ဂိုဏ်းစတားမလေး၏အချစ်တော်
"မင်းနာမည်က စေမင်းမိန့်နော်"
."ဟုတ်ပါတယ် အန်တီ"
"ငါသမီးနဲ့ မင်းတကယ်လက်ထပ်မှာလား"
"ဟုတ်ကဲ့"
"အိမ်ထောင်တစ်ခုဆိုတာ လှည်းယဉ်စီးသလိုမဟုတ်ဘူးနော် မစီးချင်တော့ဘူးဆိုပြီး လမ်းတစ်ဝက်မှခုန်ဆင်းလို့မရဘူး"
"ကျွန်တော် သဘောပေါက်တယ် အန်တီအိမ်ထောင်ရေးက လေယာဉ်ပျံစီးသလိုပါပဲ မစီးချင်လည်း အဆုံးထိရောက်အောင် စီးရမှာပဲလေ ကျွန်တော် ရင့်ကိုသက်ဆုံးတိုင်ပေါင်းသင်းပါမယ်"
"မင်းက စာရေးဆရာနော် အန်တီသမီးက ဂိုဏ်းစတား အိမ်ထောင်ရေးကအဆင်ပြေပါမလား"
"အန်တီရဲ့တည်မိတဲ့ဘုရားလင်းတပဲနားနား ခိုပဲနားနား ပြသာနာမရှိတော့ပါဘူး တစ်ခုတော့ပြောပါစေ ရင့်အပေါ်ခင်ပွန်းတစ်ယောက်ရဲ့တာဝန်ကျေစေရမယ် "
ဒေါ်ကြွေဆင်း စေမင်းမိန့်ကို တစ်ချက်သဘောကျပါသည်။သူကစာရေးဆရာဖြစ်တာကြောင့် နှလုံးသားကနူးညံသိမ့်မွေ့မှန်းသိပါသည်။စာရေးသူဆိုတာ နှလုံးသားနဲ့ခံစားပြီး စာတွေကိုရေးဖွဲ့ရတာကြောင့်ပါ။သမီးလေးအပေါ်တာဝန်ကျေမယ်ဆိုတာကိုလည်း ယုံကြည့်ပါသည်။
ကောင်းပြီးလေး အန်တီသမီးနဲ့ မင်းကိုသဘောတူပါတယ် မဂ်လာဆောင်ကိုတော့ ဒီအပတ်ထဲမှာပဲ ဒီခြံထဲမှာလုပ်မယ်"
"ဟုတ္ကဲ့ ကျွန်ေတာ်ရဲ့မိဘေတွပွဲမှာမပါဝင်တာကိုတော့ အန္တီနားလည္ေပးပါ"
."အန်တီ နားလည်ပါတယ် "
ဒေါ်ကြွေဆင်း အခန်းကနေ စေ ထွက်လာတော့ ရငျ့လကျဆှဲပွီး အခန်းတစ်ခုကို ရုတ်တရက်ခေါ်သွားတာကြောင့် စေ အနည်းငယ်လန့်သွားရသည်။
"မင်း အသံမပေးဘာမပေးနဲ့ ဘာလိုဆွဲခေါ်ရတာလဲ"
"မားဘာပြောလည်းဟင် သဘောတူတယ်တဲ့လား"
မျက်လုံးပြူး မျက်ဆံပြူးမေးနေတဲ့ သူမကို စေ စချင်လာတာကြောင့် လက်မကိုအောက်ဆိုက်ပြလိုက်သည်။
"မား သဘောတူအောင်ဘာလို့မနေတာလဲ "
"ဟောဗျာ ဒါကတော့သူဘာသာသဘောမကျတာလေးဗျာ ကျွန်တော်ကဘယ်လိုလုပ်ရမလဲ"
"မားသဘောမတူလည်း လက်ထပ်ပွဲလုပ်မှာပဲ"
"အဲလောက်တောင် ကြိုက်တာလား ကျွန်တော်ကို"
"ဟုတ်တယ် "
စေ သူမရဲ့အချစ်ကိုအံ့ဪမိပါသည်။ဒီကောင်မလေး စိတ်ရော့မှန်သေးရဲ့လား ယောကျာ်းတစ်ယောက်ကိုမြင်မြင်ချင်းသဘောကျတာ ကိုရီးယားတွေထဲမှာပဲရှိလေ။ဘာပဲဖြစ်ဖြစ် သူမကကြင်နာတတ်တဲ့နှလုံးသားရှိမှန်း စာရေးဆရာတစ်ယောက်အနေနဲ့ခန့်မှန်မိပါသည်။
"ငါ မင်းကိုစတာ သဘောတူတယ်တဲ့ ဒီရက်ပိုင်း လက်ထပ်ပွဲလုပ်ပေးမယ်တဲ့"
"ယေးး အရမ်းပျော်တာပဲ"
ရင့် ကလေးတစ်ယောက်လိုပျော်ရွှင်၍ စေကိုလှမ်းဖက်တော့ စာရေးဆရာရဲ့ ပူပူနွေးနွနှေလုံးသားက အခုန်မြန်လာသည်။
ဉီးခက်ထန် ဇနီးချောကြွေကို တွေ့ချင်တာကြောင့် ကြွေ အခန်းတံခါးကိုသော့နဲ့ဖွင့်၍ ဝင့်ခဲ့သည်။
"မင်းဘာစားချင်လဲ"
"ဟမ် ရှင်ကျွန်မအခန်းကို ဘယ်လိုလုပ်ရောက်လာတာလဲ"
"ဒီအိမ်က ငါအိမ်ပဲ ဒီအခန်းတံခါးတွေသော့အားလုံးက ငါဆီမှာရှိတယ်"
"ရှင်ဆီမှာသော့တွေရှိတိုင်း အခုလိုသူများမသိအောင်ဝင်မလာပါနဲ့"
"ဘာဖြစ်လဲ ကိုယ်မိန်းမ အခန်းကိုယ်ဝင်တာပဲ ဘယ်လိုဝင်ဝင်ပေါ့ "
"စကားကိုပေါ့ပျက်ပျက်ပြောတတ်တဲ့အကျင့်က အရင်တိုင်းပဲ ထွက်သွား ကျွန်မအခန်းကနေ "
"ထွက်သွားလို့ပြောတိုင်း ထွက်သွားရအောင် ငါကမင်းရဲ့အမိန့်ကိုနာခံရမလား ကြွေ"
"ရှင်ကျွန်မအခန်းထဲကနေ ထွက်မလားမထွက်ဘူးလား တစ်ခွန်းပဲဖြေ ကျွန်မဒေါသအရမ်းထွက်လာပြီးနော်"
"မထွက်နိုင်ဘူး"
"ခွမ်း ဒုန်းး"
ဒေါ်ကြွေဆင်း တွေ့သမျှပေါက်ခွဲပစ်သော်လည်း ဉီးခက်ထန်က ခုတငပြေါလြှဲခပွှီးစိတပြှလကေပြှထေိုငကြှညြ့နပေုံက ဒေါ်ကြွေဆင်းရဲ့ဒေါသကိုပိုထွက်စေပါသည်။
"မင်း ခွဲလိုပြီးပြီးလား"
"ပြီးပြီး ရှင်ကိုဒီပန်းအိုးနဲ့ ခေါင်းမရိုက်ခွဲခင် အခုချက်ချင်းကျွန်မအခန်းကနေ ထွက်သွားလိုက်ပါ"
မားအခန်းထဲကအသံတွေကြောင့် ရင့်အခန်းထဲပြေးဝင်လာခဲ့၏။မဟုတ်ရင် ပါး ခေါင်းကွဲမှာမြင်ယောင်နေတယ်လေ။
"ပါး မားဒေါသအရမ်းထွက်နေတာနော် လာခဲ့ ရန်မစပါနဲ့"
"သမီးရဲ့ မားက ဒေါသထွက်နေတာတောင်လှတုန်း"
"လှမှာ ကျွန်မကဒေါင်းမျိုးလေး ဉီးခက်ထန်လို ဘီလူးသရဲမျိုးမဟုတ်ဘူး"
"ဟားး ကိုယ်ကို့အရမ်းအမွှန်းတင်နေပါလား ဒေါ်ကြွေဆင်း ဒါပေမဲ့ သမီးကငါနဲ့တူလို့လှတာ ဒါကိုတော့မင်းဝန်ခံရလိမ့်မယ်"
ကြွေ ဉီးခက်ထန်ကို မျက်စောင်းထိုးမိရသည်။အမှန်တကယ်လေး သမီးလေးက သူ့အဖေနဲ့တူတာပါ။စိတ်ဓာတ်ကတော့ သူအဖေရဲ့မကောင်းတဲ့အမွှေမရလို့ ကြွေပျော်ပါသည်။
"ဘယ်လိုလဲ ကြွေ မဖြေနိုင်တော့ဘူးလား"
"သမီးလေးက ရှင်နဲ့တူတဲ့ပြောရအောင် ရှင်လို့ လူစိတ်မရှိတဲ့လူမဟုတ်ဘူး သွားကိုယ်အခန်းကိုယ်ပြန် သမီးပါးကို သမီးဘာသာခေါ်သွားတော့ မားအကြောင်းသိတယ်နော်"
ရင့် ပါးရဲ့လက်မောင်းကိုကိုင်၍ အခန်းပြင်သို့ထွက်ခဲ့ရ၏။
"ပါး မားကိုအရမ်းချစ်တာပဲ ဘာကြောင့်မားမကြိုက်တဲ့ဒီအလုပ်ကိုမစွန့်လွှတ်နိုင်တာလဲဟင်"
"အချစ်ကအချစ်ပဲ သမီး အလုပ်ကအလုပ် ငါရဲ့သမက်ဖြစ်လာမဲ့ စေမင်းမိန့်ကိုလည်း ငါရဲ့အလုပ်တွေခိုင်းရမယ်"
."ဒါတော့မဖြစ်နိုင်ဘူး ပါး သူ့ကစာရေးဆရာဆိုတော့ မကောင်းတဲ့အလုပ်ကိုလုပ်မှမဟုတ်ဘူး"
"အသွင်မတူတဲ့အိမ်ထောင်ရေး တစ်ခါပေါ်လာအုံးမယ် မားနဲ့ပါးလည်း အသွင်မတူလို့ အခုလိုအိမ်ထောင်ရေးမသာယာတာ သမီးမြင်တဲ့အတိုင်းပဲလေ"
"အဟင်း ဒါကတော့ ဖန်တီးတည်ထောင်တဲ့လူအပေါ်ပဲမူတည်ပါတယ် ပါး လောကကြီးတောင်မတူညီတဲ့အရာတွေနဲ့လှပနေတာပဲ သမီးတို့အိမ်ထောင်ရေးကလည်း မတူညီတဲ့ဆေးရောင်တွေနဲ့ခြယ်သပြီးပုံဖော်အသက်သွင်းမဲ့ ပန်းချီးကားတစ်ချပ်ပါ ဒါကြောင့်လှပနေမှာပါ သေချာပါတယ်"
"စာရေးဆရာရဲ့မိန်းမ မဖြစ်သေးဘူး စကားလုံးတွေပြောင်မြှောက်နေပြီး"
"အချစ်ကြောင့်ပါ ပါး
"ငါထုရင် သေတော့မယ် ကိုယ်အဖေအရှေ့မှာ အရှက်မရှိချစ်ကြောင်းကြိုက်ကြောင်းတွေလာပြောနေတယ်"
ရင့် တစ်ယောက် ပါးဒေါသထွက်တာကို ရယ်နေမိပါသည်။ပါး ကမိန့်ကိုရင့်အရမ်းချစ်ပြလို သဝန်တိုနေတာပါ။ဒီအဖေအကြောင်းကို ဒီသမီးမသိပဲနေမှာလား ပါးတစ်ချက်မျက်လုံးမှိတ်ပြတာနဲ့ ဘာကိုဆိုလိုကြောင်း ရင့် တန်းသိပါသည်။
ခြံထဲမှာ မဂ်လာပွဲအတွက်ပြင်ဆင်နေကြသည်။ မိန့်ကတော့ စာအုပ်ကိုင်၍ အေးချမ်းတိတ်ဆိတ်တဲ့နေရာမှာ စာထိုင်ရေးနေပါသည်။မဂ်လာပွဲကိုပြင်ဆင်ရန် သူ မလိုအပ်ဘူးယူဆထားတာကြောင့်ပါ။
" အကိုလေး မမလေးခေါ်ခိုင်းလို့"
"ဘာအကြောင်းအရာရှိလို့လဲ ဆေ"
"အဲဒါတော့ကျွန်တော်လည်းမသိဘူး လာခေါ်ခိုင်းလို့လာခေါ်တာပါ"
"ကောင်းပြီး ငါလိုက်ခဲ့မယ်"
ရင့် တစ်ယောက်သတို့သမီး ဝတ်ဆုံဝတ်၍ ပျော်ရွှင်စိတ်လှုပ်ရှားနေပါသည်။သတိုးသမီး ဝတ်ဆုံက ဂါဝန်ဖြူဖြူလေးပါ။လည်ဟိုက်ကနည်းနည်းကျယ်တော့ လည်တိုင်ကျော့ကျော့လေးနဲ့ပခုံးသာဝင်းဝင်းလေးကမြင်ရသူကို ရင်ဖို့စေပါသည်။
"မမလေး အကိုလေးရောက်ပြီး"
"ဝင်ခဲ့ခိုင်းလိုက်ပါ"
"မိန့်အခန်းထဲဝင်လိုက်တော့ ချစ်စဖွယ်ကောင်းစွာပြုံးနေတဲ့ ရင့်ကို မြင်တွေ့ရတော့ ဘယ်ဘက်ရင်အုံကအခုန်မြန်လာသည်။ရင့်ကို ငေးကြည့်မိသွားတာကြောင့် ကိုယ်ကိုမကျေမနပ်ဖြစ်မိသွားသည်။
"မင်းငါကို ခေါ်တာ ဘာအကြောင်းရှိလိုလဲ"
"သတို့သား ဝတ်စုံစမ်းဝတ်ကြည့်ပါ ရှင်နဲ့လိုက်လားလို့"
"ငါကိုယ်တိုင်းနဲ့ချုပ်ထားတာပဲ တော်မှာပါ"
"ရှင်ကိုတော်မတော်ဝတ်ခိုင်းတာမဟုတ်ဘူး လိုက်မလိုက် ဝတ်ခိုင်းတာ ရှင်ကအသားဖြူတော့ ဒီအနောက်တိုင်းဝတ်ဆုံနဲ့လိုက်မှာပါ"
"မင်းသိနေပြီးပဲ ငါဝတ်စရာလိုသေးလို့လား"
"လိုတာပေါ့ သွားဝတ်ကြည့် "
မိန့် ခေါင်းကုတ်ပြီး အဝတ်လှဲခန်းထဲ ဝင်လာရပါသည်။ဒီမဂ်လာဆောင်အတွက် သူစိတ်မပါပေမဲ့ သူမလေးက အရမ်းတက်ကြွနေတော့ ကိုယ်ကို့တာဝန်မကျေဘူးလိုခံစားမိပြန်သည်။ဒါပေမဲ့ သူမက အတင်းလက်ထပ်တာကို ငါချစ်လို့လက်ထပ်တာမှမဟုတ်တာဆိုတဲ့ အတွေးကဝင်လာတော့ကိုယ်ကိုအပြစ်မတင်မိတော့ပါ။
"ဘယ်လိုလဲ ငါဝတ်တာအဆင်ပြေလား"
"အရမ်းပြေတဲ့ ရှင်နဲ့အရမ်းလိုက်တာပဲ ကော်လံကိုသေချာသပ်ပေးရမယ်"
ရင့်ရဲ့အရပ်ကသူရဲ့ရင်ဘက်လောက်ပဲရောက်တာကြောင့် ကော်လံကိုတပ်ပေးနေတာနဲ့မတူပဲ ရင်ခွင်ထဲတိုးဝင်နေသလို ဖြစ်နေပါသည်။ ခြေဖျားထောက်ပြီး ကော်လံကိုသပ်သပ်ရပ်ရပ်ဖြစ်အောင်လုပ်နေတာကြောင့် နည်းနည်းအခက်အခဲတွေ့ရသည်။ဒါကို မိန့်သိတော့ ကိုယ်ကိုနိမ့်ပေးလိုက်တော့ မျက်နှာမော့ပြီးလုပ်ပေးနေတဲ့သူမရဲ့မျက်နှာ သူရဲ့မျက်နှာနီးကပ်သွား၏။ရင့်လည်း ရင်ခုန်သံတွေမြန်လာသလို့ မိန့်လည်းရင်ခုန်သံတွေမြန်လာပါသည်။
"မင်းအရပ်တော်တော့ ပုတာပဲနော် ဂျပုမ"
"ရှင့်အရပ်ကလည်း အရမ်းရှည်တာပဲ သစ်ကုလားအုပ်နဲ့ကိုးတောင်ဗျိုင်းစပ်ထားတာဖြစ်မယ်"
"မင်းကျတော့ ဂျပန်ငပုနဲ့သက်ကြီးပုစပ်ထားတာဖြစ်မယ်"
"ရှင့်နော် ကျွန်မရဲ့ပါးနဲ့မားကိုမြင်တဲ့မဟုတ်လား အရပ်ပုလို့လား"
"မင်းကျတော့ ဘဝပေးကံမကောင်းလို့ပုတာဖြစ်မယ်"
ရင့်စိတ်တိုပြီး သူရဲ့နဖူးကို ခေါင်းနဲ့တိုက်ပစ်လိုက်သည်။
"အားး မာလိုက်တဲ့ခေါင်း အုန်းသီးကျနေတာပဲ"
"ဒီလောက်လေးနဲ့နွှဲနေသေးတယ် ကဲ့ကိုယျကိုမှနျထွဲကညျ့လိုကျအုံး"
"ငါတော်တော့ချောပါလား "
"ကိုယ်ငချဉ်ကိုယ်ချဉ်နေပြန်ပြီး"
"အဟီး အဲ့လိုဖြစ်သွားလား "
ရင့်သူရဲ့ပြောင်စပ်စပ်မျက်နှာကို မျက်စောင်းထိုးပစ်ပါသည်။
နောက်နေ့ဆက်ရန်ဗျာ စာဖတ်သူလေးတွေရေ ဒီဇာတ်လမ်းကိုတစ်ရက်ခြားတင်ပေးပါမယ်ဗျာ။
စာရေးသူ အလွမ်း&သွေးမိန့်