တန်ဖိုး
သနပ်ခါးရနံ့
ပါးမှားသင်းပျံ့လို့
မွှေးကြူချင်စရာ ချစ်သူ့မျက်နှာ….။
ဆွတ်ပျံ့ဖွယ်ရနံ့
ဆံနွယ်မှာ လေယူရာသင်းပျံ့လို့
မြတ်နိုးထိုက်စွာ….။
တစ်ကြိမ်သော အနမ်းမှသည်
ထာဝရ မပျောက်ပျက်နိုင်သော
အမှတ်တရ….။
ချစ်သူနဲ့
ပတ်သက်သမျှ
တန်ဖိုးမဖြတ်နိုင်သော
အမှတ်တရလေးတွေပေါ့….။