ကြယ်
မြတ်နိုးခြင်းမို့
မပိုင်ဆိုင်လိုဘူး....
တန်ဖိုးထားလို့
မခြွေရက်လိုဘူး....
မောပန်းတဲ့အခါ
အားငယ်တဲ့အခါ
စိတ်ပင်ပန်းတဲ့အခါ
အခါအခါပေါင်း များစွာမှာ....
ကိုယ့်အရာရာဟာ
မင်းဖြစ်လေတော့
မိုးပေါ်က ကြယ်ပွင့်လေးကို
အလှမ်းဝေးပေမယ့်
ကြည်နူးမြင်နေနိုင်လို့
(ချစ်သူရယ်)
မင်းအဖြစ်နဲ့
ကျေနပ်ခွင့်လေးတော့ပေးတယ်မလား....။
20.9.19 (Fri)