book

Index 22

အလွမ်းဖျား

အလွမ်းဖျား


ဇိမ်ကျကျ

ခပ်အေးအေး

လေအေးပေးခန်းထဲလဲ

ဖျားတတ်တာပါပဲ....


နေပူပူ

အဆောင်းထူထူနဲ့

ကိုယ် ကိုယ်တိုင်

ဂရုမူပေမယ့်လဲ

ဖျားတတ်တာပါပဲ....


နွေ

နေရယ် လေရယ်

ပူချင်တိုင်းပူသလို....

မိုးတွေ ဆောင်းတွေ

ရာသီတွေ

ဘယ်လောက်ပြောင်းပြောင်း....

ဝေဒနာပေါင်း ၉၆ မျိုးမှာမပါ

အချိန်အခါတိုင်းမှာ

လူကိုလေ....

အို.... အနေရခက်စေတယ်။




ချစ်သူရေ

ကိုယ်စောင့်နတ် အိပ်မက်ပေးတယ်

လွမ်းလို့ဖျားတာတဲ့လေ....

ဝေဒနာအသစ်ပေါ့ကွယ်....


10.10.19 (Thurs)







rate now: