ကုသိုလ်ဖက်
စစ်ကိုင်းတောင်က
ဆွမ်းဦးပုညရှင်ပဲရောက်ရောက်....
ထုံးဖြူဖွေးဖွေး
ကောင်းမှုတော်စေတီပဲရောက်ရောက်....
လေးဆူဓါတ်ပုံ
မြတ်ရွှေတိဂုံစေတီပဲဖူးဖူး....
တန်ခိုးကြီးမား
ဇလွန်ပြည်တော်ပြန်ဘုရားပဲဖူးမြော်မြော်....
ကောင်းမှုတစ်ခု
အစဥ်ပြုသ၍
မမေ့မလျော့
ဦးမော့ဆုတောင်း
ကိုယ့်ကောင်းမှုတွေ
မင်းအတွက်ပါ
ဝေမျှပေးနေဆဲပါမေ....။
29.10.19 (Tue)