ဂိုဏ်းစတားမလေး၏အချစ်တော်
"မွန်မွန်ရေ မမကိုကျောက်ကျောပန်ကန်လေးတွေပေးပါ မမကျောက်ကျော လှီးထားတာလေ ထည့်ချင်လို့"
"ဟာ မမရင့်လှီးထားတာ အရင်လှတာပဲ ပန်းပွင့်ပုံဖော်ထားတာ စားတောင်မစားရက်ဘူး မွန်မွန်ကိုလည်း သင်ပေးနော်"
"သင်ပေးပါမယ် ဒီပညာကို မမရဲ့မားက သင်ပေးတာ "
"မမရဲ့မားက အရမ်း အိမ်ထောင်ရှင်မပီသတဲ့ အမျိုးသမီးဖြစ်မှာသေချာတယ်"
"သေချာတာပေါ့ မွန်မွန်ရဲ့ သခင်မကြီးကလေ အယ်ဟုတ်ပါဘူး အန်တီကြွေက အရမ်းတော်တာ မုန့်လုပ်နည်းတွေကလည်းအစုံပဲ ရွာပြန်ရင်လိုက်ခဲလေ အလည်ခေါ်မယ်"
"ဟုတ် မမဆေ"
"ဟဲ တောသူမတွေ လေပေါမနေနဲ့လုပ်စရာရှိတာမြန်မြန်လုပ်ကြ မွန်မွန် နင်လည်းစကားများမနေနဲ့ ဧည်ခန်းထဲမှာ ပန်းတွေညှိုနေတဲ့ ခြံထဲကနေခူးပြီး အသစ်လှဲလိုက် ဟိုအမွှာတွေ ပူးကပ်မနေနဲ့ သွေ့သွေ့နဲ့ဂျစ်ဂျစ်ကို သွားကြည့်အုံး နင်တို့ကိုလည်းပြောတာ ငါမောတယ် ရင့် ဆိုတဲ့တောသူမ အဲဒီလောက်အနုစိတ် ကျောက်ကျောကိုပြင်ဆင်မနေနဲ့ မုန့်ဟင်းခါး အိုးကိုသေချာကြည့်အုံး ငါချွေးမရွှေရည် အကြိုက်သေချာချက်နော် တစ်ခုခု ဖြစ်ရင် ညည်းတို့သုံးယောက်ကို တောပြန်ပို့မယ်"
ရင့် ဒေါသကအလိုလိုထွက်လာ၏။ ဒေါ်ခင်မြတ်မွန်ကိုလည်း တစ်ခုခုတော့လုပ်ပစ်ချင်လာပြီး အလကားသက်သက်အပြစ်မရှိအပြစ်လာရှာနေတာ ရင့် သာဂိုဏ်းစတားမလေးလိုနေထိုင်လိုကတော့ ဒီအဘွားကြီး တစ်ကိုယ်လုံးပတ်စီးရမှာသေခြာတယျ။
"အန်တီခင် ရင့်တို့သေချာ လုပ်နေပါတဲ့ အေးအေးဆေးဆေး အနားယူပါရှင့်"
"သေခြာလုပျတဲ့ သေချာလုပ်တဲ့ဆိုပြီး အပြောပဲမရှိနဲ့ လက်တွေ့လုပ်ကြပါ တကယ်ပါပဲ အေ ညည်းတို့ကိုပြောရတာ ငါမောတယ်"
"ဒါဆိုရင် ရေသောက်လိုက်ပါ အန်တီ"
"ညည်းက ငါကိုရွဲ့တာလား ရင့်!!"
"မဟုတ်ရပါဘူး ရင့် ကစေတနာနဲ့ပြောတာ အန်တီ"
."ဟွန့် သေခြာလုပျကွဆို၍ ဒေါ်ခင်မြတ်မွန် မီးဖိုချောင်က အထွက် ရင့်ကလည်း ဒျေါခငျမွတျမှနျရောကျမယျ နေရာကနေမှန်းပြီး ငှက်ပျောခွံကိုပစ်လိုက်သည်။ ဒေါ်ခင်မြတ်မွန်လည်း ငှက်ပျော်ခွံတက်နင်းပြီး ချော်လှဲသွားသည်။
"အမေ့ မြတ်စွာဘုရား!!!"
"ဒုန်းးးး"
အသံကြောင့် နှင်း မီးဖိုချောင်ထဲသို့ပြေးဝင်လာသည်။
"ဘာဖြစ်တာလဲ မာမီ ရရဲ့လား"
"အား နာတယ် ငါခါးအရမ်းနာတယ်"
"ဒီငှက်ပျော်ခွံကိုဘယ်သူပစ်တာလဲ"
"ဘယ်သူမှမပစ်ပါဘူး "
"ဟုတ်လို့လား မှန်မှန်ဖြေစမ်း"
နှင်း ဒေါသတကြီး စစ်မေးနေလျှင် ဂျစ်က ပြေးဝင်လာပြီး
"အဲဒီငှက်ပျော်ခွံကို တားတားအရှိုက်ပုံးထဲမထဲမိပဲ ဒီနားမှာကစ်ထခဲ့တာပါ ဒီဒီနင်း"
"တောက် ဂျစ်နော် ငါလုပ်ရင်သေတော့မယ် နင်တို့နှစ်ယောက် ကိုယ်အိမ်ကိုယ်ပြန်ကြတော့ ငါ စက် ကိုဖုန်ဆက်ပြီးလာခေါ်ခိုင်းတော့မယ် မာမီ ထ ခါးအရမ်းနာတယ်မဟုတ်လား ဆေးလိမ်းရမယ် ဆိုကာ နှင်း သူအမေကိုတွဲပြီးထွက်သွားသည်။ ရင့်တို့အဖွဲကတော့ ဝမ်းသာကြ၏။
"ကောငျးတယျ အာဏာတွေပါဝါတွေပြချင်အုံး မမလေး အခုလိုလုပ်တာအရမ်းအားရတယ်"
"ဆေလည်းအရမ်းပျော် မမလေးတို့အကြောင်း ဖွင့်မပြောသေးဘူးလား".
"ပြောရင် ဘယ်လိုတုံ့ပြန်မယ်ထင်လဲ"
"မိုးမီးလောင်းမှာပေါ့ မမလေးရဲ့ အကိုလေးနဲ့ မမလေးကိုသဘောလုံးဝတူမှမဟုတ်တဲ့အပြင် ခြှေးမဆိုတဲ့ စကားလုံးနဲ့ မမလေးကိုနိပ်စက်မှာပေါ့"
"အဲဒါကြောင့် ငါမဖွင့်ပြောသေးတာ မရွှေရည်နဲ့ ဉီးမိန့် ကို လူသိရှင်ကြားစေ့စပ်ပွဲလုပ်ရင်တော့ ငါက ဉီးမိန့်ရဲ့ မိန်းမဖြစ်ကြောင်းပြောပြရလိမ့်မယ်"
ဟုတ်တယ် မမလေး. ဆေတို့ ပြင်ဆင်စရာရှိတာပြင်ဆင်ပြီး ရေမိုးချိုးရအောင် မမလေးကိုလည်း မရွှေရည်မြင့်မိုရ်ထက်သာအောင် အလှပြင်ပေးရမယ်"
ရင့်တို့ သုံးယောက်လုပ်စရာရှိတာ လုပ်ကာ ရေမိုးချိုးပြင်ဆင်ကြသည်။ နေ့လယ် ၁၁နာရီလောက်မှာ မရွှေရည်တို့မိသားစုရောက်လာသည်။ နှင်း၊မြ၊မိုး တို့ကတော့ ရွှေရည်ထက် ရွှေအကိုကြီး နေသူရ ကိုဝိုင်းပိုးဖို့ အပြိုင်အဆင်အလှပြင်ဆင်ထားသည်။
"ကြွပါ ရွှေရည်တို့ကတော့ ဘယ်အချိန်ကြည့်ကြည့်အရမ်းလှနေတာပဲ"
"မမနှင်းကလည်း ရွှေရည်တို့က ဒေါင်းမျိုးလေး ရှေရညျရဲ့အကိုဆိုရငျလညျး ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကြီးကို့"
"မမနှင်းနဲ့မမမိုးတို့ အရမ်းမွှောကျလှနျပွီး ကိုကိုရေ မုန့်ဝယ်ကျွေးသင့်ပြီးထင်တယ်"
."ဒါပေါ့ ညီမလေးရ နှင်းနဲ့မိုးကို နောက်မှာ မုန့်လိုက်ဝယ်ကျွေးပါမယ်ဗျာ"
"မဟုတ်တာရှင့် အိမ်ထဲကိုကြွပါ "
ဧည်ခန်းထဲမှာ ရယ်ရယ်မောမောစကားပြောကာ အသံတွေစည်ဝေနေသည်။ ရင့်တို့ကိုတော့ မီးဖိုချောင်မှာ ပြင်ဆင်ခိုင်းနေတာ မသိရင် အိမ်ဖော်တွေအတိုင်းပဲ။
ကဲ့ ထမင်းစားခန်းထဲသွားပြီး စားသောက်ကြတာပေါ့ သမီးကြီး မောင်လေးကိုသွားခေါ်လိုက်"
"ဟုတ်ကဲ့ မာမီ"
"တောသူမတွေ မုန့်ပွဲပြင်ပြီးပြီးလား"
"ပြီးပါပြီး အန်တီ "
ရင့် ရွှေရည်မြင့်မိုရ် ဆိုသူကိုမြင်လျှင် ဉီးမိန့် မရွှေရည်မြင့်မိုရ် ကို စွဲလမ်းသွားမှာအရမ်းကြောက်ပါသည်။မရွှေရည်က အရမ်းလှတယ် ဝတ်ထားတာကလည်း တကယ်နိုင်ငံခြားစတိုင်ပါ ရင့်တို့အမြင်မှာ သူအဝတ်အစားက အရမ်းရိုင်းလွန်ပါတယ်။ပေါင်ပေါ် ဒူးပေါ်နဲ့ ဉီးမိန့်ကို လာမြူစွယ်တာဖြစ်မယ်။
"မမလေး အကိုလေးတော့ မရွှေရည်ရဲ့ လက်ထဲပါသွားအုံးမယ် "
"ခေ ပြောတာမှန်တယ် မမလေး ဒီလောက်ဖော်ပြပြီး မြူစွဲနေတာကို့ ကြည့်ပါအုံး မြန်မာပြည်နဲ့ နိုင်ငံခြားမှားနေလားမသိဘူး ဝတ်သူမရှက်မြင်သူရှက်တဲ့"
"ဒါတွေ ထားလိုက်ပါ ဉီးမိန့် ဘယ်လိုလုပ်မလဲဆိုတာပဲ စောင့်ကြည့့်မယ်"
ရင့်တို့ မုန့်ပွဲတွေပြင်ပေးသည်။ ဉီးမိန့်ကတော့ အလိုမကျတဲ့ မျက်နှာဖြစ် ထိုင်နေသည်။ ရွှေရည်ဆိုသူကို ကြည့်ဖိုနေနေသာသာ အရေးတောင်မစိုက်ပါ။ဉီးမိန့် အရေးမစိုက်တာမြင်တော့ ရင့် စိတ်တွေပေါ့ပါးသွားရသည်။
"ကိုကိုနဲ့ ရွှေရည်ရဲ့ စေ့စပ်ပွဲကိုအမြန်ဆုံးလုပ်စေချင်တယ် ကိုကို သဘောက ဘယ်လိုလဲဟင်"
"ကျွန်တော်က ရွှေရည်ကို အရင်ဆုံးတောင်ပန်းပါတယ် ဒီစေ့စပ်ပွဲကလုပ်ပစ်မှမဟုတ်ပါဘူး ဘာကြောင့်လဲဆိုတော့ ကျွန်တော်မှာချစ်ရတဲ့မိန်းကလေးရှိပါနယ် မာမီကအဲဒါကိုမသိဘဲ ရွှေရည်ကို ကမ်းလှမ်းခဲ့တာပါ ။ အခု ကျွန်တော်ကပဲပြန်အသိပေးပြီး ရုပ်သိမ်းပါတဲ့"
"ဘာရှင့် ဒါဆိုရင် ရွှေရည်တို့ကိုအိမ်ခေါ်ပြီး သက်သက်အရှက်ခွဲတာပဲ "
"ညီမလေး ဒေါသမကြီးနဲ့ လူကြီးတွေကိုအားနာအုံး"
"သမီးရွှေရည် စိတ်လျော့ပါ သား မာမီတို့ကိုအရှက်မခွဲနဲ့နော် မာမီ အလောင်းကိုမြင်ချင်တာလား"
"မောင်လေး မမတို့အရှက်ကိုမခွဲပါနဲ့"
မာမီနဲ့ မမတွေက အလောတကြီးတားသည်။ မိန့်မှာ အပြတ်ပြောပြီး ဇာတ်သိမ်းချင်သော်လည်း မာမီကြောင့် စိတ်လျော့ရသည်။
"Ok ကျွန်တော် မရွှေရည်ကို မငြင်းပါဘူး ဒါပေမဲ့ တစ်ခုတော့ရှိတယ် စေ့စပ်ပွဲကိုတော့ အရမ်းအစောကြီးမလုပ်ပါနဲ့"
"နောက်နှစ်လဆိုရင် စေ့စပ်ပွဲလုပ်မယ် အဆင်ပြေလား "
"ပြေပါတယ် ရွှေရည် မာမီသား စာမူပို့ရမှမိုလို့သွားပြီး"
ဒေါ်ခင်မြတ်မွန် မိန့်ကိုမတားနိုင်ဘဲ ကျန်ခဲ့ရသည်။ မိန့် ကတော့ ကားသော့ကို မြှောက်ကစားကာ အပြင်သို့ထွက်သွားသည်။
နေသူရ လက်ဆေးချင်လို့ မီးဖိုခန်းထဲဝင်လာသည်။ သူတွေ့ချင်နေတဲ့ ခေ ကိုတွေ့ရတာကြောင့် အရမ်းပျော်ပြီး အအေးဖျော်နေတဲ့ သူမကို ခြောက်ဖို့ပြင်၏။
"ဟိတ်!!"
"အေမ့"
"ဟားး လန့်သွားလား ခေ "
"ရှင်က ဘယ်သူလဲ ကျွန်မ ရှင်ကိုမသိဘူး"
"ဟာ မင်းအတိတ်မေ့သွားတာလား မနေ့ကပဲ အရုပ်ဆိုင်မှာတွေ့သေးတယ်လေ"
ဆေ ရုပ်ရည်ချောမောတဲ့ ထိုလူကို မသိတာသေချာပါသည်။ ဒါဆိုရင် ခေနဲ့ဆေကို မှားတာဖြစ်မယ်လို့တွေးမိရသည်။ထိုနောက် ခေ ကိုလည်း ထိုလူကြီးစိတ်ဝင်စားနေမှန်းသိသာသည်။ သူ့မျက်လုံးတွေက အရမ်းပျော်ရွှင်နေမှန်း ဆေအကဲခတ်မိသည်။ဆေကို ခေမဟုတ်မှန်းလည်းသိရော့ အနည်းငယ်စိတ်ပျက်သွားသောပုံဖြစ်သွားသည်။
အဲဒါကျွန်မ မဟုတ်ဘူး ခေပါ"
"ဘယ်လို မင်းတို့ကအမွှာတွေလား "
"ဟုတ်တယ်"
"ဪ ဒါကြောင့် လူမှားတာကို"
"ကိုနေသူရ နဲ့ ဆေဘာတွေပြောနေတာလဲ"
"ဘာမှမပြောပါဘူး နှင်း လက်လာဆေးတာပါ"
"ဟုတ်လား အရှေ့မှာ မာမီခေါ်ခိုင်းတယ်ပြော၍ နေသူရ လက်မောင်းကို လာချိတ်ခေါ်သွားသည်။ ဆေ ကတော့ မမနှင်း ကိုနေသူရ ရေလာမြောင်းပေးလုပ်နေတာကို သိပါသည်။ အယွမတွေ မိန်းမနောက်ပိုးတွေလို့ တိုးတိုးလေးရေရွတ်မိသည်။ထိုနောက် ခေ ကို ကိုနေသူရနဲ့နီးစပ်အောင်လုပ်ပေးမယ်လို့ဆုံးဖြတ်လိုက်သည်။
ခေ နင်နဲ့ ကိုနေသူရ ကအသိတွေလား"
"မသိပါဘူးဟာ "
"မသိဘူးသာ ပြောနေ ကိုနေသူရက ငါကိုနင်ထင်ပြီးစကားလာပြောတာ နင်နဲ့အရုပ်ဆိုင်မှာဆုံဖူးတယ်တဲ့"
"ဟိုလူကြီးကို ထားလိုက်ပါဟာ အရေမရအဖတ်မရတွေ"
"နင်ကသာ အဲဒီလူကြီးကိုအရေမရအဖတ်မရထင်တာ ဟို အပျိုကြီးမမသုံးယောက်ကတော့ ကိုနေသူရ ကိုချိန်နေတာ"
"အဲဒါငါကဘာလုပ်ရမလဲ"
"ဪ ငါခန့်မှန်းချက်အရဆိုရင် ကိုနေသူရက နင်ကြိုက်နေတဲ့လိုခံစားရတယ် ဒါကြောင့် သူကြိုက်တယ်ပြောရင် နင်ပြန်ကြိုက်လိုက်လို့ အဲဒါမှာ ဟိုအပျိုကြီးမမ သုံးယောက် ရင်ကွဲမှာ"
"ဟိဟိ ဆေတို့ကတော့ မလွယ်ဘူး ဒါနဲ့ နှစ်လအတွင်း အကိုလေးနဲ့ မရွှေရည် စေ့စပ်ပွဲလုပ်မယ်တဲ့ ငါတို့ဘယ်လိုတားရမလဲ"
"တားချင်ရင် ကိုနေသူရ ဆီချဉ်းကပ်ပြီး မရွှေရည်အကြောင်းစုံးစမ်ရမှာပေါ့ ဒါကြောင့် နင်ကိုနေသူရနဲ့ ရင်းနှီးအောင်နေပါ"
"အေးပါ ငါလည်းရင်းနှီးအောင်လုပ်ဖို့စဉ်းစားထားတဲ့ ဆေ နင့် ကလေးတွေနဲ့ခဏဆော့ပေးလိုက်အုံး တစ်အောက်နေ ဉီးစက် ကလေးတွေလာခေါ်မယ်တဲ့"
"ဟူးး ငါတော့ ကလေးနှစ်ယောက်ကိုလွမ်းနေမှာပဲ ရောက်ခါစက ကြည့်မရဘူးဆိုပေမဲ့ အခုတော့ ကလေးတွေကိုခင်တွယ်နေပြီး"
"ကလေးတွေနဲ့မဝေးချင်ရင် ဉီးစက်ကြီးကို အပိုင်ဖမ်းလိုက်ပေါ့ ဆေ"
"ဟာ ခေနော် ဒီမှာ မမလေးတို့အတွဲကြောင့် ရင်လေးနေရတာကို့"
"ရင်လေးရင် ဆိုဒ်ပြောင်းဝတ်"
"ခေ နော် ဆို၍ ဆေ တစ်ယောက် ခေကိုလိုက်ရိုက်သည်။ ကလေးတွေကလည်း ဆော့တဲ့ထင်ပြီး ဆေတို့နောက်ကို လိုက်ပြေးသည်။ခဏနေတော့ ခေ က မီးဖိုချောင်ရှင်းဖို့သွားသည်။ ဆေကတော့ ကလေးတွေနဲ့ အိမ်ရှေ့မြက်ခင်းမှာ ဆော့ကစားသည်။
"တီ..တီ.."
"ဉီးဉီးစက်လာပြီး တိုတို "
ကလေးနှစ်ယောက်က ဝမ်းသာအားရပြေးကြိုသည်။ စက်ကလည်း ကားကိုရပ်ပြီး ပြေးဆင်းကာ ကလေးနှစ်ယောက် လက်နှစ်ဖက်တန်ပြီးကြိုသည်။ကလေးနှစ်ယောက် ကရယ်ရယ်မောမောနဲ့ စက်ရင်ခွင်ထဲပြေးဝင်သည်။ ထိုမြင်ကွင်းကိုပြုံး၍ငေးကြည့်နေတဲ့ ဆေ ကို စက်ကို ရုတ်တရက်ကြည့်လိုက်လျှင် ဆေ မှာ ရှက်ရွံစွာ ပါးလေးတွေနီရဲကာ မျက်လွှာလေးချမိရသည်။
ဆက်ရန်
စာရေးသူ အလွမ်း&သွေးမိန့်