ချစ်ခြင်းသင်္ကေတ
နေရောင်ခြည်ဟာ
သာမန်ပန်းကလေးတွေအတွက်
သာမန်လိုအပ်ချက်တစ်ခုသာ
ဖြစ်ချင်ဖြစ်မယ်
ဒါပေမယ့်လို့
ပန်းနေကြာလေးတို့အတွက်
အလွန်အဓိပ္ပါယ်ရှိတဲ့
အလင်းရောင်တစ်ခုဆိုတာထက်
ပိုပါတယ်....။
ဒီသဘောပဲပေါ့ ချစ်သူရေ
မင်းလေးဟာ
သာမန်ယောက်ျားလေးတွေအမြင်မှာ
သာမန်မိန်းခလေးတစ်ယောက်
ဖြစ်ချင်ဖြစ်မယ်
ဒါပေမယ့်လို့
ကိုယ့်အတွက်တော့
အလွန်အဓိပ္ပါယ်ပြည့်ဝစေတဲ့
အရာရာဆိုတာထက်ကို
ပိုပါတယ် အချစ်ရယ်....။
18.7.19 (Wed)