လွမ်းည
ကိုယ့်စိတ်တွေ
မရေမရာ
ဆောက်တည်ရာမရ
နောက်ပြန်လှည့်လို့
မရသော်လည်း
အတိတ်တွေကို တမ်းတမိဆဲ....။
စိတ်စေရာ
အတိတ်မှာဝေဒနာရှိသော်လည်း
သိပ်ကိုလွမ်းမိတော့
တိတ်ဆိတ်တဲ့ ညချမ်းတွေမှာ
ရင်ထဲ ဟာတာတာ....။
တစ်လောကလုံးမှာ
မင်းရှိနေသ၍
ကိုယ့်စိတ်ထဲမှာ
မင်းရှိနေသ၍
မင်းအကြောင်းတွေ
ကြားမိနေသ၍
လနဲ့နေ
ရှိနေသေးသ၍
အိပ်မက်တွေ
မက်နေသေးသ၍
ကိုယ့်နှလုံးသား
မသေဆုံးသေးသ၍....။
ချစ်မိသော်
အလွမ်းညတွေ
မင်းအတွက်သာ....။
12.9.19 (Thurs)