book

Index 7

အေးအတူပူအမျှ

အေးအတူပူအမျှ


ကံကြမ္မာရယ်

ရေစက်ရယ်

အကြောင်းဖန်လာလို့

ဆုံခွင့်ရကြတယ်

ချစ်ခွင့်ရကြတယ်....


တစ်ယောက်နဲ့တစ်ယောက်

ပွင့်ပွင့်လင်းလင်းပေါ့.

ကိုယ့်ကိုကောင်းစေချင်လို့ ပေးတဲ့သူ့စေတနာ

သူ့ကိုကောင်းစေချင်လို့ ပေးတဲ့ကိုယ့်စေတနာ




သက်ရှိဖြစ်ဖြစ်

သက်မဲ့အရာလေးဖြစ်ဖြစ်ပါ

တန်ဖိုးထားကောင်းပါတယ်....


လောကဓံဘဝကြီး

ဘယ်လိုဖြစ်ဖြစ်

အရာရာကို

အေးချမ်းစရာဆိုလဲ အတူတူ

ပူပင်စရာဆိုလဲ အတူတူ

အေးအတူပူအမျှပေါ့ နော် ချစ်သူ....






rate now: