အလွမ်းကော်ဖီ
မိုးရာသီ
ကော်ဖီနဲ့ဆို ပြည့်စုံပြီလား....
စာအုပ်လေးသာပါရင်
စိတ်ကူးယဉ်လို့
ပိုကောင်းမှာပေါ့....။
စက်တင်ဘာမိုး
စာမေးပွဲက ဆီးလို့ကြို
အလွမ်းတွေကလဲ ပိုပိုတိုးလာလေတော့
စိတ်တွေစုစည်းရခက်နေတယ်....။
တစ်နေကုန်
စာတွေနဲ့လုံးပန်း
ဘဝခရီးလမ်းအတွက်ကြိုးပမ်းနေရင်း
မင်းတစ်ယောက်ကို
အချိန်တိုင်းသတိရလေတော့
ဟူး..... ခက်နေပြီလေ....။
အပြင်မှာမိုးတွေရွာ
ရင်မှာ ကြိုးတွေငြိ
အစဉ်သာ သတိတရဖြစ်နေရင်း
ဪ….
အလွမ်းတွေကို ဖျော်
ချမ်းစိမ့်တဲ့ မိုးညနေမှာ
ပျော်အောင်နေနေရသလို
စာတွေမှာလဲ မင်းနာမည်ပဲ ပေါ်နေတယ်လေ
အလွမ်းကော်ဖီ ပိုချိုနေသကိုး...။
11.9.19 (Wed)