book

Index 16

အပိုင်း (၁၆)

  • Author : Thwe Mate
  • Genres : Comedy, Drama, Action

ဂိုဏ်းစတားမလေး၏အချစ်တော်


"ဟုတ်မာမီ အမြန်ဆုံး စီစဉ်ပါ မြလည်း တောသူမတွေကို ပညာပေးဖို့ စဉ်းစားနေတာ"


"သမီးငယ် စဉ်းစားတာရပ်ပြီး မာမီကို ရေပက်တိုက်ပြီး အဝတ်စားလှဲပေးအုံး"


"မာမီကလည်း မြ လုပ်စရာရှိသေးတယ် အခုမှာသတိရတယ် ပြောပြီး အခန်းထဲကနေအမြန်ထွက်သွား၏။မိုးနဲ့နှင်းကလည်း အကြောင်းပြချင်အမျိုးမျိုးဖြစ်ထွက်သွားသည်။ ဒေါ်ခင်မြတ်မွန် စိတ်မကောင်းဖြစ်ရသည်။


"မွန်မွန်ရေ အန်တီကိုရေချိုးဖို့လုပ်ပေးပါ"


"အန်တီ မွန်မွန်မအားဘူး သမီးလုပ်ပေးပါမယ်"


"ဟုတ်လား ဒီနေ့ကလည်းအရမ်းပူတယ် မင်းပဲလုပ်ပေးပါ "


ရင့်လည်း အန်တီခင်ကို ကောင်းကောင်းလုပ်ပေးပါတဲ့ ဒါတောင် အော်ဆူသေးတဲ့ ရင့်လည်း စိတ်ရှည်စွာ ရေချိုးပေးပါတယ် ဘာပဲဖြစ်ဖြစ် ရင့် ကြောင့်အခုလို ကျောက်ပတ်တီးစီးခံရတယ်လေး ဒါကွောငျ့လညျး စေတနာထားပြီးလုပ်ပေးပါတယ်။


"ရင့်..ရင့်"


ရင့်နာမည်ခေါ်ပြီး ပြေးလာသူက ဉီးမိန့်ပါ။ရင့် လည်း ခပ်ချေချေနေမယ်လိုဆုံးဖြတ်ထားတာကြောင့် အရင်လိုမျက်နှာမှာအပြုံးမပေါ်ဘဲ ခပ်တည်တည်လေးကြည့်လိုက်၏။ဉီးမိန့်ကလည်း ရင့် ကိုပြုံးပြကာ


"ရင့် ဉီးမိန့် ဒီညနေဘုရားလိုကျပို့မယျ သွားမလား"


"ရင့် ခေနဲ့ဆေတို့ကိုမေးကြည့်အုံးမယ်"


"ဟာ ရင့်ကလည်း မေးစရာလိုသေးလို့လား သူတို့က ရင့် သဘောပဲကို ညနေ၆နာရီ ဉီးမိန့်လိုက်ပို့မယ် ပြင်ဆင်ထားနော် ဉီးမိန့် စာမူသွားပို့အုံးမယ် ဘာမှာအုံးမလဲ"


ရင့် ခေါင်းခါပြပြီး အပေါ်တက်ခဲ့သည်။ မိန့် ကတော့ ရင့် ကိုပြောင်းလဲသွားတဲ့လိုခံစားမိကာ ရင့်ရဲ့ကျောပြင်ကိုကြည့်ပြီး ရပ်နေ၏။ရင့် သူအပေါ်ဆက်ဆံတာ စိမ်းနေတဲ့လိုခံစားမိရ၏။


ညနေရောက်ချှင် ခေနဲ့ဆေ ကလေးတွေက ပျော်ရွှင်စွာ အဝတ်လှဲ၍ ဉီးမိန့်ကိုစောင့်နေသည်။ ရင့်ကတော့ တရားစာအုပ်ဖတ်နေသည်။အဝတ်စားမလှဲရသေးတာကြောင့် ဆေက လှဲခိုင်းသည်။


"မမလေး ဘုရားသွားဖို့ပြင်ဆင်တော့လေး အကိုလေးလာတော့မယ်"


"သူလာမှာပဲ အဝတ်စားလှဲတော့မယ်"


"မမလေးကလည်း အလှလည်းပြင်အုံးမှာပေါ့ "


"ဘာပြင်စရာလိုလိုလဲ "


"ဉီးမိန့်အရှေ့မှာ လှနေဖို့လိုတယ်နော်အဲဒါမှာ မမလေးကချေလိုရမှာပေါ့"


"ဟုတ်တယ် ဉီးမိန့်ကို ရင့်ဘယ်လောက်လှကြောင်းပြရမယ်"


"ဒါပေါ့ အတ်စားလှလှဝတ်ခဲ့ ဆေ ပြင်ပေးမယ်"


ဆေက အလှအပကိုစိတ်ဝင်စားသူပါ။ ရင့် ကတော့လုံးဝစိတ်မဝင်စားပါ။ အလှပြင်သင်တန်းတက်ရင် ရင့်တော့အဆင်ပြေပါမလားမသိပါ။အကုန်အလှပြင်ဆင်ပြီးလျှင် မကြာခင် ဉီးမိန့်ရောက်ရှိလာသည်။ ရင့် ကိုမြင်လျှင် မြတ်နိုးသောအကြည့်ဖြစ် ငေးကွညျ့၏။ခနေဲ့ဆေ လုပ်ချောင်းတွေဆိုးမှာ မိန့် အပေါ်တက်၍ အဝတ်စားလှဲသည်။


"သား တို့ဘယ်သွားမလိုလဲ"


"သူတို့ကို ဘုရားလိုက်ပို့မလို့ မာမီ ဘာဝယ်ခဲ့ပေးရမလဲ"


"မာမီအတွက်အပြန် ကြေးအိုးဝယ်ခဲ့ပေးပါ အရမ်းလည်းမကြာစေနဲ့နော်"


"မာမီကလည်း ဘုရားသွားပါတယ်ဆိုမှာ အေးဆေးသွားပါရစေ မာမီ ကဲ့အားလုံးကားပေါ်တက်ကြ သွားကြမယ်"


ရင့်လည်း ဆေတို့နဲ့အတူအနောက်ခန်းမှာ ထိုင်ဖို့ပြင်လျှင် မိန့်က လက်ဆွဲပြီးအရှေ့ခန်းမှာထိုင်ခိုင်းသည်။ အန်တီခင်ကို ရင့် လှမ်းကြည့်တော့ မျက်စောင်းထိုးကာကြည့်သည်။ ဘာမှတော့မပြောပါ။


ဆူးလေးဘုရားစေတီတော်မြတ်ကို မြင်လျှင်အလွန်အေးချမ်းလှ၏။ ညဘက်ဖြစ်တာကြောင့် လူတွေလည်းစည်ကာလှသည်။ ကားပေါ်မှာက ဆင်းလျှင် ရင့်ရဲ့လက်ကိုအရင်လာကိုင်သည်။ရင့် မိန့်ကိုမော့ကြည့်တော့


"လူများတဲ့ပျောက်သွားမှာစိုလို့"


"ရပါတယ် ရင့် အသက်မငယ်တော့ဘူး ညီမလေးတစ်ယောင်လို မစိုးရိမ်ပါနဲ့ ရင့် ကိုယ်ဘာသာစောင့်ရှောက်နိုင်တယ်ပြောကာ မိန့်ရဲ့ လက်ကိုဖြုတ်ချပြီး ဆေနဲ့ခေဆီသို့သွားသည်။ မိန့် မှာအောင့်သက်သက်နဲ့ ရင့်တို့နောက်လိုက်ရ၏။


"သွေ့နဲ့ဂျစ် ဘုရားရှိခိုးကြနော် ဆော့မနေနဲ့"


"ရှိခိုးပြီးရင်ဆော့မယ်နော် မမဆေ"


"ဟုတ်ပါပြီးရှင်"


ရင့်ကတော့ တစ်ယောက်ထဲ ဘုရားသွားရှိခိုးနေသည်။မိန့် ကစိတ်မချစွာဖြင့် အနောက်ကနေအရိပ်လိုလိုက်နေသည်။ ရင့်ကတော့ မိန့်ကိုရှိတယ်လိုမထင်ဘဲ ဘုရားရှိခိုးနေ၏။ ထိုအချိန် ကောင်လေးတစ်သိုက်ကရင့်ဘေးနားသို့ရောက်လာလေသည်။


"နတ်သမီးလေး ချောလိုက်တာ ဘုရားရှိခိုးပုံကတကယ်ကျက်သရေရှိတယ်ကွာ"


"ဟုတ်တယ်ကွာ ချစ်စရာလေး ငေးရအောင်ပြီးရင် မသိမသာဓာတ်ပုံခိုးရိုက်ကြမယ်"


ွဒီစကားတွေကြားတဲ့ မိန့်တစ်ယောက် ရင်ထဲပူလောင်လာသည်။ရင့် ကိုလည်းသဝန်အရမ်းတိုလာသည်။ဖြစ်နိုင်ရင် ထိုနှာဘူးတွေနဲ့ဝေးရာကိုခေါ်သွားချင်သည်။ဒါပေမဲ့ သူမလေးကတော့ အပူပင်ကင်းစွာ ဘုရားရှိခိုးနေသည်။ထိုကြောင့် ဟိုလူငယ်တွေကို ရင့်က သူပိုင်တဲ့လူဖြစ်ကြောင်း ပြသရန် ရင့် ဘေးနားမှာကပ်ထိုင်သည်။


"ဟိုဘဲကြီးက နတ်သမီးလေးရဲ့အကိုလားမသိဘူး"


"ဟုတ်မယ်ကွာ ကြည့်ရတာငါတော့ကိုသိပ်တော့မကြည်ဘူး ဟေ့ကောင်"


"မကြည်လည်း ဘာကရုစိုက်စရာလိုလဲ အပျိုကိုလူပျိုက ကြိုက်တာအပြစ်မှမဟုတ်တာ ဆက်ကြောင်မယ်ကွာ"


ရင့် ဘုရားရှိခိုးပြ မျက်လုံးဖွင့်လျှင် မျက်မှောင်ကြုတ်၍ ဒေါသထွက်နေတဲ့ ဉီးမိန့်ကိုမြင်တာကြောင့် ဘာလုပ်ရမှန်းမသိပါ။


"ရင့် ဘုရားရှိခိုးကြီးပြီးလား ထ သွားမယ် "


မိန့် ရင့်ရဲ့လက်ကိုကိုင်ပြီး ဟိုငကြောင် သုံးယောက်အရှေ့ရောက်လျှင် ရင့်ရဲ့ပါးပြင်တစ်ဖက်ငုတ်နမ်းကာ


"ဉီးမိန့်ရဲ့မိန်းမက ဒီနေ့အရမ်းလှတယ် အရမ်းလည်းချစ်ဖို့ကောင်းတယ်ကွာ ဉီးမိန့်အနားမှာပဲနေ ဘေးနားမှာ ကြာကူလီတွေရှိတယ်"

 ဟု ငနဲသုံးကောင်ကြားအောင်ပြော၏။ငနဲ့သုံးကောင်လည်း မျက်နှာရှုံမဲ့ပြီး ကျန်ခဲ့သည်။ရင့် ကတော့ ဉီးမိန့်ကို အံ့ဪတကြီးဖြစ်ရသည်။


"ဆေ ငါဟိုနားကပုတီးစိပ်သွားဝယ်အုံးမယ် ကလေးတွေကိုကြည့်ထားနော်"


"ဟုတ်ပါပြီး ငါတို့ဒီနားကစောင့်နေမယ် မြန်မြန်ဝယ်ပြီးလာခဲ့"


"အင်"


ဆေ ကလေးတွေနဲ့ ဘုရားပေါ်မှာ ပြေးတမ်းလိုက်တမ်းဆော့၏။


"မမဆေ လိုက်ဖမ်းရမယ်အလှည့်နော် "


"ဟုတ်ပါပြီး လာပြီးနော် ပြေးကြ"


သွေ့သွေ့နဲ့ ဂျစ်ဂျစ်ကလည်း ရယ်မောကာ ပြေးကြသည်။ တစ်နေရာအရောက်မှာ ဂျစ်ဂျစ်ပြေးရင်ချော်လှဲသွားသည်။ နာသွားလိုထင်တယ် အော်ငိုတာ ဆူညံနေရော။


"အီးးဝါးးး တာတွားဘီ တူးမှာ သေးတွက်နေဘီ"


ဟုတ်ပါပြီး ကလေးက နာသွားပြီး အုံဖွနော် မမဆေ ဒူးကို ဆေးထည့်ပေးပါမယ် ချောမောကာ ဂျီဂျီကို ပွေ့ချီပြီးချော့ရသည်။


ဘုရားရှိခိုးနေတုန်း ဂျစ်ရဲ့အော်ငိုသံကြားတာကြောင့် စက် အသံကြားရာဘက်သို့ အလျှင်အမြန်ထွက်ခဲ့သည်။


"မင်းဘယ်သူလဲ ဂျစ်ဂျစ်ကိုပြန်ပေးဆွဲနေတာလား "


"အောင်မာ ရှင်ဘာစကားပြောတာလဲ ရှင်ကရော့ဘယ်သူလဲ"


်"ဉဉစီ တားတားနာတယ် အီးးဟီးးး"


"ရှင်က ဉဉစီဆိုတော့ ဂျစ်တို့နဲ့သိတယ်ပေါ့"


"သိတာပေါ့ ဒါငါတူပဲကို့ပြီးတော့ ငါကဉဉစီမဟုတ်ဘူး ဉီးဉီးစက် ဪမင်းက အန်တီခင်မြတ်မွန်တို့အိမ်က အိမ်ဖော်ထင်တယ်"


"ဘာရှင်!!"


"အရမ်းအော်လိုက်တာ နားအူသွားတာပဲ အိမ်ဖော်မဟုတ်ရင် ဘာလဲ ဒီဘုရားကိုဘယ်သူနဲ့လာတာလဲ"


"မေးခွန်းတွေကလည်းများလိုက်တာ ဟောဟိုမှာအကိုလေးပဲ ဒီဘက်လာနေပြီး ရှင်ဘာသာမေးကြည့်လိုက် ဂျစ်ဂျစ်ကိုချီထား သွေ့သွေ့ကိုလည်း ကြည့်ထား ဆေ ပလာစတာသွားဝယ်အုံးမယ် "


ဆေ ထွက်သွားပြီးနောက် ရင့်နဲ့ဉီးမိန့် စက် ဆီသို့လာကြည်သည်။ 


"ကိုစက် ဘုရားလာတာလား ဆေ ကဘယ်ထွက်သွားတာလဲ"


"ဟိုကလေးမ ကဆေလား ဒီမှာဂျစ်ဒဏ်ရာရသွားလို့ပလာစတာသွားဝယ်တဲ့ သူတို့က မိန့်တို့အိမ်က ဧည်သည်လား"


"ဟုတ်တယ် ကိုစက်"


"မင်းကိုလည်းမတွေ့တာကြာပြီး ဂျစ်နဲ့သွေ့ကို မမနှင်းက လာပို့ခိုင်းတုန်းကအိမ်လာတဲ့ မင်းကိုမတွေ့လိုက်ရဘူး"


"အဲဒီတုန်းက စာမူသွားပို့နေလို့ပါ ကိုစက်လည်း တစ်ယောက်ထဲလာတာလား အဖော်မရှာသေးဘူးလား"


"မရှာချင်ပါဘူး တစ်ယောက်ထဲပဲကောင်းတယ် "


"လူပျိုကြီးလုပ်မယ်ဆိုတဲ့သဘောလား"


"မသေချာသေးပါဘူး ဘုရားကအပြန်မင်းတို့ဘယ်သွားအုံးမှာလဲ"


"ဟော့ပေါဆိုင်သွားမယ် အိမ်မှာဘာမှမစားလာရသေးဘူး"


"Ok ငါဝယ်ကျွေးမယ်"


"မဟုတ်တာ ကိုစက်ကလည်း"


"ငါဝယ်ကျွေးမယ် မိန့်ရာ"


ဒီလိုနဲ့ ဘုရားကအပြန် ဟော့ပေါ့ဆိုင်သို့ဝင်ခဲ့သည်။ ဟောပေါ့ဆိုင်လေးက အရမ်းလှပပါတယ်။ အင်ယားကွန်း ဖွင့်တာကြောင့် ရင့် အေးလာသည်။ ဝတ်ထားတာချည်သားဝင်းစက်ဖြစ်တာကြောင့် အအေးဒဏ်သိပ်မကာကွယ်နိုင်ပါ။ဆေနဲ့ခေကတော့ ကလေးနှစ်ယောက်နဲ့အလုပ်ရှုပ်နေသည်။ 


မိန့်က ရင့်အေးနေမှန်းသိတာကြောင့် ကိုစက်နဲ့စကားပြောရင်နဲ့ ရင့်ကို သူအပေါ်ကုတ်အင်ကျီချွတ်၍ခြုံပေးသည်။


ရင့်ကလည်း ဟော့ပေါ့စားနေရင် မိန့်ကိုမောကြည့်လျှင် မိန့်က သူမ ဆံပင်ကိုချစ်စနိုးဖွာပစ်သည်။


နောက်နေ့ဆက်ရန်


စာရေးသူ အလွမ်း&သွေးမိန့်


rate now: