book

Index 28

ငြိမ်သက်ဆဲလမ်းမများ

ငြိမ်သက်ဆဲလမ်းမများ


အရင်ကနှင့်မတူ

မြူမှုန်မျှမရှိ

ပီတိကင်းစွာ

ဖြတ်သန်းလာနေရပြီ....


ဟိုယခင်က

ကြည်နူးခြင်းအပြည့်

ပျော်ရွှင်ခြင်းအပြည့်

ဂရုစိုက်မှုတွေအပြည့်နဲ့



ကျေးငှက်တွေရဲ့ တေးသီမှုနဲ့အတူ

ပန်းခင်းလေးတွေ ယိမ်းနွဲ့ကာ

ပျော်ရွှင်ဖွယ် ကဟန်များ

ခုများတော့

သူတို့တစ်တွေလဲ

ဝမ်းနည်းစွာ တိတ်ဆိတ်ကုန်ကြပြီ....


သြော်....

အရင်ကလို

မစိုပြေတော့ပါလား....





ငြိမ်သက်ဆဲ

လမ်းမထက်ဆီက

လွမ်းမောဖွယ် လူတစ်ယောက်

ခရီးတစ်ထောက်မှာ

ပြန်လည် ကြည်နူးနိုင်ပမလား....


19.9.19 (Thurs)







rate now: