book

Index 17

အပိုင်း(၁၇)

  • Author : Thwe Mate
  • Genres : Comedy, Drama, Action

ဂိုဏ်းစတားမလေး၏အချစ်တော်


"ဉီးမိန့် ရင့် သဘော်သီဖျော်ရည်သောက်ချင်တယ်"


"မှာပေးမယ်နော် ခေနဲ့ဆေရော့ဘာသောက်မလဲ ဂျစ်နဲ့သွေ့ရော့ "


"ခေက ဖရဲသီဖျော်ရည်"


"ဆေက ထောပတ်သီးဖျော်ရည်"


"သွေ့သွေ့က စတော်ဘရီ"


"တားတားက ဗန်းတီးဖျော်ရည်"


ဟုတ်ပြီး အကုန်လုံးသောက်ဖို့မှာပေးမယ် ကိုစက်ရော့ ဘာသောက်မလဲ"


"ထောပတျသီးဖျြောရညျပေးပါ အဲဒါကသောက်လို့ကောင်းတယ် "


မိန့်တို့ ဟော့ပေါ့စားပြီးသည်နှင် ကြေးအိုးဝယ်ကာပြန်ခဲ့သည်။ စက် ကပဲစားသမျှရှင်းတာကြောင့် မိန့်မှာအားနာရပါတယ် ။ အပြန်လမ်းမှာ မိန့်နဲ့ ရင့်ကလွဲပြီးအကုန်လုံးအိပ်ပျော်နေသည်။ မီးပွင့်ကိုကြည့်ပြီး ရင့် အလိုမကျစွာငြီးမိသည်။


"ကားတွေကလည်းအရမ်းကျပ်တာပဲ ဘယ်လောက်ကြာအုံးမလဲမသိဘူး"


"တစ်နာရီလောက်ပါ ရန်ကုန်မြို့မှာအဲလိုပဲကားအရမ်းကျပ်တာ ရင့်ပျင်းရင် သီချင်းနားထောင်မလား"


"မနားထောင်ချင်ဘူး ဉီးမိန့်ပဲဆိုပြ"


"ဟာ ဉီးမိန့်အသံမကောင်းဘူး တော်ကြာ ရင့်ပိုပျင်းသွားမယ်"


"မရဘူးဆိုပြ ဆိုပြနော်"


"ဆိုပြရင် ဆုချမလား"


"အင်"


"ကောင်းပြီးလေ ဆုကတော့ကိုယ်လိုချင်တာပဲယူမှာ သီချင်းသံမဆုံးမချင် အသံဆိုးတဲ့ဆိုပြီးမရပ်ခိုင်းရဘူးနော်"


ရင့် ခေါငျးလေးငွိမျ့ပွလြှငျ မိန့် ချောင်းတစ်ချက်ဟန့်ပြီး သီချင်းဆို၏။


အကြိမ်ကြိမ်..ရင်ခုန်စေသောမင်း


မျက်ဝန်း..အာရုံမှာငြိတဲ့မျက်ဝန်း..မင်းအကြည့်


မှာမြောနပွေီး..မင်းရဲ့..မင်းရဲ့အချစ်မျက်ဝန်း..


ကျိန်စာအလား..ရပ်မသွားတဲ့.ခံစားချက်ပေါင်း


များစွာနဲ့...စူးရှတဲ့ မျက်ဝန်းတစ်စုံမင်းချန်ခဲ့...မူမ


ပိုင်တဲ့မျက်ဝန်းအတွက်... ကြိတ်ပြီးရူးခဲ့ရသူ


ပဲ ..နှုတ်ဆက်မဲ့ဒီနှုတ်ခမ်းတွေ..တွေးပူနေ


ဟန်မဆောင်တဲ့..အချစ်တွေနဲ့..ရင်ထဲကစောင့်


မျှော်ခဲ့..ဖွင့်မပြောခဲ့ချင်ပေမဲ့..မသေချာတဲ့


အချစ်တွေအတွက်..ပစ်သွားမလား.စိုးရိမ်ခဲ့..မျက်ဝန်းနဲ့..ပြောနေမိတယ်တဲ့...


အကြိမ်ကြိမ်..ရင်ခုန်စေသောမင်း


မျက်ဝန်း..အာရုံမှာငြိတဲ့မျက်ဝန်း..မင်းရဲ့အကြ


ည့်မှာမျောနေပြီး...


အယ်လ်လွန်းဝါရဲ့အချစ်မျက်ဝန်းသီချင်းကိုဆိုပြ၏ 


မိန့် သီချင်းဆုံးလျှင် ရင့်ကလက်ခုပ်ကလေးတီးကာ အရမ်းနာထောင်လို့ကောင်းကြောင်းပြောသည်။မိန့်ကလည်း သဘောကျစွာပြုံးပြီး


"ကိုယ်လိုချင်တဲ့ ဆုယူလိုရပြီးလား"


"အင် ဘာယူမှာလဲပြော"


ရင့် စကားအဆုံးမှာ မိန့် သူမရဲ့နှုတ်ခမ်းနီထွေထွေလေးတွေကို နမျးရှိုကျလာသညျ။အနမျးတှကေ နူညံးသိမ်မွေ့နေတာကြောင့် ရင့် မရုန်းမိဘဲ ကျောက်ရုပ်တစ်ရပ်လို့ မျက်လုံးပြူးနေမိသည်။ အနမ်းတွေကြာလာလျှင် ရင့် ရဲ့မျက်လုံးတွေပိတ်မိပြီး နူညံတဲ့အနမ်းတွေကို ခံစားလျက်ပါ။ ရင့် အသက်ရှုကျပ်လာသဖြင့် မိန့်ရဲ့ ရင်ဘက်ကိုတွန်းမှာ နမ်းတာရပ်သွားသည်။မိန့်က ရင့်ကိုပြုံးပြီး ကြည့်ကာ နှစ်ကိုယ်ကြားလေသံဖြစ်ပြော၏။ ထိုစကားကြောင့် ရင့် မျက်နှာလေး နီရဲသွားကာ မိန့်ကိုမကြည့်ရဲဘဲ အပြင်ဘက်သို့အကြည့်လွှဲထား၏။ မိန့်ကတော့ ရင်ရဲ့လက်ကလေးဆုပ်ကိုင်လိုက်သည်။ ရင့် မရုန်းမိပါ။ ဒီအခြေနေကို ရင့်ကိုယ်တောင်မျော်လင့်ခဲ့တာမဟုတ်လား။ဉီးမိန့်က ရင့်ကိုချစ်တယ်ဆိုတဲ့ စကားသံလေးက တိုးပေမဲ့ကောင်းစွာကြားရပါသည်။ထိုညလေးက ရင့်အတွက်အမှတ်တရများစွာနဲ့ ပျော်ရွှင်စရာကောင်းတဲ့ ညလေးပါ။


"မာမီစိုး ဒီသုံးယောက်ကို အလှပြင်သင်တန်း လာအပ်တာ"


"အမယ်လေးဟဲ အလှပြင်သင်တန်းလာတတ်တဲ့ သူတွေကလည်း ပုံတုံးတွေပါလား တက်ရော့တက်ပါမလား မိုးရဲ့"


"မာမီသင်ပေးရင်တက်မှာပါ"


" ဒါနဲ့ တစ်ယောက်ကိုတစ်လ၁သိန်းနော် ပိုက်ဆံတက်နိုင်ပါမလား"


"အဲဒါတော့ သူတို့မေးကြည့်အုံးမယ် နင်တို့တွေ တက်နိုင်ရဲ့လား"


"တက်နိုင်ပါတယ် မမမိုး"


"ပြီးရော့လေ ဒါနဲ့မာမီ သင်တန်းအချိန်က ဘယ်နှစ်နာရီလဲ"


်"မနက် ၁ဝနါရီကနေ ည၃နာရီအထိပါ"


"ဟုတ်ကဲ့ မာမီးစိုး သူတို့သုံးယောက်ကိုအပ်ပါတယ် "


"အေးပါကွယ် မိုးရဲ့လူတွေပဲအကောင်းဆုံးသင်ပေးရမှာပေါ့"


"ဟုတ်မာမီ ဒါဆိုရင် မိုးအလုပ်ရှိသေးလို သွားတော့မယ် တောသူမတွေ ငါကိုမျက်နှာပျက်အောင်မလုပ်ကြနဲ့နော် ကောင်းကောင်းသင်ကြပါ"


မိုး ပြန်လျှင် မာမီစိုးဆိုသူက ရင့်တို့ကို ကြမ်းတိုက်ခိုင်း၏။ 


"တောသူမတွေ နင်တို့အရင်ဆုံးကြမ်းတိုက်ရမယ်"


"ဒီမှာအခြောက်မ ကြမ်းတိုက်ရအောင် ငါတို့က အိမ်ဖော်လာလုပ်တာမဟုတ်ဘူး ပိုက်ဆံပေးပြီး အလှပညာလာသင်တာ ငါတို့နာမည်ရှိတဲ့ ချိုးချိုးဖဲ့ဖဲ့ တောသူမလိုမခေါ်နဲ့"


"အမယ်လေးဟဲ့ ငါကိုများအခြောက်မတဲ့ မကြားဝံ့မနာသာတွေ ဒီမှာကျီးကန်မ ညည်းပညာလိုချင်အောက်ကျို့ခံရမှာပဲ"


"အောငျမ လူပါးဝလို အခြောက်မကများ"


"အမယ်လေး ငါကိုအခြောက်မ လို့မခေါ်စမ်းပါနဲ့ နားကျက်သရေတုံးလွန်လို့ ကျီးကန်မရဲ့"


ဆေနဲ့ မာမီစိုး အကြီးအကျယ်စကားများလျှင် ရင့် ကိုယ်လူကိုကိုယ်တားရသည်။ မာမီစိုး လွန်တာသိပေမဲ့ ဆေကို ဆိုင်ထဲကလူတွေ မျက်နှာမဲ့ရွဲကာ ကဲ့ရဲ့နေပြီးလေ ဒါကြောင့် ဆေကို


"ကဲ့စကားမများကြနဲ့ ကြမ်းတိုက်မယ် မာမီစိုးလည်း စိတ်လျော့ပါ ဆေက ငယ်သေးတော့နားလည်ပေးပါ"


"ညည်းကမှာအချိုးပြေသေးတဲ့ ဟိုအမွှာပူးနှစ်ကောင် ကျပ်ကျပ်သတိထားပါ"


မာမီစိုး ပြောစကားကြောင် ခေနဲ့ဆေ လက်သီးစုပ်မိ၏။ရင့် ကမျက်ရိပ်ပြ၍ တားမြစ်သည်။ ထိုနောက် သုံးယောက်သာ ကြမ်းတိုက်သည်။ ဆိုင်ထဲက အလှလာပြင်ပေးတဲ့ မိန်းမပျိုလေးတွေက ရင့်တို့ ကိုနိမ်တဲ့အကြည့်နဲ့ကြည့်ကြသည်။ ရင့်ကတော့ ကရုမစိုက်ပါ ။


ကြမ်းတိုက်ပြီးလျှင် မာမီစိုးက သူဆိုင်ကအလှလာပြင်ပေးတဲ့ လူတွေရဲ့ ခြေသည်းဆိုးခိုင်းသည်။ 


"ကဲ့တောသူမ သုံးယောက် အောက်ခြေကနေစသင်ရမှာဆိုတော့ ခြေသည်းအလှပုံဖော်နည်း သင်ပေးမယ် ပုလဲရဲ့ခြေထောက်ကို အရင်ဆုံးခြေသည်းနီးစိုးပေးလိုက်ပါ"


"မမလေး ဒါတော့အရမ်းတရားလွန်ပြီးထင်တယ် အလှပြင်သင်တန်းလာတက်ကို အဲဒီအခြောက်မ ကသူဆီမှာအလုပ်လုပ်တယ်ထင်နေတာ ပညာပေးဖို့ အချိန်တန်ပြီးထင်တယ် 


ဆေကို ရင့်ကိုတိုးတိုးလေး ပြော၏။ ရင့်ကလည်း ဆေ ကိုလျို့ဝှက်အပြုံးပြသည်။ဒါကိုကြည့်ပြီး ဆေ ကသဘောကျပြုံးလိုက်သည်။ မမလေး အဲဒီအခြောက်မကို ကောင်းကောင်းပညာပေးတော့မယ်ဖြစ်ကြောင်း သိရှိလိုက်ပြီးလေ။


"ဟဲ့ ဘာလုပ်နေကြတာလဲ ခြေသည်းနီးလာဆိုးပေးလေ "


"ဟုတ်ကဲ့ပါ မာမီစိုး ရင့် လုပ်ပေးမှာပေါ့ ဒီအစ်မခြေထောက်ကိုဆိုးပေးရမလား "


"ဟုတ်တယ် ငါကဘေးနားကနေသင်ပြမယ် နင်ကဆိုးပေး ဒီကိုလာခဲ့"


"ဟုတ်ကဲ့ဆို၍ ရင့် မတော်တဆလိုလိုနဲ့ မာမီစိုးရဲ့အလှပြင်ပစ်စည်းတွေထားတဲ့ စင်ကြီးကို လှဲအောင်လုပ်လိုက်သည်။


"ဒုန်းး ဂွမ်းးးး"


ဟာ ငါ ဟာတွေသွားပါပြီး အကုန်လုံးပျက်စီးကုန်ပြီးညည်းဘာလိုလုပ်လိုက်တာလဲ တောသူမ!!!"


"မြင်တဲ့အတိုင်းပဲလေ အခြောက်မရဲ့ အရင်ဘဝကသူများတွေအပေါ်မကောင်းတာလုပ်ခဲ့လို အခုဘဝမှာ ဝဠ်ကြွေးဆပ်နေရတာကိုသာယာနေသေးတဲ့ ယောကျာ်းမဟုတ်မိန်းမမတဲ့အခြောက်မရဲ့ နင်မျက်နှာကိုကြည့်ရတာ ကျက်သရေယုတ်လွန်တဲ့ မျောက်အိုမကြီးစောင့်ဆောင့်ထိုင်တဲ့ပုံကမှ နင်ထက်ကျက်သရေရှိသေးတယ် ဆိုင်ထဲကလူတွေအကုန်ထွက်ကြနော် ပြသာနာမဖြစ်ချင်ရင်ပေါ့"


ရင့် ဒေါသတကြီးပြောတာကိုကြောက်ပြီး အကုန်ထွက်ပြေးကြသည်။ ရင့် ကလည်း ဂိုဏ်းစတားမလေးဆိုတဲ့အတိုင်း အသံကကြောက်ဖို့ကောင်းနေတယ်လေး ဆေနဲ့ခေကလည်း မျက်နှာမာကြောခက်ထန်စွာဖြစ် မာမီစိုးကိုဝိုင်းကြည့်ကြသည်။ ဆိုင်ထဲမှာ မာမီဆိုးရဲ့အလုပ်သမားအခြောက်တွေပဲကျန်တာကြောင့် မာမီဆိုးမှာအားကိုးရာမရှိပါ။


"တောသူမတွေ နင်တို့ဘာလူပါးဝတာလဲ"


"လူပါးက အခုမှဝမှာဆို၍ ရင့် ရဲ့လက်ရှားမှုက လျှင်မြန်ဖျတ်လပ်သည်။ မာမီစိုးဆိုသူကို နာရင်းတစ်အုပ်ပစ်လိုက်သည်။အရှိန် ဘယ်လောက်ပြင်းလဲမသိဘူး မာမီစိုးဆိုသူ ခေါင်းတောင်မူးသွား၏။ထိုနောက် ရင့်က ပါလာတဲ့ ဓား နဲ့ မာမီစိုးရဲ့ လည်ပင်ကိုထောက်လိုက်သည်။


"ငါတို့ကို တောသူမလိုခေါ်ချင်သေးလား "


"နင်..နင်.တိုတွေက..ဘာ..လဲ.. ငါလည်ပင်းကို..မလှီး..."


"တိတ်စမ်း မေးတာကိုဖြေ"


"မ..ခေါ်..တော့ပါဘူး"


"Ok ဒီအကြောင်းကို ရဲတိုင်ဖို့အစီစဉ်ရှိလား တိုင်ရင်တော့ နင်ရဲ့ အဓိကနေရာကို ဖြတ်ပစ်မယ် နင်လည်း မိန်းမအစစ်ဖြစ်သွားတာပေါ့.."


"မ..မ..တိုင်ပါဘူး..ချမ်းသားပေး..ပါ "


"Ok ငါတို့ကို ကြမ်းတိုက်ခိုင်းတဲ့ နင်ကို ပညာတော့ပေးရမှာပေါ့ ဆို၍ ရင့် မာမီစိုးကို ၅ခါလောက်ကိုင်ပေါက်ပစ်၏။ မာမီစိုးက အိမ်မြှောင်တံခါးညှပ်ထားတဲ့ ကိုယ်ပဲရှိတာကြောင့် ရင့် အတွက်ကမခက်ခဲပါ။ မာမီစိုးတပည့်အခြောက်နှစ်ယောက်က ပြန်ခုခံသော်လည်း ဆေနဲ့ခေတို့ရဲ့ လက်သီးစာကြောင့် သွေးထွက်နေသည်။ 


"နောက်နောင် သူများတွေကို အာဏာပါဝါနဲ့ဆက်ဆံဖို့မကြိုစားနဲ့ ဒီထက်ဆိုးမယ် မမမိုးကိုတိုင်ပြောရင် မာမီစိုးရဲ့သွားတွေ ပလယာနဲ့ ရင့် ကိုယ်တိုင်နှုတ်ပေးမယ်"


"မနှုတ်ပါနဲ့ ရင့်ရဲ့ ညည်းကြောင့်ငါခါးလည်း နာလိုက်ပါပြီး ငါလည်း နင်တို့ကိုအခုလိုဆက်ဆံချင်လို ဆက်ဆံရတာမဟုတ်ဘူး မိုး အကူညီတောင်းလို့ပါ"


"ဘာ!!"


"ဟုတ်ပါတယ် ဟဲ သူက ညည်းတို့ကိုတောအမြန်ပို့ချင်တာကြောင့် အလှပြင်သင်တန်းမတက်ဘဲ ပြန်ရအောင်ပညာပေးခိုင်းတာပါဟယ်"


"အဲဒီလိုကို မာမီစိုး တောင်ပန်းတယ် ရင့် တကယ်တောင်ပန်းပါတယ်နော် နာသွားလား ထ ထ"


မာမီစိုးမှာ ရင့်ကို ကြောက်တာ ဒူးတောင်တုန်ပါတယ်။ရင့်ကတော့ မာမီစိုးကိုစိတ်ရင်းအမှန်နဲ့တောင်ပန်းသည်။ဆေနဲ့ခေလည်းတောင်ပန်သည်။ ထိုနောက် ငြိမ်းချမ်းရေးရကာ အလှပြင်နည်းကို သေချာသင်ပေးပါ၏။ရင့်ကလည်း မာမီစိုးကို မမမိုးတို့အရှေ့မှာ မမမိုးတို့ပြောသလို ဟန်ဆောင်လုပ်ပြလို့ခိုင်းပါသည်။ညနေ ၃နာရီလောက်မှာ မမမိုး ပြန်လာကျိုသည်။ မာမီစိုးကိုလည်း မျက်ရိပ်မျက်ကဲနဲ့ အခြေအနေဘယ်လိုလဲမေး၏။ မာမီစိုးကလည်း လက်မထောင်တာကြောင့် မိုးမှာပျော်သွားရသည်။ ရင့်တို့ကလည်း အရမ်းကိုစိတ်ဓာတ်ကျ၍ ပင်ပန်းတဲ့ပုံဖြစ်အောင် အမူအရာလုပ်ကြသည်။


ညစာကို ဉီးမိန့်ဒယ်ဒီကအတူတူစားရမယ်ဆိုတာကြောင့် ရင့်တို့သုံးယောက် ရေမိုးချိုးပြီးသည်နှင့် ထမင်းစားခန်းသို့လာခဲ့ကြသည်။ရင့်တို့ကို မြင်လျှင် ဉီးမိန့်ဒယ်ဒီက


"သမီးတို့ အလှပြင်သင်တန်းတက်တာ အဆင်ပြေရဲ့လား"


"ပြေပါတဲ့ အန်ကယ် "


"တော်သေးတာပေါ့ အန်ကယ်ကစိတ်ပူနေတာ အန်ကယ်သားရဲ့ကျေးဇူးရှင်တွေဆိုတော့ ကိုယ်ဘက်တာဝန်မကျေမှာစိုးရိမ်တယ်"


"တာဝန်ကျေပါတဲ့ အန်ကယ်ရယ် သမီးတို့ကိုအခုလို အိမ်မှာပေးတည်တာပဲကျေးဇူးတင်လှပြီး"


"ဟုတ်ပါပြီး ထမင်းစားကြတော့ "


ထမင်းဝိုင်းက ခဏတိတ်ဆိတ်သွားသော်လည်း မမနှင်းရဲ့ စကားကြောင့် ရင့် မှာ ထမင်းသီးပြီးချောင်းဆိုရပါ၏။


"


rate now: