ရှက်ကိုးရှက်ကန်း
ဆံနွယ်လေးကို
ဖွဖွလေး နမ်းမယ်ဆိုတော့
ခေါင်းလေးငုံ့ကာ ရှက်တတ်သူ။
လက်ကလေးကို
ခပ်ဖွဖွ နမ်းမိပြန်တော့
မျက်စောင်းလေးထိုးကာ ရှက်တတ်သူ။
ပါးပြင်လေးကို
ဖြေးညှင်းစွာ မွှေးပြန်တော့လဲ
ရွှေမျက်နှာလေး
ရှက်သွေးဖြန်းကာ
ပန်းနုရောင်လေး သန်းသွားရော။
အမူအရာဟန်ပန်
အားလုံးမှာ
ချစ်စရာတွေချည်းပါပဲ
ချစ်သူရယ်....။
29.7.19 (Mon)