ဂိုဏ်းစတားမလေး၏အချစ်တော်
ဉီခက်ထန်နဲ့ ဆုံပြီးနောက် ကြွေ နေထိုင်ရတာမလွှတ်လပ်ပါ။ ကျောင်းသွားချိန်လည်း အနောက်ကနေ အရိပ်လိုလိုက်နေသောကြောင့်ပါ။
"ကြွေ ဟိုခန်ညားတဲ့လူကြီးက နင်ကိုကြည့်နေတာ မကျြတောငျမှေးတောငျမခတျဘူး ကြိုက်နေတာထင်တယ် အဟီး"
"အဲဒါ ငါကဘာလုပ်ရမလဲ အေးဆေးစားနော် မိအေးမ"
"နင်ကလည်း အဲဒီလူကြီးက အရမ်းခန့်တယ် နင်ကိုကြိုက်နေတာထင်တယ် အားကျလိုက်တာဟဲ ငါကိုလည်း အဲလိုရုပ်ချောချောလေးကြိုက်ရင်ကောင်းမယ်"
"ကောင်မ သိပ်မယွနဲ့ စားပြီးရင် ကျောင်းထဲပြေးဝင်မယ် ဒီနေ့bio စာမေးမယ်တဲ့ကျက်ရအုံးမယ် ဒေါ်ကြီးရေ ဘယ်လောက်ကျလဲ"
"ရှင်းပြီးပြီး ကြွေရေ"
အဒေါ်ကြီးက စျေးရောင်းရင်လှမ်းအော်ပြောတာကြောင့် ကြွေ ဘေးနားက မိအေး ကိုကြည့်မိရပါသည်။
ငါမရှင်းပါဘူး နင်နဲ့ငါအတူတူ အသုပ်စားနေတာပဲကို့"
."ဒါဆိုရင်ဘယ်သူရှင်းတာလဲ"
.ငါအထင်ပြောရရင် ဟိုလူကြီးရှင်းတာနေမယ်"
"တောက် ဒီလူကြီးလွန်ပြီး"
ကြွေ ဒေါသတကြီးနဲ့ ဉီးခက်ထန်ဆီလာမိရသည်။အနောက်ကမိအေး က ကွှေကိုထိနျးဖို့လိုကျလာသညျ။
"ဒီမှာ ရှင်ဘာလို့ ကျွန်မစားတဲ့မုန့်ကိုပိုက်ဆံရှင်းရတာလဲ."
."ရှင်းချင်လို့လေ မင်းစားတာကချစ်စရာလေးနော်"
"တောက် နှာဘူးကြီး နောက်မရှင်းနဲ့ကျွန်မ မကြိုက်ဘူး"
"ကိုယ်ကတော့ကြိုက်တယ် "
"ဘာရှင်!!"
"တစ်မျိုးမထင်ပါနဲ့ မင်း မုန့်စားတာအခုလိုရှင်းပေးရတာကိုပြောတာပါ"
"ကြိုက်လည်းမရှင်းနဲ့ နောက်တစ်ခါရှင်းရင် ရှင်နဲ့ကျွန်မ တွေ့မယ်"
ကျောင်းဝတ်ဆုံနဲ့ အရမ်းချစ်ဖို့ကောင်းတဲ့ ကြွေကို သူမြင်မြင်ချင်းချစ်မိသွား၏။မကောင်းမှုဒစရိုက်လောကမှကျင်လည်နေတဲ့ သူ့လိုဒုစရိုက်သမားမှာ အချစ်ဆိုတာမရှိသင့်ဘူးလေ။ဒါပေမဲ့ နှလုံးသားက ထိန်းချုပ်လို့မရတော့လည်း မတက်နိုင်ပါ။အခုလည်း သူကိုဒေါကြီးမောကြီးနဲ့ပြောနေတဲ့ ကြွေက တစ်မျိုးလေးချစ်ဖို့ကောင်းနေပြန်သည်။
"အခုလည်း တွေ့နေတာပဲကို"
"တောက် တော့တော်မျက်နှာပြောင်တိုက်တဲ့လူပဲ ကဲ့ဟာ"
ကြွေ ဒေါသထွက်လွန်လို့ စိတ်မထိန်းနိုင်ပဲ သူစားနေတဲ့ ခေါကျဆှဲသုတျပနျးကနျကိုယူပွီး သူရဲ့ခေါင်းကိုရိုက်ပစ်မိသည်။
"ခွမ်းး"
"ဟာ ကြွေ နင်ဘယ်လိုလုပ်လိုက်တာလဲ သွေးတွေထွက်ကုန်ပြီး"
ခက်ထန်ကို သွေးထွက်သည်နှင့် သူတပည့်သုံးယောက်က ခါးညားထဲကသေနတ်ကိုထုပ်ဖို့ပြင်၏။ခက်ထန်က မျက်ရိပ်ပြတာကြောင့် သေနတ်ကိုမထုတ်တော့ဘဲ
"ဆရာ ဒီကောင်မလေးကိုဘာလုပ်ရမလဲ"
"ဘာမှမလုပ်နဲ့ မင်းတို့ဘာသာအေးဆေးနေ"
ခက်ထန် သူရဲ့တပည့်များကို တားဆီးရပါသည်။ ကြွေကတော့ မျက်နှာခက်ထန်စွာနဲ့ကြည့်နေသည်။ ဆိုင်ရှင်အဒေါ်ကြီးကလည်း မုန့်ရောင်းရင် နဲ့ပြေးလာသည်။ဆိုင်ထဲကလူတွေအားလုံးက သူတို့အဝိုင်းကိုကြည့်နေ၏။
"သမီးကြွေ ဘယ်လိုလုပ်လိုက်တာလဲ လူလေးရရဲ့လား သွေးတွေအများကြီးထွက်နေပြီး"
"ရပါတယ် အန်တီ ကြွေ မင်းမို့လို့နော် ဒီနေရာမှာတစ်ခြားလူသာဆိုရင် မလွယ်ဘူး ကျောင်းတက်နေပြီး သွားတော့"
"ဟွန့် "
ကြွေလည်း မျက်စောင်းထိုး၍ သူငယ်ချင်းကိုခေါ်ပြီး ကျောင်းထဲဝင်ခဲ့သည်။
ညနေကျောင်းဆင်းချိန်ရောက်တော့ ကြွေ သူငယ်ချင်းတွေနဲ့အိမ်ပြန်မဲ့အလုပ် ကျောင်းအုပ်ကြီးက ခေါ်တာကြောင့် ရုံးခန်းသို့လာခဲ့ရသည်။ သူငယ်ချင်းတွေကလည်း အလုပ်ရှိတာကြောင့် ကြွေကိုမစောင့်ဘဲ ပြန်သွားကြသည်။
"ဆရာကြီး သမီးကို ခေါ်တယ်ဆို"
"သမီး ဘယ်လိုလုပ်တာလဲ "
"ဘာကိုလဲ ဆရာကြီး"
"မနက်က မုန့်ဆိုင်မှာ လူတစ်ယောက်ကို ပန်းကန်နဲ့ခေါင်းကိုရိုက်တဲ့ဆို"
"အမှန်ပဲပါပဲ ဆရာကြီး"
"အဲဒီမလုပ်နဲ့ သမီးကိုတစ်ဖက်လူကအရေးမယူလို့ ယူရင်သမီး စားမေးပွဲတောင်ဖြေနိုင်မှမဟုတ်ဘူး ဆရာကြီးတို့္ကျောင်းကပြစ်မှုရှိတဲ့ ကျောင်းသားတွေကိုလက်မခံပါဘူး"
"ဟုတ်ကဲ့ပါဆရာကြီးရှင့် သမီးနောက်တစ်ခါအဲလိုမဖြစ်စေရပါဘူး"
"အေးပါ သမီးလည်းပြန်တော့ "
"ဟုတ်ကဲ့ဆရာကြီး"
ကြွေ မှာ သက်ပြင်းချ၍ရုံးခန်းကနေပြန်ထွက်ခဲ့သည်။ကြွေ ရုံးခန်းကိုရောက်တာကြောင့်လည်းရှက်မိရပါသည်။ အိမ်ပြန်လမ်းတစ်လျှောက်မှာ ကြွေ စိတ်တွေညစ်နွမ်း၍ အားအင်တွေမဲ့နေသည်။
"ဟိတ် ဘာတွေငိုင်နေတာလဲ"
"အမယ်လေး လန့်လိုက်တာ အောင်ရယ်"
"အဟီး လန့္သြားလား ေပြာစမ်းပါအုံးဘာတွေငိုင်နေတာလဲ"
ကြွေ အောင်အမေးကိုမဖြေခင် မျက်စောင်းထိုးပစ်မိ၏။ထိုအခါ အောင်က သဘောကျစွာရယ်သည်။ ဒါကြောင့် ကြွေ သူရဲ့လက်မောင်းကြီးကို ရိုက်ပစ်၏။
"နာလိုက္တာဟာ"
."နာရင်သေလိုက် "
"မသေပါရစေနဲ့အုံး ရည်းစားမရသေးဘူး "
"နင်လို မျက်နှာရူးကိုကြိုက်မဲ့သူရှိပါမလား"
"အောင်မာ ငါကိုကြိုက်တဲ့သူများလွန်လို့ ခါချနေရတဲ့"
"အော့.အော့.အန်ချင်လိုက်တာ "
"ကဲ့ ဒေါ်ကြွေဆင်း အန်ချင်တာနောက်မှာထား ဘာလိုငိုင်နေတာလဲ"
"ဘာမှမဟုတ်ပါဘူးဟာ နင်ငါကို မစောင့်ဘဲပြန်သွားလို့"
"နင်ငါကို ကြိုက်နေတာလား ကြွေ"
"ဘာရယ်..နင်သေချင်ပြီးလား ကောင်စုတ် ကောင်နာရဲ့ ဆိုပြီး ကြွေ အောင် လိုက်ရိုက်သည်။ အောငျကလညျး ကြွေကိုပြောင်ပြပြီး၍ ထွက်ပြေးသည်။ ထိုမြင်ကွင်းကိုကြည့်ပြီး လူတိုင်းကပျော်ရွှင်ပေမဲ့ ကားအကောင်းစားအမဲကြီးထဲက မျက်မှန်အမဲတပ်ထားသူကတော့ ဒေါသထွက်စွာကြည့်နေသည်။ထိုသူရဲ့နဖူးမှာ ပတ်တီးနဲ့ ဒါဘယ်သူလဲဆိုတာပြောစရာမလိုပါဘူး ဉီးခက်ထန်ပဲပေါ့။
ကြွေ နောက်နေ့အိမ်ကနေ ကျောင်းသို့အသွားလမ်းမှာ ကံဆိုးမိုးမှောင်ကျခဲ့ရ၏။ထိုနေ့က ကြွေဘဝအတွက်တကယ်ငရဲခန်းကို ရောက်စေခဲ့၏။
"မား "
"ဟမ် ဘာလဲ"
"မားဘာတွေတွေးနေတာလဲ မအိပ်သေးဘူးလား"
"အိပ်တော့မှာပါ သမီးရော့""
"အိပ်ရင်လည်းအိပ်တော့လေး သမီးက မား ပါးအကြောင်းတွေးနေတာလားလို့"
သမီးပြောတာ မှန်တာကြောင့် ကြွေမျက်နှာပျက်မိ၏။ဒါကို သမီးကမြင်လျှင်
"မားက ပါး အကြောင်းတကယ်ပဲတွေးနေတာကို့ မားနော် ပါးကိုမချစ်ဘူးမချစ်ဘူးနဲ့ ခေါင်းထဲမှာ ပါးအကြောင်းချည်းပဲ အဟီး မားလည်း ပါးကိုချစ်နေတာမဟုတ်လား"
"မဟုတ်ပါဘူး သမီး ပါးကိုအရမ်းမုန်းတာ ကြည့် အေးနေတာကို အဝတ်စားကပါးပါးလေးဝတ်ထားပါလား"
"သမီး အနွေးထည်ဝတ်ရမှာပျင်းလို့ ချမ်းလည်း မားကို ဖက်ထားလို့ရတာပဲကို့"
ရင့် မားရဲ့ ခါးကိုဖက်၍ရင်ခွင်ထဲတိုးဝင်လိုက်သည်။မားရဲ့ ကိုယ်သင်းနံမွှေးမွှေးလေးကို ရှုရှိုက်လိုက်၏။ ပါး ဘာလို မားကိုအရမ်းချစ်လည်းဆိုတာ ရိပ် သိပါ၏။မားက ရုပ်ရည်ချောသလို့ စိတ်ထားဖြူစင်ပြီး မိန်းမပီသလိုပါ။ဒေါသကတော့ အနည်းငယ်ကြီးတာကလွဲရင် မားက အရမ်းချစ်ဖို့ကောင်းတဲ့လူပါ။
မျက်မှန်ကို စားကြည့်စားပွဲမှာတင်ပြီး ခါးကြောဆန့်၍ စေ အိပ်ယာဝင်ဖို့ပြင်၏။ ထိုအချိန် နွားနို့ခွက်ကိုင်ပြီး ဝင်လာသူလေးက ချစ်စဖွယ်ပါ။ ချည်သား ဂါဝန်လက်ပြတ်တိုနဲ့ ရင့်က တကယ်ဗိုလ်မရုပ်လေးလိုချစ်စဖွယ်ကောင်းသည်။အိပ်ခါနီးဖြစ်သည့်အတွက် သူမရဲ့ဆံပင်ကောက်ကောက်လေးကိုချထားသည့်ကခါးလောက်ရှိသည်။
"မိန့် အတွက် နွားနို့ အားရှိအောင် "
"ဟုတ် thanks"
စေ နွားနို့ခွက်ကိုကုန်အောင် တစ်ကြိတ်ထဲမော့သောက်လိုက်သည်။နွားနို့ကုန်တာနဲ့ သူမကိုခွက်လှမ်းပေး၏။
နွားနို့ကသောက်လို့ကောင်းတယ် ရင့်ရော့မသောက်ဖူးလား"
သူအမေးကို ရင့် နှာခေါင်းလေးရှုံ၍ ဖြေမိသည်။
"ရင့် နွားနို့လုံးဝမကြိုက်ဘူး အခုနွားနို့က ရင့်အတွက် မားဖျော်ပေးတာ မသောက်ချင်လို့ မိန့်ကိုတိုက်တာ အဟင်း"
"ကောင်မလေး ဉာဏ်များချက် ဒါများ မိန့်အားရှိအောင်တိုက်တဲ့ဆိုတာကပါသေးတဲ့ အရမ်းအေးတာကို ဘာလိုအနွေးထည်မဝတ်ထားတာလဲ ဒေါ်ကြွေရင့်ခက်"
"ဟိုလေး.. မေ့သွားလို့"
"မေ့တဲ့လုပ်မနေနဲ့ ရော့ ဝတ်ထား နွေးနွေးထွေးထွေးနေမယ် ကြားလား"
စေ အကိုကြီးတစ်ယောက်က ညီမငယ်တစ်ယောက်ဆုံးမသလိုဆုံးမပြီး အနွေးထည်ကိုလည်း ကိုယ်တိုင်ဝတ်ပေးသည်။ရင့် ရဲ့မျက်နှာလေး ကပြုံးနေလျက်ပါ။
"မိန့်"
ရင့် ခေါ်သံကြောင့် ဘာလဲဆိုတဲ့သဘောနဲ့မျက်ခုံးပင့်ပြသည်။
"ရင့်ကို ကရုစိုက်နေတာလားဟင်"
"ဒါနဲ့မင်း ငါကိုမိန့်လိုခေါ်ရအောင် မင်းအသက်ဘယ်လောက်လဲ ပြီးတော့ကရုစိုက်ရမှာပေါ့ မင်းက ငါမိန်းမလေး"
"မိန်းမလေးဆိုတော့ မိန်းမကြီးရှိသေးတဲ့ဆိုတဲ့သဘောလား"
ရင် ပြုံးနေတဲ့မျက်နှာလေးကတည်သွား၍ မိန့်ကိုမကျေနပ်သလို ပြော၏။
"ဟာ မရှိပါဘူးဗျာ မိန်းမကြီးရှိဖို့နေနေသာသာ ရည်းစားတောင်တစ်ခါမှမထားဖူးပါဘူးဗျာ "
"ဟွန့် ပြီးတာပဲ ရင့် အသက်က၂၁နှစ်ပါ"
"မင်းက ငါထက်၅နှစ်ငယ်တာပဲ "
"ဟုတ်လား "
"ဟုတ်တယ် ဒါကြောင့်ငါကို မိန့်လိုမခေါ်ရဘူး "
"ဲဒါဆိုရင်ဘယ်လိုခေါ်ရမလဲ မားကပါးကိုခေါ်သလို့ ဉီးစေမင်းမိန့်လိုခေါ်ရမှလား"
်"ဉီးမိန့်လိုခေါ် "
ဉီးမိန့်...ဉီးမိန့်..ဉီးမိန့်..ဉီးမိန့် ဆို၍ ခေါ်တာမဟုတိဘဲတီးတိုးရေရွတ်၏။နောက်မှာပြုံးပျော်တဲ့မျက်နှာနဲ့
ဉီးမိန့်လိုခေါ်လို့ကောင်းသား ရင့်.ခေါ်ကြည့်မယ် ထူးနော်"
"ဉီးမိန့္"
"ဘာလဲ"
"ဟာ ဘယ်လိုထူးတာလဲ ဗျာလိုထူးလေး တကယ်ပဲ"
ရင့် စိတ်ပျက်သလို့ ပြော၍နှုတ်ခမ်းစူကာ ခုတင်ထက်မှသွားထိုင်သည်။ရင့်ရဲ့ပုံကိုကြည့်ပြီး မိန့် ရယ်ချင်သည်။
"စိတ်ကောက်သွားတာလား"
."ဟုတ်တယ်လေး အခုချက်ချင်းပြန်ချော့"
"ဟာ စိတ်ကောက်တဲ့လူကလည်း ချက်ချင်းကြီးချော့ခိုင်းနေပါလား ဟား..ဟား.ရယ်ရတဲ့ဟိတ်"
"ဉီးမိန်!!"
"ဗျာ အသံကိုဆူးနေတာပဲဗျာ တကယ်ပုရစ်မလေး"
"ဉီးမိန့်နော် လူကို ပုရစ်သံလို့ပြောတဲ့ပေါ့ စိတ်ပုတ်စိတ်ယုတ်ကြီး သွား တကယ်စိတ်ကောက်ပြီး ပြောကာ ရင့် စောင်ကိုခေါင်းအထိဆွဲခြုံပစ်လိုက်၏။မိန့်ကတော့ သဘောကျစွာရယ်ပြီး ရင့် ခြုံထားတဲ့ဆောင်ကို ဆွဲလှမ်းပစ်သည်။
"ဟာ ဉီးမိန့် ဘာလိုစောင်ကိုဆွဲနေတာလဲ မဆွဲနဲ့"
"ချမ်းတယ်လေး ပုရစ်မလေးရဲ့"
"အချမ်းခံလိုက် ဒါပဲ ပေးမခြုံဘူး"
"ဒါဆိုရင်တော့ ဒီပုရစ်မလေးကိုပဲအနွေးဓာတ်ရအောင်ဖက်အိပ်တော့မယ် ဆို၍ ရင့်ကို အတင်းဖက်ထားသည်။ရင့်ကလည်း စောင်ထဲကနေနှုတ်ခမ်းဆူ၍အတင်းရုန်း၏။သို့သော် မိန့်က သူရဲ့အားကုန်သုံးပြီးဖက်ထားတာကြောင့် ရုန်းမရပါ။နောက်ဆုံး ရင့်ပဲအရှုံးပေးကာ စောင်ကိုပေးခြုံ၏။ မိန့်ကတော့ စောင်ကိုလည်းခြုံတဲ့ ရင့် ကိုလည်းဖက်ထားသည်။
ထိုညမှာ နှစ်ယောက်စလုံးရဲ့ရင်ခုန်သံတွေမြန်ခဲ့မှန်း တစ်ယောက်နဲ့တစ်ယောက်မသိကြပါ။
စာရေးသူ အလွမ်း&သွေးမိန့်