book

Index 8

ရှိရှိသမျှ ဖြည့်ဆည်းပေးချင်

ရှိရှိသမျှ ဖြည့်ဆည်းပေးချင်


ဘဝက

အနည်းငယ်ခါးတော့

အများရှေ့မှာ

ဦးမမော့နိုင်ပါဘူး.။


မပြည့်စုံဘူးဆိုပေမယ့်

ရှိရှိသမျှ ကိုတော့

(ကိုယ်လေ)

ဖြည့်ဆည်းပေးချင်မိတယ်.။


ဘာမှမမျှော်လင့်ပါဘူး

ဘာမှပြန်မယူလိုပါပဲလျက်

ကံကြမ္မာမကုန်သ၍

စဉ်ထာဝရဝယ်

ပေးဆပ်နေချင်မိတယ်.။


အို အချစ်ရယ်....

စစ်မှန်သောပေးဆပ်ခြင်းမို့

အေးချမ်းပါတယ်......။


24.7.19 (Wed)






rate now: