ဖြူလွလွတိမ်သဘော
ရေမှုန်ရေစက်
စုဝေးလျက်က
မိုးထက်ဆီသို့
တိမ်ဖြစ်ဖို့....။
တိမ်မရှိဘဲ
မိုးရယ်ဖြစ်မလာ
တိမ်တွေကြောင့်သာ
လှကဗျာ....။
တိမ်တွေတို့ရယ်
ခံစားချက်များ
စိတ်ချမ်းသာသော်
ကောင်းကင်တစ်ခွင်
နေသာပင်....။
တိမ်တွေတို့ရယ်
စိတ်အလိုမကျ
စိတ်ငိုရသော်
တိမ်လေးတွေမှာ
အုံ့မှိုင်းလာ....။
မိုးတွေသည်းရင်
တိမ်မည်းတွေကို
အပြစ်မဆို ရက်ပါလို....။
ကိုယ့်အချစ်လဲ
တိမ်သဘောဝယ်
မင်းပျော်ရွှင်ရင်
နေသာပေးချင်
မင်းလေးငိုရင်
ကိုယ်ပါလိုက်ငို
အို….မျှဝေအတူ
ကိုယ့်ချစ်သူ….။
သို့သော်
ကမ္ဘာမြေပေါ်
ကိုယ့်မျက်ရည်များ
လွှမ်းချင်လွှမ်းစေ
မင်းကိုချစ်နေပါရစေ....။
18.7.19 (Thu)