book

Index 39

မူပိုင်

မူပိုင်


(၁)

နှလုံးသားဆီက

စကားလုံးများဟာ

တစ်သက်လုံး မင်းအတွက်ပါ။


(၂)

အချစ်နှောင်ကြိုး စ်နှောင်ဖွဲ့တော့

မေတ္တာရောင်ပြန် မဟပ်တောင်မှ

သစ္စာတောင်ပံခတ်သံကို

မင်းကြားပါစေ။



(၃)

ရင်မှာဖြစ်တည်

အစဉ်သာချစ်မည်

အကြင်နာမြစ် ကမ်းတစ်ဖက်ဆီကို

လှမ်းလာခဲ့ပါချစ်သူ။


(၄)

ရင်ထဲကစကား

စာသားဖြစ်စေအုံးတော့

တခြားသူအတွက်မမှန်း

မင်းအတွက်အလွမ်းတွေ

တမ်းတကာ

နွမ်းလျသောစိတ်နှင့်

ချမ်းမြသောညမှာဖြင့်

ကဗျာစီ သီကုံးကာ

တစ်ကမ္ဘာလုံးမှာ

အချစ်ဆုံး မင်းအတွက်

ရည်စူးလျက်....


3.8.19 (Sat)








rate now: