book

Index 2

အပိုင်း(၂)

  • Author : Thwe Mate
  • Genres : Comedy, Drama, Action

ဂိုဏ်းစတားမလေး၏  အချစ်တော်


"ရှင်ကျွန်မကိုဘယ်လို့ခေါ်လိုက်တဲ့"


"အရူးမလေ  မင်းမကြားဘူးလား"


"ရှင်နေရာမှာတခြားသူဆိုရင်   ကျွန်မသေနတ်စမိနေလောက်ပြီး"


"မင်းကငါကိုဘာလို့သက်ညှာနေလဲ   သတ်လိုက်ပါလား"


"ရှင်ကိုသတ်လိုက်ရင်   ကျွန်မမျက်ရည်တွေကိုကုန်မှာပေါ့"


       မိုင်ကတော့  ရင့်တို့ရန်ဖြစ်နေတာကိုငေးနေတာကြောင့်   ဆေးနဲ့ခေကိုလွှတ်သွားခဲ့တယ်။သူသတိရပြီးလိုက်မယ့်ကြံတော့    သူခြေထောက်ကရင့်သေနတ်စမိသွားခဲ့ပြီး။


"ဒိုင်း       လက်လျော့လိုက်မိုင်

မဟုတ်ရင်  ခြေထောက်ကနေမင်းဦးခေါင်းဖြစ်သွားမယ့်"


"ကျွန်တော်ကိုသတ်လိုက်ပါမမလေး    သခင်ကြီးဆီရောက်ရင်လည်း ကျွန်တော်ကသေလူဖြစ်မှာပါ"


"ပါးကိုငါကြည့်ဖြေရှင်းမှာမလို့   ငါနဲ့စံအိမ်ပြန်လိုက်ခဲ့"


"မမလေး"


"နင်ကိုခွင့်လွှတ်တာမဟုတ်ဘူး   ပါးအမိန့်ကိုနင်မလွန်ဆန်နိုင်ဘူးဆိုတာငါသိတယ်  ဒါကြောင့်ပါးကိုစောင့်ရှောက်ဖို့နင်ကိုလိုအပ်တဲ့မိုင်"


"ကျွန်တော်ကသခင်ကြီးအမိန့်နဲ့မမလေးကိုသတ်ဖို့ထိတောင်တွေးခဲ့သူပါ   "


"ပါးအမိန့်ပဲ   နင်ဆန္ဒမပါဘူးဆိုတာငါသိတယ်

တစ်ခုပဲ  နင်သူကိုစောင့်ရှောက်ရမယ့်"


"သူကိုလား"


"အင်း  အခုချိန်ကစပြီးသူကိုအကိုလေးကိုခေါ်ရမယ့်  "


"ဟုတ်ကဲ့ပါမမလေး"


"စံအိမ်ပြန်ဖို့ပြင်ကြ"


"ဟုတ်ကဲပါမမလေး"


        ဂိုဏ်းသားတွေလည်းရင့်စကားကြောင့် စံအိမ်ကိုပြန်လာခဲ့ကြတယ်။မိုင်ကတော့စံအိမ်ရောက်ရင်  သူနဲ့မမလေးအဖြစ်ကိုကြိုတွေးပြီး  စိတ်မသက်မသာဖြစ်နေမိတယ်။သခင်ကြီးက.  ဘယ်သူ့ကိုမှာညှာတာတဲ့သူမဟုတ်ပါ။


      စေ ခုနရင့်အပြုအမူကိုကြည့်ပြီးတံတွေးမျိူချလိုက်တယ်။သူလည်းကြောက်တာပေါ့  လူပဲဟာအခုသူကိုခေါ်ပြီး  တကယ်ပဲမဂ်လာပွဲကျင်းပမှာလား။သူမှာပြေးပေါက်မရှိတော့ဘူးလား    သူကဘာတွေကြည့်ကောင်းနေလို့ဂိုဏ်းစတားမကသူကိုလက်ထပ်ချင်ရတာလဲ။သူတကယ်ကိုနားမလည်နိုင်ပါ။


"ရှင်ကျွန်မကိုဒီနေ့ငေးလို့ပြီးမှာလားမိန့်   "


"အင်း  မင်းငါကိုဘာကြောင့်လက်ထပ်ချင်ရတာလဲ  ဟိုးငါကမင်းကိုစိတ်မဝင်စားဘူး"


"ရှင်ကိုစိတ်ဝင်စားလားမေးနေလို့လား  အဓိကကျွန်မစိတ်ဝင်စားရင်ရပြီး"


"ဒါပေမယ့်  ငါ...ငါ့မိဘတွေကိုလှမ်းအကြောင်းကြားလို့မရဘူးလား"


"မလိုပါဘူး   ဘာကြောင့်ဆိုရှင်မိဘတွေက ကျွန်မကိုနှစ်သက်မှာမဟုတ်ဘူးလေ"


"မင်းသိနေတာပဲ   "


"ဟိုးရောက်ရင်ရှင်လန့်မသွားပါနဲ့   ဘာကြောင့်ဆိုရှင်လန့်စရာကိစ္စတွေဖြစ်လာနိုင်လို့"


"ဘာကိစ္စတွေလဲ"


"ရောက်ပါပြီးမမလေး   "


"အင်း   သူကိုနားလို့ရအောင်ခေါ်သွားလိုက်မိုင်

ပါးနဲ့ငါရှင်းလိုက်မယ့်"


"ဟုတ်ကဲ့ပါမမလေး"


      ရင့်တို့ပြောနေတုန်း  ရင့်တို့နားကိုဂိုဏ်းခေါင်းဆောင်ဖြစ်တဲ့ဦးခက်ထန်ရောက်လာခဲ့တယ်။


"မင်းကိုငါခိုင်းတဲ့ကိစ္စဘယ်လို့လဲမိုင်"


"သခင်ကြီး"


"ရင့်ဖျက်းစီးလိုက်တာပါပါး"


"ဘာ   နောက်တစ်ကြိမ်ငါကိစ္စကိုတားဆီးပြန်ပြီးလားကြွေရင့်ခက်"


"ပါးကြိုက်သလို့ပြောပါ   ပါးလူတွေကိုရောင်းကုန်တစ်ခုလို့သတ်မှတ်တာကို ရငျ့ခှငျ့မပွုနျိုငျဘူး"


"ဘာ   ကားထုတ်

မင်းတို့သခင်မဆီသွားမယ့်"


"မရဘူးပါး  မားဆီသွားမယ့်ဆိုရင်

ရင့်ကိုတစ်ခါထဲသတ်သွားပါ"


"မမလေး  ကျွန်တော်အမှားပါသခင်ကြီး

မမလေးကိုမလွန်ဆန်နိုင်လို့ပါ  ကျွန်တော်ကိုသတ်လိုက်ပါ"


"ဖယ်ကြစမ်း  "


"ပါး   "


      ရင့်  သူသေနတ်ကိုဆွဲထုတ်ပြီးသူနှာထင်ကိုသူပြန်ချိန်းလိုက်တယ်။ပါးကိုတားရဖို့  သူအသတ်သေရလည်းမနှမြောပါ   တစ်ခုပဲပါးလုပ်ရက်တွေကိုသူတားချင်တယ်။ပါးသူကိုတော့သေစေချင်မှာမဟုတ်ဘူးမလား။


     စေ  ရင့်လုပ်ရက်ကြောင့်သူမသိစိတ်ကရင့်ကိုစိတ်ပူသွားခဲ့တယ်။ကိုယ့်ကသူတို့ပြသာနာကိုမသိပေမယ့်    အခုလို့သူကိုသူသေဖို့ကြံစည်တာကိုတော့သူလက်မခံနိုင်ပါ။ဘာကြောင့်ဆို သူကိုခေါ်လာတာဒီမိန်းကလေးမလား။ဒီမိန်းကလေးသာမရှိရင်  သူကဘာဆက်လုပ်ရမှာလဲ။


"တောက်    ဒီတစ်ခါနောက်ဆုံးဖြစ်ပါစေကြွေရင့်ခက်  နောက်တစ်ခါသမီးဆိုပြီးလည်းငါညှာတာမှာမဟုတ်ဘူး"


"ပါးလုပ်ငန်းတွေကိုရင့်မရူပ်ပါဘူး   တစ်ခုပဲပါး

လူတွေကိုတော့ကစားစရာတစ်ခုလို့မသတ်မှတ်ပါနဲ့  အဲချိန်ရင့်အခုတစ်ခါလို့ဝင်ပါရလိမ့်မယ့်"


"ရင့်  အခုပါးကိုခြိမ်းခြောက်နေတာလား"


"ပါးမွေးထားတဲ့သမီးပါ   ပါးထက်မရက်စက်တတ်ရင်တောင်ပါးခြေရာကိုတော့ရင့်မှီပါတယ်"


      ရင့်စကားကြောင့်  ဦးခက်ထန်ပြုံးလိုက်မိတယ်။သူလိုချင်တာ  ရင့်ရယ်ဒီလို့စိတ်ဓာတ်  ရက်စက်တတ်ရမယ့်   ကြင်နာမူကင်းမဲ့ရမယ့်။သူမိန်းမနဲ့မတူစေချင်တာက. သူမိန်းမကနူးညံတဲ့  သိမ့်မွေ့တယ်။လူတိုင်းကိုစာနာတတ်ပြီး  သူစရိုက်နဲ့ကမိုးနဲ့မြေလို့    သမီးဖြစ်သူကိုတော့သူမိန်းမလို့လုံးဝလို့မဖြစ်စေချင်ပါ။အခုမှာဦးခက်ထန်ဘေးကိုကြည့်မိတဲ့   မိုင်အနားမှာပါလာတဲ့သူစိမ်းယောကျာ်းလေးတစ်ယောက်ကြောင့်  သူမျက်ခုံးတွန့်သွားတယ်။


"သူ့ကဘယ်သူ့လဲရင့်"


"စေမင်းမိန့်တဲ့   ရန်ကုန်ကနေရောက်လာတာ"


"အင်း   ဘာကြောင့်ဒီကိုခေါ်လာတာလဲ

စံအိမ်ကိုသူစိမ်းလူခေါ်ခွင့်မရှိဘူးဆိုတာ ရင့်သိတယ်မလား"


"ရင့်သိပါတယ်ပါး    သူကိုရင့်သဘောကျတယ်"


"ဘာ    အခုပါး.အလုပ်ကိစ္စတွေတားဆီးရုံမကာ

ပါးကိုထောင်ထဲရောက်အောင်လုပ်နေတာလား"


"မိန့်စံအိမ်ရောက်လာတာနဲ့  ရင့်ကဘာကြောင့်ပါးကိုထောင်ထဲထည့်တဲ့လို့တွေးနေရတာလဲ"


"သူကလူစိမ်း  သူဘာအလုပ်လုပ်လဲဆိုတာရင့်လည်းမသိဘူးပါးလည်းမသိဘူး   သူပါးတို့ဂိုဏ်းကိုအနှောင့်အယုက်ဖြစ်စေခဲ့ရင်ဘယ်လို့လုပ်မလဲ"


"မိန့်အဲလို့မလုပ်ဘူးဆိုတာရင့်ယုံတယ်ပါး    ပြီးတော့မိန့်ကစာရေးဆရာတစ်ယောက်ပါ   ပါးတွေးသလို့ဖြစ်လာမှာမဟုတ်ပါဘူး"


"တော်ရုံပဲကောင်းတယ်ရင့်   ရင့်ကပါးသမီးဆိုပြီးအရာရာကိုအလျော့ပေးမယ့်လို့မထင်ထားရင်ကောင်းမယ့်    ပါးရဲ့သည်းခံနိုင်စွမ်းကိုရင့်မစမ်းသပ်ပါနဲ့"


"ရင့် မိန့်ကိုပါးခွင့်ပြုချက်မရှိဘဲ ခေါ်လာလို့ရင့်တောင်ပန်းပါတယ် ဒါပေမယ့်ရင့် မိန့်ကိုသဘောကျတယ်"


"တော်တော့ရင့်      မမိုက်သင့်တာကိုမမိုက်နဲ့"


"ရင့် မိန့်ကိုလက်ထပ်မယ့်    ပါးခွင့်ပြုသည်ဖြစ်စေ   ပါးခွင့်မပြုသည်ဖြစ်စေရင့်ကတော့မဂ်လာပွဲကိုစီစဉ်မယ့်"


"ကြွေရင့်ခက်     မားဆီပြန်နေ

သူကိုထားခဲ့"


"ပါး   ပါးမိန့်ကိုဘာလုပ်ဖို့တွေးနေတာလဲ

ရင့်ခွင့်မပြုဘူးနော်    ရင့်ဘယ်သွားသွားသူကိုခေါ်သွားမယ့်"


       ဦးခက်ထန်သမီးဖြစ်သူခေါင်းမာမူကိုလက်ဖျားခါမိတယ်။ကောင်လေးကိုကြည့်ရတာ   တည်ငြိမ်တဲ့လို့ထင်ရပေမယ့်   တစ်ချိန်ဂိုဏ်းအတွက်အန္တာရာယ်ရှိမလာနိုင်ဘူးဆိုတာ  ဘယ်သူ့အာမခံမှာလဲ။အထူးသဖြင့်  သူ့သမီးရင့်အတွက်နာကျင်စရာတွေဖြစ်လာနိုင်တယ်။


"ပါးသူနဲ့စကားပြောမယ့်   ရင့်အနားယူလိုက်တော့  မိုင် မင်းမမလေးကိုခေါ်သွားလိုက်"


"ပါး"


       စေ  သူကိုစိတ်ပူနေတဲ့ရင့်ကိုကြည့်ပြီးပြုံးလိုက်မိတယ်။တကယ်ပဲသူကိုဘာကြောင့်အဲလောက်တောင်သဘောကျနေလဲဆိုတာ   သူတကယ်သိချင်မိတယ်။သူဘယ်မိန်းကလေးကိုမှာမပတ်သက်ခဲ့ဖူးဘူး  ကွှရေငျ့ခကျဆိုတဲ့မိနျးကလေးကသူပထမဆုံးပတျသကျဖူးတဲ့မိနျုးကလေး။ဒါသူဘကျကမဟုတျဘူးနျော  ရင့်ဘက်ကသူကိုသဘောကျနေတာ   ဒါပေမယ့်အစကသူရင့်ကိုမြင်ပြီးကြောက်ခဲ့တယ်။အခုရင့်ကိုမြင်ရင်  သူနှလုံးသားလေးကမသိမသာခုန်နေမိတယ်။ပြီးတော့  သူရင့်အနားကနေမထွက်သွားချင်ပါ။ဘာကြောင့်လဲဆိုတဲ့အဖြေကို    သူလည်းသိချင်မိတယ်။


"ကိုယ့်အဆင်ပြေပါတယ်ရင့်    ကိုယ့်ကိုအန်ကယ်နဲ့ထားခဲ့လိုက်ပါ"


"မိန့်   ရှင်ရင့်ကိုဘယ်လို့ခေါ်လိုက်တယ်z


"ရင့်လို့လေ    အနားယူလိုက်ပါ

ရင့်ကိုယ့်ကိုစိတ်ပူနေတယ်ဆိုတာကိုယ့်သိပါတယ်    ကိုယ့်ကယောကျာ်းလေးဆိုတာတော့ရင့်မမေ့ပါနဲ့"


"အင်း   ပါးရှင်ကိုတစ်ခုခုခြိမ်းခြောက်ရင်

ရင့်ကိုပြောနော်   ရင့်စိတ်ပူတယ်"


"အင်း   "


       ရင့်  သူကိုကြည်နူးစွာပြုံးပြလာတဲ့စေကြောင့်သူတကယ်နှလုံးခုန်ရပ်ပြီး  သေသွားမလာတောင်အောက်မေ့နေတယ်။ရှင်ကိုစတွေကတည်းက  ရှင်မျက်ဝန်းတွေကရင့်ကိုဆွဲဆောင်ခဲ့တာပါ။အခုတစ်ခါ   ရှင်အပြုံးတွေနဲ့ရင့်ကိုဆွဲဆောင်နေပြန်ပြီးမိန့်။ရင့်.....မိန့်ကိုလှမ်းကြည့်လှမ်းကြည့်နဲ့အပေါ်ကိုတက်လာခဲ့တယ်။


"အထဲလိုက်ခဲ့    သူကိုခေါ်ခဲ့"


"ဟုတ်ကဲ့ပါသခင်ကြီး"


       ဂိုဏ်းသားနှစ်ယောက်လည်း  ဦးခက်ထန်အမိန့်ကြောင့်မိန့်ကိုအိမ်ထဲဆွဲခေါ်လာခဲ့တယ်။


"ထိုင်   "


"ဟုတ်ကဲ့ပါအန်ကယ်"


"အန်ကယ်မဟုတ်ဘူး  ငါကဒီစံအိမ်ရဲ့သခင်

ပြီးတော့ဂိုဏ်းခေါင်းဆောင် မင်းအခေါ်အဝေါ်ပြင်လိုက်ပါ"


"ဟုတ်ကဲ့ပါသခင်ကြီး"


"ရင့်ကခေါင်းမာတယ်   ပြီးတော့ရင့်ကနူးညံတယ်ဆိုပေမယ့်  ငါနဲ့တူတဲ့အတွက်ရက်စက်ကြမ်းကြုတ်တဲ့  မင်းကငါသမီးကိုတကယ်ယူမယ့်ပေါ့"


"ကျွန်တော်ရင့်ကိုမယူဘူးဆိုရင်    ကျွန်တော်ကိုရန်ကုန်ပြန်လွှတ်ပေးမှာလား"


"ဟား   မင်းကငါသမီးကိုမယူနိင်ဘူးပေါ့"


"ကျွန်တော်ကဘဝကိုအေးအေးဆေးဆေးဖြတ်သန်းနေတဲ့စာရေးသူတစ်ဦးပါ      ကျွန်တော်ကိုလွှတ်ပေးရင်သခင်ကြီးတို့စံအိမ်အကြောင်းကိုကျွန်တော်ဘယ်သူ့ဆီမှာမပြောပါဘူး   "


"ငါကမင်းကိုလွှတ်ပေးမယ့်လို့ထင်လား   "


"သခင်ကြီးစိတ်ကိုကျွန်တော်မသိပါဘူး"


"မလွှတ်ပေးဘူး    မင်းငါသမီးကိုယူသည်ဖြစ်စေ  မယူသည်ဖြစ်စေ  ငါမင်းအသက်ကိုအာမမခံဘူး"


"ကျွန်တော်ရင့်ကိုလက်ထပ်ယူမှာပါ"


"ဘာ"


"ကျွန်တော်ကိုသခင်ကြီးပြန်လွှတ်ပေးမယ့်ပြောရင်တောင်    ကျွန်တော်ရင့်အနားကနေထွက်မသွားပါဘူး"


"မင်းကိုငါသမီးနဲ့သဘောတူမယ့်ထင်လို့လား"


"သခင်ကြီးသဘောမတူလည်း   ရင့်နဲ့ကျွန်တော်ကလက်ထပ်ယူမယ့်ဆိုတာသခင်ကြီးသိနေတာပဲ"


"မင်းကတကယ်မခေသူပဲ    ငါသမီးနဲ့မင်းတကယ်လိုက်ဖက်တယ်"


"ကျေးဇူးပါ သခင်ကြီး    "


"ဒါပေမယ့်ငါသမီးကိုယူရင်    မင်းဒီနေရာကနေလွှတ်မှာမဟုတ်တော့ဘူးနော်  ခုနမင်းပြောတဲ့အပေးအယူကိုငါလက်ခံမယ့်ဆိုရင်ရော"


"ကျွန်တော်ကအပေးအယူလုပ်တာမဟုတ်ပါဘူး      ကျွန်တော်ကိုပြန်လွှတ်မယ့်ဆိုရင်တောင်   ကျွမ်တော်ရင့်အနားကမခွာဘူးဆိုတာသိစေချင်လို့ပါ"


"အိုကေမင်းတို့မဂ်လာပွဲကို  ငါအမြန်ဆုံးစီစဉ်ပေးမယ့်"


"ကျေးဇူးပါ သခင်ကြီး"


rate now: