ဂိုဏ်းစတားမလေး၏အချစ်တော်
"မောင်လေးကို ရွှေရည်မြင့်မိုရ်နဲ့စေ့စပ်ဖို့ကမ်းလှမ်းထားတဲ့ ဒယ်ဒီ"
"အဟွတ်..အဟွတ်"
"ရင့်ရရဲ့လား ရေသောကျ ထမင်းသီးသွားတာ "
ရင့်မှာ ထို့စကားကြားလျှင် လန့်၍ ထမင်းသီးကာမျက်ရည်ပါဝဲရသည်။ ဉီးမိန့်က အမြန်အဆန်ရေတစ်ခွက်ခပ်၍သောက်ခိုင်းသည်။ခေနဲ့ဆေကလည်း ပြာယာခတ်စွာ ရင့် ကိုပြုစု၏။မမနှင်းကတော့ ရင့် သီးတာကောင်းသွားမှာ စကားကိုရှေ့ဆက်ပြောသည်။
သမီးတို့ကမ်းလှမ်းတာကို့ ရွှေရည်တို့ဘက်ကလက်ခံတယ် ဒယ်ဒီ မနက်ဖြန်အိမ်ကိုထမင်းစားဖို့ဖိတ်ထားတဲ့"
"သူလက်ခံပေမဲ့ သားလက်မခံဘူး မမကြီး"
"ဘာ စေမင်းမိန့် !!"
"ဟုတ်တယ် မမကြီး သားလက်မခံဘူး မမကြီးတို့က လူတစ်ယောက်ရဲ့အိမ်ထောင်ရေးကိုမတိုင်ပင်ဘဲ ကိုယ်လုပ်ချင်ရာလုပ်ပစ်တာပဲ မောင်လေး သဘောကိုမမေးကြဘူး ဒါကြောင့်ကန့်ကွက်တယ်"
"စေမင်းမိန့် ဒါမာမီ စီစဉ်တာပါ မင်းကလက်မခံရအောင် ရွှေရည်ကဘာတွေအားနည်းရှိလိုလဲ"
"ရှိတာပေါ့ ခေတ်ရှေ့ပြေးလွန်တဲ့သူရဲ့စတိုင် ပွင့်လင်းတဲ့ပြောပြီး သူများရဲ့ခံစားချက်ကိုထည့်မတွက်ဘဲ ပြောချင်ရာပြောတာ သား အမုန်းဆုံးက ယောကျာ်းတစ်ကာကို သူငယ်ချင်းလိုပြောပြီး ဖက်ကင်းတလှဲနေတဲ့စရိုက်ပဲ မမကြီး"
"မင်းအမြင်တွေက ခေတ်နောက်ကျလာချည်းလား ဒါကပွင့်လင်းမြင်သာတဲ့ခေတ်ပါ ရွှေရည်က နိုင်ငံခြားကနေ ကျောင်းတက်လာတာကြောင့် သူ့အမူအယာသူ့အပြုအမှုတွေက အနောက်တိုင်းဆန်းမှာပဲ ဒါကိုပြသာနာတစ်ခုလို ပုံကြီးချဲ့ကာမနေနဲ့"
"သူအပြုအမှုကို မြန်မာမှာနိုင်ငံမှာနေတဲ့ ကျွန်တော်ကတော့လုံးဝသဘောမကျဘူး တစ်ခုပဲပြောလိုက်မယ် မမကြီးတို့လုပ်ရပ်တွေ ရပ်တန်ကရပ်ပါ ကျွန်တော်ကတော့ ကိုယ်မနှစ်သက်မမြတ်နိုးတဲ့မိန်းမတစ်ယောက်ကို ဘယ်တော့လက်ထပ်မယူဘူး"
မိန့် စကားအကုန်ပြောပြီးလျှင် ထမင်းစားခန်းကနေ ခြေလှမ်းကျဲဖြစ်ထွက်သွားသည်။ ရင့်ကတော့ ဝမ်းသာစွာကျန်ခဲ့သည်။ ဟိုညီမသုံးယောက်နဲ့သူအမေကတော့ မကျေနပ်စွာပွစိပွစိရေရွတ်သလို ရင့်တို့ပါ မဲကြသည်။
"ဟိုတောသူမတွေ ထမင်းစားပြီးရင် ငါကိုလာပြုစုအုံး နင်တို့တွေပဲအေးချမ်းတယ် ဘာအပူမှမရှိဘူး ဆို၍ထွက်သွားသည်။
ရင့် တစ်ယောက် ခြံထဲက သစ်ပင်ထူထူအောက်မှာ ဉီးမိန့်ကိုစောင့်နေသည်။ တစ်အောက်နေ့ လူရိပ်လူခြေကြည့်ပြီးလာနေတဲ့ ဉီးမိန့်ကို အပြေးလေးဖက်ကြိုသည်။
"ဉီးမိန့် လာပါမလားလို့ မျှော်နေတာအရမ်းလွမ်းတာပဲ"
ရင့် ကလေးတစ်ယောက်လို ချွဲလိုက်လျှင် မိန့်က သူမခေါင်းကိုဖွဖွလေးထု၏။
"အချွဲမလေး တစ်အိမ်ထဲအတူနေတာကိုပဲ "
"ဉီးမိန့် မနက်ဖြန်ဘယ်လိုလုပ်မလဲ ဟိုမမရွှေရည်တို့ အိမ်လာမယ်ဆို"
"ကိုယ် ငြင်းပြီးပြီးပဲ လာရင်လည်း ရင့်နဲ့ကိုယ်က လင်းမယားဖြစ်ကြောင်းပြောပြလိုက်မယ်လေ"
"အဲဒါတော့မဖြစ်ဘူး ရင့် သဘောမတူဘူး"
"ဘာလိုလဲကွာဘယ်အချိန်ထိဖုံးကွယ်ထားမှာလဲ ကိုယ်ဖွင့်ပြောလိုက်ချင်ပြီး"
"အချိန်တစ်ခုထိပါပဲ ဉီးမိန့်ကလည်း ရင့်ကိုချစ်တယ်မဟုတ်လား ဒါဆိုရင် ရင့် စကားနားထောင်ပါ"
ရင့်ရဲ့ ပခုံးနှစ်ပေါ်လက်တင်ပြီးအရမ်းချစ်ကြောင်းဖြေကာ အိစက်နူးညံသောပါးပြင်ကို နမ်းမိရသည်။ ရင့်ဆိုတဲ့ မိန်းကလေးကို ဘာကြောင့်အရမ်းချစ်မိသွားလဲဆိုတာ မိန့်ကိုယ်တိုင်တောင် အဖြေရှာမရပါ။
"ပူလိုက်တာ ဂျစ်နဲ့သွေ့ လိုချင်တဲ့အရုပ်မရသေးဘူးလား"
."လိုချင်တာအများကြီးပဲ ပိုက်ဆံမှမလောက်တာ မမခေ ကလည်း"
"တားတား လျော့ဘဲ ဒီရုပ်ရုပ်လည်းကျိုက်တဲ့ ဒီရုပ်ရုပ်လည်းကျိုက်တဲ့ မမခေ မှာ ပိုက်ဆံအများဂျီးပါဖူးလား"
"မပါဘူးရှင့် ကဲအကြိုက်ဆုံးတစ်ခုကိုပဲရွှေးကြ အရမ်းကြာနေပြီးနော်"
ခေတို့ အရုပ်ဆိုင်ရောက်နေတာ ၁နာရီကျော်ပါပြီး ကလေးနှစ်ယောက်က လိုချင်တဲ့အရုပ်တွေအများကြီးလေး ပိုက်ဆံက ခေ ဆီနည်းနည်းပဲပါတာလေ။ထိုအချိန် ချစ်သူစုံတွဲရန်ဖြစ်ကြသည်။ကောင်လေးက ကောင်မလေးကိုပါးရိုက်တာကြောင့် ခေမှာ မိန်းမချင်းကိုယ်ချင်စာနာစွာဖြစ် ထိုကောင်လေးရဲ့ နာရင်းကိုအုပ်ပစ်သည်။ ထိုကောင်လေးက ခေကိုပြန်ထိုးဖို့လုပ်လျှင် ခေကလည်း ဂိုဏ်းသားပီပီ လက်ကိုလိမ်ချိုးပစ်၍ ထိုကောင်လေးရဲ့ ရင်ဘက်ကို ခြေထောက်နဲ့ဆောင့်ကန့်ပစ်သည်။ ထိုငနဲလည်း အခြေနေမဟန်မှန်းသိတာကြောင့် ထပြေးသည်။
ခေကလည်း အနောက်ကနေ လိုက်သည်။ တစ်နေရာမှာ လူတစ်ယောက်ကို အားပြင်းပြင်းနဒ့ဝင်တိုက်မိရသည်။
"အာ..လူတစ်ယောက်လုံးလာတာမမြင်ဘူးလား နာလိုက်တာ"
"မမြင်လိုက်လို့ပါ ဆောရီး "
ခေ တောင်ပန်းစကားကို ဘုဆပ်ဆပ်ပြောပြီး ကလေးတွေဆီကိုပြန်လာဖိုပြင်လျှင် အတိုက်ခံရတဲ့သူက ခေ လက်ကိုဆွဲထားကာ
"မင်းဒီလို ပေါ့ပျက်ပျက်တောင်ပန်းပြီးထွက်သွားလိုရမလား"
"ကျစ် ညစ်နေပါတဲ့ဆိုစိတ်မရှည်စရာနဲ့လာတိုးပြန်ပြီး"
"ဘာကွာ အခုကငါကစတာလား မင်းကစတာလား"
"ခေ လာတာတွေ့ရင် ခင်ဗျားကရှောင်ပေါ့ ရှောင်ရင်တိုက်မိမှမဟုတ်ဘူး"
"ဟမ် မင်းကခေလား ကိုယ်ရှာနေတာကြာပြီး "
ခေ နဲ့ ဟိုလူ ရန်ဖြစ်နေတုန်း ဘေးနားက လူတစ်ယောက်ကလာပြီး ခေ ကိုအံ့ဪသလိုကြည့်ပြီး ပြုံးရွှင်သော မျက်နှာဖြစ်ပြော၏။
"ဒီမှာ ခင်ဗျားကဘယ်သူလဲ"
"ညီ အကိုတောင်ပန်းပါတယ် ဒါက အကိုသူငယ်ချင်းရဲ့ညီမ ပါ"
"ခင်ဗျာ သူငယ်ချင်းညီမက စကားပြောပုံကရိုက်ပေါက်ပဲ"
"အောငျမာ ရိုက်ရဲရင်ရိုက်ကြည့်ပါလား ခေ အသားကိုလာထိကြည့်စမ်းပါ မီးပွင့်သွားမယ်"
ညီရဲ့ အကို တောင်ပန်းပါတယ်နော် သူက ဒါသိပ်မကောင်းလို့ပါ ပြော၍ ခေ ကိုခေါ်ထုတ်လာသည်။ခေကလည်း မသိတဲ့လူက ခေါ်လာတာကြောင့် အပြင်ရောက်လျှင် ထိုလူရဲ့ အဓိကနေရာကို ဆခြထောက်နဲ့ကန်ပစ်သည်။
"အား.. မင်း..မင်း.."
"မှတ်ပြီးလား လူယုတ်မာကြီး ကြားထဲကနေဘအချောင် ခေ လက်ကိုဆွဲချင်အုံး နောက်တစ်ခါဒီထက်ပိုဆိုးမယ် မှတ်ပါ"
"မင်းငါကို မမှတ်မိဘူးလား ရေခဲ့မုန့်ဆိုင်မှာတွေ့ခဲ့တာလေ"
"ရှပ်ရှင်တွေ လာရိုက်မနေနဲ့ ရှင်ကိုမှတ်မိရအောင် တွေ့သမျှယောကျာ်းတိုင်းကို ခေါင်းထဲထည့်ထားရတဲ့အထိ ခေ ခေါင်းကအလုပ်မလုပ်ဘူး ရှင်းတဲ့နော် နောက်တစ်ခါဆိုရင် ဒီထက်ပိုနာမယ်"
နေသူရ စကားကို ပြန်မပြောနိုင်ဘဲ ခုန်နေရသည်။ ခေကတော့ မျက်စောင်းထိုး၍ ဆိုင်ထဲသို့ပြန်ဝင်ကာ ကလေးနှစ်ယောက်ကိုခေါ်ပြီး အိမ်သို့ပြန်ခဲ့သည်။နေသူရကတော့ အီစလံဝေသွား၍ ကျန်ခဲ့ရသည်။
ဒီနေ့ အိမ်မှာ ပိုစည်ကာသလို အလုပ်လည်းများရသည်။ ရင့်တို့ကိုလည်း သင်တန်းမတက်ခိုင်းဘဲ ချက်ပြုတ်ခိုင်းထားသည်။ ဒီနေ့ ရွှေရည်မိုရ်တို့ မိသားစုလာမှာမို့လို့ပါ။ ဉီးမိန့်ကတော့ စိတ်ပျက်စွာ အိမ်ကနေရှောင်ပြေးမယ်ပြင်လျှင်
"စေမင်းမိန့် မာမီရဲ့ မျက်နှာကိုအိုးမဲသုတ်ဖိုမစဉ်းစားနဲ့မင်းဒီနေ့ အိမ်မှာမရှိရင် ငါအလောင်းသဂြိုလ်ဖို့ပြင်ထား"
"မာမီကလည်း သားမှာ ရွှေရည်ကို မချစ်တာ လက်လည်းမထပ်နိုင်ဘူး "
"လက်မထပ်နိုင်ရအောင် ရွှေရည်က ဘာတွေများချွတ်ယွင်းနေလို့လဲ"
"မနေ့က ထမင်းဝိုင်းမှာ သား မမကြီးကို ပြောခဲ့ပြီးပြီးပဲ"
"သားမကြိုက်ရင် ပြင်ခိုင်းလို့ရတာပဲ ရေးကြီးခွင်ကျယ်လုပ်မနေနဲ့ ဒီခေတ်မှာ ရွှေရည် ဒီလိုနေထိုင်တာ အပြစ်မဟုတ်ဘူး သူ့ကနိုင်ငံခြားမှာအနေများလာတော့အဲဒီအကျင့်တော့ရှိမှာပေါ့"
"မာမီကိုတော့ သားဘာမှဆက်မပြောချင်တော့ဘူး အချိန်ကပဲ ဆုံးဖြတ်သွားလိမ့်မယ်"
"အေး ငါကလည်း အဲဒီအချိန်ရောက်ပါစေလို ဆုတောင်းမယ် မင်းရဲ့ကျေးဇူရှင်တောသူမတွေကိုလည်း သင်တန်းပြီးတာနဲ့ အမြန်ဆုံးတောပြန်ပို့ဖို့ စဉ်းစားထားပါ"
ဒေါ်ခင်မြတ်မွန် ပြောချင်တာပြောပြီးသည်နှင့် အောက်ထပ်မှာပြင်ဆင်နေတဲ့ ရင့်တို့ သုံးယောက်ကို ပြသာနာရှာဖို့ လာခဲ့သည်။
နောကျနဆေကျရန
စာရေးသူ အလွမ်း&သွေးမိန့်