ဂိုဏ်းစတားမလေး၏အချစ်တော်
"အန်ကယ်က ရင့်ရဲ့အဖေအရင်းဟုတ်ရဲ့လားဗျာ"
"ဒါကတော့ ငါမိန်းမကိုစော်ကားလိုက်တာပဲ"
"ကျွန်တော်မေးချင်တဲ့ အဓိပယ်က အဲလို့မဟုတ်ဘူးဆိုတာကို့ အန်ကယ်သဘောပေါက်သင့်တယ် ဂိုဏ်းတစ်ခုလုံးကိုအုပ်ချုပ်နေသူတစ်ယောက်က အခုလိုမတွေးသင့်ဘူး သမီးအရင်းကို ထိခိုက်နာကျင်စေတာ ဖခင်တစ်ယောက်ရဲ့အချစ်လား"
"စာရေးဆရာပီပီ စကားလုံးတွေနဲ့မတိုက်ခိုက်နဲ့ ငါသမီးရဲ့အရည်အချင်းကိုတိုးတက်အောင်လုပ်နေတာ"
"တိုးတက်အောင်လုပ်တာ..အကြောင်းပြချက်ကမိုက်လာချည်း မိန်းကလေးတစ်ယောက်ကို လူအများကြီးနဲ့တိုက်ခိုက်ခိုင်းတာက တိုးတက်အောင်လုပ်တာပေါ့ ဒီမှာတွေ့လား ရင့်မှာဒဏ်ရာရသွားပြီး"
"ငါသမီး ဒဏ်ရာရတာအဆန်းမှမဟုတ်တာ ငယ်ငယ်လေးထဲကရနေတာပဲကို့"
."ဟားး.ဟား..သိပ်ကြီးကျယ်မြင့်မြတ်တဲ့ဖခင်တစ်ယောက်ပဲ ကိုယ်သားသမီးကို လမ်းမှန်ရောက်အောင်ညွှန်းကြားမယ်အစား လမ်းမှားရောက်အောင်ပို့တဲ့ အန်ကယ်လိုအဖေမျိုးက ရှားတဲ့ အဲဒါကြောင့်လည်း အန်ကယ်ရဲ့ဇနီးကစိတ်ကုန်တာဖြစ်မယ်"
"တော်စမ်း စေမင်းမိန့်! !! မင်းစကားတတ်တိုင်းပြောမနေနဲ့ ရင့်ကြွေခက်ကငါရဲ့သမီး သတ်ချင်ရင်သတ်ပစ်လို့ရတဲ့သဘောပေါက်"
"ဟားး သတ်ကြည့်စမ်းပါ ကျွန်တော်ကလည်း သတိပေးလိုက်မယ် ကျွန်တော်ဇနီးရင့်ကို သတ်ဖို့မပြောနဲ့ ဆံချည်တစ်မျှင်တောင်ထိကြည့် ယောက်ခမဖြစ်နေလည်း အသက်ရှင်မယ်မထင်နဲ့ "
စေရဲ့ စကားကြောင့် ဉီးခက်ထန်ဒေါသထွက်ရသော်လည်း ရင့်ကတော့ကြည့်နူးရပါသည်။ထိုနောက် စေ့က ရင့်ရဲ့လက်ကိုဆွဲပြီးအခန်းထဲခေါ်သွားသည်။
"တောက် ဒီကောင်ကိုသတ်ချင်စိတ်ပေါက်လာပြီး စာရေးဆရာရော့ ဟုတ်ရဲ့လား သူရဲ့တိုက်ရည်ခိုက်ရည်က တော်တော့ကိုကျွမ်းကျင်တာ "
"ဟုတ်တယ် သခင်ကြီး "
"မိုင် "
"အမိန့်ရှိပါ သခင်ကြီး"
"အဲဒီစာရေးဆရာဆိုတဲ့ ကောင်ကိုအနီးကပ်စောင့်ကြည့်ထားပါ.သူနဲ့ပတ်သတ်တဲ့အချက်အလက်တွေအားလုံးစုံစမ်းပေး"
"ဟုတ်ကဲ့ သခင်ကြီး"
မင်းလက်မောင်းကဒဏ်ရာသက်သာရဲ့လား"
"သက်သာပါတယ် ဒါနဲ့ရှင်ကိုယ်ခံပညာက ဘယ်လိုတတ်တာလဲ"
"ကျွန်တော် တိုက်ကွမ်ဒိုရွှေခါးပတ်ရထားတဲ့လူပါ"
"ဝိုး မိုက်တာပဲ ဒါနဲ့ရှင်ဘာလိုကားပေါ်မှာ ကျွန်မတို့အဖွဲ့ကိုပြန်မတိုက်ခိုက်တာလဲ"
"မင်းရဲ့မျက်လုံးကိုကြည့်ပြီး ငါနားလည်းတယ်"
"ဟမ်"
"မင်းမသိရင်မှတ်ထား လူတစ်ယောက်ရဲ့မျက်လုံးကိုကြည့်တာနဲ့အဲဒီလူရဲ့ စိတ်သဘောထားကိုအကဲ့ခတ်လိုရတယ် မင်းရဲ့မျက်လုံးက သနားကြင်နာတတ်မှုကိုတွေ့လို့"
"ဒါဆိုရင် အခုကျွန်မမျက်လုံးကိုကြည့် ဘာတွေ့ရလဲ"
ရင့် ချစ်စရာကောင်းစွာပြုံးပြပြီး သူ့ကိုချစ်ရည်ရွန်းလဲ့တဲ့မျက်ဝန်းနဲ့ကြည့်တော့ စေ သဘောကျစွာရယ်ပြီးပြောလိုက်တဲ့စကားကြောင့် ရင့် သူရဲ့လက်မောင်းကြီးကိုထုမိသည်။
"်မင်းငါကို မြူစွယ်ဖြားယောင်တဲ့ ကြာကြည့်နဲ့ကြည့်နေတာလေးတဲ့ "
"ဆေးနဲ့ခေ အထုပ်တွေပြင်ကြ ဒီနေ့ ငါရဲ့နေရာကိုပြန်မယ်"
"ဟုတ်ကဲ့ပါ သခင်မကြီး"
"သမီး ဘယ်လိုနေသေးလဲ "
"အနာအရှိန်နဲ့ဖျားနေတဲ့လို့ကြားပါတယ် သခင်မကြီး ခရီးထွက်လို့အဆင်ပြေပါမလား"
"ပြေတဲ့ ဒီစံအိမ်နဲ့ဝေးတဲ့နေရာကအဆင်ပြေဆုံးပဲ ငါသမီးအခန်းခဏသွားအုံးမယ်"
ကြွေ သမီးရဲ့အခန်းရှေ့ရောက်တော့ ဉီးခက်ထန်ကိုတွေ့လိုက်ရတာကြောင့် မျက်နှာကြောတင်းသွားရသည်။ ဉီးခက်ထန်ကလည်း သမီးအခုလိုဖြစ်တာသူ့ကြောင့်ဆိုတာသိတဲ့အတွက်ကြောင့် မျက်လုံးကတောင်ပန်းတဲ့အကြည့်နဲ့သူရဲ့ဇနီးကိုကြည့်နေပါသည်။
"ကြွေ ကိုယ်မှားသွားတယ် သမီးကိုတိုးတက်စေချင်တဲ့စိတ်ကြောင့်ထိခိုက်အောင်လုပ်မိတာပါ"
"ရှင်တောင်ပန်းလည်း ကျွန်မလက်မခံနိုင်ဘူး ဉီးခက်ထန် ရှင်ကတကယ်ကိုချစ်ခြင်းတရားမရှိတဲ့လူပဲ ကိုယ်ရဲ့သွေးသားကိုထိခိုက်ဒဏ်ရာရအောင်လုပ်တာရှင်ပဲရှိတယ် ကျွန်မရဲ့ သမီးအနားမှာဝေးဝေးနေပါ ပြီးတော့ ကျွန်မတို့နေရပ်ကို ဒီနေ့ပြန်မယ် သမီးအခန်းကိုလည်း ရှင်မဝင်ရဲဘူးမဟုတ်လား အဲလိုပဲကျွန်မသမီးနဲ့ဝေးဝေးမှာနေပါ ပြော၍ အခန်းထဲကိုဝင်သွားသည်။
"ရင့် ဆေးသောက်နော် ဒဏ်ရာအရှိန်ကြောင့်ဖျားသွားတာပါ"
စေ ရင့်ကိုချော့၍ဆေးတိုက်ရသည်။သူမက ဆေးထိုးဆေးသောက်အရမ်းကြောက်တာကြောင့် ရယ်လည်းရယ်ချင်မိပါသည်။လူအများနဲ့တိုက်ခိုက်တုန်းက ရဲရင့်တာ သူမမဟုတ်တဲ့အတိုင်းပဲ"
"မသောက်ချင်ဘူး ဆေးကခါးတယ် လုံးဝမသောက်ဘူး"
"မခါး ကိုယ် ချိုချဉ်ဆောင်ထားတဲ့ ဒီဆေးသောက်ပြီးတာနဲ့ ဒီချိုချဉ်လေးငုံထားနော်"
စေ ဆေးလုံးကိုပါးစပ်ထဲထည့်ပေး၍ ရေနဲ့အမြန်သောက်ခိုင်းလိုက်သည်။ ထို့နောင် ချိုချဉ်ဖောက်ပြီး သူမပါးစပ်ထဲထည့်ပေးသည်။
"သမီး သက်သာရဲ့လား"
"မား "
မိခင်ကိုမြင်တော့ ကလေးငယ်တစ်ယောက်လို့ငိုမဲ့မဲ့နဲ့ မိခင်ရင်ခွင်ထဲဝင်ပြီ ငိုသည်။ကြွေက တော့ သမီးဖြစ်သူရဲ့ ခေါင်းကိုဖွဖွလေးသပ်ပေးသည်။စေ ကတော့ သားမိနှစ်ယောက် လွတ်လွတ်လပ်လပ်စကားပြောလို့ရအောင်အခန်းပြင်ထွက်ပေးသည်။စေ အခန်းပြင်ထွက်တော့ အခန်းဝမှာရပ်နေတဲ့ ဉီးခက်ထန်ကိုမြင်လိုက်ရသည်။
"ငါမင်းနဲ့ စကားခဏပြောချင်တဲ့ ခြံထဲသွားရအောင်"
ဉီးခက်ထန် စကားကို စေလည်းလက်ခံကာ ခြံထဲသို့လာခဲ့၏။
ခြံထဲက မြင့်မားတဲ့သစ်ပင်ကိုမော့ကြည့်ပြီး ဉီးခက်ထန် စကားစလိုက်သည်။
"မင်း ငါသမီးချစ်လား"
မထင်မှတ်တဲ့စကားမို့လို စေ အံ့ဪပြီး ဗျာ တစ်လုံးထွက်မိ၏။
ငါသမီးကို ငါလိုအဖြစ်မျိုးအဖြစ်မခံနိုင်ဘူး ငါကကြွေမချစ်ဘဲအတင်းသိမ်းပိုက်ထားတာ ဒါကြောင့်လည်း သူ့ငါအရမ်းမုန်းနေတာပေါ့ မင်းကိုလည်း ငါသမီးအတင်းလက်ထပ်ခဲ့တာလေး ဒါကြောင့်မေးကြည့်တာ"
"ကျွန်တော် ရင့် ကို ချစ်လားမချစ်လားတော့သေချာမသိဘူး ဒါပေမဲ့ ညီမအရင်းတစ်ယောက်လိုသံယောဇဉ်တွယ်တဲ့"
"မချစ်ဘူးပေါ့ ငါသမီးနဲ့ငါမိန်းမကို စောင့်ရှောက်ပေးပါ ငါကတော့သူတို့နဲ့ဝေးရာမှာပဲနေထိုင်ရမဲ့လူတစ်ယောက်ပါ"
"ကျွန်တော်စောင့်ရှောက်မှာ အန်ကယ်ကိုလည်းအကြံတစ်ခုပေးပါရစေ အန်ကယ်ရဲ့အခုလုပ်နေတဲ့အလုပ်ကိုစွန့်လွှတ်လိုက်ပါ ဒါမှမဟုတ်ရင် အန်ကယ်သိပ်ချစ်ရတဲ့သူတွေနဲ့ဝေးကွာလိမ့်မယ်"
စေ ထိုစကားကိုပြောပြီးသည်နှင့် ကျောခိုင်း၍လှည့်ထွက်ခဲ့ပါသည်။ဉီးခက်ထန်ကတော့ တွေဝေစွာကျန်ရစ်ခဲ့၍ စေပြောတဲ့စကားကို စဉ်းစားနေပါသည်။
"မား ဗိုက်ဆာတယ်"
"အချွဲမလေး မျက်နှာရော့သစ်ပြီးပြီးလား ဒါနဲ့သားရော့ မတွေ့ပါလား"
"မားရဲ့သားက ရှုခင်းလှတဲ့နေရာမှာစာထိုင်ရေးနေလောက်ပြီး ပါးရော့နေကောင်းရဲ့လားမသိဘူး"
"သတိရရင်သွားတွေ့ပေါ့"
"မားရော့ သတိမရဘူးလား"
"မရပါဘူး သူ့လိုမကောင်းတဲ့လူကို"
"မားက ဘာလို့ပါးကိုအရမ်းမုန်းတာလဲဟင်"
သမီးရဲ့အမေးကို ကြွေဖြေဖို့စကားလုံးမရှိပါ။ဘာကြောင့်မုန်းလဲဆိုတာ သမီးကိုပြောပြရင် သူရဲ့ပါးကိုမုန်းသွားမှမဟုတ်လား ဒါကြောင့်မပြောဖို့ဆုံးဖြတ်ရင်
" မားက သမီးရဲ့ပါးကို မုန်းချင်လို့မုန်းတာ ကဲ့ သားကိုသွားခေါ်ခဲ့ ထမင်းစားမယ်"
"ဟုတ် မားး"
ညရောက်တော့ ကွှေရဲ့အတှေးက အတိတ်ကာလဆီသို့ပြန်ရောက်သွားသည်။
"ကြွေ ကျောင်းသွားကြမယ်လေ"
"အေးပါ အောင်ရဲ့ ခဏစောင့် လွယ်အိတ်ယူလိုက်အုံးမယ်"
ကြွေဆင်းဆိုတဲ့ ဆယ်တန်းကျောင်းသူမလေးက သိပ်ချစ်စရာကောင်းလှပါသည်။ပါးပြင်ကသနပ်ခါးဝင်းဝင်းဝါဝါလေးက သူမကိုချစ်စရာပို့ကောင်းစေပါသည်။ အဖြူနဲ့အစိမ်းကျောင်းစိမ်းဝတ်ဆုံလေးနဲ့ ကြွေကအရမ်းလိုက်ဖက်ပါသည် ဆံပင်ရှည်ရှည်လေးနှစ်ခွာစီးထားပုံက တကယ်ကို မြင်ရသူတိုင်း ငေးစေပါသည်။
တစ်နေ့တော့ အောင်ဖျားနေလို့ ကျောင်းကို တစ်ယောက်ထဲလာခဲ့သည်။ လမ်းတစ်နေရာမှာ အဘွားအိုတစ်ယောက်လမ်းကူးနေတာမြင်တော့
ကြွေ အဘွားအိုဆီသွားပြီး လက်ကိုဆွဲ၍ကားလမ်းကိုသေချာကူးပေးသည်။
ကျေးဇူးတင်ပါတယ် မြေးလေးရဲ့ ကျန်းမာပါစေ ချမ်းသာပါစေကွယ်"
"ပေးတဲ့ဆုနဲ့ပြည်ပါစေဘွားဘွား"
ကြွေ အဘွားအိုပို့ပြီး ပြန်အလှည့်မှာ သူငယ်ချင်းတွေကို့တွေ့တာကြောင့် ဝမ်းသားအားရပြုံးပြ၍ သူငယ်ချင်းဆီသို့သွားသည်။
ထိုမြင်ကွင်း ကားပေါ်ကလူချောတစ်ဉီးကမြင်ပြီး သူမကို အလွန်ချစ်မိသွားရသည်။ထိုလူက သူမအနောက်ကို တကောက်ကောက်လိုက်ဖို့ဆုံးဖြတ်လိုက်သည်။
ညနေကျောင်းဆင်းချိန် ကြွေ အိမ်ပြန်လမ်းတွင် လူချောတစ်ဉီးနဲ့ဆုံသည်။ သူက ကြွေ ထက် အသက်၈နှစ်လောက်ကြီးမယ်ထင်ပါသည်။
"ညီမလေး နာမည်ဘယ်လိုခေါ်လဲ"
ကြွေ ခဏကြောင်သွားသော်လည်း ချက်ချင်းရန်စွာမိသည်။
"ဘာလိုပြောပြရမှလဲ လူတိုင်းကိုနာမည်မပြောရဘူးလို့ မေမေနဲ့ဖေဖေကမှာထားတဲ့"
"ဟားး တကယ်အစွာပဲ"
."ဉီးလေးကြီးက ဘာရယ်တာလဲ ဟွန့်"
"ကျွန်တော်နာမည် ခက်ထန်ပါ"
"ဉီးလေးကြီးဘာသာ ခက်ပဲထန်ထန် ပျော့ပြောင်းတဲ့ဖယောင်းပဲဖြစ်ဖြစ် ကြွေနဲ့ ဘာဆိုင်လိုလဲ"
"နာမည်လေးက ကြွေတဲ့လား တကယ်နတ်သက်ကြွေတဲ့အတိုင်းပဲ လှတဲ့နော်"
"တောက် ဒီမှာဉီးလေးကြီး လာဘူးမနေနဲ့ ဒိုးလိုက်တော့"
"မဒိုးချင်သေးဘူး မင်းနာမည်အပြည့်အစုံသိချင်တဲ့ ဒါမှမဟုတ် ကြွေ တစ်လုံးပဲလား"
"သိချင်ရင် စုံစမ်း ဖယ်ကျွန်မ အရှေ့က"
"မဖယ်နိုင်သေးပါဘူး မင်းပဲ သိချင်စုံးစမ်းဆို အခုစုံစမ်းမယ်ပြော၍ ကြွေ လွယ်အိတ်ထဲကိုလက်နိုက်၍ စာအုပ်တစ်အုပ်ကိုယူလိုက်သည်။ထိုနောက် ဝမ်းသာအားရပြုံးပြီးပြောတဲ့ စကားကြောင့် ကြွေ ဉီးခက်ထန်ကို တွန်းထုတ်ပြီး အိမ်သို့အပြေးပြန်ခဲ့သည်။ဉီးခက်ထန် ကြွေကိုပြောလိုက်တဲ့စကားက
"ကြွေဆင်း ဆိုပါလား ကိုယ်ရဲ့နှလုံးသားလည်း ကြွေ ကိုချစ်တဲ့ အချစ်တွေကြောင့်ကြွေဆင်းကုန်ပြီး"
အဲဒီခက်ထန်ဆိုတဲ့လူကြီးက ကြွေဘဝအတွက်အဆိုးဆုံးလူသားဆိုတာကြိုသိခဲ့ရင် တကယ်ပါအစကတည်းက ကိုယ်ကိုသတ်သေခဲ့မိမှာပါ။
စာေရးသူ အလွမ်း&သွေးမိန့်