အနန္တ
ဒီဘဝ
မင်းနဲ့ပတ်သက်ခဲ့သမျှ
အမှတ်တရအားလုံး
အလွမ်းဆိုတဲ့စာအုပ်လေးထဲ
သေသေချာချာ သိမ်းဆည်းထားလိုက်ပြီလေ....။
အမှတ်တရတွေ
လက်ချိုးရေလို့
ရလောက်ပေမယ့်
ကိုယ့်အတွက်တော့
အနန္တ အဖိုးတန်လွန်းတယ်လေ....။
ဒီဘဝ
အစိုးမရတဲ့ ကိုယ့်ခန္ဓာ
နိဂုံးချုပ်တဲ့အခါ
အမှတ်တရတွေ နဲနဲလေးသာပါတဲ့
စာအုပ်ပါးပါးလေးကို
ကိုယ်နဲ့အတူ ထည့်ပေးလိုက်ပါလေ....။
ကျန်နေခဲ့ရင်တောင်
ဘယ်သူ့အတွက်မှ
အသုံးဝင်မှာ
မဟုက်တာကြောင့်ပါ....။
2.9.19 (Mon)