book

Index 16

ကာရန်

ကာရန်


ကိုယ်ရေးတဲ့

ကဗျာဟာ

ကာရန်လောက် မလှဘူး။


ကိုယ်ဖွဲ့တဲ့

စာတွေဟာ

ကာရန် နားလည်မှာလဲ မဟုက်ဘူး။






ကာရန့်အကြောင်း

ကာရန့်အလှ

ဖွဲ့ပြမိတော့

ကဗျာဟာ ကာရန်တွေ မညီတော့ဘူး။


ကာရန်ညီတဲ့ ကဗျာတွေဟာလဲ

ကာရန့်လောက်မှ မလှတာပဲ။


သို့သော်....

ကာရန့်ကြောင့် ကဗျာဖြစ်သလို

ကာရန့်ကြောင့် နှလုံးသားက

ကာရန်မညီတဲ့ ထူးထူးဆန်းဆန်း

စကားလုံးတွေ ပြောလာတတ်တော့

နှလုံးသားဆိုတဲ့ ကလောင်ရှင်

သူရေးချင်တဲ့ အလွမ်းတွေကို

ရေးတာ ဘာဆန်းလဲ ကာရန်ရယ်။


နှလုံးသားဟာ ကာရန့်ကြောင့်သာ

ရှင်သန်နေလျက်ပါ....


26.10.19 (Sat)







rate now: