ဆုတောင်း
တစ်နေ့မှ
မေ့မရတော့လဲ
မေ့ဖို့ကြိုးစားရင်း
စိတ်တွေနိုးကြားလာခဲ့တာ ကြာပြီ။
မင်းကိုချစ်တဲ့စိတ်
အတိတ်မှာပဲကျန်ခဲ့တာ
မဟုက်ရပါ။
သတိရခြင်းများစွာနဲ့
အိပ်မပျော်တဲ့ညတွေလဲ
ဆုတောင်းတွေနဲ့ပဲ
အိပ်ပျော်အောင်ကြိုးစားခဲ့ရတာပေါ့။
ဆုတောင်းတယ်လေ
မင်းအတွက်ပါပဲ
ချစ်ခြင်းနဲ့မေတ္တာ
ယှဉ်တွဲကာ မြတ်နိုးမိတော့
မင်းအတွက်
နေ့ရက်တိုင်း ချိန်ခါတိုင်း
အစစအရာရာ
အဆင်ပြေစေကြောင်း
တောင်းမိတဲ့ဆုပေါ့....။
ဆုတောင်းပြီးတိုင်း
အေးချမ်းရတာတော့
တို့နှစ်ယောက်လုံးအတွက်
အကောင်းဆုံးပေါ့....။
8.9.19 (Sun)