book

Index 21

အချစ်ဆူး

အချစ်ဆူး


ဆူးကြောင့်သာလျှင်

ဒဏ်ရာတွေရ

ဆူးကြောင့်သာလျှင်

ဒဏ်ရာတွေရောင်

ဆူးကြောင့်သာလျှင်

ဒဏ်ရာတွေရင်း

ဆူးကြောင့်သာလျှင်

ဒဏ်ရာတွေဗလပွ

ထိုမျှလောက်ပင်

တနုံ့နုံ့ ဆွသောဆူး

ဤဆူးကိုပင်

ခင်မင်တွယ်ရင်း

ရင်၌တယုတယ

ဪ......

သမုဒယ ဖြစ်နေတော့လဲ

ဘယ်တတ်နိုင်မှာလဲ....

နှလုံးသား အဆုံးထိ

တိုးထိနစ်မြုပ်

ငုပ်သျှိုးဝင်ပါစေတော့လေ....


15.10.19 (Tue)







rate now: