ဂိုဏ်းစတားမလေး၏အချစ်တော်
"စကားနာမထောင်ဘူး အေးအောင်လုပ်ပြီးမှစားဆိုတာကို အခုချွေးထွက်နေပြီးမဟုတ်လား"
"ရာသီဉတုကပူတာကိုေခြၽးထြက္မွာေပါ့ ေရှာက်သီးသုတ်မှာပေးစားချင်တယ်"
"တော်ပြီး ကြွေ ရှောက်သီးသုတ်ကိုတော့ ကိုယ်မကျွေးနိုင်ဘူး ကလေးထိခိုက်မယ် "
"ဟွန် စားချင်တာလည်းမစားရဘူး တော်ပြီး ပြန်မယ်"
"ကြွေ ေြပါတော့ ရခိုင်မုန်တီပဲစားမှာဆို ရှောက်သီးသုတ်ပါစားမယ်လို့မပြောဘူးလေး"
"ပြောရင်ရော့ ကျွေးမှာမို့လို့လား"
"မကျွေးဘူး ကဲ့ပြန်မယ်ဆို ပိုက်ဆံရှင်းမယ်ဟေ့"
"မရှင်းနဲ့ စားလို့မကုန်သေးဘူး ပြော၍ မုန်တီကို အလျှင်အမြန်သောက်ပုံက တကယ်ကလေးပမာပါ။ခက်ထန် ကြွေကိုကြည့်ပြီး သဘောကျစွာရယ်မိရသည်။ ကိုယ်ဝန်ရှိလာမှာ ကြွေ ကလေးပိုဆန်လာသည်။
တစ်ခုခုဆိုရင် ဂျီကျတတ်သည်။ သူမအိပ်ချင်လိုပဲဖြစ်ဖြစ် ဗိုက်ဆာလိုပဲဖြစ်ဖြစ် ဂျီကျလိုမဆုံးပါ။ကြွေနဲ့သူ အခုလိုခွဲနေဖြစ်တာ သမီး၁၀နှစ်အရွယ်မှာ ဘာကြောင့်လဲဆိုတော့ ကြွေက နောက်ထပ်ကလေးမရအောင် သားကြောဖြတ်လိုက်ပြီးဆို၍ သိသွားတဲ့အချိန်ပါ။ ကြွေကလည်း သူရဲ့ဒုစရိုက်အလုပ်တွေမစွန်လွှတ်ရင် ဘယ်တော့မှသူအနားမလာဘူးပြော၍ တောထဲမှာပဲသွားနေ၏။ သူကလည်း မာနနဲ့သူမကိုအရွဲ့တိုက်ချင်တဲ့စိတ်ကြောင့် ပိုလုပ်ဖြစ်ခဲ့သည်။ အရင်အကြောင်းတွေပြန်တွေးနေတုန်း ဘေနားကအိပ်ပျော်နေတဲ့ ကြွေ ထထိုင်လိုက်တာမြင်လိုက်၏။ဒါကြောင့် ခက်ထန်အိပ်ချင်ယောင်ဆောင်နေလိုက်သည်။ခဏနေတော့ ပွစိပွစိရွတ်သံလေးနဲ့အတူ နဖူးကိုလက်ဖဝါးနုနုလေးထိတွေ့လိုက်ရ၏။
"ဉီးခက်ထန်..ဉီးခက်ထန် ဘယ်တော့မှမပြောင်းလဲဘူး အရမ်းသန်မာတဲ့လူကဘာကြောင့်အခုမိုလို့ဖျားသွားရတာလဲ တော်သေးတယ် အဖျားမတက်လာလို့ အချိန်တောင်၂နာရီရှိပြီးပဲ သူကိုစိတ်ပူလိုအိပ်တောင်မပျော်ဘူး ချွေးရော့ထွက်နေလားမသိဘူးဆို၍ ခက်ထန်ရဲ့ အင်ကျီထဲလက်နိုက်ကာ စမ်းကြည့်သာ်။ ခက်ထန် ရင်တွေခုန်ကာပျော်နေမိသည်။သူမရဲ့ကိုယ်သင်းနံမွှေးမွှေးလေးကို တဝကြီးအနံခံမိ၏။ထိုနောက် အိပ်ချင်မူးတူးနဲ့ သူမကို ဆွဲ၍ဖက်ထားကာ ချမ်းတယ်..ချမ်းတယ်ဟု ရေရွတ်သည်။
"အင့် ဉီးခက်ထန်..အဖျားမရှိဘဲနဲ့ ဘာလိုချမ်းနေတာလဲ ကိုယ်လည်းမပူပါဘူး ကျွန်မကိုလွှတ်..လွှတ်"
ကြွေ မရုန်းဘဲတိုးတိုးလေးပြောသော်လည်း ဉီးခက်ထန်က ဖက်ရုံသာမကနူညံးညင်သာသောအနမ်းတွေဖြစ် ကြွေ ဘဝကို သိမ်းပိုက်လိုက်ပြန်၏။ထိုသိမ်းပိုက်မှုကို ကြွေကလည်း လိုလိုလားလားလက်ခံခြင်းဖြစ်သည်ဆိုတာ ဉီးခက်ထန်မသိပါ။
မိန့် တစ်ယောက် နေရောင်ခြည်ခြည်နွေးနွေးလေးက သူမျက်နှာပေါ်ကျလာတာကြောင့် မျက်လုံးတွေပွင့်လာသည်။ ရင်ခွင်ထဲမှာ အိပ်ပျော်နေတဲ့ ရင့်ကို ပြုံးကြည့်ကာ နဖူးလေးကို လက်ဖဝါးတင်ပြီး ကိုယ်ပူမပူစမ်းကြည့်သည်။ ကိုယ်မပူတာကြောင့် စိတ်အေးသွား၍ တစ်ကိုယ်ရည်သန်းရှင်းရေးလုပ်ရန်အတွက် ရင်ခွင်ထဲကရင့်ကို ဖွဖွလေးမပြီးနေရာရွှေ့ကာ ရေချိုးခန်းသို့ဝင်ခဲ့သည်။မိန့် ကိုယ်လက်သန့်ရှင်းပြီးသည်နှင့် မျက်နှာသုတ်ပါဝါကို ပခုံးမှာတင်ပြီးရေချိုးခမ်းကနေထွက်လာသည်။ ရင့်ကအိပ်နေသေးတာကြောင့် မနိုးဘဲ လေ့ကျင်ခန်းလုပ်ရန်ခြံထဲဆင်းခဲ့၏။
"ဝါးး အိပ်လို့ကောင်းလိုက်တာ ဘယ်အချိန်ရှိပြီးလဲ "
ရင့် တစ်ယောက်အပျင်းကြောဆွဲရင် စားပွဲက နာရီကိုယူကြည့်လိုက်တော့ ၇နာရီထိုးြပီြဖစ်သည်။ နာရီကို စားပွဲပေါ်ပြန်တင်ပြီး အိပ်ယာကို သေချာသိမ်းကာ မျက်နှာသစ်ရန်ရေချိုးခန်းဝင်ခဲ့သည်။
ရင့် ရေချိုးခန်းက ထွက်လာလျှင် ဉီးမိန့်ရဲ့ ဆူခြင်းကိုခံလိုက်ရသည်။
"မနက်အစောကြီးရေချိုး ခေါင်းလျှော်စရာလား အဖျားဝင်ချင်နေတာကို့ နည်းနည်းပါးပါးဆင်ခြင်အုံး ကလေးလည်းမဟုတ်တော့ဘူး"
ဉီးမိန့် ဆူသံကြောင့် ရင့် မတ်တပ်ရပ်လျက် မျက်ရည်ကျလာရသည်။ ခေါင်းကဆံပင်တွေကလည်း ရေတွေစီးကျနေလျက်ပါ။
"ဟာ ငိုနတောလား"
မိန့် ပြောရင် ရင့်ရဲ့မျက်ရည်တွေကိုသုတ်ပေးသည်။ရင့်ရဲ့မျက်ရည်ကလည်း သုတ်ပေးမှာပိုကျလာသလို ရှိုကျသံလေးလည်းထွက်လာရ၏။
ဟာကွာ ဉီးမိန့် စိတ်ပူလို့ပါ ဖျားနေမှာစို့လိုအဲလောကျထိဝမ်းနည်းစရာလားကွာ လာအဝတ်စားအမြန်လှဲ ဉီးမိန့်ခေါင်းသုတ်ပေးမယ်"
"ဉီးမိန့်က အင့်ဟင် ဆူတာကို ရင့် ခေါင်းကအရမ်းယားနေတော့ လျှော်ချင်တာပေါ့ အီးဟီးး"
"အေးပါကွာ နောက်မဆူတော့ဘူးတိတ်တိတ် ခေါင်းကိုက်နေမယ် "
ရင့် အဝတ်အစားကိုအမြန်လှဲစေပြီးခေါင်းကို ခြောက်နေအောင်သူ့ကိုယ်တိုင်သုတ်ပေးသည်။ ထိုနောက်ရေနွေးပူပူတစ်ခွက်ကိုလည်းသောက်ခိုင်းသည်။ ရင့်လည်း စိတ်ပြေသွားကာ မိန့်ရဲ့အပြုအစုကိုကျေနပ်စွာခံယူသည်။
ဉီးခက်ထန် နိုးလာလျှင်ရင်ခွင်ထဲမှာနှစ်ခြိုက်စွာအိပ်ပျော်နေတဲ့ ကြွေရဲ့ပါးကို နမ်းမိရသည်။သူရဲ့အရမ်းချစ်ဆုံး ကြွေက သူရင်ခွင်ထဲမှာအိပ်နေတော့ပျော်မဆုံးပါ။
"ဒီလိုမျိုးလေးသာ နေ့တိုင်းဖြစ်ရင်ဘယ်လောက်ကောင်းမလဲ ကြွေ မင်းကိုအခုလိုဖက်ပြီးအိပ်ရတာ ကိုယ်အတွက်အကောင်းဆုံးအရာပဲ မင်းကို ကိုယ်အရမ်းချစ်တယ် "
ဉီးခက်ထန်တွေးနေတုန်း ကြွေ နိုးလာသဖြင့် ချက်ချင်းမျက်လုံးတွေမှိတ်မိပါသည်။ကြွေကတော့ ကပျာကထ၍ သူမ နေထိုင်တဲ့အခန်းသို့ ပြေးသွား၏။ သူမ သာနောက်လှည့်ကြည့်မယ်ဆိုလျှင် ဉီးခက်ထန် ပြုံးနေတာကိုမြင်မိမှာပါ။
"မား ပါးသက်သာပြီးလား"
"အဖျားမရှိတော့ဘူး သမီး မားလည်း မားနေရာပြန်တော့မယ်"
"မားကလည်း ရောက်တာ၁ရက်ပဲရှိသေးတာကို "
"အဲဒီတစ်ရက်မှာ သမီးရဲ့ပါး အဖျားမရှိတော့ဘူးလေ သမီးနဲ့သားနေချင်နေ မားတော့ ပြန်တော့မယ်"
"မားကလည်း ပါး အနားမှာနေပေးပါအုံး"
"မနေနိုင်ဘူး သမီး သူရဲ့ဒုစရိုက်လုပ်ငန်းတွေ မရပ်မချင် မား ဘယ်တော့မှဒီစံအိမ်ကိုမလာဘူး ကျိန်ဆိုပြီးသာ "
ရင့် မားကိုဆက်ပြောချင်ပေမဲ့လည်း မား ခေါငျးမာမှုကို သိနေတာကြောင့် ပါးစပ်ပိတ်၍ ထမင်းသာဆက်စားနေရ၏။ မိန့် ကတော့ သူတို့သားမိနှစ်ယောက် စကားပြောနေတာဝင်မပြောဘဲထမင်းသားစားနေသည်။ဉီးခက်ထန်ကတော့ ကြွေ စကားတွေကိုကြားပြီး စိတ်မကောင်းစွာဖြစ်အပေါ်ပြန်တက်ခဲ့သည်။ ဒါကို မိန့် မြင်လိုက်၍ ဉီးခက်ထန်နဲ့ ဆှေနှေးမှာဖွစျမယျလိုတှေးမိရသညျ။
ဪကြွေ ရဲ့ အရမ်းခေါင်းမာပါလား ပြတ်သားလိုက်တာ ၂၃နှစ်လုံးလုံးပေါင်းလာတဲ့ ကိုယ်ကို တကယ်မချစ်နိုင်တာလားကွာ မင်းငါကိုဒုစရိုက်အလုပ်မလုပ်စေချင်လည်း ငါကိုပြုပြင်ပေးလိုရတာပဲလေ "
ဉီးခက်ထန် ဝံရတာမှာ ရပ်ကာခြံထဲကသစ်ပင်ပန်းပင်တွေကိုကြည့်၍ စိတ်မကောင်းဖြစ်စွာ ကြွေအကြောင်းတွေးနေမိသည်။
"ဉီးခက်ထန် လေစိမ်းတွေတိုက်နေတဲ့ အထဲဝင်ပါ"
"ကြွေ အသံကို ကြားလိုက်ရတော့ သူချက်ချင်း ကြွေ ဆီသို့ပြေး၍ ဖက်ကာ စကားတွေကိုအလျှင်အမြန်ပြောပစ်လိုက်သည်။
ကြွေ ရဲ့ ကိုယ်အနားကနေဘယ်မှထွက်မသွားနဲ့လား ကိုယ်မင်းကိုမခွဲနိုင်ဘူး အရမ်းချစ်တယ် ကိုယ်တို့ဝေးနေတာ ဒီနေ့နဲ့ဆိုရင်၁၁နှစ်နဲ့၅လပိုင်း၃ရက်နဲ့ ၁၁နာရီရှိပြီး ကိုယ်အနားကနေထွက်မသွားပါနဲ့ကွာ"
ကြွေ အံ့ဪစွာ စကားမပြောနိုင်ဘဲဖစ်ရသည်။ ကြွေ ဒီစံအိမ်ကနေထွက်သွားတဲ့ရက်ကိုအတိအကျသူမှတ်ထားတာတဲ့အတွက်ပါ။
"ရှင်အနားကထွက်မသွားစေချင်ရင် ဒုစရိုက်လုပ်ငန်းတွေမလုပ်ပါနဲ့တော့လား ရှင်အဲဒီအလုပ်တွေဆက်လုပ်နေရင် ကျွန်မရှင်ဆီဘယ်တော့မှပြန်လာမှမဟုတ်ဘူး"
"ကိုယ်ကတိပေးတဲ့ ကြွေ မကြိုက်တာတဲ့အရာမှန်သမျှ ဘာမှမလုပ်ဘူး မင်းကိုယ်အနားကနေထှကျမသှားပါနဲ့ကှာ နော် ကိုယ်ဘဝမှာမင်းမရှိရင်မတင့်တယ်တဲ့ရေကန်တစ်ကန်ကြီးပါကွာ ငါးတွေလည်းမရှိသလို လှပတဲ့ကြာပန်းပွင့်တွေလည်းမရှိဘဲ အထီးကျန်ဆန်လာပါတဲ့ကွာ"
"ဟွန့်အခုမှာပဲပြောတော့တဲ့ အဲဒီစကားကိုလွန်ခဲ့တဲ့၁၁နှစ်ကပြောခဲ့ဖို့မျှော်လင့်နေခဲ့တာ"
"တကယ်မျှော်လင့်နေခဲ့တာလား ကြွေရဲ့ ကိုယ်တကယ်မသိခဲ့ဘူး မင်းသာ ဉီးခက်ထန် ကြွေ ကိုချစ်ရင်ဒုစရိုက်အလုပ်တွေမလုပ်ပါနဲ့လို တားခဲ့ရင် ကိုယ်လုပ်မှာမဟုတ်ဘူး"
"အဲဒီတုန်းက ရှင်ကိုမုန်းနေတာကို့"
ဒါဆိုရင် အခုကချစ်တယ်ပေါ့ ဟုတ်လား ကြွေ"
"ရှင် ဒုစရိုက်အလုပ်တွေ တကယ်စွန့်လွှတ်မှာလား"
"ကြွေ သာကိုယ်ကိုချစ်တယ်ဆိုရင် ဘယ်အရာမဆိုစွန်လွှတ်ပြီးသာပါ"
"အဲဒါဆိုရင် စွန့်လွှတ်လိုက်တော့ ကြွေ ရှင်ကိုချစ်တယ်"
"တကယ်နော် ကိုယ်ဝမ်းသာလိုက် ကြွေရာ"
အရမ်းပျော်နေတဲ့ ဉီးခက်ထန်ကိုကြည့်ကာ ကြွေ ပြုံးမိရသည်။ သူရဲ့တပည့်တွေကြောင့် ဉီးခက်ထန်ဘာလိုဖျားလဲသိခဲ့ရပါပြီး။ကြွေ ကိုတွေ့ချင်လို ဖျားအောင်လုပ်ခဲ့တာတယ်။တကယ်မိုက်ရူးရဲဆန်တဲ့ ဉီးခက်ထန်ကို ကြွေ ချစ်နေမိတာကြာပါပြီး ဒါကလည်း သူအရမ်းဖျားနေတော့မှာ ဉီးခက်ထန်ကိုအရမ်းချစ်ကြောင်းသိခဲ့ရတာပါ။
မားနဲ့ပါးအဆင်ပြေလို ကြည်နူးပျော်ရွှင်နေတဲ့ ရင့်ကို ကြည့်ပြီး မိန့် ပြုံး၏။ သူမလေးက အရုပ်မလေးသဖွယ် ချစ်စရာကောင်းလွန်တာကို သူသိပါတယ် ။ဘာကြောင့် သူမ ကိုမချစ်နိုင်သေးတာလဲဆိုပြီး ကိုယ်နှလုံးသားကို ကိုယ်ပြန်မေး၏။အဖြေကတော့ ရင့် ကို ညီမလေးတစ်ယောက်လို ချစ်တယ်လိုပဲထင်သည်။
ဉီးမိန့် ပါးနဲ့မားက အဆင်ပြေသွားပြီးသိလား ရင့်အရမ်းပျော်တာပဲ ဟီး မားနဲ့ပါးက အခုကြတော့လည်းချစ်နေလိုက်တာ အားကျဖို့ကောင်းတယ် "
"ရင့် အရမ်းပျော်တယ်ပေါ့ "
"ပျော်တာပေါ့ အခုညတောင် မားနဲ့ပါးတို့ဆီသွားအိပ်မလို့"
"ဟာ ဒါတော့ ခွင့်မပြုနိုင်ဘူးနော် ဉီးမိန့် တစ်ယောက်ထဲ အိပ်ရမှာပျင်းတယ် ပြီးတော့ ရင့်ကို ဖက်မအိပ်ရရင်မအိပ်ပျော်ဘူး"
"ဒီညတော့ ပေးအိပ်ပါနော် ဉီးမိန့် စာရေးဖို့ရှိတယ်မဟုတ်လား"
ရင့် အတင်းတောင်းဆိုလျှင် မိန့် ခေါင်းငြိမ့်ပြလိုက်၏။ ရင့် ကပျော်ရွှင်စွာဖြင့် ဉီးမိန့်ကအရမ်းချစ်ဖို့ကောင်းတယ်ပြော၍ ပြေးဖက်သည်။မိန့်ကလည်း အလိုက်သင့်ပြန်ဖက်ထားလိုက်သည်။
နောက်နေ့ဆက်ရန်
စာရေးသူ အလွမ်း&သွေးမိန်