ဇာတ်ရံ
တစ်ခါတစ်လေပေါ့
ဆုံတော့ဆုံခဲ့တယ်လေ
မင်းနဲ့....။
တစ်ခါတစ်လေပေါ့
ဆုံခဲ့ပေမယ့်လဲ
မင်းဘဝအတွက် အရေးမပါရုံသာ....။
ကိုယ့်မှာတော့
ကိုယ့်ဘဝရဲ့
အဓိကနေရာ
မင်းကိုပေးထားရင်း
ကိုယ်တိုင်က
ဇာတ်ရံဘဝ
ဖြစ်မှန်းမသိ
ဖြစ်နေပြီဆိုတာ
လုံးဝ လုံးဝ မသိခဲ့တာ အမှန်ပါ....။
1.9.19 (Sun)