကြွေရဲ့အမေးကို ပြန်မဖြေဘူးမောနေတဲ့ ကိုစိုင်းကို ကြွေ ရေတစ်ခွက်ခက်ပေးမိရ၏။ဘယ်လောက်တောင်အလောတကြီးလာလဲမသိပါ ကြွေ ခက်ပေးတဲ့ရေကိုတစ်ကျိုက်ထဲမော့ေသာက်ပြီးလျှင်
"သခင်မကြီး သခင်ကြီးအရမ်းဖျားနေလို စံအိမ်ကို လာကြည့်ပေးပါ"
ကြွေ ခဏတော့စိတ်ပူသွားပေမဲ့ သူများတွေမသိအောင် ဟန်ဆောင်ကာ စိုင်းကို စကားပြန်ဖြေလိုက်သည်။
"ဖျားနေရင် ဆရာဝန်ခေါ်ပေးလိုက်ပေါ့ ငါက ဆရာဝန်မဟုတ်ဘူး ဒါကြောင့်မလိုက်နိုင်ဘူး"
"သခင်မကြီးရေ အဲဒီလိုမလုပ်ပါနဲ့ သခင်ကြီးလိုတာ ဆရာဝန်မဟုတ်ပါဘူး သခင်မကြီးကို လိုအပ်တာပါ"
"ဒါနဲ့ မင်းတို့သခင်ကြီးက အမြဲတမ်းသန်မာနေတဲ့လူပါ ငါသူနဲ့နေလာတစ်လျှောက်ဖျားဖို့နေနေသာသာ ချောင်းတောင်မဆိုဖူးဘူး"
စိုင်း ခေါင်းကုတ်လျက် သခင်မကြီး အပြောကိုပြန်ချေပဖို့ခက်နေ၏။ သခင်မကြီးပြောတာလည်း အမှန်ပဲလေး သခင်ကြီးကအရမ်းကျန်းမာရေးကောင်းတာကို့ စိုင်း ဘာပြန်ပြောရမလဲ တွေးနေတုန်း ကယ်တင်ရှင်ကဝင်လာသည်။
မားကလည်း ပါးလည်းအသွေးနဲ့အသားပဲ ဖျားတဲ့အချိန်ဖျားမှာပေါ့ ပြီးတော့အသက်ကလည်းကြီးလာပြီးလေ"
"မမလေးပြောတာဟုတ်တယ် သခင်မကြီး သခင်ကြီးက အဖျားက ၂၀၀လောက်ရှိတယ်"
"စိုင်းအဲဒါတော့ အိုဗာဖြစ်ပြီး မင်းတို့သခင်ကြီးသာ အဖြား၂၀၀ရှိရင်သေတာကြာပြီး"
"အို မားကလည်း စိုင်းက ဘာမှသေချာသိတာမဟုတ်ဘူး ပါးဆီးအမြန်သွားရအောင် သမီးစိတ်ပူတဲ့ ဆေနဲ့ခေ စံအိမ်ကိုသွားဖို့အမြန်ဆုံးပြင်"
ရင့် စိတ်ပူစွာ ပြောသလို ဆေနဲ့ခေကိုလည်း အမိန့်ပေးလိုက်ရပါ၏။ မိန့်ကတော့ သူဇနီး အရမ်းစိတ်ပူနေလို့ ခေနဲ့ဆေတို့အလုပ်ကိုဝိုင်းကူလုပ်ပေး၏။
"သခင်ကြီး သက်သာရဲ့လား"
"မသက်သာဘူး ချောင်းအရမ်းဆိုးနေတဲ့ အဖျားတိုင်းရအောင်"
"ဟုတ်ကဲ့ သခင်ကြီး"
ဉီးခက်ထန် ခုတင်ပေါ် စောင်ခြုံပြီး နေရ၏။ တစ်ကိုယ်လုံးလည်း မီးခဲပမာပူချစ်တောက်နေ၏။ ရေကို၅နာရီကြာအောင်စိမ်ချိုးတဲ့အပြင် မဖျားမှာဆို့လို့ အင်ယားကွန်းဂိတ်ဆုံးဖွင့်၍ နေခဲ့တဲ့အကျိုးကြောင့် လူကမထိုင်နိုင်ပါ။
သခင်ကြီး အဖျားအရမ်းကြီးနေပြီး ဆေးသောက်လိုက်ရအုံး"
"မသောက်ဘူး ဒါနဲ့အဖျားကဘယ်လောက်ရှိတာလဲ"
"၁၀၄ပါ အဖျားကြီးပြီးသတိမေ့မှာစိုရတဲ့ ဆေးသောက်ရအောင်"
"မသောက်ဘူး တော်ကြာ ကြွေလာလို့အဖျားကျသွားရင် ငါလိမ်တဲ့ဖြစ်နေမယ်"
"အဖျားအရမ်းကြီးနေပြီးလေ"
"ကြီးပါစေကွာ "
ဉီးခက်ထန်နဲ့ မိုင် အခြေအတင်စကားများနေတုန်း အခန်းတံခါးကိုဖွင့်ပြီး ကြွေဝင်လာသည်။
"ကြီးပါစေလုပ်မနေနဲ့ တစ်ခါတည်း သေသွားမယ် မိုင်အပြင်မှာနေပါ မင်းတို့ရဲ့သခင်ကြီးကို ငါကုမယ်ပြီးတော့ ဆရာဝန်ကို ဖုန်းဆက်ခေါ်ခဲ့ပါ"
မိုင် သခင်မကြီးစကားကို ခေါင်းငြိမ့်ပြ၍ အခန်းအပြင်သို့ထွက်ခဲ့သည်။သခင်မကြီးရောက်ပြီးဆိုတော့ သခင်ကြီးအတွက်စိတ်ချရပါပြီး။
"ဉီးမိန့် ရင့် ပါးအခန်းထဲသွားချင်တယ်"
"မားကမှာထားတဲ့ အဖျားကူးမယ်တဲ့ ဒီအတိုင်းနေပါ"
."နေလိုရမလား ပါးကို စိတ်အရမ်းပူတဲ့"
"ပူမနေနဲ့ မား အကောင်းဆုံးပြုစုလိမ့်မယ် ကဲ့ကလေးမ အလာတုန်းကလည်း ဘုရားစာတွေတတွတ်တွတ်ရွတ်လာတဲ့ အခုစံအိမ်ရောက်နေပြီးပဲ စိတ်ကိုတစ်ထစ်လောက်လျော့ပြီး ရေအေးအေးလေး သောက်လိုက်နော်"
မိန့် ရေသန့်ဘူးထဲကရေကို ဖန်ခွက်ထဲငှဲ၍ ရင့်ကိုပေးမိသည်။ဒါတောင် သူမ မသောက်ဘူးဆိုတဲ့သဘောဖြင့် မယူဘဲ မျက်နှာကိုတစ်ဖက်လှည့်သွား၏။မိန့်ကလည်း လှည်သွားတဲ့မျက်နှာကို ချက်ချင်းပြန်ဆွဲယူပြီး ရင့်ကို ကလေးလေးတစ်ယောက်လို့သဘောထားပြီး ရေကိုကိုယ်တိုင်တိုက်သည်။
"ဉီးခက်ထန် ဘယ်လိုလုပ်ပြီးအဖျားတွေကကြီးနေရတာလဲ "
"မသိဘူးလေကွာ "
"မသိရအောင် ရှင့်ကကလေးလား "
"ကြွေ ရာ ဖျားနေပါတဲ့ဆို ရဲတွေလို့ လာစစ်မေးနေတဲ့"
"ဟုတ်ပါပြီး မပြောတော့ဘူး ရေပတ်တိုက်ပြီးပြီးဆိုတော့ အဝတ်စားလှဲရမယ် ပြီးရင် ကျွန်မဆန်ပြုတ်ပြုတ်ပြီးတိုက်မယ် အခုတော့ ဒီပေါင်မုန့်လေးစားပြီးဆေးသောက်လိုက်"
"ကြွေရယ် ဆန်ပြုတ်ကို ကိုယ်တိုင်မပြုတ်ပါနဲ့ ခေကိုပြုတ်ခိုင်းလိုက်ပါ ကြွေက ကိုယ်အနားမှာပဲနေပေးပါကွာ"
လေသံပျော့နဲ့တောင်းဆိုနေတဲ့ ဉီးခက်ထန်ကိုကြည့်ပြီး ကြွေ ခေါင်းငြိမ့်ပြမိရသည်။ စိုင်း လာပြောတုန်းက အခုလောက်ထိဖြစ်မယ်လိုမထင်ထားပါ။ဒီရောက်တော့ အသားကမီးပမာပူလို့ ကြွေမှာ ချက်ချင်း ခြုံထားတဲ့စောင်ကို ဖယ်ပစ်ပြီး ရေပတ်ဝတ်တိုက်ပေးရသည်။ကြွေမှာ သူကိုမိခင်သဖွယ်ပြုစုနေတာ မမြင်ရတဲ့သံယောဇဉ်ကြောင့်လားဆိုတာ ကိုယ်ကိုတိုင်တောင်မသိပါ။
"မား ပါးအခြေနေဘယ်လိုလဲ"
"သမီးက အခန်းရှေ့မှာစောင့်နေတာပဲ သမီးပါး အဖျားကျနေပြီး အခုဆေးသောက်ပြီးအိပ်နေတဲ့"
"ပါး အဖျား၁၀၄အထိတက်သွားတာ ဘာမှမဖြစ်ဘူးလားဟင် "
"မဖြစ်ပါဘူ သမီးရယ် သမီးရဲ့ပါးက သန်မာတဲ့လူပါ စိုးရိမ်မနေနဲ့ သမီးရဲ့ပါး နိုးရင်ဝင်ကြည့်ပါ"
"မားကပါးနားမှာ တစ်ချိန်လုံးနေပေးရမလား"
"နေပေးရမှာပေါ့ သမီးပါးက မားကိုတောက်တဲ့လိုကပ်နေတာကို့"
"မား စိတ်မညစ်ပါနဲ့နော် ပါးကိုကရုစိုက်ပေးပါ"
"အေးပါ သမီးရယ် မားလည်း ထမင်းစားအုံးမယ်"
"ဟုတ်မား"
."ဟုတ်မား လုပ်မနေနဲ့ ရင့် လည်းထမင်းမစားရသေးဘူးမဟုတ်လား"
"မစားချင်တော့ဘူး ဉီးမိန့်"
"မစားချင်လို့မရဘူး မားနဲ့အတူတူစားရမယ် ဉီးမိန့်လည်းဗိုက်ဆာပြီး"
"ဟုတ်သာပဲ သမီးရယ် လာပါ မားတို့အတူတူသွားစားရအောင်"
ကြွေ သားနဲ့သမီးကို ထမင်းစားခန်းထဲကိုခေါ်သွားသည်။
စာရေးသူ အလွမ်း&သွေးမိန့်