book

Index 40

အလင်းမဲ့ ကိုယ့်ကမ္ဘာ

အလင်းမဲ့ ကိုယ့်ကမ္ဘာ


မင်းမရှိတဲ့

နေ့ရက်များစွာ

ဆက်ကာလျှောက်လမ်းရမယ့်

မှောင်မိုက်ခြောက်ကပ်တဲ့ ကိုယ့်ကမ္ဘာ။


မင်းမရှိဘဲ

အသည်းမှာ ဒဏ်ရာဒဏ်ချက်နဲ့

ဖြတ်သန်းရမယ့် ကိုယ့်အနာဂတ်

ရှင်နေလျက်နဲ့ သေနေတဲ့ကိုယ့်ကမ္ဘာ။



ကိုယ့်ဘဝရဲ့ အလင်းရောင်

မင်းနဲ့ဝေးမှတော့

ပိန်းပိတ်အောင် မှောင်လွန်းလှသော

ကိုယ့်ကမ္ဘာပေါ့ အချစ်ရယ်။


2.8.19 (Fri)







rate now: