ရေအိုးစဉ်လေးမျှသာ
ချစ်သူ....
မင်းအတွက်တော့ ကိုယ်ဟာ
မင်းလွယ်အိတ်ထဲ
အမြဲပါတဲ့
ရေသန့်ဘူးလေးလို
မင်းအနားအမြဲနေပြီး
မင်းအမောပြေစေဖို့
မစွမ်းဆောင်နိုင်ဘူးပေါ့လေ....
ဘာလို့ဆို
သံယောဇဉ်မှ မကြီးမားခဲ့ပဲ....။
မင်း သတိရလိုက်ပါ
ကိုယ်ဟာ
မင်းအနားကရေသန့်ဘူးလေးလို
မဟုတ်ပေမယ့်လို့
မင်းလျှောက်လှမ်းမဲ့
လမ်းတစ်ထောင့်တစ်နေရာမှာ
ခေတ္တတွေ့ဆုံမိတဲ့
ရေအိုးစင်လေးမျှသာပေါ့....။
မင်းလေးမောလာတဲ့အချိန်
မင်းရေဘူးလေးရေကုန်နေချိန်
မင်းအမောပြေသွားနိုင်ရင်က်မျှနှင့်ပင်
မင်းအမောပြေသွားနိုင်ရင်
ကိုယ်ကျေနပ်ပါပြီ....။
ချစ်သူ….
ဒီသံသရာမှာ
ကိုယ်ဟာ
ရေအိုးစင်လေးမျှသာ....။
18.7.19 (Thu)