မျက်ရည်
နောက်ဆုံးတော့လဲ
ခွဲခဲ့ရတာပေါ့ကွယ်
တွဲခဲ့တဲ့ ခဏတာမှာ
သစ္စာမပျက်ခဲ့ပါဘူးကွယ်။
စချစ်ခဲ့တာ ကိုယ်ကအရင်ပါ
မှားခဲ့တာလဲကိုယ်ပါပဲ
ထားခဲ့ရပြန်တော့
ချစ်လျက်နဲ့ပဲပေါ့။
ချစ်သူရယ်
ကျခဲ့ရတဲ့ မျက်ရည်စက်များက
မင်းထက်ပိုပါတယ်။
ကိုယ့်နှလုံးသားကို
အရှုံးပေးကာ
ချစ်လျက်နဲ့ ဝေးကွာခဲ့ရတော့
ကျခဲ့ရတဲ့ မျက်ရည်များက
အဖိုးတန်ပါတယ်ကွယ်။
ဒီဘဝ
ခေတ္တ ရေစက်ဆုံခဲ့စဉ်
မင်းအတွက်
ပေးဆပ်နိုင်သလောက်
ပေးဆပ်ခဲ့ပါတယ်ကွယ်။
ချစ်ခြင်းမေတ္တာ....
ရင်၌တည်မြဲ တည်နေဆဲ....။
9.9.19 (Mon)