ဂိုဏ်းစတားမလေး၏အချစ်တော်
ရင့် အဝတျစားလှဲပြီးထွက်လာလျှင် မမနှင်းနဲ့ လှေကားအဆင်းမှာဆုံသည်။မမနှင်းက အလိုမကျတဲ့မျက်နှာဖြစ် ရင့် ကိုကြည့်သည်။ရင့်ကတော့ ဉီးမိန့်နဲ့ လျှောက်လည်ရမှာဆိုတော့ ပျော်ရွှင်နေသဖြင့် မမနှင်းကို ပြုံးပြမိသည်။ မမနှင်းကတော့ မျက်စောင်းထိုး၍ အပေါ်သို့တက်သွားသည်။
"ဉီးမိန့် ပေါက်ပေါက်စုပ်ဝယ်မယ် နေကြာစေ့ဝယ်မယ် ရေသန့်ဘူးဝယ်မယ်နော်"
"ဟုတ်ကဲ့ပါဗျာ ဘာကားကြည့်မှလဲ"
"သရဲကား"
"ရင့်က ကြည့်ရဲ့လိုလား"
"ကြည့်ရပါတယ် ဉီးမိန့်က ဘေးကရှိနေတာပဲကို့ဘာကြောက်စရာရှိလိုလဲ"
ဒီလိုနဲ့ မုန့်တွေဝယ် ရုပ်ရှင်လက်မှတ်ဝယ်၍ ရုပ်ရှင်ရုံထဲသို့ဝင်ခဲ့သည်။ ရုပ်ရှင်ပြတဲ့ Tv ကြီးကလည်း အကြီးကြီးဖြစ်တာကြောင့် ရင့်မှာ အံဪရသည်။ အင်ယားကွန်းက အေးတာကြောင့် ဉီးမိန့်က သူရဲ့အပေါ်ကုတ်ကို ရင့်ကို ခြုံပေးသည်။ရုပ်ရှင်စပြလျှင် သရဲကြီးက လူတွေကိုလာခြောက်နေတဲ့အခန်းဆိုတော့ အရမ်းကြောက်ဖို့ကောင်းသည်။ တစ်ရုံလို့ အော်ကြသည်။ ရင့်ကတော့ မကြောက်မရွံ့ကြည့်နေ၏။ မိန့် ကတော့ ရင့် ကြောက်မှာစိုးလို့ ရင်ခွင်ထဲဆွဲသွင်းသည်။ ရင့်ကလည်း မိန့်ရဲ့ ရင်ခွင်ထဲမှာနေပြီး သရဲကားကိုကြည့်နေသည်။ မိန့်ကလည်း ရင်ကို ပေါက်ပေါက်စုပ်ခွံကျွေးလိုက် နေကြာစေ့ အခွံခွာကျွေးလိုက်သည်။ သူတို့အတွဲ ဘေးကအတွဲတွေက အားကျနေ၏။
"ကိုကို သဇင်ကို နေကြာစေ့ခွာကျွေး"
"သဇင်ကလည်းကွာ ဇာတ်ကားကောင်းနေပြီးကို ရော့ ကိုယ်ဘာသာခွာစား"
"ဟွန့် သူများချစ်သူတွေနဲ့များကွာပါ တော်ပြီ မကြည့်တော့ဘူးပြန်မယ် ဆို၍ စိတ်စိုးကထွက်သွားလျှင် သူ့ကောင်လေးကအတင်းလာချော့ရ၏။
"ဉီးမိန့် ဟိုကောင်မလေးစိတ်စိုးသွားပြီး"
"သူအတွဲကအချစ်စစ်မဟုတ်လိုဖြစ်မယ်"
"ဉီးမိန့် ကတော့အချစ်စစ်ပေါ့"
"ဒါပေါ့ ဉီးမိန့်က ရင့်ကို အချစ်စစ်နဲ့ချစ်တာကြောင့် အခုလိုအသေးအမွှားကအစ ကရုတစိုက်လုပ်ပေးတာလေး"
"လိပ်ကြီး ကိုယ်ဘက်ကိုယ်အရမ်းယက်"
"မယက်ရင် ရေနစျပွီးသမှောပေါ့ဗြာ ရင့် ရုပ်ရှင်ကြည့်ပြီးရင် ဘယ်သွားချင်လဲ"
"တစ်ခုခုသွားစားမယ်လေး"
"Ok"
ရင့် တို့ ရုပ်ရှင်ပြီးလျှင် အရမ်းလှတဲ့ ကော်ဖီဆိုင်လေးတစ်ဆိုင်ထဲဝင်ကြသည်။ကော်ဖီဆိုင်လေးက အတွဲအတွက်သီးသန့်ဖွင့်ထားသည်ဟု ထင်စရာပါ။ ဆိုင်ထဲမှာ အတွဲတွေချည်းပဲလေ။ထိုအတွဲတွေထဲမှာရွှေရည်မြင့်မိုရ်လည်းပါသည်။
"ဉီးမိန့်.. ဉီးမိန်.."
ကော်ဖီဆိုင်ရဲ့ ထောငျ့ဆုံးနရောမှာ မိန့် ထိုင်ရုံပဲရှိသေးတယ်။ ရင့် ရဲ့အလန့်တကြားတိုးတိုးခေါ်သံကြောင့် ဘာလဲဆိုသည့်သဘောဖြစ် မျက်ခုံးပင့်ပြသည်။
မမရွှေရည်နဲ့ ကောင်လေးတစ်ယောက် ဟိုဘက်ဝိုင်းမှာ"
"ဟမ် ကြည့်စမ်း ရွှေရည် ရွှေရည် တကယ်မလွဲပါလား"
"ဉီးမိန့် ဘယ်လိုလုပ်မလဲ"
"ထားလိုက် သူတို့နှစ်ယောက်ပုံကိုတော့ ဓာတ်ပုံရိုက်ယူထားမယ် ရင့် လည်း ရွှေရည်မမြင်အောင် ဉီးမိန့်ရင်ခွင်ထဲဝင်နော်"
"ဟာ လူပိုကြီး အရမ်းအသားယူနေ တကယ်ပဲ"
"ဟာ အသားယူတာမဟုတ်ဘူး ချစ်နေတာနော် ဉီးမိန့်အချစ်ကို ငြိငြင်နေတာလား"
ကလေးတစ်ယောက်က ဒေါသထွက်နေတဲ့ပုံစံနဲ့မေးလျင် ရင့်မှာ ဉီးမိန့်ရဲ့ပါးနှစ်ဖက်ကိုလက်နဲ့ဖျစ်ညစ်ပြီး
မငြိငြင်ပါဘူးရှင့် အဲဒီအချစ်တွေသာ လျော့မသွားအရေးကြီး လျော့သွားလို့ကတော့ ဉီးမိန့်ကိုသတ်မှာ"
"ဟာ ခြောက်စရာချည်းပါလား"
"ဟိဟိ ဘာခြောက်စရာလဲ ခြောက်ချင်နေတာလား ဒါဆိုရင်တော့ ရင့်က အခြောက်မတွေကို မကြိုက်ဘူးရှင့်"
"မခြောက်ပါဘူးဗျာ ဟာသအနေနဲ့ပြောတာ ဉီးမိန့်ယောကျာ်းစစ်မှန်း ညကသိတယ်မဟုတ်လား"
"ဉီးမိန့်နော် အညစ်ပတ်ကြီး ပြောကာ ရင့် မိန့်ရဲ့ရင်ဘက်ကိုထုပစ်၏။
ခေ ကတော့ နေသူရကို မေးနေတာ အမှုစစ်ကြနေတာပါပဲ ။နေသူရကတော့ ခေါင်းကုတ်လိုက် သူမ မေးတာဖြေလိုက်နဲ့အလုပ်ရှုပ်နေ၏။
ခေရဲ့ မေးတာစုံနေတာပဲ ဧကန်နာကိုယ်ညီမကို မိန်းမချင်းကြိုက်နေတာလား"
"မဟုတ်တာ ဉီးနေသူရကလည်း ခေက သိချင်လို့ပါဆို ဒါဆိုရင် မရွှေရည်က နိုင်ငံခြားမှာပဲအကြာကြီးနေခဲ့တာပေါ့ "
"ဟုတ်တယ် "
"အင် မေးစရာကုန်ပြီး ဉီနေသူရ ဖြေပေးလို့ကျေးဇူးပါ နေ့လယ်စာကျွေးလိုလဲလကျေးဇူတင်ပါတယ် ခေ ပြန်တော့မယ် တာတာ့"
"ဒီအတိုင်းတော့ ပြန်လို့မရဘူးနော် "
"ဘာလိုလဲ"
"ကိုယ်ပြောစရာရှိလို့ သေချာနားထောင်ပြီး ချက်ချင်းအဖြေပြန်ပေးရမယ်"
"အင် ဘာပြောမှာလဲ"
.နေသူရ အရင်ဉီးဆုံး ခေရဲ့လက်ကိုဆုပ်ကိုင်ပြီး
ခေ ကိုအရမ်းချစ်တယ် ကိုယ်ကိုချစ်တယ်လို့ပြန်ဖြေပါ"
"ဟမ် အဲဒါကမစောလွန်ဘူးလား ခေနဲ့ဉီးနေသူရတို့သိတာကဘမကြာသေးဘူးလေ ပြီးတော့ ရည်းစားစကားပြောတာကလည်း တုံးတိကြီး"
"ကိုယ်သူများတွေလို ကဗျာမဆန်တတ်ဘူး ခေ ကိုမြင်မြင်ချင်းချစ်မိတယ် အချစ်မှာစောတာ နောက်ကျတာမရှိပါဘူး ပြီးတော့ ကိုယျအသကျက၃၀ရှိပွီးဒါကွောငျ့ ကိုယ်အချစ်က တည်ငြိမ်တဲ့ ခေကို အပျော်တွဲချင်တာမဟုတ်ဘူး ဘဝ လက်တွဲဖော်အနေဖြစ် အနားမှာတစ်သက်လုံး ကိုယ်ရဲ့ဇနီးအဖြစ် ခေ နေပေးလို့မရဘူးလား"
"ခေ မပြောတတ်ဘူး အချစ်ဆိုတာ ဘယ်လိုခံစားမှုမျိုးလည်း ခေ မသိဘူး ဒါကြောင့် ဉီးနေသူရကို ခေ မစဉ်းစားပေးနိုင်ဘူး ဉီးနေသူရက အစစအရာရာပြည့်စုံလွန်သူပါ ခေလို သာမန်မိန်းကလေးတစ်ယောက်က ဉီးနေသူရ အနားမှမရှိသင့်ဘူး ဉီးနေသူရနဲ့လိုက်ဖက်တဲ့ မိန်းကလေးကိုပဲရှာလိုက်ပါ ခေကို သွားခွင့်ပြုအုံး "
ခေ ထသွားဖို့မယ်လုပ်တော့ နေသူရက ခေ ရဲ့လကျကိုဆှဲထားသညျ။ ထိုနောက် စကားတစ်ခွန်းကိုပြောလိုက်သည်။
မင်းကိုယ်နဲ့ စတွေ့တုန်းက ကိုယ်ပေးတဲ့ပိုက်ဆံ၁၅၀၀ကိုယူကတည်းက မင်းကကိုယ်အပိုင်ဖြစ်ပြီးပြီး"
"အဲဒီ ပိုက်ဆံ၁၅၀၀ကို ခေ ပြန်ပေးမယ် ရော့ယူ"
"၁၅၀၀ကို ကိုယ်ယူလိုက်ပြီးနော် မင်းနဲ့ကိုယ်ချစ်သူဖြစ်သွားပြီး မင်းကိုကိုယ်ကအချစ်၁၅၀၀ကိုပေးခဲ့လိုပဲ မင်းကအခု၁၅၀၀ပြန်ပေးတဲ့ဆိုတော့ မင်းကလည်းကိုယ်ကို အချစ်တွေပြန်ပေးခဲ့လိုပဲ"
"မသိဘူး ခေ ပြန်တော့မယ် ပြော၍ ဆိုင်ထဲကနေအပြေးထွက်ခဲ့သည်။နေသူရကတော့ ပြုံး၍ကျန်ခဲ့သည်။
"မမနှင်း တောသူမတွေအခန်းထဲ ဝင်မွှေရမှာရွံတယ် သူတို့ရဲ့တောအနံတွေကိုမခံစားနိုင်ဘူး"
"မြ မရှည်နဲ့ တောအနံရလည်း သူတို့အကြောင်းသိချင်ရင်ရှာရမှာပဲ အမြန်ရှာသူတို့ပြန်လာနေအုံးမယ်"
"မိုးက ဟိုဆေ အိတ်ကိုရှာမယ် "
."မြက ခေ အိတ်ကိုရှာမယ်"
"ငါကတော့ ရင့်ရဲ့အိတ်သုံးအိတ်ကိုရှာရမှာပေါ့"
ညီမသုံးယောက် နာရီဝက်ကြာအောင် ရှာသော်လည်း ဘာမှမတွေ့ပါ နောက်ဆုံးတော့ ရင့်ရဲ့ အိတ်ထဲက ပိုက်ဆံအများကြီးကိုတွေ့လိုက်ရသည်။
"ပိုက်ဆံတွေအများကြီးပါလား"
"ဟုတ်တယ်မမ အိတ်နဲ့အပြည့်ပဲ ရင့်က အရမ်းချမ်းသာပါလား ဒါနဲ့ ဒီမှာဘာစာချုပ်လဲမသိဘူး"
"ပေး မမဖတ်ကြည့်မယ်"
နှင်း ယူ၍ ဖတ်ပြီးလျှင် အံ့အားသင့်သွားရပြီး ဒေါသလည်းထွက်ရသည်။
"ဒါ..ဒါ..မဖြစ်သင့်ဘူး ဒီစာချုပ်က အမှားကြီးပဲ မဟုတ်ဘူး..မဟုတ်ဘူးး"
"မမကြီး စိတ်ထိန်းပါ ဘာစာချုပ်မိုလို့လဲ ဆို၍ မိုး ဖတ်လိုက်လျှင် နှင်းရဲ့ နည်းတူပါ အလိုမကျမှုတွေများလာရသည်။နောက်ဆုံး မြလည်းဖတ်ကြည့်ပြီး ထိုစာချုပ်ကိုယူကာ မိခင်ကြီးဒေါ်ခင်မြတ်မွန်ဆီသို့ ညီမသုံးဉီးလာခဲ့သည်။
ရင့်နဲ့ မိန့် တစ်နေ့ကုန်ပျော်ပြီး ညနေ၅နာရီမှာဘအိမ်ပြန်လာခဲ့သည်။ ရင့်က အိမ်မရောက်ခင် လမ်းတစ်ဝက်မှာကားရပ်ခိုင်း ဆင်းကျန်ခဲ့သည်။ မိန့်ကတော့ အိမ်တိုက်ရိုက်မောင်းသွားသည်။ရင့်အိမ်သို့ရောက်လျှင် ဧည်ခန်းမှာလူစုံနေသည်။ ဉီးမိန့်လည်းစိတ်ညစ်နေတဲ့ပုံဖြစ် ထိုင်နေသည်။ ရင့် ဧည်ခန်းထဲသို့ရောက်လျှင် နှင်းကရင့်ကို ဘာမပြောညာမပြောနဲ့ ပါးရိုက်ပစ်လိုက်သည်။
"ဖြန်း.. ဖြန်း မိန်းမယုတ်မာ "
"ရင့် ကဘာယုတ်မာလိုလဲ"
"မမကြီး ရင့်ကို မရိုက်နဲ့"
"စေမင်းမိန့် ငါကိုဘာမှဝင်မပြောနဲ့ !!!"
"ပြောရမယ် မမကြီးတို့ လူတစ်ဖက်သာကို မစာမနာမရိုက်သင့်ဘူး"
"ဘာကြောင့် ငါက မရိုက်သင့်ရမှာလဲ မာမီပဲ မာမီသားနဲ့ ဟိုအယုတ်တမာမကို ဆက်ပြောလိုက် သမီးတို့ ဒေါသထွက်လွန်လိုသေတော့မယ်"
"သား မာမီတို့အပေါ်ကျူးလွန်ထားတဲ့အပြစ်က ဘာလဲဆိုတာ သားသိတယ်နော် မာမီစိတ်ကိုလည်း သားသိတယ်နော် ဒါကြောင့် ဘာဆက်လုပ်ရမလဲ သားသိပါတယ်"
"သားမလုပ်နိုင်ဘူး မာမီ"
"တိတ်စမ်း မာမီအလောင်းကိုမြင်ချင်နေတာလား"
"သားကို မခြိမ်းခြောက်ပါနဲ့"
"ဉီးမိန့် ဘာတွေဖြစ်နေတာလဲ ရင့် ဘာမှနားမလည်ဘူး"
"အေး နားမလည်ရင်ပြောပြမယ် နင်ကို ငါမောင်နဲ့လုံးဝသဘောမတူဘူး လူလိမ်မရဲ့နင်နဲ့ငါမောင်ရဲ့လက်ထပ်စာချုပ်ကို ငါတွေ့ပြီးပြီး"
"မမနှင်း ရင့်တို့မသိဘဲ ရင်တို့အိတ်ကိုရှာဖွေတာ ခိုးမှုပဲ"
"ဟားး ဟား ရယ်ရပါလား ငါတို့ကိုများ သူခိုးလို စွပ်စွဲချင်သေးတယ် နင်လိုအယုတ်တမာမကများ ပြော၍ နှင်း ရင့် ပါးကိုထပ်ရိုက်ဖို့ပြင်လျှင် တစ်စုံတစ်ဉီးရဲ့အော်ဟစ်သံကြောင့် နှင်းရဲ့လက်က လေမှာပဲမြှောက်တက်သွားရသည်။
နောက်နေ့ဆက်ရန်
စာရေးသူ အလွမ်း&သွေးမိန့်