book

Index 15

အပိုင်း(၁၅)

  • Author : Thwe Mate
  • Genres : Comedy, Drama, Action

ဂိုဏ်းစတားမလေး၏အချစ်တော်


"မမခေ တားတားတို့အခန်းရှင်းတာမောသွားပြီး ​ေရခဲမုန့်ဝယ်ကျွေးရမယ်နော်"


"ဟုတ်တယ် သွေ့သွေ့လည်းစားချင်တယ် ဝယ်ကျွေးပါ မမခေ"


"ကျွေးပါမယ် လမ်းထိပ်သွားကြတာပေါ့ ဆေလိုက်အုံးမလား"


"မလိုက်တော့ဘူး သွေ့သွေ့နဲ့ ဂျစ်ဂျစ် မမဆေအတွက်မုန့်မုန့်ဝယ်ခဲ့နော်"


"အင်း"


"အင်းလို့မဖြေရဘူးလေး ဟုတ်ကဲ့လို့ဖြေရမယ် ဂျစ်ဂျစ်နဲ့သွေ့သွေ့ကလိမ်မာတယ် ကလေးလေးတွေမဟုတ်လား"


ကလေးနှစ်ယောက်လုံး ချစ်စဖွယ်ခေါင်းငြိမ့်ပြသည်။ သွေ့သွေ့နဲ့ ဂျစ်ဂျစ် က ဆိုးလိုရလို့သာဆိုးနေတာပါ။ လူကြီးလေးတစ်ယောက်လို သဘောထားပြောရင်နားဝင်၏။ ခြောက်တတ်ရင်လည်းကြောက်တတ်သည်။ ခေ ခြောက်တော့လည်းကြောက်သွားရသလို့ ခေတို့အ​ေပါ်လည်း ဆက်ဆံရေးကောင်းလာသည်။


ခေနဲ့ကလေးတွေ မုန့်သွားဝယ်စားနေတုန်း ဆေက အခန်းထဲမှာသရဲစာအုပ်တစ်အုပ်ဖတ်နေ၏။ထိုအချိန် ရင့်ပြေးဝင်လာသဖြင့် စာအုပ်ပိတ်ပြီး


"မမလေး ဘာဖြစ်လိုလဲ ငိုနေတာလား"


"ဉီးမိန့် ငါကိုမချစ်ဘူး အင့်ဟင့် ငါကို ညီမလေးတစ်ယောက်လိုပဲချစ်တယ်တဲ့ ငါကတော့ သူကိုချစ်လိုက်ရတာ ဉီးမိန့်အရမ်းနေနိုင်တယ်ဟာ"


ဆေ မမလေးကို ဖက်ထား၍ အားပေးစကားပြောသည်။မမလေး ဘက်ကမခံနိုင်သလို့ မိန့်ကိုပြော၏။


"အောင်မာ ငါတို့မမလေးကိုများမချစ်ဘူးတဲ့ ငါတို့မမလေးဒီလောက်ချောပြီးချစ်စရာကောင်းတာ ဟွန့် အကိုလေးကို ဆေ ရိုက်ပစ်ချင်လာပြီး အကိုလေးကတော်တောတုံးတာပဲ ငါးကြော်မကြိုက်တဲ့ကြောင်မိုက်ပဲ မမလေးမငိုနဲ့နော်"


"ငါရင်နာလို့ပါ ငါသူကိုအရမ်းချစ်တာကို့ ချစ်လွန်လို့လဲ ဒီအိမ်ကြီးမှာသည်းခံပြီးနေတာကို့ သူကညီမလေးလိုချစ်တယ်တဲ့ အင့်ဟင့်"


"မမလေးရဲ့ ယောကျာ်းတွေကလေး သူတို့ကိုအရမ်းချစ်ပြတဲ့မိန်းမတွေကိုအလေးမထားဘူး ဒါကြောင့် မမလေး ချေချေနေပါ။ မမလေးက အရမ်းချစ်ဖို့ကောင်းတယ် မိန်းမချောလေးပါ ဒါကြောင့် ဉီးမိန့်ကိုချစ်တယ်ဆိုလည်း မချစ်အောင်ဟန်ဆောင်ပါ အားတင်းထားပါ မမလေး"


ဆေ စကားကြောင့် ရင့်မျက်ရည်သုတ်ပစ်ပြီး


"ဟုတ်တယ် ငါအခုကစပြီး ဉီးမိန့်ကိုအရေးမစိုက်ဘဲနေပစ်မယ်"


"ဟုတ်တယ် မမလေး"


ရင့်နဲ့ ဆေ တို့ကိုစကားပြောနေတုန်း တံခါးခေါက်သံပေါ်လာတာကြောင့် စကားခဏရပ်သွား၏။


ရင့်နဲ့ဆေရေ တို့ဧည်သည်ရောက်လာလို ကော်ဖီဖျော်ပေးပါ ကောင်မလေးတွေကို တစ်ခြားအလုပ်ခိုင်းထားလို့"


"ဟုတ်ကဲ့ပါ မမနှင်း"


ခေနဲ့ ကလေးနှစ်ယောက် ရေခဲမုန့်ဆိုင်ကအထွက် လူတစ်ယောက်နဲ့တိုက်မိသည်။ထိုလူက ချက်ချင်း ယဉ်ကျေးစွာတောင်ပန်း၏။ခေတို့ ဝယ်လာတဲ့ ရေခဲမုန့်လည်းမြေကြီးပေါ်သိုပြုတ်ကျသည်။


"တောင်ပန်းပါတယ်ဗျာ ကျွန်တော်မမြင်လိုက်လို့"


"ရှင်မမြင်လို့ ခေ တို့ရေခဲမုန့်အောက်ကျသွားပြီး ဘယ်လိုလုပ်ပေးမှာလဲ"


နေသူရ ခေဆိုတဲ့ချာတတ်မလေးကို သေချာကြည့်မိသည်။ ရုပ်ရည်ကသာမာန်ပါပဲ အသားညိုညိုနဲ့ဆံပင် ခါးလယ်ထိရောက်တယ်။ သူထက်လည်းအရမ်းငယ်မယ်လိုထင်ပါ၏။


"ရေခဲမုန့်ဖို့ပြန်လျှော်ပေးပါမယ် "


"ကောင်းပြီးလေ တစ်ခွက်၁၀၀၀ပါ ၅ခွက်ဆိုတော့ ငါးထောင်ပါ"


"မင်းရေခဲမုန့်က ငါဝယ်ဖူးပါတဲ့၅၀၀ပဲရှိတာကို့ မင်းကစျေးနှစ်ဆတင်လွန်တယ်"


"ဒါကတော့မတက်နိုင်ဘူး ရှင်ဝင်တိုက်လေ လျှော်ပေးပေါ့ ဝတ်ထားတာကအပျံစား ပိုက်ဆံ၅၀၀၀တောင်မရှိဘူးလား"


"ရှိတယ်ရော့ မင်းတောင်းတဲ့၅၀၀၀ ဒါကမင်းအတွက် ၁၅၀၀"


"၁၅၀၀တောင်အပိုပေးတာပေါ့ ကျေးဇူးပါ ဂျစ်ဂျစ်နဲ့သွေ့သွေ့ မမခေတို့ မုန့်တွေအများကြီးဝယ်စားလိုရပြီး."


"ယေးးး ယေးး"


ကလေးနှစ်ယောက်နဲ့အပြိုင်ပျော်နေတဲ့ ခေကိုကြည့်ပြီး နေသူရ ပြုံးမိ၏။


"၁၅၀၀ပေးတာကိုလက်ခံရင်တော့ မင်းတော့ကိုယ်အပိုင်ဖြစ်သွားပြီး ခေ အရိုးသားဆုံးဝန်ခံရရင် မြင်မြင်ချင်းမင်းကို ချစ်မိသွာပြီး တွေးနေတုန်း ခေနဲ့ကလေးတွေကတော့ ရေခဲမုန့်ဆိုင်သို့ပြေးဝင်ခဲ့သည်။နေသူရ ကိုတောင်မေ့လျော့နေကြသည်။ခေက အခုမှာ၁၈ နှစ် ပဲရှိတာကြောင့် ကလေးစိတ်မကုန်သေးပါဘူး။


ရင့် ပန်းပင်လေးတွေ ရေလောင်းနေတုန်း ရုပ်ရည်ချောချော လူတစ်ယောက်ကအနားကပ်လာ၏။ ရင့် တစ်ကိုယ်လုံး သိမ်းကျုံးကြည့်ပုံက နှာဘူးမှန်းသိသာလှ၏။ရင့် လည်း မျက်နှာကြောအတက်နိုင်ဆုံးမာကြောထားသည်။ မွန်မွန် အလုပ်တွေများနေတာကြောင့် ရင့် ဝိုင်းကူနေတာပါ။ ခေနဲ့ဆေကလည်း မီဖိုချောင်းမှာချက်ပြုတ်နေပါတယ်။


မင်းက အိမ်ဖော်အသစ်လား နာမည်ဘယ်လိုခေါ် လဲ ကိုယ်နာမည်က ရောကီပါ နှင်းရဲ့သူငယ်ချင်းပါ". 


ရင့် ဘာစကားမှမပြောချင်သဖြင့် ပန်းပင်ကိုပဲအာရုံစိုက်ပြီးရေလောင်းနေသည်။ဒါကိုကြည့်ပြီး ရောကီက ပြုံးကာ ရင့်ကို စကားတွေနဲ့ တမင်ကလိသည်။ 


"ဟာ အနေတာလား နားမကြားတာလား ဒါမှမဟုတ်နှစ်ခုစလုံးလား သနားလိုက်တာ ရုပ်ကလေးကသနားကမားနဲ့ ဆွံ့အနားမကြားဖြစ်နေတာကို့ ဒါကြောင့်လည်း နှင်းတို့က သနားငဲညာစွာဖြစ် အိမ်ဖော်နေရာပေးထားတာပဲ"


"ဒီမှာ ခွေးနာမည်နဲ့ဆင်နေတဲ့ ကိုဂျက်ကီ ခေါ်ရောကီ အာရုံနှောက်အောင်သိပ်မလုပ်ပါနဲ့ ဖြတ်ရိုက်လိုက်လို့ ဝါးစရာသွားမရှိဘဲနေမယ် အခုချက်ချင်းဒိုးလိုက်တော့"


"ဟားးး ဟားး မင်းကငါကို ဖြတ်ရိုက်မယ်ဟုတ်လား ရယ်စရာအရမ်းပြောတတ်ပါလား  ငါလက်သီးတစ်ချက်စာပဲရှိတယ် မိန်းကလေးကများ ဆို၍ ရင့် ရဲ့လက်မောင်းကိုကိုင်လျှင် ထိုလက်ကိုပုတ်ထုတ်ပြီး


ခင်ဗျားရဲ့လက်တွေစည်းကမ်းရှိပါ ဒါသတိပေးခြင်း နောက်တစ်ခါဆိုရင် အဲဒီလက်ကိုဆုံးမရလိမ့်မယ်"


"ဟား.ဟားး ရယ်၍ ရောကီထပ်ပြီး ရင့်လက်မောင်းကိုကိုင်လျှင် ရင့်ကလည်း ထိုလက်ကြီးကို လိမ်ချိုးပြီး ရောကီရဲ့မျက်နှာကို လက်သီးနဲ့၅ချက်ထိုး၊ရင်ဘက်ကို ခြေထောက်နဲ့စောင့်ကန် ထိုနောက် ဘေးနားကသစ်သားချောင်းကိုယူပြီး ရင့် အသားလာထိတဲ့လက်ကိုပဲ ရိုက်ပစ်သည်။ ရင့် ရဲ့လှုပ်ရှားမှုက မြန်ဆန်လွန်လှသဖြင့် ရောကီ ပြန်မခုခံနိုင်ဘဲ အတင်းထွက်ပြေး၏။ ရင့် လည်း ဘာမှမဖြစ်ခဲ့တဲ့အတိုင်း ရေပဲဆက်လောင်းနေသည်။ရောကီ စီးကျခဲ့တဲ့သွေးတွေကိုလည်း ရေနဲ့ဆေးပစ်သည်။


"ဆေ ငါကြက်ဉကြော်ဘယ်လိုနေလဲ"


"ငါမြည်းကြည့်အုံးမယ် "


ဆေ ကြက်ဉကိုနည်းနည်းဖဲ့ပြီး မြည်းကြည့်ပြီးလျှင် ကောင်းတယ်ဆိုတဲ့သဘောဖြစ် လက်မထောင်ပြသည်။ ခေရဲ့ မျက်နှာလည်း သူကြည့်ဉကြော်ကောင်းတာကြောင့် ပြုံးသွားသည်။


"ကိုယ်လည်း မြည်းလို့ရမလဲ အဲဒီဉကို"


"ရှင်ဘာစကားပြောတာလဲ "


"ကြက်ဉကိုပြောတာပါ ကလေးရဲ့"


"ဒီမှာ ခင်ဗျားကိုယ်ဝန်ဆောင်ပြီးမွေးထားတဲ့ ကလေးမရှိဘူး "


"အဟက် မင်းတို့နှစ်ယောက်ကို ကလေးလို့ခေါ်တာပါ ကိုယ်ထက်ငယ်မယ်ထင်တယ် ကိုနာမည်ဂျော့ပါ ဒီအိမ်ကနှင်းရဲ့သူငယ်ချင်းပါ"


"ဘာတွေ လာကြောင်နေတာလဲ မမနှင်းသူငယ်ချင်းဆိုရင် မမနှင်းဆီသွား ဒီမှာဟင်းချက်နေတဲ့ လာမရှုပ်နဲ့"


"မရှုပ်ပါဘူး ကလေးရဲ့ ကိုယ်က ဝိုင်းကူချင်လို့ပါ"


ခေ စိတ်တိုကာ ထိုလူကို တစ်ခုခုလုပ်မယ်ပြင်လျှင် ဆေက ခေကို ဘာမှမလုပ်ဖို့အချက်ပြရင် ဂျော့ဆိုတဲ့လူကိုပြုံး၍


အခုလိုကူညီချင်တာ ကျေးဇူး မီးဖိုချောင်မှာတော့ ကူစရာမရှိဘူး တစ်ခြားအရာ ကူညီလိုရမလား"


"ရတာပေါ့ ရတာပေါ့ ဘာကူညီရမလဲ"


"ဂျစ်ဂျစ်နဲ့သွေ့သွေ့ရေ ဒီဉီးဉီးက ကလေးတို့နဲ့ကစားပေးမယ်တဲ့"


"ကလေးတွေနဲ့ကစားရမှာလား"


"ဟုတ်ပါတယ် ကိုကိုဂျော့ ကူညီမယ်ဆို"


ဂျော့ တစ်ယောက် စိတ်ပျက်သလိုဖြစ်နေတုန်း ကလေးနှစ်ယောက်ကို လက်ဆွဲပြီးလာခေါ်သွားသည်။ ဆေနဲ့ခေကတော့ ဂျော့ကို ကလေးတွေ ဘာလုပ်မလဲသိချင်စောနဲ့ မီးဖိုချောင်ထဲ သိမ်းဆည်း၍ ကလေးတွေဆီထွက်ခဲ့၏။


"ဉဉချော့က စက်ယုတ်ဂျီရုပ် တားတားနဲ့သေသေက စက်ယုတ်ဂျီးပေါ် တက်ခုံမယ်"


"တိုတို ကစားနည်းကောင်းတယ် ဉီးဉီးဂျော့ ကစက်ရုပ်ကြီးပေါ့ ဟီး တက်ခုန်မယ် ဟေ့ "


"ကလေးနှစ်ယောက် ဂျော့ကိုအမျိုးမျိုးနိပ်စက်ကြသည်။ တစ်အောက်နေ့ ဂျော့အပေါ်တက်ခုန်လိုက် တုတ်နဲ့ဝိုင်းရိုက်လိုက် ဆံပင်ကိုဆောင်ဆွဲလိုက်နဲ့ ၁၅မိနစ်တောင်မကြာသေးဘူး ဂျော့ သေချင်စိတ်ပေါက်လာသည်။ 


"ဂျစ်ဂျစ်နဲ့သွေ့သွေ့ တစ်ခြားကစားနည်းကစားကြပါလား"


"ဉီးဉီးဂျော့ကစက်ရုပ်ကြီးမလုပ်ချင်တော့ဘူးပေါ့ ဒါဆိုရင် သွေ့သွေ့ရဲ့အရုပ်မလေးလုပ်ပေး တိုတိုက သွေ့သွေ့ရဲ့အရုပ်မလေးကိုခေါင်းလျှော်ပေးလိုက် သွေ့သွေ့က အလှပြင်ပေးမယ်"


ဂျော့ မှာသူစကားနဲ့သူ ချောင်ပိတ်မိနေသည်။ ဂျစ်ဂျစ်ကလည်း ခေါင်းလျှော်သလို့ ဂျော့ရဲ့ဆံပင်ကို သူလက်သေးသေးလေးတွေနဲ့ဆောင့်ဆွဲပစ်၏။ သှေ့သှေ့ကတော့ အလှပြင်တဲ့အရာတွေနဲ့ ဂျော့ကို နှုတ်ခမ်းဆိုးပေး၊မိတ်ကပ်လိမ်းပေး၊မျက်ခုံးမွှေးဆွဲပေးတာ အလှပြင်နေသည်။ ထိုမြင်ကွင်းကို့ကြည့်ပြီး ဆေနဲ့ခေ ပါးစပ်ပိတ်ပြီးရယ်ကြသည်။ရင့်ကလည်း ဆေနဲ့ခေတို့ရယ်သံကြောင့် လာကြည့်သည်။ထိုနောက် ရင့်က တံမြက်စီးကိုင်၍


"ဂျစ်ဂျစ်နဲ့သွေ့သွေ့တို့ သရဲတမ်းဆော့ပါလား ဂျစ်ဂျစ်တို့က သရဲကိုဖမ်းတဲ့လူလုပ် ဟိုလူကသရဲလုပ်ပေါ့"


"မမပြောတာဟုတ်ပဲ ဉီးဉီးဂျော့ကလည်း သရဲနဲ့တူနေပြီး တိုတိုရေ တံမြက်စီးကိုင်ပြီး သရဲကြီး ဉီးဉီးဂျော့လိုက်ရိုက်စို့ မမတို့လည်း တွေ့ရာနဲ့လိုက်ရိုက်ကြလေး ဒါမှာပျော်စရာကောင်းမှာ "


ရင့်တို့လည်း လိုက်ရိုက်လျှင် ဂျော့ အောက်ဆင်းပြေးပြီး ဖိနပ်တောင်မဝတ်နိုင်ပဲ လက်မှာကိုင်ပြီးပြန်ပြေး၏။ရင့်တို့အဖွဲ့လည်း ရယ်မောကာကျန်ခဲ့သည်။


"နင်တို့ဘာလိုပြန်ပြေးကြတာလဲ ဟိုတောသူမတွေကို ပညာမပေးရသေးဘူးလဲ"


". ......."


"ဒါဆိုရင်နင်တို့ငါကိုမကူညီနိုင်ဘူးပေါ့ "


". ....."


"အဲဒါဆိုရင် ဒါပဲလေ"


နှင်း ဖုန်းချပြီးလျှင် မာမီတို့ကို စိတ်ပျက်သလိုကြည့်လိုက်၏။


"မအောင်မြင်ဘူးလား သမီး"


"မအောင်မြင်ဘူး မာမီ ရင့်ကရောကီကို ထမင်းမဝါးနိုင်အောင်ပါးရိုက်ပစ်တယ်အပြင် လက်ကလည်းအရိုးအက်သွားတယ်တဲ့ ဂျော့ ကလည်းရင်ဘက်တွေအောင့်နေတယ်တဲ့ ဟူးးး ဟိုတောသူမတွေကို အိမ်ကအမြန်ထွက်သွားရအောင် ဘယ်လိုလုပ်ရမလဲမသိဘူး "


"ဟုတ်တယ် မမနှင်းရဲ့ မောင်လေးနဲ့ဟိုကြွေရင့်ခက်ဆိုတဲ့တောသူမ နီးစပ်မှာဆိုတာ ဟိုအမွှာဘူးနှစ်ယောက် ရွက်ကြမ်းရည်ကျိုရုပ်ဆိုတော့ မောင်လေးကြိုက်မှမဟုတ်ဘူး ဘယ်လိုလုပ်ရပါမလဲ"


"မာမီ သူတို့အလှသင်တန်းကို မိုးရဲ့မာမီစိုးတို့ဆီမှာတက်ခိုင်းပြီးပညာပြခိုင်းရမယ်"


"ဟုတ်သာပဲ သင်တန်းကို သမီးမိုး ကိုယ်တိုင်လိုက်အပ်ပေးလိုက် မာမီစိုးကိုယ်လည်း ကောင်းကောင်းပညာပေးအောင် တောသူမတွေမကောင်းကြောင်းကိုပြောပြထား ဒါမှာပိုပြီးနိပ်စက်နိုင်မှာ"


"ဟုတ်တယ် ညီမလေး မိုး အကြံအကောင်းဆုံးပဲ အခုမှာစိတ်ညစ်ပြေတော့တဲ့ ဟီးး တောသူမတွေ မြန်မြန်စိတ်ကုန်ပြီး တောပြန်ရင်ပြီတာပဲ "


"မာမီကတော့ သားကို ရွှေရည်မြင့်မိုရ်နဲ့ စေစပ်ပေးဖို့ ပြင်ဆင်တော့မယ် မဟုတ်ရင် ဟိုတောသူမရင့်နဲ့ ကြိုက်သွားလိမ့်မယ်"


rate now: