လွမ်းမျက်ရည်နဲ့ သီကုံးတဲ့ကဗျာ
အရှိန်ပြင်းပြင်းနဲ့
ဝင်လာတဲ့အလွမ်း
အရှိုက်ကိုထိသကဲ့သို့....
မင်းအကြောင်းတွေ ကြားရတိုင်း
နှလုံးသားတည့်တည့်ကို
ဓာချွန်ချွန်နဲ့ ထိုးနဲ့နေသကဲ့သို့....
မင်းနဲ့ခပ်ဆင်ဆင် နာမည်မျိုး
ကြားရတိုင်း အသည်းထဲ
မီးလောင်ကျွမ်းသကဲ့သို့….
မင်းကိုသတိရတိုင်း
နှလုံးသားတစ်ခုလုံး
အတုံးအရုံး ကြေမွတော့လဲ
(ချစ်သူရယ်)
မင်းပျော်ရင်
မင်းအတွက် ကိုယ်လဲပျော်ပါတယ်
ကိုယ်ကျေနပ်ပါတယ်ကွယ်....။
24.10.19 (Thurs)