book

Index 18

မျက်ရည်များနှင့်စုတ်ပြဲနေသောနှလုံးသားတစ်ခု

မျက်ရည်များနှင့်စုတ်ပြဲနေသောနှလုံးသားတစ်ခု


အပေါစားစာရွက်ပေါ်မှာ

အပေါစားဖောင်တိန်တစ်ချောင်းနဲ့

အညံ့စားအခန်းလေးထဲ

အကောင်းစားမဟုက်တဲ့ဖယောင်းတိုင်နဲ့

လမိုက်ညမှာ ဖွဲ့ဆိုမိတဲ့ကဗျာလေးပေါ့....


မထင်ရက်ပါနဲ့

ရင်ထဲမပါတဲ့

အပေါစား စာသားတွေလို့....




မျက်ဝန်းအိမ်က မှင်မျက်ရည်

စုတ်ပြဲနေတဲ့ နှလုံးသားစာရွက်

ငြိမ်းစပြုလာတဲ့ ဘဝဖယောင်းတိုင်နှင့်

လောကနဲ့ မသက်ဆိုင်သောအခန်းငယ်ထဲ

အထီးကျန် အလွမ်းငယ်များနဲ့

ဖွဲ့ဆိုမိတဲ့ကဗျာလေးဆိုတော့

အပေါစားလို့ထင်ရက်ရင် ထင်လိုက်ပေါ့ကွယ်....


4.8.19 (Sun)








rate now: