ဂိုဏ်းစတားမလေး၏အချစ်တော်
လမင်းကြီး ထိန်ထိန်သာသာ၍ ကြယ်ကလေးများဆုံလင့်သောညက အရမ်းလှလျက်ရှိသည်။ ထိုလကိုငေးကြည့်ပြီး အိပ်မပျော်သူကတော့ မိန့်ပဲဖြစ်သည်။ သူရဲ့ဖက်လုံးလေး ရင့်ကို ဖက်မအိပ်ရတာကြောင့်ပါ။
"လမင်းကြီးကသာလို ဒီအချိန်မှာ ရင့်ရဲ့ပခုံးကိုဖက်ပြီး ကြယ်ကလေးတွေ ပြိုင်ရေတွက်ရင်အရမ်းပျော်ဖို့ကောင်းမှာသေချာတယ် အခုတော့ ကိုယ်ဘာသာပဲရေတွက်ရတော့မယ် "
မိန့် ပလက်ကုလားထိုင်မှာထိုင်ကာ ကြယ်တွေကိုရေတွက်၍ အိပ်ပျော်သွားခဲ့ရသည်။ ရင့်ကတော့ သူမမိဘတွေကို ဉီးမိန့်တို့ မိဘတွေဆီသို့ သွားလို့ကြောင်းခွင့်တောင်းသည်။
"သမီးကို သူတို့ကသဘောတူပါမလား မား စိတ်မချဘူး"
"မားကလည်း ဉီးမိန့် သူမိသားစုတွေကိုလွမ်းနေမှာပဲလေး ဒီမှာတစ်သက်လုံး ဉီးမိန့်နေနိုင်မယ်မထင်ဘူး ပြီးတော့ ဉီးမိန့်က စာရေးဆရာဆိုတော့ သူအလုပ်တွေသူလုပ်ရအုံးမယ်လေး"
"သမီးနဲ့သဘောမတူဘူးပြောရင်ရော့"
"ဉီးမိန့်ရဲ့ဇနီးလောင်းအဖြစ် သမီးသွားမှမဟုတ်ဘူး"
"ဘယ်လို"
ကြွေ နားရှုပ်သွားကာ သမီးကိုကြည်မိ့ရသည်။ရင့် ကတော့ ကြွေရင်ခွင်ထဲကနေ သာလိကမလေးလို စကားတွေ တတွတ်တွတ်နဲ့ပြော၏။
"သမီးက ဉီးမိန့်ကိုကယ်တင်ထားတဲ့လူတစ်ယောက်အနေနဲ့လိုက်သွားမှာ ပြီးတော့ရန်ကုန်မှာ သင်တန်းတက်မယ်ဆိုပြီး ဉီးမိန့်အိမ်မှာတည်းမယ်လေး နောက်မှာတဖြေးဖြေးချင်း ဉီးမိန့်ရဲ့မိန်းမဆိုတာကိုပြောပြမယ်လေ"
"ပါး စိတ်မချဘူး သမီးကို စေမင်းမိန့် မိသားစုတွေအနိုင်ကျင့်ရင် ဘယ်လိုလုပ်မလဲ"
"ဟိ.ဟိ ပါးကလည်း သမီးကဂိုဏ်းစတားမလေးတစ်ယောက်ပါနော် လာအနိုင်ကျင့်ကြည့်ပါလား အမှုန်ကြိတ်ပစ်မယ် ပါးရဲ့သမီးပါနော် ပါးခြေယာမီပါတဲ့"
"ဟူးး အေးပေါ့ မားရဲ့သမီးလေးက သွားချင်မှာတော့ ခွင့်ပြုရမှာပေါ့ လိမ်လိမ်မာမာနေနော် တကယ်လိုအဆင်မပြေရင် မားတို့ဆီကိုပြန်လာခဲ့ပါ သားကလည်း သမီးကိုစောင့်ရှောက်မှာပါ"
"အမှန်ကော့ မားရဲ့ ဉီးမိန့်က သမီးကိုအခုတောင်အရမ်းကရုစိုက်တာကို"
ကြွေ သမီးရဲ့ ပါးပြင်နဖူးကိုနမ်း၍ ဖက်ထားမိသည်။ဉီးခက်ထန်ကလည်း သားမိနှစ်ယောက်ကိုကြည့်ပြီး ပြုံးနေသည်။ထိုညလေးက ရင့်အတွက်မမေ့နိုင်ဖွယ်အမှတ်တရညလေးဖြစ်ခဲ့၏။
"ဟမ် ဉီးမိန့် အခန်းထဲမှာမရှိပါလား ဘယ်ရောက်နေလိုလဲ"
မနက်အစောကြီးထကာ အခန်းဆီပြန်လာသော ရင့် ဉီးမိန့်ကိုမတွေ့တာကြောင့် ပတ်ရှာမိရသည်။ နောက်ဆုံးတော့ ဝရံတာမှာ အိပ်နေတာတွေ့လိုက်၏။ရင့် ဉီးမိန့် အိပ်နေတာငေးကြည့်မိသည်။
သွယ်တန်းတဲ့မျက်ခုံးထူထူက ကြည့်ကောင်းသလို မျက်ဝန်းတွေကလည်းယောကျာ်းတန်မဲ့အရမ်းလှသည်။မျက်နှာကျက လေးထောင့်ထောင့်ဆန်ဆန်နဲ့ခန့်ချော သည်။တည်ငြိမ်တဲ့အမူအရာတွေကြောင့် ချေတဲ့လိုထင်ရပဲ ပြုံးလိုက်ရင်တော့ သဘောကောင်းတဲ့လူတစ်ယောက်ဆိုတာသိသာစေပါသည်။ ရင့် ဉီးမိန့်ကိုတစ်ဝကြီး ငေးနေတုန်း ရုတ်တရက် ဉီးမိန့် မျက်လုံးဖွင့်လာတာကြောင့် ပြုံးပြ၏။
"မောနီး ဉီးမိန့်"
"ဘယ်ကတည်းရောက်တာလဲ ဘာလိုဉီးမိန့်ကိုငေးကြည့်နေတာလဲ"
"ဟီး ဉီးမိန့်ကချောလို အိပ်နေတာတောင်ကြည့်ကောင်းတုန်း ရောက်တာသိပ်မကြာသေးဘူး ဒီမှာဘာလိုအိပ်တာလဲ"
"ရင့်မရှိတော့ ပျင်းပြီး လမင်းနဲ့ကြယ်ကလေးတွေကိုရေတွက်ပြီးအိပ်ပျော်သွားတာ"
"ဖြစ်ရမယ် ထ မျက်နှာသစ်မယ် "
ရင့် သူကိုဆွဲထူ၍ အခန်းထဲသို့ခေါ်ခဲ့သည်။ထိုနောက် ရင့်ကပဲအရင်ရေချိုးခန်းထဲဝင်ပြီး ရေချိုးပြင်ဆင်ပြီးလျှင် ဉီးမိန့်ကိုရေချိုးခန်းထဲဝင်ခိုင်း၍ ရင့် ကိုယ်တိုင်သွားတိုက်တံမှာ သွားတိုက်ဆေးထည့်ပေးတော့ မိန့် ကပြုံးပြီးကြည့်နေသည်။
ဉီးမိန့် မျက်နှာသစ်၊ရေချိုးပြီးအောက်ဆင်းခဲ့နော် ကုတင်ထက်မှာအဝတ်စားထုတ်ထားပေး ဝတ်ခဲ့ မနက်စားစားပြီးရင် တစ်နေရာသွားစရာရှိတယ်"
"ဟုတ်ကဲ့ပါဗျာ ဆင်းခဲ့မယ် ရင့် ဒီနေ့ထူးဆန်းနေပါလား"
"မထူးဆန်းပါဘူး ရင့် ကိုယ်တိုင်လုပ်ပေးချင်လို့ပါ အမြန်လုပ်ခဲ့နော်"
မိန့် ခေါင်းငြိမ့်ပြလျှင် ရင့် က မိန့်ရဲ့ပါးပြင်တစ်ဖက်ကိုနမ်းပြီး အောကျထပျကိုပွေးဆငျးသှားသညျ။ မိန့်လည်း ကျောက်ရုပ်ပမာ အံ့ဪမင်သက်စွာ ကျန်ခဲ့သည်။
"မားနဲ့ ပါး ဉီးမိန့်ကို ဘယ်သူပြောမှာလဲ"
"သမီးပြောပေါ့ "
"ဟာ မားကလည်း ရင့်မပြောချင်ဘူးတော်ကြာ ရင့်ကအရမ်းတွေ့ချင်တယ်ဖြစ်အုံးမယ်"
်"ကဲ့မား ပြောမယ် သမီးက ကျန်တဲ့အကြောင်းအရာ လမ်းမှာပြောသွားလိုက်"
"ဟုတ်ကဲ့ မား"
"ရင့်..ရင့်.."
ဉီးမိန့် အလောတကြီးပြေးဆင်းလာသဖြင့် ရင့် ခေါင်းလေးမော့ပြီး ဉီးမိန့်ကိုကြည့်မိရသည်။
"ဘာဖြစ်လိုလဲ ဉီးမိန့်"
"ကိုယ်အဝတ်စားတွေမရှိတော့ဘူး"
"ဟုတ်တယ် ကားထဲမှာ ရင့် ထဘ့်ထားတဲ့ ဉီးမိန်ကိုပြောတဲ့လေး တစ်ခြားနေရာသွားစရာရှိတယ်လို့"
"ခရီးထွက်မလို့လား"
"မဟုတ်ဘူး သားရေ သားရဲ့မိဘတွေဆီသွားမလို့"
"ဗျာ!!"
"ဟုတ်တယ် သမီးလေးက သားရဲ့မိဘတွေကိုတွေ့ချင်လို့တဲ့ ပြီးတော့ သားရဲ့မိဘတွေလည်း သားကိုစိတ်ပူနေမှာပေါ့ ဒါကြောင့် သမီးက မားတို့ကိုခွင့်တောင်းပြီး ရန်ကုန်ကိုသွားကြမှာ"
"တကယ်လားဟင် ကျွန်တော် အိပ်မက်မက်နေတာမဟုတ်ပါဘူးနော် ဝမ်းသာလိုက်တာ ရင့် ရဲ့ဉီးမိန့်အတွက်တွေးပေးလို့"
"ဟုတ်ပါပြီး လာမနက်စားစားပြီ မားနဲ့ပါးကိုကန်တော့ပြီး ခရီးဆက်ကြမယ်"
"ဟုတ်ကဲ့ပါဗျာ မားနဲ့ပါး ရင့်ကိုစိတ်မပူနဲနော် ကျွန်တော်စောင့်ရှောက်မှာပါ "
"ယုံပါတယ်ကွာ မင်းမစောင့်ရှောက်လည်း ငါသမီးကသာမန်လူမဟုတ်ဘူး ဂိုဏ်းစတားမလေးလေး ဒါကြောင့် စိတ်မပူပါဘူးကွာ"
"ဒါပေမဲ့လည်း မားကတော့ သမီးအတွက်အဖော် ဆေနဲ့ခေကိုထည့်ပေးလိုက်မယ်"
"မားကတော့ အကွက်ကိုစေ့နေတာပဲ ဆေနဲ့ခေကိုလည်း ရန်ကုန်ရောက်ရင် ယောကျာ်းရှာပေးရမယ်"
."ကိုလေးနော် ဆေတို့က ရန်ကုန်လိုက်မှာက မမလေးကိုစောင့်ရှောက်ဖို့ပါနော် ယောကျာ်းရှာပေးလည်း အကိုလေးပဲမျက်နှာပျက်မှာ ဆေတို့ကကြမ်းထောတွေလေး"
ဆေရဲ့အပြောကို သဘောကျစွာဖြစ် အားလုံးက ရယ်မောကြသည်။ ဉီးမိန့်ကတော့ အရမ်းဝမ်းသာ၍ မနက်စာတောင်သိပ်မစားနိုင်ပါ။ဒီလိုနဲ့ စားသောက်ပြီး ပါးနဲ့မားကို အားလုံးကန်တော့ကာ ကားဂိတ်သို့ထွက်ခဲ့ကြသည်။
လမ်းမှာ ရင့် အစီအစဉ်ကိုပြောပြလျှင် မိန့်က ချက်ချင်းငြင်းဆန်သည်။ ရင့်ကလည်း မရရအောင်ပြော၏။ နောက်ဆုံး ရင့် စိတ်ငေါက်မှာ မိန့် အလျော့ပေးကာ သူမ အစီစဉ်အတိုင်း လုပ်လိုက်ရသည်။
ရွှေသုခရိပ်မွန်ဆိုတဲ့ ခြံအရှေ့မှာ မိန့်တို ဆင်းကြ၏။ခေနဲ့ဆေကလည်း တောသူမတွေအတိုင်း ဝတ်ဆင်ထားသည်။ရင့်ကလည်း ချည်နွမ်း ဝင်းဆက်လေးဝတ်ဆင်ကာ တောသူမလေးအတိုင်းပါ။
"ဉီးမိန့် အိမ်ကလှလိုက်တာ သုံးထပ်တိုက်ကြီး သစ်ပင်ပန်းပင်ကလည်းစုံလိုက်တာ ဘုရားရေ ဉီးမိန့်ကို မြင်တုန်းကအဲဒီလောက်ထိချမ်းသားမယ်လို့မထင်ထားပါ။ရင့် တစ်ယောက် အတွေးပေါင်းဆုံတွေးလျက် ငေးနေသည်ကို မိန်က မြင်လျှင်
"ရင့် ဘာတွေးငေးနေတာလဲ အထဲဝင်ကြမယ်"
"ဟုတ် ဉီးမိန့်"
မိန့် ဘဲလ်တီးလိုက်လျှင် အသက်၅၀အရွယ်ခြံစောင့် ဉီးလေးကြီးထွက်လာသည်။ မိန့်ကို မြင်လျှင် ဝမ်းအားရဖြစ်သွားကာ
"ဟာ ငါလူ မိန်ပါလား မမကြီးရေ မိန့် ပြန်လာပြီး !!!""
"ဉီးတိုး နေကောင်းတယ်နော်"
"လူကကောင်းပေမဲ့ စိတ်ကမကောင်းဘူးကွာ ငါလူ ကိုအဆက်အသွယ်မရကတည်းက အိမ်မှာ မမကြီးကလည်းနေ့တိုင်းမျက်ရည်နဲ့မျက်ခွက် ငါလူအစ်မ သုံးယောက်ကလည်း အိမ်မကပ်ဘဲ မင်းအကြောင်းတွေကိုစုံးစမ်နေတာ ကဲ့အထဲဝင်ကြဧည့်သည်လည်းပါလာတာကို လာ..လာတူမကြီးတို့"
ရင် ၊ဆေ၊ခေ တို့လည်း ဉီးတိုးကြီးကို ပြုံး၍ ခေါင်းငြိမ့်၍ အထုပ်တစ်ချို့ကိုသယ်ခဲ့သည်။ အိမ်ထဲသို့ ဝင်လျှင် မဟာဆန်တဲ့အမျိုးသမီးတစ်ယောက်က ဉီးမိန့်ကိုပြေးဖက်ပြီးမျက်ရည်ကြသည်။
"မာမီရဲ့ သားငယ်လေး. မသေကောင်းမပျက်ကောင်းကွယ် မာမီမှာစိတ်ပူလိုက်ရတာလွမ်းလိုက်ရတာကွယ်"
"တောင်ပန်းပါတယ် မာမီရယ် သားနောက်ဆိုရင် အခုလိုမဖြစ်စေရပါဘူး မငိုနဲ့တော့ မာမီ မျက်ရည်တွေက သားနှလုံးသားကိုနာကျင်တယ် သားပြန်ရောက်လာပြီးပဲ"
."အင်ဟင့် မာမီ ဝမ်းသာလို့ပါ မာမီရဲ့သားငယ်လေး အသက်ရှင်နေပေးလို့ ကျေးဇူးပါ "
ဒေါ်ခင်မြတ်မွန် သားနဖူးလေးကိုထပ်ခါထပ်ခါနမ်းသည်။သူမရဲ့ အငယ်ဆုံးသားမို့အချစ်တွေလည်းပိုရသည်။သမီးသုံးယောက်ထက် ဒီသားလေးကိုပိုချစ်ပိုကရုစိုက်၏။သားကို နမ်းပြီးသည်နှင့်သားနဲ့ပါလား မိန်းမပျိုလေး ၃ယောက်ကိုသတိထားမိသည်။
"သားသူတို့ကဘယ်သူလဲ"
"သူတို့ကသားရဲ့အသက်သခင်ပါ မာမီ"
."သူတို့ကိုဘာလို့ ခေါ်လာရတာလဲ"
ရင့် တစ်ချက် ဒေါသပွားသွားရသည်။အန်တီကြီးက မလိုလားတဲ့မျက်နှာထားနဲ့ ရင့်တို့သုံးယောက်ကိုကြည့်ပြီးပြောတာကြောင့်ပါ။
" သူသား ရဲ့အသက်သခင်ဆိုတာသိရဲ့ ကျေးဇူးတင်စကားပြောရမှာမဟုတ်ဘူးလား အခုတော့ ဘာလိုခေါ်လာတာလဲတဲ့ သူသားဇနီးဆိုတာသိရင် ဘယ်လိုဆက်ဆံမလဲမသိပါ။
မာမီကလည်း သားရဲ့အသက်သခင်တွေဆိုတော့ ကျေးဇူးဆပ်ရအောင်ခေါ်လာတာပါ"
"ဒါဆိုရင်လည်း ပိုက်ဆံပေးပြီး ပြန်လွှတ်ရမှာပေါ့ ကောင်မလေးတွေ ပိုက်ဆံဘယ်လောက်ယူမလဲ"
"မာမီကလည်း ဘယ်လိုမေးလိုက်တာလဲ သားရဲ့ကျေးဇူးရှင်တွေကို ပိုက်ဆံဘယ်လောက်ယူမလဲဆိုတာမေးမယ်အစား ကျေးဇူးတင်ပါတယ်လိုပြောရမှမဟုတ်လား မာမီ ပြီးတော့ သူတိုတွေက ဒီအိမ်မှာနေပြီး အလှသင်တန်းတက်ဖို့ သားခေါ်လာတာ"
"သားရယ် ရှုပ်ရှုပ်ရှက်ရှက်နဲ့ အဆောင်မှာထားလိုက်ပါ"
"မာမီ သားရဲ့ကျေးဇူးရှင်လေး မာမီ သူတို့ကိုဒီအိမ်မှာလက်မခံရင် သားလည်းဒီမှာမနေဘူး"
ဒေါ်ခင်မြတ်မွန် နည်းနည်းတုန်လှုပ်သွားရသည်။ သားကို အိမ်ကနေဘယ်မှာမသွားစေချင်သလို ဒီတောသူမ သုံးယောကျကိုလညျး အိမ်မှာမထားနိုင်ပါ။ ဒါပေမဲ့လည်း
သားရယ် ဒီအိမ်မှာပဲနေပါ သူတို့၃ယောက်ကိုမာမီခေါ်ထားပါမယ် သင်တန်းကဘယ်နှစ်လတက်မှာလဲ"
"၆လပါ အန်တီ သမီးနာမည် ကြွေရင့်ခက်ပါ ဒါကသမီးရဲ့ညီမလေးပါ သူနာမည်ကဆေ အမွှာအကြီးမပါ သူ့ကတော့ ခေ အငယ်မပါ ရှင်"
"အန်တီနာမည်က ခင်မြတ်မွန်ပါ သားကို ကယိတင်ပေးလို့ကျေးဇူးပါ"
ဒေါ်ခင်မြတ်မွန် ရင့်တို့ကို စကားပြောနေတုန်းဧည်ခန်းထဲ အပြေးအလွှာဝင်လာတဲ့ မိန်းကလေးသုံးယောက်ကို မြင်မြင်ချင်း ရင့် ဘယ်လိုမှသဘောမကျပါ။
မောင်လေး မမကြီးတို့ရှာလိုက်ရတာ မောလို့ ဘာမှမဖြစ်လိုတော်သေးတယ်"
သူတို့ မိသားစုအလွမ်းသယ်တာကိုကြည့်ပြီး ရင့် ကြည်နူးမဲ့အစား စိတ်ပျက်မိသည်။ ဉီးမိန့်ကိုတော့မကျေနပ်သလိုတစ်ချက်မျက်စောင်းထိုးပစ်၏။ထိုအခါမှာ ဉီးမိန့်က ရင့်တို့သုံးယောက်ကိုနေရာချပေး၏။ ဧည်သည်တွေထားတဲ့အခန်းမှာ ရင့် တို့သုံးယောက်ကိုနေခိုင်း၏။ဒါတောင် သူ့မာမီက
"သားငယ်လေးရဲ့ သူတို့ကိုမဉတို့နဲ့အတူ တန်လျားမှာနေခိုင်းပါလားတဲ့ ဉီးမိန့်ကတော့ လုံးဝလက်မခံဘဲငြင်းဆန်၏။
စာရေးသူ အလွမ်း&သွေးမိန့်
.