book

Index 4

လွမ်းငွေ့မပြယ်

                            လွမ်းငွေ့မပြယ်

အိပ်ရာကထ

တစ်နေ့တာရဲ့ အစမှနေ

စိတ်မှာသတိရပါတယ်ချစ်သူ….


နေပူပူ

မိုးရွာရွာ

ပန်းတွေဝေဝေဆာဆာ

လှပနေချိန်မှာလဲ

အစဉ်အမြဲသတိရပါတယ်ချစ်သူ….





စေတီပေါ်က

ဆည်းလည်းသံလေးများ

ကြားရပြန်တော့လဲ

အလွမ်းစိတ်တွေ

တရိပ်ရိပ် ဖြစ်ပေါ်လာတယ်ချစ်သူ….


တစ်နေ့တာမှာ

ဘယ်လောက်ကြာကြာ လွမ်းသလဲဆိုတော့

ကိုယ်အသက်ရှူနေချိန်တိုင်းပါပဲ ချစ်သူ….


ချစ်ရသူရေ

မင်းနဲ့ဝေးနေချိန်တွေဆို

ဒီတစ်သက် လွမ်းငွေ့တွေပြယ်ပါအုံးမလားကွယ်….




rate now: