ဂိုဏ်းစတားမလေး၏ အချစ်တော်
"ချွီး ခွမ်း...
လွဲသွားပြန်ပြီး"(ပစ်မှတ်ကိုလွဲသွားတာကြောင့်ငြီငြူးလိုက်တော့.....ရင့် တစ်နည်းအားဖြင့်ဂိုဏ်းစတားမလေးတစ်ယောက်)
"မမလေးကပစ်တိုင်းလွဲနေတာပါပဲ ဟုတ်တယ်မလားခေ"
"ဟုတ်ပါ့ "
"တော်စမ်း "
"ဟုတ်ကဲ့ပါမမလေး"
ရင့် ဘေးနားတွင်နေနေတဲ့ ခေနဲ့ဆေးကတော့မမလေးအအော်ကြောင့် တိတ်ဆိတ်သွားခဲ့တယ်။သူများတွေအမြင်မှာမမလေးက. ကြမ်းတမ်းတဲ့စရိုက်ဆိုပေမယ့် သူတို့အမြင်မှာတော့မမလေးကဘိုမရုပ်လေးတစ်ဖွယ်ချစ်စရာကောင်းတယ်မလား။အခုလို့ဂိုဏ်းစတားတစ်ယောက်ဖြစ်ရတာကလည်း အမွေဆက်ခံရတာပဲလေ ဘယ်သူ့ကလုပ်ချင်ပါမလဲ။
"ဒီနေ့ဘာအစီအစဥ်တွေရှိလဲခေ "
"အစီအစဥ်ကတော့ သီးသန့်စီစဥ်ထားတာမရှိပါဘူးမမလေး ဒါပေမယ့်သခင်ကြီးက"
"ပါးကဘာတဲ့လဲ"
"မမလေးလုပ်မယ့်လို့ခေမထင်ပါဘူး"
"ရင့် မလုပ်ချင်လည်း ပါးပါးဆန္ဒကိုငြင်းလို့ရဖူးလို့လားခေ ပြောပါ"
"ဒီညရန်ကုန်ကနေခရီးသည်ကားတစ်ကားလာမယ့်ဆိုပြီးသတင်းရရှိထားပါတယ် "
"ခရီးသည်ကားနဲ့ ပါးပါးစီစဥ်ထားတာကဘာဆိုင်လို့လဲခေ"
"ခေအထင် ကားပေါ်ကပါလာတဲ့ခရီးသည်တွေကိုဖမ်းဆီးပြီး တစ်ဖက်ကိုရောင်းချမယ့်လို့ထင်ပါတယ်"
"ဘာ ပါးပါးစီစဉ်ထားတာလား ခေ ရော့သိနေတာလား"
"ဟုတ်ပါတယ်မမလေး ဆေးနဲ့ခေကဘာမှာမတတ်နိုင်ပါဘူး "
"ကျစ် ပါးပါးဆီသွားမယ့်"
"ဟုတ်ကဲ့ပါမမလေး"
ရင့် စိတ်ရူပ်စွာပါးဆီရောက်လာခဲ့တယ် တခြားဟာဆိုသူလက်ခံနိုင်ပါတယ်။လူကုန်ကူးတာကတော့သူဘယ်လို့မှာလက်မခံနိုင်.....ဂိုဏ်းစတားတစ်ယောက်ဆိုပေမယ့် အရာရာတိုင်းမှာပါးအလုပ်တွေကဥပဒေနဲ့မလွှတ်ကင်း သူဘယ်လောက်တားတားပါးကိုမနိုင်။
"ပါး"
အသားကိုဓားနဲ့သေချာစွာလှီးပြီးစားသုံးနေတဲ့ပါး ပါးအတွက်တော့လူဖြစ်စေ တိရစ္ဆာန် ဖြစ်စေသနားကြင်နာတတ်တဲ့နှလုံးသားမရှိပါ။သူကတော့မဟုတ် ဥပဒေနဲ့မလွှတ်ကင်းရင်တောင်ပစ္စည်းဥစ္စာဆိုရင်သူမပြောလို့ပါ အခုဟာကလူတွေ။
"ပါးစီစဥ်ထားတာတွေဖျက်သိမ်းပေးပါ ရင့် လက်မခံနိုင်ဘူး"
"ဘယ်တုန်းကပါးဆန္ဒကို ရင့် ငြင်းလို့ရဖူးလဲ ညထွက်ဖို့သာပြင်ဆင်ပါ"
"ဟင့်အင်ပါး အခုဟာကပစ္စည်းဥစ္စာမဟုတ်ဘူးပါး လူတွေပါ ပါးမှာလည်း ရင့် တစ်ယောက်လုံးရှိသေးတဲ့ ဝဋ်လည်မှာကိုပါးမကြောက်ဘူးလား"
"မကြောက်ဘူး ရင့် ပါးအခုလို့အခြေအနေ အခုလို့ဂိုဏ်းစတားတစ်ယောက်ဖြစ်လာအောင်ရောက်လာရတာ အခုလို့အရောင်းအဝယ်တွေကြောင့်"
"ဒါဆိုပါးအရင်ကလည်း လူတွေကိုအရောင်းအဝယ်လုပ်တယ်ပေါ့"
"အင်း"
"ပါး"
"တော်တော့ရင့် ပါးဆန္ဒကိုဆန့်ကျင်ရင်
တောထဲမှာတစ်ပတ်သွားနေရမယ့်"
"ပါးအခုလို့လုပ်နေရင် ဘယ်တော့မှာမားဆီကခွင့်လွှတ်မူကိုရမှာမဟုတ်ဘူး အဲတာပါးသိလား"
"သိတယ်"
"ပါး မားကိုဒီအတိုင်းပစ်ထားတော့မှာလား
မားကပါးချစ်ရတဲ့သူဆို"
"အရင်ကဟုတ်တယ် အခုပါးလုပ်သမျှကိုဆန့်ကျင်နေတော့ ရင့်မားကိုပါးမချစ်တော့ဘူး"
"ပါး"
ဦးခက်ထန် သမီးဖြစ်သူကိုကြည့်ပြီးမျက်နှာလွဲလိုက်တယ်။သူကချမ်းသာရမယ့် အကုန်လုံးတွင်သူကအာဏာအကြီးဆုံးဖြစ်ရမယ့်။အဲလို့ဖြစ်မယ့်အရာတွေမှန်သမျှတားဆီးသူက. ဘယ်သူ့ပဲဖြစ်နေပါစေသူရန်သူပဲ။
"ရင့် ပါးဆန္ဒကိုမငြင်းဘဲလိုက်လုပ်ပေးခဲ့တယ်ဆိုတာပါးကိုချစ်လို့ ပါးကတော့ "
ရင့် ကျနေတဲ့မျက်ရည်စတွေကိုခပ်တင်းတင်းသုတ်ပြီး ပါးရှေ့ကနေထွက်လာခဲ့တယ်။တောထဲဆိုပေမယ့် အဲမှာမားလည်းရှိတယ် သူမနေချင်တာမဟုတ်ပါပါးအခုလို့လုပ်ရက်တွေလုပ်နေတာကို သူမကြည့်ချင်တာပါ။ပါးကငွေရဖို့ဆိုရင် ဘာပဲဖြစ်ဖြစ်လုပ်မယ့်သူမလား။ပါးအမှားတွေဆက်ကျူးလွန်မှာဆိုလို့ သူဒီမှာနေပြီးတားနေရတာ ဒါပေမယ့်သူအကြံတွေကတစ်ခုမှာဖြစ်မလာပါ။
စေ တောရွာလေးတစ်ရွာမှာစာရေးဖို့ အိမ်ကိုပြောပြီးထွက်လာခဲ့တယ်။သူကသူဌေးသားတစ်ယောက် ရန်ကုန်သားတစ်ယောက်ဆိုပေမယ့် တောဓလေ့ကိုနှစ်သက်သည်။ချစ်သည်။အဲတာကြောင့်လည်း တောရွာလေးမှာအေးအေးချမ်းချမ်းနဲ့စာရေးဖို့သူရန်ကုန်ကနေလာခဲ့တာမလား။
"ကားထွက်ပါတော့မယ့် လိုအပ်တာအကုန်ပြင်ဆင်ထားပါနော်"
စပရစကားအဆုံး ခရီးသည်အားလုံးအချည်ပေါင်း တခြားအသုံးအဆောင်ပစ္စည်းတွေအားလုံးဆင်းပြီးဝယ်ယူလိုက်တယ်။၁၀မိနစ်လောက်နေတော့ ကားလေးကိုခရီးစတင်လာခဲ့ပါသည်။စေ နားကြပ်လေးကိုနားတွင်တပ်ဆင်ပြီးသီချင်းသံစဥ်နဲ့အတူ မှေးစက်လိုက်တယ်။
"မမလေး တကယ်ပဲသခင်ကြီးပြောသလို့အားလုံးကိုဖမ်းမလို့လား"
"ဟုတ်တယ်မမလေး မမလေးအဲလို့လုပ်ရင်သခင်မကြီးကမမလေးကိုအရမ်းမုန်းသွားမှာပါ"
ရင့် ဘေးနားတွင်နေပြီး တစ်ယောက်တစ်ခွန်းပြောနေတဲ့ ဆေးနဲ့ခေကြောင့်သူအသာလေငြိမ်နေလိုက်တယ်။သူမလုပ်ရင် ပါးကတခြားသူကိုခိုင်းမှာမလား အဲတာဆိုသူတားဆီဖို့ခက်ခဲသွားလိမ့်မယ့်။အခုကျတော့ ပါလာတဲ့လူတွေကိုအခြေအနေကြည့်ပြီးအကုန်လွှတ်ပေးသင့်ရင်လွှတ်ပေးရမှာပဲ ဒါသူစိတ်ကူး။ပါးသိလို့အပြစ်ပေးခဲ့ရင် သူခံယူရမှာပဲလေ။
"မမလေးလာပါပြီး"
"စတော့ "
ရန်ကုန်ကနေစီးနှင်းလာတဲ့ ကားကိုရိပ်အမိန့်ကြောင့် ဂိုဏ်းသားများလည်းသေနတ်နဲ့ပစ်ခတ်ကြလိုက်တယ်။
"ဘာဖြစ်ကြတာလဲ ကားဆရာ
လုပ်ပါဦး"
"ကယ်ကြပါဦး "
အသီးသီးတောင်းဆိုနေတဲ့အသံတွေကြောင့် စေနိုးလာခဲ့တယ်။သူကြည့်လိုက်တော့အကုန်လုံးကြောက်ရွံစွာ ငိုယိုနေကြတဲ့။သိပ်မကြာ သူတို့ကားပေါ်ကိုမိန်းကလေး၃ယောက်......ကြည့်ရတာတော့လူဆိုးပုံတွေဖြစ်မယ့်။
"အကုန်လုံးတောထဲဖမ်းခေါ်လာခဲ့"
"မမလေး သခင်ကြီးကစံအိမ်ကိုပဲခေါ်လာခိုင်းတာပါ"
"ငါအမိန့်ကိုလွန်ဆန်နေတာလား တောထဲကိုခေါ်သွား"
ရင့် သူပြောတာကိုလက်မခံတဲ့ဂိုဏ်းသားရဲ့နှာထင်ကိုသေနတ်နဲ့ချိန်းထားလိုက်တယ်။အဲတာမှာဂိုဏ်းသားလည်းအလန့်တကြား ရိပ်ကိုဦးညွှတ်လိုက်တယ်။ဆေးနဲ့ခေ အခုမှာမမလေးလုပ်ရက်ကိုကြည့်ပြီးသဘောကျနေမိတယ်။သူတို့မှာစံအိမ်ခေါ်သွားမှာဆိုလို့ စိတ်ပူနေခဲ့ရတာမလား။
ဂိုဏ်းသားတွေလည်းရိပ်အမိန့်ကိုမလွန်ဆန်တာကြောင့် အကုန်လုံးကိုတောထဲဆီခေါ်သွားခဲ့တယ်။ရိပ် ကားအနောက်ဆုံးမှာထိုင်နေတဲ့လူတစ်ဦးကြောင့် သူပြုံးလိုက်မိတယ်။သူများတွေအလနိ့တကြားဖြစ်နေပေမယ့် သူကတော့တုန်တုန်တောင်မလှုပ်ပါ။
"သူကိုခေါ်ခဲ့ဆေး "
"ဘယ်သူ့လဲမမလေး"
"ဟိုးမှာ "
"ဟုတ်ကဲ့ပါမမလေး"
ဆေးလည်း မမလေူအမိန့်ကြောင့်သူတို့ကိုကြည့်နေတဲ့လူကိုဆွဲခေါ်လာခဲ့တယ်။စေလည်းသေနတ်ကိုင်ထားတာကြောင့် လန့်ပြီးဆေးခေါ်ရနောက်အသာလေးလိုက်လာခဲ့တယ်။
"မင်းနာမည်ဘယ်သူ့လဲ"
"စေမင်းမိန့် "
"ဘယ်ကလဲ"
"ရန်ကုန် ဒါနဲ့ကျွန်တော်ကိုဘာလို့ဖမ်းခေါ်လာတာလဲ"
"မင်းတစ်ယောက်ထဲကိုဖမ်းခေါ်တာမဟုတ်ဘူးလေ အကုန်လုံးကို ဖမ်းခေါ်တာ"
"တွေ့ပါတယ် "
"မင်းငါဘယ်သူ့လဲသိလား"
"အင်း မင်းကလူဆိုးလေ"
စေအဖြေကြောင့် ရင့် မရယ်စဖူးအားရပါးရရယ်လိုက်မိတယ်။ရင့် စေကိုသေသေချာချာစိုက်ကြည့်လိုက်တော့ သူရင်ဘတ်လေးကမသိမသာခုန်လာခဲ့တယ်။ဒီမနူးမနပ်လေးကိုကြည့်ပြီး သူကရင်ခုန်တယ်တဲ့လား။
"မမလေး"
"အကုန်လုံးကိုမားဆီပြန်ရောက်ရင်လွှတ်ပေးလိုက် သူကိုတော့ချွင်းချက်"
"မမလေး"
"ငါမင်းကိုစိတ်ဝင်စားတယ် မိန့်.....ငါနာမည်ကကြွေရင့်ခက် မင်းပြောသလို့လူဆိုး တစ်နည်းအားဖြင့်ဂိုဏ်းစတားပေါ့"
"မိန်းကလေးဖြစ်ပြီး ဂိုဏ်းစတားတစ်ယောက် မင်းအခုလို့လုပ်တာဥပဒေနဲ့မလွှတ်ဘူးဆိုတာမသိဘူးလား"
"သိတယ်"
"ဒါဆိုဘာလို့အခုလို့လုပ်တာလဲ "
"အမိန့်အရ. ထားပါ
ငါအနားမှာကြာကြာနေရင်မင်းသိရမှာပါ ဆေးသွားတော့ စံအိမ်ကစောင့်မယ့်"
"ဟုတ်ကဲ့ပါမမလေး"
စေ သူအရှေ့ကအရပ်အနည်းငယ်ပု၍ အသားဖြူဖြူ ဆံနွယ်ကလည်းရွှေဝါရောင် အဂ်လိပ်မလေးတစ်ယောက်လို့ချစ်စရာကောင်းတဲ့မိန်းကလေးတစ်ယောက်က. ဂိုဏ်းစတားတစ်ယောက်တဲ့လား။
စေကြည့်လေ ကြည့်လေဘယ်လို့မှာမယုံနိုင်ပါ......ရုပ်ကလေးကသာနူးညံတဲ့ထင်ရပေမယ့် ပုံစံကတော့သူပြောသလို့ဂိုဏ်းစတားတစ်ယောက်။သူနဲ့ကိုယ့်ကဆန့်ကျင်ဘက်...ဒါကိုသူကိုစိတ်ဝင်စားတယ်တဲ့ ရဲတင်းလိုက်တာကလည်းမိန်းကလေးတစ်ယောက်နဲ့မလိုက်....မင်းသာဂိုဏ်းစတားတစ်ယောက်မဟုတ်ရင်....ကိုယ့်မင်းကိုမြင်မြင်ချင်ရင်ခုန်နေမိမှာ အခုတော့မင်းဟာကိုယ့်အမုန်းဆုံးလုပ်ရက်တစ်ခုကိုဦးဆောင်နေတဲ့မိန်းကလေးတစ်ယောက်ဖြစ်နေပါလား။
ရင့် ဆေးတို့ကိုမှာပြီးသူကတော့ဂိုဏ်းသားတစ်ချို့နဲ့အတူ စံအိမ်ကိုပြန်လာခဲ့တယ်။လူတွေသာမားဆီရောက်သွားတဲ့ဆိုတာပါးသိရင် ပါးသူကိုသတ်ပစ်ချင်နေမယ့်ဆိုတာသူသိတယ်။ဒါပေမယ့် လူတွေရောင်းဝယ်ကုန်ပစ္စည်းတစ်ခုလို့သူမသတ်မှတ်နိုင်ဘူး။
"ဖြန်း ဖြန်း
သမီးမိုက် ငါစီးပွားရေးကိုဖျက်စီးချင်နေတာလားကြွေရင့်ခက်"
ရင့် စံအိမ်ရောက်ရောက်ချင်ပါးဆီကရလိုက်တဲ့လက်ဆောင် ဒီလောက်ကတော့ရင့်တွေးထားတဲ့အရာတစ်ခုမလို့ ရင့်အပြုံးမပျက်နိုင်ပါ။
"ပါးဒေါသပြေတဲ့အထိရိုက်လည်းရပါတယ် ဒါပေမယ့်ပါးဆီကိုရင့်လူတွေထုတ်ပေးမှာမဟုတ်ဘူး အခုချိန်သူတို့"
"နင်မားဆီရောက်သွားပြီးလေ မားဆီရောက်သွားတာနဲ့သူတို့လွှတ်မယ့်လို့ ထင်လား"
"ပါး ပါးဘာလုပ်မလို့လဲ"
"နင်ကငါသမီးပါ နင်ဘယ်ခြေလှမ်းလှမ်းနေလဲဆိုတာငါမသိဘူးများထင်နေလား အခုချိန်မားဆီမရောက်ဘဲ တစ်ဖက်နိုင်ငံရောက်နေလောက်ပြီး"
"ပါး "
"ငယ်သေးတဲ့သမီး ပါးခြေရာကိုမမှီသေးဘူး"
ဦးခက်ထန် သမီးဖြစ်သူမဲ့ပြုံးပြောလိုက်မိတယ်။ရင့် ပါးဆီကကြားကြားချင်ကားကိုအမြန်နူန်းနဲ့မောင်းလာခဲ့တယ်။သူမျက်ဝန်းထဲမြင်ယောင်လာတာက. ကားပေါ်မှာသူတို့ကိုမသတ်ဖို့တောင်းဆိုနေကြတဲ့စကားသံ ပြီးတော့သူကိုလူယုတ်မာတစ်ယောက်လို့သတ်မှတ်နေတဲ့ သူစိတ်ဝင်စားခဲ့ရတဲ့သူ။ပါး ပါးကိုရင့်မုန်းချင်ပြီး။
ဆေးနဲ့ခေး သခင်မကြီးရှိရာဆီလာခဲဲ့ကြတယ်။ဟိုးရောက်ရင် ခေါ်လာတဲ့ခရီးသည်တွေအားလုံးကို တစ်ဘက်ကကားစီးလို့အဆင်ပြေမယ့်နေရာထိလိုက်ပို့ရမှာမလား။
"ဟိတ်နင်ကဘယ်သွားမလို့လဲ"
ဆေးအမေးကို စေမဖြေမိပါ....ဒီလို့လူတွေနဲ့လာတွေမိတဲ့သူကိုသူအပြစ်တင်လို့မဆုံး အခုချိန်သူကိုမာမီတို့ဖုန်းဆက်မလားဆိုပြီးမျှော်နေလောက်ပြီး ဒီလို့နေရာမှာလည်းဖုန်းလိုင်းတွေမှီမယ့်မထင်ပါ။
"ဟိတ်မေးနေတယ်လေ ဘယ်သွမလို့လဲ"
"ဘယ်သွားသွား ပေါ့ "
ဆေး သူကိုဘုဆစ်ဆစ်ပြန်ပြောတဲ့စေကိုရိုက်ချင်ပေမယ့် မမလေးရဲ့အချစ်တော်မလို့ငြိမ်နေလိုက်ရတယ်။သူရိုက်လိုက်ရင် မမလေးလက်စသူမိတော့မှာမလား။
"ကဲပါဆေးရယ် စမနေနဲ့
သွားစရာရှိတာသွားရအောင် မမလေးစံအိမ်ပြန်ရောက်လို့ ဒီကိစ္စတွေသာသခင်ကြီးသိရင် ငါတို့လွှတ်မှာမဟုတ်ဘူး"
"အေးပါဟာ "
သူတို့ပြောနေတာကိုဘေးကခိုးဝှက်ပြီးလိုက်လာတဲ့ဦးခက်ထန်ရဲ့လူတစ်ချို့...... အရိပ်အခြေကိုကြည့်ပြီးပစ်ခတ်ဖို့အရိပ်အကဲပြလိုက်ကြတယ်။ဦးခက်ထန်ကသမီးဖြစ်သူရင့်ရဲ့စိတ်ကိုသိတာကြောင့်.....သူမိန်းမဆီသွားတဲ့လမ်းမှာသူလူတစ်ချို့ကိုစောင့်ခိုင်းထားပြီးသားမလား။သူလမ်းကိုဘယ်သူ့မှာတားဆီးလို့မရပါ။
"ဒိုင်း ဒိုင်း"(ပစ်ခတ်သံတွေကြားတာကြောင့်....ဆေးနဲ့ခေကြည့်လိုက်တော့မိုင်....မိုင်ဆိုတာတခြားသူမဟုတ်ပါသခင်ကြီးရဲ့ညာလက်ရုံး)
"မိုင် နင်"
"သခင်ကြီးအမိန့်မလို့ပါဆေးနဲ့ခေ လူတွေကိုငါတို့ဆီအေးဆေးလွှဲပေးရင် နင်တို့အသက်ကိုငါလွှတ်ပေးမယ့်"
"ဘာ မလွှတ်ပေးနိုင်ဘူးမိုင်
နင်အခုလို့လုပ်နေတာ မကောင်းဘူးဆိုတာနင်မသိဘူးလား"
"နင်တို့လည်းဂိုဏ်းသားတွေပဲ ငါတို့အကုန်လုံးအမိန့်ကိုနာခံရမှာပဲလေ"
"မရဘူးမိုင် လူကုန်ကူးတာကို
ငါတို့ဘယ်နည်းနဲ့မှာမလုပ်ဘူး မမလေးသိရင်လည်း"
"အခုချိန်မမလေးကနင်တို့ကိုလာကယ်နိုင်မယ့်လို့ထင်လား....ဟား ဟား သခင်ကြီးလက်စမိလို့"
မိုင်စကားကြောင့် ဆေးနဲ့ခေအပြင်စေပါလန့်သွားခဲ့တယ်။စေ သူမသိစိတ်ကနေရင့်ကိုစိတ်ပူနေတဲ့ဆိုတာသူကလွဲပြီးဘယ်သူ့သိမှာလဲ။
"နင်ဘာပြောချင်တာလဲမိုင် "
"နင်တို့လည်းသိတာပဲ သခင်ကြီးကသူကိစ္စတွေကိုတားဆီးရင်ဘယ်လို့အပြစ်ပေးလဲဆိုတာ "
"နင် "
"ဘယ်လို့လဲ ငါဆီလူတွေကိုအေးဆေးလွှဲပြောင်းပေးပြီး မမလေးကိုကယ်တင်မှာလား မမလေးကိုပစ်ထားပြီး ဒီလူတွေကိုကယ်တင်မှာလား"
မိုင်စကားကြောင့် ဆေးနဲ့ခေတစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်မိတယ်။သူတိူ့ခေါ်လာတဲ့ဂိုဏ်းသားလူဦးရေကနည်းနည်းလေ မိုင်ဆီပါလာတဲ့ဂိုဏ်းသားကလူဦးရေအများကြီး ပြီးတော့မိုင်ကဘယ်သူ့ကိုမှာမညှာတာ သခင်ကြီးလို့ပဲရက်စက်ကြမ်းကြုတ်တဲ့မလား။
"ဘာမှာလုပ်စရာမလိုဘူးဆေးနဲ့ခေ"
"မမလေး"
"ငါကိုသတ်ပြီးမှာနင်ဒီလူတွေကိုခေါ်သွားလို့ရမယ့် မိုင်"
"မမလေး "
"ငါစကားနှစ်ခါမပြောဘူးဆိုတာနင်သိပါတယ် ပါးအမိန့်ကိုနင်မလွန်ဆန်ရဲနိုင်ဘူးဆိုတာလည်းငါသိတယ် အဲလို့ပဲဒီကလူတွေကိုလည်းနင်ဆီမထည့်ပေးနိုင်ဘူး"
"မမလေးကျွန်တော်ကိုအခက်တွေ့အောင်မလုပ်ပါနဲ့ မမလေးအခုလို့လုပ်ရင်ကျွန်တော်တို့အတွက်ကောင်းတဲ့ကိစ္စဖြစ်လာမှာမဟုတ်ပါဘူး"
"အဲတာဆိုပါးလူကုန်ကူးမယ့်ကိစ္စကိုငါကလက်ပိုက်ကြည့်ရမှာလား လုံးဝပဲမိုင် ဂိုဏ်းစတားဆိုပေမယ့် ငါလူတွေကိုတော့မရက်စက်ဘူး "
ရင့်စကားကြောင့် မိုင်အခက်တွေ့နေပါသည်။သူလူတွေမပါဘဲသခင်ကြီးဆီပြန်ရောက်သွားခဲ့ရင်တောင် သူအသက်ရှင်ဖို့လမ်းမမြင် အဲလို့ပဲမမလေးသူကြောင့်အထိခိုက်ဒဏ်ရာရခဲ့ရင် သခင်မကြီးကသူကိုအလွတ်ပေးမှာမဟုတ် သူဘာလုပ်ရမလဲ။
"ဆေးနဲ့ခေ ပါလာတဲ့လူတွေကိုမားဆီရောက်အောင်ပို့ ဖြစ်လာတဲ့ပြသာနာတွေကိုငါဖြေရှင်းမယ့်"
"မမလေး "
"ဒါအမိန့်ပဲ "
ရင့် သူတို့ကိုကြည့်ပြီးကြောက်လန့်နေတဲ့ ခရီးသည်တစ်ချိို့ကို သူတစ်ခါမှာမနွေးထွေးတဲ့အပြုံးလေးပြုံးပြလိုက်မိတယ်။သူလည်းလူသားတစိယောက်ပါ ကြင်နာတတ်တဲ့နှလုံးသားရှိပါတယ်။ပါးကြောင့် ပါးစေခိုင်းတဲ့အရာတွေကြောင့်သူဟာကြမ်းတမ်းပြီးနှလုံးသားမရှိတဲ့လူတစ်ယောက်လို့ ဖြစ်နေခဲ့တာမလား။
"ငါမင်းနဲ့နေခဲ့မယ့် "
"နင်က. "
"အင်း သူတို့အန္တာရာယ်ကင်းဖို့လိုတဲ့မလား
ငါကိုမင်းမလွှတ်ပေးဘူးလေ အဲတော့မင်းအနားမှာငါရှိမယ့်"
"ရှင်ရင့်နဲ့နေရင် ....အသက်ရှင်ပါမလားမသိဘူးနော်"
"ဘယ်လို့ပဲဖြစ်ဖြစ်ငါကမင်းလက်ထဲမှာသေရမှာပဲလေ...."
စေအပြောကြောင့် ရင့်ခပ်ဟဟရယ်နေလိုက်မိတယ်။ဒီလူသူကိုစိတ်ဝင်စားလို့ခေါ်ထားမယ့်ဆိုတာကိုမသိတာလား.....ရင့်က ကိုယ့်ချး်တဲ့သူကိုသတ်ရလောက်တဲ့အထိမရက်စက်ပါဘူးမိန့်။
"ရှင်ကိုသတ်မယ့်လို့ရင့်ပြောမိလို့လား....."
"မင်းအားလုံးကိုလွှတ်ပေးပြီး ငါကိုပဲခေါ်ထားမှာဆို ငါကိုသတ်ဖို့မဟုတ်ဘူးလား"
"ဟား ဟား ရှင်အတွေးတွေကတကယ်ကိုခံရခက်စေတယ်"
"မင်းပြောချင်တာက"
"ကိုယ့်စိတ်ဝင်စားတဲ့သူကိုသတ်ဖို့အထိ ရင့်ကအသဲမမာပါဘူး"
"ဒါဆိုမင်းဘာလို့ငါကိုခေါ်ထားတာလဲ"
"သိချင်လား "
မိုင် ဆေးနဲ့ခေအပြင်မမလေးလုပ်ရက်ကိုပြုံးစိစိဖြစ်နေမိတယ်။မိုင်ကတော့ သခင်ကြီးခိုင်းထားတဲ့ကိစ္စကိုမေ့ပြီး မမလေးဘာကြောင့်ဒီလူကိုခေါ်ထားချင်တာလဲဆိုတဲ့ကိစ္စကိုပိုစိတ်ဝင်စားနေမိတယ်။သူစံအိမ်ရောက်ရင် အသက်ပျောက်နိုင်တဲ့ကိစ္စကို သူမေ့နေခဲ့ပြီးမလား။
" သိချင်တယ် မင်းဘာကြောင့်ငါကိုခေါ်ထလဲဆိုတာ"
စေသူအနားကိုတဖြည်းဖြည်းနီးကပ်လာတဲ့ ရင့်ကိုရင်တုန်တုန်နဲ့ပြန်ဖြေလိုက်တယ်။ရင့်သူကိုကြည့်ပြီး ကြောက်လန့်နေတဲ့စေကြောင့် သူတကယ်ကိုသဘောကျနေမိတယ်။ရှင်တကယ်ကို ပွင့်လင်းပါလား။ကြောက်တာတောင်မဖော်ပြဘဲ ရှင်ကိုခေါ်ထားတဲ့အကြောင်းကိုသိချင်နေတယ်။
"မဂ်လာဆောင်ဖို့"
"မင်းမဂ်လာဆောင်တာနဲ့ ငါကိုခေါ်ထားတာဘာဆိုင်လို့လဲ"
"ရှင်တကယ်အတာပဲ "
"ဘာ ငါမအဘူး"
"ထားပါ ရှင်အလုပ်ကဘာအလုပ်လဲ"
"စာရေးဆရာ"
"အိုကေ ကျွန်မနဲ့လက်ထပ်ပြီးရင်
ရှင်စာမူခနဲ့ ကျွန်မတို့စားဖို့သောက်ဖို့အဆင်ပြေပါမလား"
"မင်းပြောချင်တာက"
"ရှင်နဲ့မဂ်လာဆောင်ဖို့လေ မဂ်လာပွဲမှာသတို့သားရှိမှာဖြစ်မှာပေါ့ မဟုတ်ဘူးလား"
"မင်းကိုငါမယူဘူး "
"ရှင်မယူချင်လည်းယူရမှာပဲလေဘာကြောင့်ဆို ... ကျွန်မနှလုံးသားကိုရှင်ယူသွားခဲ့ပြီး "
"မင်းနှလုံးသားကမင်းဆီမှာပေါ့ ငါဆီဘယ်ရှိပါမလဲ"
"ထားပါတော့ ကျွန်မနဲ့စံအိမ်လိုက်ခဲ့ရမယ့်
ရှင်စာရေးဖို့ကုန်ကြမ်းကိုကျွန်မရှာပေးမယ့်"
"မင်းကဘယ်လို့ရှာပေးမှာလဲ"
"ဝေးဝေးရှာစရာမလိုပါဘူး ဂိုဏ်းစတားမလေး၏ အချစ်တော် ကျွန်မနဲ့ရှင်အကြောင်းလေ"
"အရူးမ"
နောက်ဆက်ရန်
စာရေးသူ အလွမ်း&သွေးမိန့်