ဂိုဏ်းစတားမလေး၏အချစ်တော်
"ဟား ရယ်စရာတွေ အရမ်းပြောလွန်ပါလား ကဲထမင်းစားဖို့ လိုက်မှာလားမလိုက်ဘူးလားပြော"
."မလိုက္ဘူး! !!"
"Ok ကောင်းပြီး မလိုက်ရင် ဒီလို့ပွေ့ချီသွားမှာပေါ့ ဘာများခက်လိုလဲ"
ခက်ထန် ပြောလည်းပြော ကြွေရဲ့ကိုယ်ကိုပွေ့၍ အောက်ထပ်ကိုဆင်းခဲ့၏။ ကြွေကတော့ ခက်ထန်ရဲ့ရင်ဘက်ကြီးကို ကုတ်ပစ်ထုပစ်၏။ ခက်ထန်ရဲ့အပေါ်ပိုင်းက အင်ကျီမဝတ်ထားတာကြောင့် ကြွေရဲ့ လက်သည်းယာတွေထင်နေသည်။ တစ်ချို့ကုတ်ရာတွေက သွေးတောင်ထွက်ကုန်သည်။ ခက်ထန်ကတော့ ပုရွတ်ဆိတ်ကိုက်တာလောက်တောင်မနာဘဲ ကြွေကိုယ်ကိုပွေ့ချီခဲ့သည်။
"ရှင်နော် ကျွန်မကိုအောက်ချပေး အောက်ချပေးလိုပြောနေတယ်လေး အရူးကြီးရဲ့!!! နားလေးနေလား! !
"မင်းအသံအရမ်း ဆူနေတာပဲ"
ကြွေက အသားကုန်အော်ဟစ်၍ငြင်းဆန်သဖြင့် အောက်ထပ်ကလူတွေအကုန်လုံးရဲ့အကြည့်က ကြွေထံသို့ရောက်လာလေသည်။ကြွေကတော့ ကရုမစိုက်ဘဲရုန်းကန်အော်မြဲပါ။ခက်ထန်ကလည်း ဘယ်လောက်ရုန်းရုန်း ထမင်းစားခန်းသို့ရောက်အောင်ခေါ်လာသည်။
ကြီးစိန် ထမင်းပွှဲပြင်ပါ ပြီးရင်အနားမှာဘယ်မှာမနေပါနဲ့ ကိုယ်အခန်းကိုယ်ပြန်နေကြပါ ဘာသံကြားကြားထွက်မလာပါနဲ့"
"ဟုတ်ကဲ့ပါ ဆရာ"
ထမင်းစားခန်းထဲမှာ ဘယ်သူမှမရှိတော့ဘဲ ကြွေနဲ့သူသာကျန်ခဲ့၏။ သူကတော့ ပြုံးပျော်လျက် ကြွေကို ထမင်းတွေထည့်ပေးဟင်းတွေထည့်ပေးလျက်ပါ။ ကြွေကတော့ စားဖို့နေနေသာသာ အမဲရောင်နရံကိုသာကြည့်နေမိ၏။ဒါကိုသူမြင်တော့
"ကြွေ ဘာလုပ်နေတာလဲ စားလေး "
"မစားချင်ဘူးလို ဘယ်နှစ်ခါပြောရမလဲ ဒါနဲ့စံအိမ်တစ်ခုလုံး ဘာလိုကျက်သရေတုံးတဲ့အရောင်ဖြစ်နေရတာလဲ"
"အဟွန်း ကျက်သရေတုံးတဲ့အရောင်မဟုတ်ပါဘူး အမဲရောင်ပါ ကိုယ်ကအမဲရောင်အရမ်းကြိုက်တယ် အဖြူရောင်ကိုတော့အရမ်းမုန်းတယ်"
"ဒါဆိုရင်တော့ ကျွန်မနဲ့ဆန့်ကျင်ဘက်ပဲ ကျွန်မကအဖြူရောင်အရမ်းကြိုက်တာ ဒါကြောင့် ကျွန်မတို့အိမ်ထောင်ရေးက ခိုင်မြဲမှမဟုတ်ပါဘူး ကျွန်မကိုအိမ်ပြန်ပို့ပေး!!!"
"အော်ရတာမမောသေးဘူးလား ကြွေ မင်းကိုယ်ဘယ်နည်းနဲ့မှအိမ်ပြန်မပို့နိုင်ဘူး"
"ခွမ်း ဝုန်းး ဝုန်းး"
"
ကြွေ သူစကားအဆုံးမှာ စားပွဲပေါ်ကရှိသမျှအရာတွေ အားလုံးကိုခွဲပစ်၏။ ခပ်ထန်ကတော့ ဘာမှမဖြစ်သလို လက်ပိုက်၍ကြည့်နေပုံက ကြွေအတွက် ပိုဒေါသထွက်စရာပါ။ဒါကြောင့် ကြွေ မြင်မြင်သမျှအရာတွေကိုရိုက်ခွဲပစ်၏။ခွဲရလွန်လို့ ကြွေအရမ်းမော ချွေးတွေထွက်လာရသည်။ ခက်ထန်က တစ်နေရာထသွားပြီး ရေတစ်ခွက်ယူကာ ကြွေကိုကမ်းပေးသည်။
"သောက်လိုက်အုံး ကြွေ အရမ်းမောနေပြီး "
"မသောက်ဘူး အမောဖောက်သေလည်းအေးတာပဲ"
"တော်တော့ ကြွေ သေမယ်ဆိုတဲ့စကားဘယ်တော့မှမပြောနဲ့ ကိုယ်မကြိုက်ဘူး "
"ပြောမှာပဲ"
"ထပ်ပြောကြည့် ကိုယ်အပြစ်ပေးရလိမ့်မယ်"
"ဟွန့် သေလည်း.."
"အွန်.."
ခက်ထန် ကြွေရဲ့နှုတ်ခမ်းနီးနီလေးကို သူရဲ့နှုတ်ခမ်းညိုညိုနဲ့ ထိတွေနမ်းရှိက်ပစ်လိုက်သည်။ကြွေ ကတော့ ထုံးစံအတိုင်းရုန်းကန်း၏။ရန်းကန်နေတဲ့ ကြွေရဲ့ခါးကျဉ်းကျဉ်းလေးကို အတင်းဖက်ကာ နှုတ်ခမ်းပါမက မျက်နှာတစ်ပြင်လုံးကိုအနမ်းမိုးရွာချလိုက်သည်။
ကြွေနဲ့သူရဲ့အိမ်ထောင်ရေးက အဆင်မပြေမှုတွေများခဲ့ပေမဲ့ သူအရမ်းေပျာ်ရွှင်ခဲ့ရသည်။ ကြွေ မိဘတွေဆီ ကြွေကိုပြန်အပ်၍ တရားဝင်လက်ထပ်ခဲ့သည်။ကြွေက အသက်မပြည့်သေးေတာ့၁၈ပြည့်မှာတရားရုံမှာလက်ထပ်ခဲ့သလို့ ကြွေကိုယ်ဝန်လည်းရှိခဲ့သည်။ထိုကိုယ်ဝန်ကြောင့်ပဲ ပြသာနာကြီးကြီးတစ်ခုကိုမပေါက်ကွဲပဲ ထိန်းသိမ်းနိုင်ခဲ့သည်။ထိုနေ့က
"ကြွေ ဟိုဘက်တိုက်ကိုမသွားနဲ့နော် ဒီအိမ်မှာပဲနေ"
"ဉီးခက်ထန် ကြွေက ဒီအိမ်ထဲမှာပဲ တစ်သက်လုံးနေသွားရမှာလား အပြင်လည်းထွက်ခွင့်မရှိဘူး ရှင့်ကြောင့် ကြွေ ပညာရေးဆုံးခန်းမတိုင်ဘဲ ဆယ်တန်းနဲ့ထွက်ခဲ့ရတယ် အခုလည်း ခြံထဲမှာတောင် လွတ်လွတ်လပ်လပ်မနေရဘူး"
"ဒီတစ်နေ့ထဲပါကွာ ကျောင်းမတက်ခိုင်းတာက ကြွေကို တစ်ချို့ကောင်တွေဝိုင်းကြိုက်မှာမလို့လားလို့ပါကွာ ကဲ့ ကိုယ်အလုပ်တစ်ခုကြောင့် ညမှာပြန်ရောက်မယ် သွားပြီး မွ.မွ"
အင်ကျီ ကြယ်သီးတပ်ပေးနေတဲ့ ကြွေရဲ့ ပါးပြင်နှစ်ဖက်ကိုနမ်းပြီး ကြယ်သီးကို သူကိုယ်တောင်တပ်၍ အလျင်အမြန်ထွက်ခွာသွားသည်။
ကြွေကတော့ သူမှာထားတဲ့အတိုင်းမနေဘဲ ခြံထောင့်က တိုက်လေးဆီသို့လာခဲ့သည်။ထိုတိုက်မှာ အစောင့်တွေအများကြီးတွေ့ရတာကြောင့်လည်း ကြွေအံ့ဪမိရသည်။ခါတိုင်းဆိုရင် အစောင့်တောင်မထားပါဘူး။ကြွေ လာတာမြင်လျှင် အစောင့်တစ်ဉီးက
"ဆရာကတော် ဒီကိုလာခွင့်မရှိဘူး"
"ဘာလို လာခွင့်မရှိရတာလဲ "
"ဆရာက အမိန့်ပေးထားလို့ပါ ဆရာကတော်ကိုလည်းမှာခဲ့တယ်မဟုတ်လား ဒီနေရာကိုမလာဖို့"
"သူစကားငါက နားထောင်စရာလား"
"ဒါကြောင့်လည်း ဆရာက ဆရာကတော်ကို သေချာစောင့်ကြည့်ထားဖို့မှာပါတဲ့"
ကြွေ ထိုကောင်လေးကိုမျက်စောင်းထိုးပြရင် စံအိမ်ဘက်သို့ပြန်လျှောက်ခဲ့သည်။တစ်အောက်နေ့တော့ အကြံတစ်ခုပေါ်၍ ဒေါ်ကြီးစိန်နဲ့ ကောင်မလေးနှစ်ယောက်ကိုခေါ်ကာ ကော်ဖီဖျော်၍ အစောင့်တွေကိုသွားတိုက်၏။
"ရှင်တို့အတွက်ကော်ဖီ သောက်လိုက်အုံး"
"ကျေးဇူးပါ ဆရာကတော် ဟေ့ကောင်တွေကော်ဖီလာသောက်ကြ"
ခဏကြာတော့ ကော်ဖီသောက်၍ အစောင့်တွေအားလုံးအိပ်ပျော်သလို ဒေါ်ကြီးစိန်နဲ့ကောင်မလေးနှစ်ယောက်ကိုမရှိတဲ့အလုပ်တွေရှာကြံခိုင်းပြီး ဟိုဘက်တိုက်ဆီသို့ပြန်လာခဲ့သည်။
ရင်ခုန်လလိုက်တာ ဒီတိုက်ထဲမှာဘာရှိလိုပါလဲ ဆို၍ ကြွေ တံခါးကိုဖွင့်လိုက်လျှင် ကောင်မလေးချောချောအယောက်၃၀လောက်တွေ့လိုက်ရ၏။ထိုအထဲမှာ ကောင်မလေးတစ်ယောက်က မတ်ရပ်၍ ကြွေ ဆီသို့လာပြီး
"နင်ကဘယ်သူလဲ"
"ငါက ကြွေဆင်းပါ နင်တို့တွေဘာလုပ်ဖို့ရောက်နေတာလဲ"
"ကိုခက်ထန်က တစ်ဖက်နိုင်ငံမှာအလုပ်ရှာပေးမဲ့ဆိုလိုရောက်လာတာ"
"အဲဒါဆိုရင် မှားနေပြီး နင်တို့အမြန်ထွက်ပြေးကြ ဉီးခက်ထန်က နင်တို့ကိုတစ်ဖက်နိုင်ကို ရောင်းစားမှာ"
ကြွေစကားကြောင့် ကောင်မလေးတွေအားလုံး တုန်လှုပ်သွားသည်။ကြွေ ကိုလည်း သနားစဖွယ်မျက်နှာနဲ့ကြည့်ပြီး
"မမ ခရေတို့ကို ကူညီပါနော် ခရေကအခုမှာအသက်၁၅နှစ်ပဲရှိသေးတယ် ရွာမှာမိဘတွေအဆင်မပြေလိုရောက်လာတာပါ ညီမလေးတို့ကို ရွာပြန်ပို့ပေးပါ မမရေ အီးးဟီးး"
"ဟုတ်တယ် ညီမလေး မမတို့ကိုကူညီပါ"
မိန်းကလေးတွေ ကကြွေထက်ကြီးတဲ့လူတွေလည်းပါတဲ့ ရွယ်သူလည်းပါတဲ့ ငယ်သူတွေလည်းပါတဲ့ ကြွေလည်း ဉီးခက်ထန်ကိုဒေါသထွက်ရလို စိတ်လည်းတိုမိရသည်။ထိုနောက် ကြွေ သူတို့အားလုံးကို ကယ်ဖို့ဆုံးဖြတ်ရင် စံအိမ်သို့ပြန်ခဲ့သည်။
ကြွေ ဉီးခက်ထန်ရဲ့ပိုက်ဆံကိုအကုန်ယူကာ မိန်းကလေးတွေဆီသို့ပြန်လာသည်။
"ရော့ ပိုက်ဆံတစ်ယောက်၁၀သိန်းဆီယူသွားကြ ဒီအကြောင်းကိုရဲမတိုင်နဲ့ ဘာလိုလဲဆိုတော့ သူတို့ကအာဏာပိုကြီးလို့ အကုန်လုံးဒီအဖြစ်ကို သင်ခန်းစာယူပြီး လူတွေကို အလွယ်တကူမယုံကြည်ပါနဲ့"
"ဟုတ်ကဲ့ မမ အများကြီးကျေးဇူတင်ပါတယ် ကန်တော့ပါရစေ"
မကန်တော့နဲ့တော့ အားလုံးဒီနေရာကအမြန်သွားကြတော့ သွား ဒီနေရာနဲ့ဝေးဝေးပြေးကြ"
ဟုတ်ကဲ့ဆို၍ မိန်းကလေးတွေအကုန် အပြေးအလွှားထွက်ပြေးကြသည်။ ကြွေကတော့ စံအိမ်ကိုပြန်လာ၍ ဖြစ်လာတဲ့ပြသာနာကိုအကောင်းဆုံးဖြေရှင်းဖို့ပြင်ဆင်ထားသည်။
ညမှာပြန်လာမဲ့ပြောတဲ့ ဉီးခက်ထန်က ညနေ၃နာရီလောက်မှာအလောတကြီးပြန်ခဲ့သည်။သူတပည့်တွေ ဖုန်းဆက်ပြောလိုက်လို့ထင်ပါတယ်။
"ကြွေ မင်းဘာလိုလုပ်လိုက်တာလဲ"
ဧည့်ခန်းမှာ စာအုပ်ထိုင်ဖတ်နေတဲ့ ကြေက ခပ်အေးအေးကြည့်၍ တည်ငြိမ်သော လေသံဖြစ်
"လုပ်သင့်တာလုပ်လိုက်လေ "
"ဘာကိုလုပ်သင့်တာလဲ မင်းကြောင့်ငါစီးပွားရေး ဘယ်လောက်ထိခိုက်လဲ အဲဒီမိန်းကလေးအယောက်၃၀ကိုတစ်ဖက်နိုင်ငံကိုရောင်းရင် သိန်း၁သောင်းရမှာကွာ တောက်အခုတော့ သဲထဲရေသွန်ပဲ ကြွေ!!!
"လာမအော်ပါနဲ့ ကိုယ်လူမျိုးအချင်းချင်း တစ်ဖက်နိုင်ငံကိုရောင်းစားတာကတော့ အောက်တန်းကျလွန်တဲ့ သူများသားသမီးကို ဟင်းရွက်ကန်စွန်ရွက်လို့ရောင်းလို့ရမလား ဒါကြောင့်တစ်ယောက်ကိုပိုက်ဆံ၁၀သိန်းဆီပေးပြီး ထွက်ပြေးခိုင်းလိုက်တာ"
"ဘာကွာ!!!"
ခက်ထန် ဒေါသထွက်နေတာကိုကြည့်ပြီး ကြွေ မဲ့ကာ အပေါ်တက်ဖိုပြင်၏။သို့သော် ခက်ထန်က ကြွေ လက်မောင်းနှစ်ဖက်ကိုကိုင်ပြီး
"မင်း ဘယ်ရှောင်ပြေးမလိုလဲ ကြွေ"
"ရှောင်ပြေးစရာလား ခေါင်းမူးလားလိုအပေါ်တက်နားမလို့"
"ခေါင်းမူးရမှာက ငါကွာ မင်းလုပ်လို့ငါ ဂိုဏ်းချုပ်ကြီးကို ဘယ်လိုမျက်နှာပြရမလဲ"
"မသိဘူးအဲဒါ ရှင်ပြသာနာ ကြွေပြသာနာမဟုတ်ဘူး ရှင်ဘာသာဖြေရှင်းပေါ့"
"မင်းဝင်ရှုပ်လို့ အခုလိုဖြစ်တာကွာ!!"
"ကျွန်မဝင်ရှုပ်တာမဟုတ်ဘူး ကူညီတာ ခေါင်းမူးလိုက်တာဆို၍ ကြွေ မေ့လှဲကလျင် ခက်ထန် ပွေ့ထားရသည်။ ခက်ထန် ပျာယာခတ်စွာ ဆရာဝန်ခေါ်ခိုင်း၏။ထိုနောက် ကြွေကိုပွေ့ချီ၍ အပေါ်ထပ်ကအခန်းကို ခေါ်သွားရသည်။
"ဒေါက်တာကြွေ ဘာဖြစ်တာလဲ စိုးရိမ်ရလား"
"အရမ်းစိတ်မပူပါနဲ့ မင်းဇနီးမှာ ကိုယ်ဝန်ရှိနေလို့ပါ သူကိုစိတ်ဖီစီးမှုသိပ်မပေးပါနဲ့ ကိုယ်ဝန်က အရမ်းနုသေးတယ် ဒါကြောင့် ပျော်ရွှင်အောင်ပဲထားပါ"
"ဟုတ်..ဟုတ်ကဲ့ပါ ဒေါက်တာ ကျွန်တော်..ကျွန်တော် ကလေးအဖေဖြစ်ပြီးပေါ့ ကျွန်တော် ရင်တွေအခုန်မြန်နေတဲ့ ကျေးဇူးပါဒေါက်တာ"
"ရပါတယ် မင်းလည်းမင်းဇနီးစိတ်ချမ်းသာအောင်ထားပါ ကိုယ်ဝန်အားတိုးဆေးတွေ ရေးပေးခဲ့မယ် အားရင်သွားဝယ်လိုက်ပါ"
"ဟုတ်ကဲ့ ဒေါက်တာ"
ထိုနေ့ကစပြီး ခက်ထန်တစ်ယောက် ကြွေကိုပျော်ရွှင်အောင်ထားသည်။ အပြင်ကိုလည်းခေါ်သွားသလို့ ပျော်ရွှင်အောင်လည်းထားပေးသည်။ကိုယ်ဝန်ရှိမှာ တည်ငြိမ်နေတဲ့ ကြွေ က ဂျီကျတတ်လာသည်။
"ဉီးခက်ထန် ကြွေ ရခိုင်မုန့်တီစားချင်တယ်"
"မစားရဘူး ကလေးထိခိုက်မယ်"
"စားမှာပဲ စားချင်တာကို"
"ကြွေရဲ့ လိမ်မာတယ် ရခိုင်မုန့်တီကစပ်ကလည်းစပ်ပူကလည်းပူအထဲက ကလေးထိခိုက်မယ်နော် မစားရဘူး"
"မရဘူး စားမှာ.စားမှာ..စားမှာပဲ!!!
"မကောင်းပါဘူးဆိုကွာ တကယ်ပြောမရတဲ့ ကြွေ ပဲ"
"ဟုတ်တယ်ပြောမရဘူး လိုက်ဝယ်ကျွေးမှာလား မကျွေဘူးလား"
"ကျွေးမယ် ကျွေးမယ် အစပ်လုံးဝမထည့်ရဘူး အအေးခံပြီးစားရမယ် ဒါပဲ ထပ်ပြီးငြင်းဆန်ဖို့မကြိုးစားနဲ့ မကျွေးဘဲနေလိုက်မယ် "
ဟွန့် စိတ်ပုတ်ကြီး ဆို၍ ကြွေ နှုတ်ခမ်းဆူကာ ခက်ထန်အနောက်ကနေလိုက်ခဲ့သည်။ မုန်တီဆိုင်မှာ ကြွေကတော့ ခက်ထန်မသိအောင် အစပ်အနည်းငယ်ထည့်ခိုင်းသည်။ကြွေ ပူပူလောင်လောင်နဲ့ ရခိုင်မုန်တီစားလို နဖူးမှာချွေးထွက်သလို မျက်နှာလည်းနီလာရသည်။ ခက်ထန်က အလုပ်အကြောင်းဖုန်းနေရင် တစ်ရှူးယူကာ ကြွေရဲ့နဖူးပြင်ကိုသုတ်ပေး၏။
ကြွေ စားနေရင် နဖူးကိုချွေးလာသုတ်ပေးတဲ့ သူကိုမော့ကြည့်၏။
စာရေးသူ အလွမ်း&ေသွးမိန့်