book

Index 13

အပိုင်း(၁၃)

  • Author : Thwe Mate
  • Genres : Comedy, Drama, Action

ဂိုဏ်းစတားမလေး၏အချစ်တော်


"မမလေး အဆင်ပြေလား ခေတော့ ဟိုအဘွားကြီးကို ပညာပေးချင်လိုက်တာ ဟွန့်မကျေနပ်ဘူး မမလေးသာ အကိုလေးရဲ့မိန်းမသိရင် ဒီထက်ဆိုးမယ်ထင်တယ် "


"ဟုတ်တယ် မမလေး အဲဒီအဘွားကြီး သွေးတက်သေမလာမသိဘူး သူသမီးသုံးယောက်ကလည်း ပျာကလက်စိန်တွေ ဆေ တို့ကြမ်းထောကမှာသူတို့လောက်မျက်စိမနှောက်ဘူး "


"ဆေနဲ့ခေ စိတ်လျော့ပါ ဘာပဲဖြစ်ဖြစ် အကောင်းဆုံးရင်ဆိုင်ကြတာပေါ့ ကဲ့ခရီးပန်းလာပြီး နားကြတော့"


ရင့် စကားကြောင့် ခေနဲ့ဆေ နှုတ်ခမ်းလေးတွေဆူပြီး အဝတ်စားတွေကိုနေရာချကြသည်။မမလေးကလည်း တကယ်တောသူအတိုင်းချည်ထည်ဝင်းဆက်လေးတွေပဲယူလာသည်။ မမလေး စံအိမ်မှာ ဂါဝန် ဘောင်းဘီ စကဒ်တွေပဲအဝတ်များတာပါ။ ဘုရားသွား မှာသာ ဝင်းဆက်တွေဝတ်၏။ပြီးတော့ မမလေးရဲ့ဆံပင်ရွှေဝါရောင် ကောကျကောကျလေးက အခုတော့ နက်မှောင်ဖြောင့်ဆင်းတဲ့ ဆံပင်လေးဖြစ်နေရသည်။


ရင့် ရေချိုးခန်းထဲရောက်တာနဲ့ သက်ပြင်းချမိရ၏။ဉီးမိန့်က စိတ်သဘောကောင်းသလောက် သူမိဘတွေသူ့အစ်မတွေက ဘာလိုသဘောမကောင်းရတာလဲ တွေးနေရင် မွန်းကျပ်လာသဖြစ် ရေတကြီးချိုးပစ်သည်။


မာမီ ဟိုတောသူမ သုံးယောက်ကိုအိမ်မှာခေါ်ထားမလို့လား သမီးတော့ သဘောမကျဘူးနော် တော်ကြာ မောင်လေးကိုအပိုင်ဖမ်းနေမှာခက်မယ်"


"မာမီလည်း ဘာမှလုပ်လို့မရဘူး သားက သူကျေးဇူးရှင်တွေကို အလှသင်တန်း၆လတက်ခိုင်းပြီးမှ တောပြန်လွှတ်မယ်ထင်တယ်"


"ဟူးး ဒါဆိုရင်တော့မဖြစ်ဘူး သူတို့သုံးယောက်စိတ်ညစ်ရအောင် ဂစျြဂစျြနဲ့သှေ့သှေ့ကိုအိမ်ခေါ်ထားမှဖြစ်မယ်"


"မမနှင်းအကြံကောင်းတယ် ဂျစ်ဂျစ်နဲ့သွေ့သွေ့ဒဏ်ကို ဘယ်သူမှခံနိုင်မှမဟုတ်ဘူး စက်ဆီဖုန်းဆက်ပြီး ခွင့်တောင်းရမယ်"


"မြန်မြန်သွားဆက်ပါ မြ"


"ဟုတ်ကဲ့ပါ မမမိုးရယ်"


မိုးတစ်ယောက် စက်ဆီဖုန်းသွားဆက်သော်လည်း ဟိုသားမိတွေက ဘာဆက်လုပ်ရမလဲတိုင်ပင်နေသည်။


"မမလေးဗိုက်ဆာလာပြီး"


"ခေရော့ပဲ "


"ဉီးမိန်က ငါတို့ကိုလာမခေါ်သေးဘူးလား အခုပဲည၇နာရီထိုးပြီး ထမင်းစားဖို့တောလာခေါ်သင့်တာပေါ့ ခေနဲ့ဆေ ဒီမှာနေခဲ့ကြ မမ ဆင်းကြည့်အုံးမယ်"


"မမလေးတစ်ယောက်ထဲဖြစ်ပါမလား"


"ဖြစ်ပါတယ် ကဲ့ခဏနေခဲ့ကြ"


ရင့် ခိုးချောင်ခိုးဝှက်ဖြစ် ဉီးမိန့်အခန်းကိုရှာဖွေရသဘ်။ တိုက်ကြီးက အကျယ်ကြီးဖြစ်တာကြောင့် ဘယ်လိုရှာရမလဲနဲ့ စိတ်ညစ်နေတုန်း ချစ်စရာကောင်းတဲ့ကလေးနှစ်ယောက်နဲ့ ဉီးမိန့်ကိုတွေ့လျှင် ထိုနေရာကိုချက်ချင်းလာခဲ့သည်။


"လှလှ ပေါက်သွားတာအကြာကြီးပဲနော်"


"ဟာ ငဂျစ်ရာ စကားကိုပီအောင်ပြောစမ်းပါ လှလှမဟုတ်ဘူး လေးလေးပါကွာ ပေါက်သွားတာမှမဟုတ်ဘူး ပျောက်သွားတာ"


"တိဘူးဒေ တားတားမှစကားမပီတာကို့"


"စကားမပီရအောင် မင်းအသက်၅နှစ်ရှိပြီးကို "


"လှလှကလည်း ဒါကတော့ ငယ်တေးတာကို့ ဘေဘကေပွောတဲ့ တားတားက ဂျီးလှယင်ဇကားဘီမှာတဲ့"


"လှလှ တားတားနဲ့ သေသေအတွက်ဘာပလဲ.


"တိုတိုနော် မီမီနာမည်က သေသေဟုတ်ဘူး သွေ့သွေ့လို့ဘယ်နှစ်ခါပြောရမလဲ "


"နင်ကရော့ နာကိုဘာလို ဘီအောင်မထော်တာလည်း နာဂို ကိုကိုလို့ထော်ရမယ်လိုဘယ်နှစ်ခါပြောရမလဲ"


"တိုတိုမို့လိုတိုတိုခေါ်တာလေး ဘာလဲမကျေနပ်ဘူးလား မကျေနပ်ရင် ကိုက်တယ်ဟာဆိုပြီး ဂျီဂျီရဲ့လက်ကို သှေ့သှေ့ကိုကျထညျ့ပစျ၏။ ဂျစ်ဂျစ်လည်းအသံကုန်အော်ပြီး သွေ့သွေ့ရဲ့ ကြက်တောင်စီးကိုဆောင့်ဆွဲပစ်သည်။မိန့် လည်းဘာလုပ်ရမှန်းမသိဘဲ ကလေးနှစ်ယောက်ကို ဂုတ်ကနေဆွဲကိုင်၍ မြှောက်ထားပြီး


"မာမီရေ ဒီမှာခွေးနဲ့ကြောင်ရန်ဖြစ်နေပြီးအမြန်လာပါဗျို့"


"ဉီးမိန့် ရင့်ကို ကလေးတစ်ယောက်ပဲ "


သွေ့သွေ့ကို ရင့်ဆီပေးလိုက်၏။ သွေ့သွေ့လေးလည်း အရမ်းနာလို့ထင်တယ် ငိုတာမှာဆူညံပွက်နေရော့။ထိုအတူ ဂျစ်ဂျစ်လည်း သွေ့သွေ့ကိုက်ထားတာကြောင့် လက်မှာသွေးပါ ထွက်သဖြစ် အော်ငိုပါလေရော။


"ဟာ ဘယ်လိုဖြစ်တာတုန်း ဂျစ်ဂျစ်နဲ့သွေ့သွေ့ တည့်အောင်နေကြလေး"


"သေသေကအရမ်းတိုက်တာ ဖွဖွဂျီး"


"တိုတိုက မီကို သေသေလို့ခေါ်တာကို့"


"ကဲ့နှစ်ယောက်စလုံးတော်ကြတော့ ရင့်ဆိုတဲ့ကလေးမ မင်းတို့အလှသင်တန်းမတက်တုန်း ဒီးနှစ်ယောက်ကိုမင်းတို့သုံးယောက်ထိန်းပေးပါ"


"ဟုတ် ဟုတ်ကဲ့"


မာမီကလည်း ရင့်တို့ကဧည်သည်လေး"


"မောင်လေးက ကြားထဲကဘာဖြစ်နေတာလဲ ရင့်တို့ထိန်းပေးမယ်ပြောနေတာပဲကို့ ညစာစားချိန်တောင်ရောက်ပြီး ရင့်တို့သုံးယောက်အတွက် အခန်းထဲ ထမင်းပို့ပေးပါမယ် ဒီကလေးနှစ်ယောက်ကိုလည်း ရင့်တိုအခန်းဆီခေါ်ပြီး ထမင်းကျွေးပေးပါ"


"ဟုတ်ကဲ့ပါ"


ရင့်လည်း ငိုယိုနေတဲ့ ကလေးနှစျယောကျလကျကိုဆှဲပွီး ကိုယ်အခန်းထဲသို့ပြန်လာရသည်။ ဉီးမိန့်က ရင်နောက်လိုက်မယ်ပြင်လျှင် ဒေါ်ခင်မြတ်မွန် အလုပ်တစ်ခုခိုင်းလိုက်၏။မိန့် လည်းခေါင်းကုတ်ပြီး ရင့်နောက်သို့ ဆက်မလိုက်ဘဲကျန်ခဲ့၏။


ခေနဲ့ဆေ ကလေးနှစျယောကျကိုလကျတှဲပွီးချေါလာတဲ့ မမလေးကိုတွေ့လျှင်


"မမလေး ဒီကလေးနှစ်ယောက်ကဘယ်သူတွေလဲ"


"မသိဘူး ဒီကလေးနှစ်ယောက်ကို ငါတို့ထိန်းရမှာ အရင်ဆုံး ဂျစ်ဂျစ်ကို ဆေးထည့်ပေးဖို့လုပ်ရမယ် သွေ့သွေ့ကိုက်ထားလို့ သွေးထွက်နေပြီး"


"ဆေးကို ဘယ်မှာရှာရမလဲ မမလေး"


"ခေ ကလည်း အောက်ထပ်မှာတစ်ယောက်ယောက်ဆီကတောင်းလိုက်ပေါ့ မမလေးကိုမေးနေရသေးတဲ့"


"အေးပါ ဆေရဲ့"


ရင့် သွေ့သွေ့ကိုဆုံးမသည်။သို့သော် သွေ့သွေ့က လုံးဝ နာခံခြင်းမရှိဘဲ အခန်းထဲက ပစ်စည်းတွေကိုလိုက်ဖွသည်။ရင့်တို့ရဲ့ အိတ်တွေကိုလည်း သူ့လက်သေးသေးလေးနဲ့လျှောက်ဖွင့်ကြည့်သည်။ ခေကတော့ သွေ့သွေ့ဆိုတဲ့ ကလေးမကို ရိုက်ချင်လိုက်တာပြောမနေပါနဲ့။ဂျစ်ဂျစ်ကလည်း ဒဏ်ရာရတာတောင်အငြိမ်မနေဘဲ သွေ့သွေ့နဲ့အတူလိုက်ဖွသည်။နှစ်ယောက်အခုနာက ရန်မဖြစ်ထားတဲ့အတိုင်းပဲ ချစ်ခင်နေကြ၏။


"တိုတို ဒီဂါဝန် သွေ့ နဲ့လိုက်လား"


"ဂိုက်တယ် ဂိုက်တယ် သေနဲ့အရမ်းဂိုက်တယ် "


"တီတီ သွေ့ကို ဒီဂါဝန်လေးပေးနော်"


"အဲဒါ တီတီဟာ မဟုတ်ဘူး သွေ့ရဲ့ ဒီမမခေရဲ့ဟာ"


"ဘယ်သူဟာဖြစ်ဖြစ် သွေ့ယူမှာပဲ မပေးရင် ဘွားဘွားကြီးနဲ့တိုင်ပြောမယ် "


ကလေးနှစ်ယောက်လုံးကတော့ အမြင်ကပ်စရာလေးတွေပါ။ရုပ်ကလေးက နှစ်ယောက်စ

လုံးချစ်စရာကောင်းပေမဲ့ အကျင့်စရိုက်တော့ သူတို့ဘွားဘွားကြီးအတိုင်းပါ။ ခေကတော့ ထိုဂါဝန်ကို သွေ့လက်ထဲကချက်ချင်းသွားလုယူသည်။


"မပေးဘူး ဒါငါဟာ နင်ဟာမဟုတ်ဘူး ကလေးဆိုပြီး လာအနိုင်မကျင့်နဲ့ မရဘူး ပြီးတော့ နင်လည်းတော်တာမဟုတ်ဘူး ပေးငါဟာ ပြန်ပေး"


ရုတ်တရက်အလုခံလိုက်ရတာသဖြင့် သွေ့ အော်ကြီးဟစ်ကျယ် ငို၍ ခေရဲ့ လက်ကောက်ဝတ်ကိုက်သည်။ ခေကလည်း သွေ့ဆိုတဲ့ကလေးမကို တွန်းထုတ်ပစ်၏။ရင့် မှာ ဘာလုပ်ရမှန်းမသိပါ။ ခေက ထိုဂါဝန်ကိုအရမ်းကြိုက်တယ်လေ။


"ဗုန်း "


"အီးးဟီး သွေ့ကို အကျင်ပုတ်မကြီးတွန်းထုတ်တဲ့ နာသွားပြီး အီးးဟီးး"


သူညီမကိုလုပ်ရမလားဆိုပြီး ဂျစ်ဂျစ်က ခေကို ပြေးထိုးသည်။ခေကလည်း နဂိုကတည်းကြည့်မရသူ ဆိုတော့ လာထိုးတဲ့ ဂျစ်ဂျစ်ရဲ့လက်ကို သူ့လက်ဖဝါးကြီးနဲ့ ခပ်ဆတ်ဆတ်လေးရိုက်ပစ်၏။နာသွားတာကြောင့် ဂျစ်ဂျစ်လည်း ငိုပါလေရော့။ရင့်မှာ ဟိုအဘွားကြီးကြားမှာဆိုလို ခေ ကိုစိတ်လျော့ခိုင်းပြီး ကလေးနှစ်ယောက်ကိုပြေးချော့ရသည်။


"ခေ မမလေး အသစ်ပြန်ဝယ်ပေးမယ်နော် စိတ်ကိုလျော့ပါ သူတို့က ကလေးတွေပဲရှိသေးတယ်လေးနော် သွေ့သွေ့လည်းတိတ်နော် ဒီမမကသူဂါဝန်ပေးမယ်တဲ့ ရော့ယူလိုက်နော်"


သွေ့ကလည်း အငိုတိတ်ကာ ဂါဝန်ကိုယူပြီးအတင်းဆုပ်ကိုင်ထားသညိ။ ခေကိုလည်း မကျေနပ်တဲ့အကြည့်နဲ့ကြည့်နေ၏။ဂျစ်ဂျစ်ကိုတော့ လမ်းမှာ ဝယ်ခဲ့တဲ့ ကိတ်မုန့်နဲ့ချော့ရ၏။ဂျစ်ဂျစ်ကလည်း ထိုကိတ်မုန့်ကြိုက်တာကြောင့် အငိုတိတ်သွားသည်။ထိုအခါမှာ ရင့်လည်း သက်ပြင်းမှုတ်မိသည်။


"မမလေး ဆေးရပြီး"


"ပေး တစ်အောက်နေ့ ထမင်းလာပို့လိမ့်မယ် ဒီညလည်း ဒီကလေးနှစ်ယောက်ငါတို့နဲ့အိပ်လိမ့်မယ်"


ခေနဲ့ဆေမျက်နှာမဲ့၍ စိတ်ပျက်လက်ပျက် ခုတင်ပေါ်မှာ ထိုင်ကာ တစ်ခန်းလုံးကို ဖွနေတဲ့ သွေ့သွေ့နဲ့ ဂျစ်ဂျစ်ကိုကြည့်ပြီး မျက်နှာရှုံမဲ့ကြသည်။


ထမင်းစားတော့လည်း ကလေးနှစ်ယောက်ကဟင်းအကောင်းတွေအကုန်စားသွားတယ် ရင့်တို့မှာ ငါပိရည်နဲ့အတိုစရာပဲစားရ၏။အိပ်တော့လည်း ခုတင်နှစ်ခုလုံးကို ကလေးနှစ်ယောက်ကလူပါးဝစွာအပိုင်းယူထားသည်။ကလေးနှစ်ယောက်ဆော့ချက် လက်လန်၏။ညတစ်နာရီမှာ ကာတွန်းကားကြည့်ရင်မောမောနဲ့အိပ်ပျော်သွားသည်။ထိုအခါမှာ ရင့်တို့သုံးယောက်လည်း ပင်ပန်းစွာ အိပ်ယာဝင်ခဲ့ရသည်။


မနက်၅နာရီမှာ တံခါးခေါက်သံကြောင့် ရင့် နိုးလာခဲ့သည်။လူက အိပ်ချင်သေးတာကြောင့် စိတ်ကဘယ်လိုမှမကြည်ပါ။ညက တစ်နာရီမှာ အိပ်ယာဝင်ခဲ့ရတာမဟုတ်လား ။တံခါးဖွင့်လိုက်လျှင် ၁၄နှစ်အရွယ်ကောင်မလေးကိုတွေ့လိုက်ရသည်။


"မမတို့အားလုံးကို အန်တီက မီးဖိုချောင်မှာကူခိုင်းထားလို့ လာခေါ်တာပါ"


"ဟိုလေး ဒီအကြောင်းအရာကို ဉီးမိန့်သိလား"


"အကိုလေး မသိပါဘူးမမ မမတို့အောက်ဆင်းခဲ့ပါ မွန်မွန်သွားနှင့်ပြီး"


ကလေးမ အောက်ဆင်းသွားတော့ ရင့် ဒေါသထွက်ကာကျန်ရစ်ခဲ့ရသည်။


rate now: