book

Index 10

မဝေးပါရစေနဲ့

မဝေးပါရစေနဲ့


မဝေးပါရစေနဲ့

အသေးအဖွဲလေးကအစ

အမှတ်တရ ဖြစ်ရသူမို့....


မဝေးပါရစေနဲ့

အဆွေးဓာတ်ခံရှိသူဟာ

အနှေးနဲ့အမြန် လွမ်းရသူမို့....






မဝေးပါရစေနဲ့

အလွမ်းတေးများကြားမိတိုင်း

တရွေ့ရွေ့ မျောနေတဲ့တိမ်တွေကို

ငေးကာငေးကာ တွေးနေတတ်သူမို့....


မဝေးပါရစေနဲ့

ကိုယ့်အချစ်တွေ မနွေးထွေးဘူးဆို

ရေးလက်စကဗျာကိုသိမ်း

မင်းရှေ့မှောက်အရောလာ

ပွေ့ဖက်ကာ မွှေးမွှေးပေးမယ့်သူမို့....





မဝေးပါရစေနဲ့

ပါးပြင်မှာ နံ့သာဖွေး

ရှက်သွေးဖြာတဲ့ မင်းမျက်နှာ

(ကိုယ်လေ)

ငေးကာ

ဆွေးကာ

တွေးကာ

တေးကဗျာတွေ

ရေးဖွဲ့နေမိတတ်သူမို့....


21.7.19 (Sun)

11:56 p.m






rate now: