တွယ်တာခြင်းအဓိပ္ပါယ်
ခဏတာဆုံ
ကံကုန်လို့ခွဲရတာနဲ့
ကာလရှည်ကြာ
ဆုံပြီးခွဲရတာ
ဘယ်အရာဟာ
လွမ်းဖို့ပိုကောင်းပါသလဲ....။
တွယ်တာတတ်သူအဖို့
တစ်မိနစ်နဲ့ တစ်ကမ္ဘာ
ဘယ်အရာမှ မထူး
ရူးမူးစွဲလမ်း
လွမ်းဆွတ်မိခြင်းကသာ
အတူတူပါပဲ....။
သံယောဇဉ်တွယ်တတ်သူမို့
လွမ်းတတ်တာ သဘာဝပါ ဖြူ....။
20.9.19 (Fri)