ဂိုဏ်းစတားမလေး၏ အချစ်တော်
စေ ရင့် ပါးနဲ့စကားပြောပြီးတော့မိုင်ဆိုတဲ့လူနောက်ကိုလိုက်လာခဲ့တယ်။အခုမှာသူသက်ပျင်းချလိုက်မိတော့တယ်။ဒီမှာနေပြီး ကြွေရင့်ရိပ်ဆိုတဲ့မိန်းကလေးနဲ့လက်ထပ်ဖို့သူဘာကြောင့် စဥ်းစားမိရတာလဲသူကိုသူနားမလည်ပါ။သူတကယ်ပဲဒီကလူတွေနဲ့အမြဲတမ်းနေနိုင်မှာလား.....မားတို့ကရောသူကိုစိတ်ပူနေကြပြီးလား။စေသူအတွေးနဲ့အတူ မှိုင်အနောက်ကိုလိုက်လာခဲ့တယ်။
ရင့် မိန့်တက်လာတာသိရအောင်လို့သူအခန်းတံခါးလေးကိုဟထားလိုက်တယ်။မိန့်ကိုတွေ့တာနဲ့အခန်းအပြင်ဘက်ကိုထွက်လာပြီး မိုင်ကိုသွားဖို့အချက်ပြလိုက်တယ်။
"မိန့် "
"မင်း "
"ခုနလို့ပဲရင့်လို့ခေါ်ပါ ရင့်သဘောကျတဲ့"
"မင်းသဘောကျတာနဲ့ငါကခေါ်စရာလား "
"ရှင်ကလည်း ဒါနဲ့ပါးကဘာတဲ့လဲ
ရှင်နဲ့ရင့်ကိုသဘောတူတဲ့တယ်လား ရှင်ကရော"
"မင်းမေးခွန်းတွေများနေပြီး ငါဘယ်ကစဖြေရမှာလဲ"
"အဲတာလည်းဟုတ်သား ရှင်အဆင်ပြေတဲ့နေရာကနေစပြော "
"မင်းဒီလို့ရူးကြောင်ကြောင်နိုင်တဲ့ပုံစံလည်းလုပ်တာပဲလား "
"ရှင်ကစာရေးဆရာသာပြောတဲ့ သူများကိုပဲအပြစ်လိုက်ပြောနေတယ် ဂိုဏ်းစတားလည်းလူပဲလေ"
"ထားပါ အခုတော့ငါပင်ပန်းနေပြီး
မင်းမေးတာတွေငါနောက်မှာဖြေမယ့်"
"မိန့် "
"ဘိုင့် "
ရင့်သူကိုလက်ကာပြပြီးအခန်းထဲဝင်သွားတဲ့မိန့်ကြောင့် ဒေါသထွက်လို့ခြေစောင့်မိလိုက်တယ်။ဂိုဏ်းမှာသူဟာပါးပြီးရင်ရက်စက်တတ်သူ စေမင်းမိန့်ဆိုတဲ့စာရေးဆရာနဲ့တွေ့မှာသူဟာအရာရာကိုအရူံးပေးနေသူတစ်ယောက်ကိုဖြစ်လို့။
"ကျွန်တော်သူကိုအပြစ်ပေးလိုက်ရမလားမမလေး "
"ဘာ သူကိုအပြစ်ပေးမယ့်ဟုတ်လား"
"ဟိုးသူကမမလေးကိုဒေါသထွက်အောင်လုပ်တာလေ အဲတာကြောင့်"
"မလိုဘူး ငါအမိန့်မပါဘဲ
သူဆံချည်မျှင်တစ်မျှင်တောင်မထိနဲ့ ကြားလား"
"ဟုတ်ကြားပါတယ်မမလေး"
"ကြားရင်သွားတော့ အလကား
ဆေးနဲ့ခေပြန်လာရင်ငါအခန်းထဲလွှတ်လိုက်"
"ဟုတ်ကဲ့ပါမမလေး"
ရင့်လည်းအနီးအနားကဂိုဏ်းသားတစ်ယောက်ကိုပြောပြီး သူအခန်းထဲသူပြန်ဝင်လာခဲ့တယ်။အသားအရေထိန်းသိမ်းဖို့လုပ်ရမယ့် ဒီကြားထဲငါအသားအရေလည်းပျက်စီးနေပြီး။
"ဘယ်လို့ သမီးလေးကရန်ကုန်ကပါလာတဲ့သူငယ်လေးနဲ့ လက်ထပ်မယ့်ဟုတ်လား"
"ဟုတ်ပါတယ်သခင်မ. မမလေးကအဲတစ်ယောက်ကိုမြင်မြင်ချင်သဘောကျလို့ပါတဲ့"
"မင်းတို့ကရောမတားဘူးလား သူပါးကလက်ခံမှာမဟုတ်ဘူးလေ "
ဒေါ်ကြွေဆင်းသမီးဖြစ်သူသတင်းကြားပြီးသွေးပါတိုးချင်နေမိတယ်။ဖခင်ဖြစ်သူကိုချစ်တော့ နားချလို့ရမလားဆိုပြီးမလုပ်ချင်တဲ့အလုပ်ကိုလုပ်နေရတယ်ဆိုတာကိုသူအသိဆုံး။အခုကျတော့အခုမှာမြင်ဖူးတဲ့လူတစ်ယောက်ကို လက်ထပ်ယူမယ့်တဲ့လား။
"စံအိမ်ပြန်ရင်ငါပါလိုက်မယ့် နုလိုအပ်တာတွေသွားထည့်"
ဆေးနဲ့ခေသခင်မကြီးလိုက်မယ့်ဆိုတာကြောင့်နည်းနည်းတော့ပျော်ပေမယ့် သခင်ကြီးနဲ့သခင်မကြီးတွေ့ဆုံမူကိုတွေးကြည့်ရင်ရင်လေးနေမိတယ်။
"သခင်မကြီးတကယ်လိုက်မလို့လား သခင်ကြီးနဲ့"
"သူကိုမတွေ့ချင်လည်း သမီးလေးသဘောကျတဲ့သူကိုတော့တွေ့ရမယ့်မလား"
"ဒါပေမယ့်"
"စကားမများနဲ့ စံအိမ်ပြန်ကြမယ့်"
ဒေါ်ကြွေဆင်းရဲ့တစ်ချက်လွှတ်အမိန့်ကြောင့် ဆေးနဲ့ခေကတော့သက်ပျင်းချရုံကလွဲပြီးဘာမှာမတတ်နိုင်ကြပါ။သူတို့လည်းစံအိမ်ပြန်ဖို့ပြင်လိုက်ကြတယ်။ဟိုးရောက်ရင်ကြုံလာမယ့်ပြသာနာတွေကို စဥ်းစားရင်ရင်လေးနေမိတယ်။
စေ ရေမိုးချိုးပြီးစိတ်အေးလက်အေးအိပ်ချလိုက်တယ်။ဟူး ဟိုးမိန်းကလေးကိုစကားမပြောချင်လည်းမာမီတို့ဆီဖုန်းဆက်ဖို့ အကူအညီတောင်းရမယ့်။စေ အိပ်နေပေမယ့်စိတ်တွေကယောက်ယက်ခတ်နေမိတယ်။
ဦးခက်ထန် ဧည့်ခန်းတွေဇိပ်ခံပြီးထိုင်နေတုန်း ဒေါကြီးမောကြီးနဲ့ဝင်လာတဲ့သူချစ်ဇနီး။သူကြွေကိုချစ်လွန်းလို့အရယူခဲ့တယ်။ကြွေကတော့သူကိုချစ်လားမချစ်လားမသိပါ။ကြွေနဲ့သူကအရာရာဆန့်ကျင်ဘက် သမီးလေးဒီအရွယ်ရောက်တဲ့အထိသူနဲ့ကြွေကဆန့်ကျင်ဘက်ဖြစ်နေတုန်း။
"မင်းဘာလာလုပ်တာလဲကြွေ"
"ရှင်ကိုတွေ့ချင်လွန်လို့ထင်မနေနဲ့ ကြွေသမီးဆီလာတာ"
"မင်းငါကိုမတွေ့ချင်မှန်းငါသိပါတယ် သမီးလေးကိစ္စကိုငါဆုံးဖြတ်ပြီးပြီး "
"ဘာလဲ ရှင်အဲကောင်လေးကိုသတ်လိုက်တာလား"
"မင်းအထင်မှာငါကအဲလောက်ရက်စက်တတ်သူလား "
"ရှင်ကိုရှင်သိမှာပေါ့ "
"မင်းအခုထိအရင်အတိုင်းပါပဲလား ငါနဲ့ဝေးရါသွားလို့ငါကိုလွမ်းနေမှန်းထင်တာ"
"အိမ်မက်မက်နေလိုက် ဘယ်မှာလဲကျွန်မသမီး"
"အပေါ်ထပ်မှာ ကြွေ"
"ဘာလဲ "
"မင်းတောထဲကိုပြန်မသွားတော့နဲ့"
"မဟုတ်မှာရှင်ဂိုဏ်းချုပ်နေရာကိုစွန့်လွှတ်နိုင်ပြီးလား "
"မဟုတ်ဘူး သမီးလေးမဂ်လာကိစ္စစီစဥ်ရမယ့်
ငါကဘာမှာမလုပ်တတ်ဘူး အဲတော့"
"သမီးလေးကိုကျွန်မနေတဲ့နေရာခေါ်သွားမယ့် "
"ကြွေ"
"ဆေးနဲ့ခေအပေါ်သွားမယ့်"
"ဟုတ်ကဲ့ပါသခင်မကြီး "
ဆေးနဲ့ခေကတော့အခုထိမတည့်တဲ့သခင်ကြီးနဲ့သခင်မကြီးကိုကြည့်ပြီး ရယ်ချင်စိတ်ကိုမနည်းထိန်းနေရတယ်။သခင်ကြီးကချစ်ရက်နဲ့သခင်မကြီးစိတ်တိုင်းကျမလုပ်ပေးနိုင်တော့ သခင်ကြီးနဲ့သခင်မကြီးကိုဝေးနေရတာမလား။အခုလည်းသခင်မကြီးကိုစံအိမ်မှာနေစေချင်တာကို မမလေးမဂ်လာကိစ္စနဲ့အကြောင်းပြနေတာမလား။
ကြွေ ယောကျာ်းဖြစ်သူကိုဘုကလန့်ပြောပြီးအပေါ်ကိုတက်လာခဲ့တယ်။အဲမှာဂိုဏ်းချုပ်နေရာကနေမဆင်းနဲ့ ကျွန်မကလည်းရှင်အဲလို့လုပ်နေသရွေ့စံအိမ်ကိုတစ်သက်လုံးပြန်မလာဘူး။ကြွေဆင်းတဲ့ တစ်ဆင်းအဲရှိတယ်။
"ဒေါက် ဒေါက်
သမီး သမီး"
မား အသံပါလား မဟုတ်မှာမား ရောက်လာတာလား။ရင့်ထိုင်နေရာမှာချက်ချင်းအပြင်ကိုထွက်ကြည့်တော့ သူကိုမကျေနပ်စွာကြည့်နေတဲ့သူမာမီ။
"မား "
"ဘာမားလဲ ပြောပါဦး
အခုမှာမြင်ဖူးတဲ့ကောင်လေးတစ်ယောက်ကိုလက်ထပ်မယ့်ကိစ္စ"
"ဟိုး အဲတာက"
"ကြွေရင့်ခက် "
"ရှင့်မား "
"ညည်းလည်း ညည်းပါးပုံစံချိုးနေတာလား"
"မဟုတ်ပါဘူးမားကလည်း ရင့်သူကိုတကယ်သဘောကျတာပါ"
"ဘယ်မှာလဲ အဲကောင်လေးက"
"သူအခန်းထဲမှာ"
"ခေါ်ခဲ့ မားသူကိုကြည့်ကြည့်မယ့်"
"မားသူကိုဘာမှာမလုပ်ဘူးမလား"
"ခေါ်ခဲ့ မားနှစ်ခါမပြောဘူးနော်"
"ဟုတ်"
သမီးဖြစ်သူကိုပြောပြီးကြွေအောက်ကိုပြန်ဆင်းလာခဲ့တယ်။ရင့်ကတော့ ထွက်သွားတဲ့မာမီကိုကြည့်ပြီးခေါင်းကုတ်ရင်ကျန်ခဲ့ရတယ်။
"မမလေး "
"သူကိုသွားခေါ်ခဲ့ ငါဒီမှာစောင့်နေမယ့်
မားဆီမသွားခင်သူနဲ့အရင်ညှိရမယ့်"
"ဟုတ်ကဲ့ပါမမလေး"
"အင်း"
ရင့် မားစိတ်ကိုသိနေတာကြောင့်သက်ပြင်းချနေမိ၏။ ပါးကစိတ်တိုရင်လူသတ်တဲ့ မားကစိတ်တိုရင်ပစ္စည်းတွေခွဲတယ်။မားကနူးညံတဲ့ သနားကြင်နာတတ်တယ်ဆိုပေမယ့်စိတ်တိုရင်ပါးတောင်လိုက်မမှီပါ။နှစ်ယောက်လုံးရဲ့သမီးဖြစ်လို့လားမသိ သူစိတ်ကလည်းပုံမှန်မဟုတ်ပါ။